သင်၏ပျော်ရွှင်မှုကို တစ်နေ့ပြီးတစ်နေ့ ခိုးယူနေသောအဆိပ်အတောက်များ

0
296

ပိုက်ဆံနဲ့အပန်းပြေဖျော်ဖြေမှုတွေမရှိရင်တောင်ကျွန်တော်တို့ရဲ့ ပျော်ရွှင်မှုကိုတားဆီးလို့မရနိုင်ပါဘူး။ကျွန်တော်တို့ပျော်ရွှင်မှုကို ခိုးယူမယ့် တကယ့်တရားခံကတော့ ကျွန်တော်တို့ရဲ့ ဘ၀ထဲမှာကပ်ငြိနေတဲ့ အဆိပ်အတောက်လို အမူအကျင့်တွေပါ။ သင်ဟာ မှားယွင်းတဲ့ အရာတွေ လုပ်နေမိပြီဆိုရင်တော့ ခုချိန်က ဒါတွေကို ရပ်တန့်ပစ်ဖို့ အချိန်ကောင်းပါပဲ။ မိမိကိုယ်ကို ဖျက်ဆီးနေတာကို ရပ်တန့်ဖို့နဲ့ပျော်ရွှင်မှုတွေ ဆီလိုက်သွားဖို့ပထမခြေလှမ်းကလွယ်ကူပါတယ်။ ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ရဲ့ ပတ်၀န်းကျင်စည်းမျဉ်းစည်းကမ်းတွေကို ဘယ်လိုစတင်ပြောင်းလဲနိုင်မလဲဆိုတဲ့ နည်းလမ်းအချို့ကို မျှ၀ေပေးချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပျော်ရွှင်မှုဟာကျွန်တော်တို့တစ်ဦးတည်းတာဝန်ယူရမယ့်အရာဖြစ်လို့ပါပဲ။

-Advertisement-

သင့်စိတ်ခံစားမှုတွေကိုအပြီးပိတ်လှောင်ထားနေတယ်

ကျွန်တော်တို့ဟာ မနှစ်မြို့ဖွယ်စိတ်ခံစားမှုတွေကို မပြသင့်ဘူးလို့ မကြာခဏပြောတတ်ကြပါတယ်။ ဒါဟာ ကလေးဘဝကတည်းက စတင်လေ့ရှိတဲ့အရာပါပဲ။ “ မငိုပါနဲ့” ၀မ်းမနည်းပါနဲ့ ဆိုတဲ့ အရာတွေပေါ့။ ဒီလိုနဲ့ပဲ ကျွန်တော်တို့ဟာ တဖြည်းဖြည်းနဲ့ ဆိုးရွားတဲ့ဘ၀အတွေ့အကြုံတွေ၊အပျက်သဘောခံစားချက်တွေကိုဖုံးကွယ်ဖို့ သင်ကြားရတယ်။ ကျွမ်းကျင်သူတွေ အဆိုအရကျွန်တော်တို့ရဲ့ အပျက်သဘောဆောင်သောစိတ်ခံစားမှုများနဲ့ ရုန်းကန်နေရခြင်းများဟာ ကျွန်တော်တို့ရဲ့ အပြုသဘောဆောင်တဲ့ စိတ်ခံစားမှုတွေကိုလည်း ထုံထိုင်းစေပါတယ်။

ဒါကြောင့်ကျွန်တော်တို့ဟာ ကိုယ်လိုချင်တဲ့အရာတွေကို မရွေးချယ်နိုင်သော သို့မဟုတ် မခံစားလိုတဲ့ အခြေအနေတွေနဲ့ရှေ့ဆက်ရပါလိမ့်မယ်။နောက်ပိုင်းမှာ အဲ့ဒီအရာတွေက ကျွန်တော်တို့ကို ညံဖျင်းတဲ့ ဆက်ဆံရေးနဲ့ဆက်သွယ်တွေကိုဦးတည်စေပြီးဘ၀ရဲ့ အစိတ်အပိုင်းများစွာကိုလည်းထိခိုက်စေနိုင်ပါတယ်။စိတ်ဓါတ်ကျမှုဟာ ကျန်းမာရေးထိခိုက်မှုကို များစွာ ဖြစ်ပေါ်စေပါတယ်။ဘေးထွက်ဆိုးကျိုးဘာမှမရှိပဲ အဲ့ဒီစိတ်ခံစားမှုတွေကလွတ်မြောက်ဖို့အတွက်နည်းတွေအများကြီးရှိပါတယ်။ဥပမာအားဖြင့်၊ ကခုန်ခြင်းဟာ အဲ့ဒီနည်းတွေထဲကတခုပေါ့။နောက်တစ်ခုက သင့်ခံစားမှုတွေကိုဖွင့်ချပါ။ပြီးရင် လွှတ်ချလိုက်ပါ။

သင့်ကိုသင် အမှားအလုပ်မိမှာကို လက်မခံဘူးဖြစ်နေတယ်။

ဘဝတွေကို ပြောင်းလဲစေခဲ့တဲ့ တီထွင်မှုအချို့ကို မတော်တဆဖန်တီးမိခြင်းဖြစ်တာကို မမေ့ပါနဲ့။ မိုက်ခရိုဝေ့ဖ်မီးဖိုနှင့်ပင်နီဆီလင်တို့လိုပေါ့။ပိုအရေးကြီးတာက သင့်ရဲ့ CVမှာ အရည်အချင်းအားလုံးပြည့်မီသူ ဖြစ်တယ်လို့ပြောလိုက်ခြင်းကို
သင်သဘောတွေ့နိုင်ပါတယ်။ ဒါပေမယ့်အဲ့ဒီအရာက သင့်ဘ၀ကိုအစ်အမှန်ပျော်ရွှင်စေသလားဆိုတာ စဉ်းစားဖို့တော့လိုပါမယ်။ကျွန်တော်တို့ကတော့ဒီလိုမထင်ပါဘူး။ သင်ဟာ စံပြဖြစ်ဖို့ အဆက်မပြတ် ကြိုးစားနေတယ်။ အဲ့ဒါဟာ တကယ့်ကို
မရောက်လာသေးဘူးဆိုတာတော့ စဉ်းစားဖို့လိုပါတယ်။ အသေးငယ်ဆုံးအမှားလေးတစ်ခုကတောင် သင့်ကိုစိတ်ပျက်စေပြီးစိုးရိမ်ပူပန်ခြင်း၊ အစာပုံမှန်မစားခြင်း၊ရောဂါနှင့်အခြားကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ရိုးသားစွာမှားခဲ့ဖူးတဲ့အမှားကိုလက်ခံပါ။ ရှုံးနိမ့်မှုအပေါ်သင့်ရဲ့ရှုမြင်ပုံကိုပြောင်းပါ။ သောမတ်အယ်ဒီဆင်စကားကိုသတိရပါ။ သင်ဟာ အကြိမ်တစ်သောင်းကျရှုံးခဲ့တာမဟုတ်ပါဘူး။အလုပ်မဖြစ်နိုင်တဲ့ နည်းလမ်းပေါင်းတစ်သောင်းကို
အောင်မြင်စွာတွေ့ရှိခဲ့တာပါ။ဘ၀ဆိုတာမှားဖူးမှပိုချိုတာ။

သင်ဟာ အခြားသူတွေရဲ့ထင်မြင်ချက်နဲ့အသက်ရှင်နေတယ်

အခြားသူတွေအထင်ကြီးလာဖို့ သင်ဘယ်လောက်ကြိုးစားနေခဲ့လဲဆိုတာ အချိန်အနည်းငယ်ပေးပြီး ပြန်တွေးကြည့်ပါ။အဲ့ဒီအရာတွေက သင့်ကိုဘယ်လိုပျော်ရွှင်မှုတွေပေးခဲ့ပါလဲ။သင်လုပ်ခဲ့သမျှ အရည်အချင်းမရှိပဲ မျက်နာသာရမရ တွေးမိပြီဆိုရင် သင့် တန်ဖိုးများကိုပြန်လည်စဉ်းစားပြီးသင်ကိုယ်တိုင်ရွေးချယ်ရန် အခု အချိန်ကျပြီ။

ကျွမ်းကျင်သူများအဆိုအရ မှီခိုနေရသူများသည်စိုးရိမ်ပူပန်မှုနှင့်စိတ်ဓာတ်ကျမှုများကိုခံစားရနိုင်ပြီး သူတို့၏ကိုယ်ပိုင်နယ်နိမိတ်များကို ကာကွယ်နိုင်ခြင်းမရှိပါတဲ့။

စဉ်းစားကြည့်ပါ၊ တစ်ခါတစ်ရံကျွန်ုပ်တို့မနှစ်သက်သောလူများကို အထင်ကြီးစေလိုသည် သို့မဟုတ် ကျွန်ုပ်တို့ အမှန်တကယ် ဂရုမစိုက်သောသူများကိုတစ်ခုခုသက်သေပြလိုသည်။ယခုမှစ၍ အခြေအနေတစ်ခုစီတွင်“ ငါကသူနဲ့အဆင်ပြေသလား၊ ဒါမှမဟုတ်တခြားသူတွေရဲ့အကျိုးအတွက်လုပ်နေတာလား” ဟုသင့်ကိုယ်သင်မေးရန်လိုအပ်သည်။“ ငါ့ဘဝ” နှင့်“ ငါ့ဘဝမဟုတ်သော” ပုံစံကိုတည်ဆောက်ရန်အဖြေများကိုသင်ချရေးနိုင်သည်။ ရလဒ်များကသင့်ကိုထိတ်လန့်စေနိုင်သည်၊။ သို့သော်၎င်းက သင့်ကို သင်အပေါ် ပိုမို၍ အားကိုးရန် လှုံ့ဆော်ပေးပါလိမ့်မည်။

သင့်ကိုသင်စိတ်ဖတ်နိုင်သူထင်နေတယ်။

သင်ဟာသွေးစုပ်ဖုတ်ကောင်တစ်ကောင်၊ရေသူမတယောက်၊စိတ်ဖတ်နိုင်တဲ့ပါရမီရှင်တစ်ဦးမဟုတ်ရင်အခြားသူတွေသင့်အပေါ် ဘာတွေတွေးနေတယ်ဆိုတာ မသိနိုင်ပါဘူး။ သူတို့မျက်လုံးထဲမှာ ငါ့ကိုရိုင်းတယ်၊ အသုံးမကျတဲ့ကောင်၊ ငပျင်းလို့ထင်နေမလားလို့ သင့်ခေါင်းထဲမှာခနခနတွေးနေတာမျိုးတွေကိုရပ်ပစ်လိုက်ပါ။ သင့်ကိုစိတ်ညစ်စေတဲ့ခုလို အခြေအနေမျိုးအတွက် ရိုးရှင်းတဲ့ အကြံဥာဏ်အချို့ကိုဖော်ပြလိုက်ပါတယ်။ ဒါကတော့လူတွေဟာ သင့်အားနည်းချက်တွေကိုတွေးနေတာ မဟုတ်ပဲ သင့်ရဲ့အကောင်းဆုံးဆိုတာတွေကိုသာ တွေးနေကြတယ်လို့ သင့်ခေါင်းထဲမှာ ခိုင်ခိုင်မာမာထည့်လိုက်ပါ။ ဒီရှုထောင့်ကကိုယ့်ကိုယ်ကိုယုံကြည်မှုတိုးပွားစေပြီးပွင့်ပွင့်လင်းလင်းဆက်သွယ်ပြောဆိုနိုင်ပါလိမ့်မယ်။ ဆိုလိုတာ အထင်ဟာအထင် အမြင်ဟာအမြင်ပဲဖြစ်ပါတယ်။ သင့်ယူဆချက်တွေကိုအကောင်းဘက်ကတွေးတဲ့အခါ သင့်ဆီကိုပျော်စရာတွေရောက်လာပါလိမ့်မယ်။

သင်ဟာအတိတ်ထဲမှာနေတယ်၊အနာဂါတ်ဆီလျောက်သွားတယ်။

အတိတ်သို့မဟုတ်အနာဂတ်ကိုစဉ်းစားခြင်းက ကျွန်တော်တို့ကို မပျော်မရွှင်ဖြစ်စေတယ်လို့ဆိုဖို ကြိုးစားနေခြင်းမဟုတ်ပါ၊
အတိတ်ကာလတွင်နေထိုင်ခြင်းသည်များသောအားဖြင့်သင့်အားဝန်ပိစေသည့်မဖြေရှင်းနိုင်သောပြဿနာအချို့ဆီကိုပဲပြန်ရောက်ရှိစေနိင်ပါတယ်။ မရောက်လာသေးတဲ့ အနာဂတ်ကိုလုံးလုံးလျားလျာ းအာရုံစူးစိုက်နေပြီဆိုရင်လည်း သင်သည်စိုးရိမ်ပူပန်မှုနှင့် ပတ်သတ်ပြီး ပြဿနာရှိနေပြီလို့မှတ်ယူနိုင်ပါတယ်။ လေ့လာမှုတစ်ခုက ပစ္စုပ္ပန်ကိုအာရုံစူးစိုက်သူမျာသည် ပို၍ ပျော်ရွှင်ပြီးအခြားသူများနှင့်ပိုမိုရင်းနှီးမှုရှိကြောင်းပြသခဲ့သည်လို့ ဆိုပါတယ်။“အခုအချိန်မှာ သင်အပူအပင်ကင်းကင်းအသက်ရှင်ဖို့ ကူညီနိုင်တဲ့ရိုးရှင်းတဲ့လေ့ကျင့်ခန်းတစ်ခုရှိတယ်။သင်လိုက်လုပ်ကြည့်နိုင်မလား။

နားထောင်ခြင်းကိုအာရုံစိုက်ပါ။
အနီးကပ်၊ တိတ်ဆိတ်ခြင်းသို့မဟုတ်ကျယ်လောင်သောအသံတိုင်းကိုသတိပြုမိရန်ကြိုးစားပါ။
တိတ်ဆိတ်ငြိမ်သက်သောအသံများနှင့်အဝေးမှအသံများကိုရွေးချယ်ပါ။ ထို့နောက် အနံ့များကိုစူးစမ်းပါ။အနံတွေဘယ်ကလာပြီးဘယ်ကိုသွားလဲ၊နောက်အလင်းအရောင်တွေကိုရောပေါ့။
မိုးတိမ်တိုက်တွေမျောနေမှုကိုကြည့်ပါ။ အသေးစိတ်တတ်နိုင်သမျှသတိထားကြည့်ပါ။ပုံစံများကိုသင်ကိုယ်တိုင်စိတ်နဲ့ရေးခြယ်ကြည့်ပါ။
မိတ်ဆွေတို့သင်တို့ရဲ့ ပျော်ရွှင်မှုကိုတခြားဘယ်အရာတွေကခွဲခြားထားသေးလဲ။မှတ်ချက်တွေမျှ၀ေပေးခဲ့ပါဦး။

#Lifestyle_Myanmar

#Mg_Htet

Ref_Brightside

LEAVE A REPLY

Please enter your comment!
Please enter your name here