သင်္ကြန်လည်ပြီး မဲသွားတဲ့ သားအရေတွေကို နဂိုအတိုင်းပြန်ဖြစ်အောင် ထိန်းသိမ်းနည်း

0
279
အသားအရထိန်းသိမ်းနည်း
အသားအရထိန်းသိမ်းနည်း

သင်္ကြန်တွင်း တစ်တွင်းလုံး စိတ်ကြိုက်ကဲပြီး ရေပေါင်းစုံနဲ့ အပက်ခံရတာကြောင့် မျက်နှာမှာ ဖုတွေထွက်လာတာရယ်၊ တစ်နေကုန် လျှောက်လည်ထားတာကြောင့် နေလောင်ပြီးအသားအရေတွေ ပျက်စီးသွားတာရယ် ကိုယ့်ရုပ်ကို ကိုယ် မှန်ထဲကြည့်ပြီး စိတ်ညစ်နေရပြီမှတ်လား။ ဒါကြောင့် spa မသွားနိုင်တဲ့သူတွေအတွက် အိမ်မှာနေရင်း အကုန်ကျသက်သက်သာသာနဲ့ အသားအရေကို သဘာဝအတိုင်း ပြန်လည်ထိန်းသိမ်းနိုင်တဲ့နည်းလမ်းတွေကို လမ်းညွှန်ပေးလိုက်မယ်နော်။

၁။ သစ်ချပိုးခေါက်နဲ့ ပျားရည်

ပျားရည် လက်ဖက်စားဇွန်း ၁ဇွန်းနဲ့ သစ်ချပိုးခေါက် လက်ဖက်စားဇွန်းဝက်ကို ရောမွှေပြီး သင့်မျက်နှာပေါ်မှာ ပွတ်လိမ်းပေးပါ။ ၃မိနစ်လောက် သင့်မျက်နှာပေါ်ထားပြီးမှ မျက်နှာကို သန့်စင်ပေးပါ။ ချွေးပေါက်ထဲက ဖုန်နဲ့ အညစ်အကြေး၊ အဆီဖုတွေကို ဖယ်ရှားပေးပြီး သင့်မျက်နှာကို သန့်ရှင်းကြည်လင်စေပါတယ်။ ဒီနည်းလမ်းလေးက သဘာဝနည်းလမ်းလေးလည်းဖြစ်သလို သင့်အတွက် ပြုလုပ်ရလည်း လွယ်ကူစေပါတယ်။

၂။ သံပုရာ၊ ဒိန်ချဉ်၊ ပျားရည်၊ ဆား

သံပုရာရည်တစ်ဇွန်း၊ ဒိန်ချဉ်တစ်ဇွန်း၊ ပင်လယ်စားတစ်ဇွန်း ကို ပျားရည်အနည်းငယ်နဲ့ ရောစပ်ပြီး သင့်မျက်နှာပေပါ်က အမည်းစက်နဲ့ ဝက်ခြံရှိတဲ့နေရာတစ်ဝှိုုက်ကို သုတ်လိမ်းပေးပါ။ ၃မိနစ်လောက်ကြာတဲ့အခါမှ ရေနွေးနွေးဖြင့် ဆေးကြောပေးပါ။ သင့်မျက်နှာပေါ်က အမည်းစက်ကိုအချိန်တိုအတွက် ဖယ်ရှားနိုင်ပြီး မျက်နှာကိုလည်း ကြည်လင်ဝင်းပစေပါတယ်။

၃။ သံပုရာရည်ဖြင့် သန့်စင်ခြင်း

သံပုရာသီးကို အရည်ညှစ်ပြီး ပန်းကန်ထဲမှာ ထည့်ထားပါ။ အဆိုပါသံပုရာရည်ထဲသို့ နူညံ့တဲ့ချည်ထည်အဝတ်စ တစ်စစိမ်ထားပြီး အဆိုပါ အဝတ်စဖြင့် မျက်နှာကိုသန့်စင်ပေးပါ။ အနည်းငယ်ချော့သွေ့လာတဲ့အခါမှ သင့်မျက်နှာကို ရေဖြင့် ထပ်မံဆေးကြောပေးလိုက်ပါ။ တစ်နေကုန်လှုပ်ရှားသွားလာတဲ့ အခါ သင့်ရဲ့ မျက်နှာပေါ်မှာ အညစ်အကြေးပေါင်းစုံနဲ့ ဘက်တီးရီးယားပိုးမွှားများစွာ တွယ်ကပ်တတ်ပါတယ်။ အဆိုပါ အညစ်အကြေးနဲ့ ပိုးမွှားကို ဖျက်ရှားဖို့အတွက် သံပုရာရည်က အကောင်းဆုံးပဲဖြစ်ပါတယ်။ ပိုးမွှားနဲ့ အညစ်အကြေးသန့်စင်တဲ့အပြင် သင့်မျက်နှာကိုလည်းပိုပြီး ကြည်လင်မှုရရှိစေ ပါတယ်။ ထိုနည်းကို တစ်နေ့ ၂ကြိမ်ပြုလုပ်ပြီး ကြည်လင်ဝင်းပတဲ့အသားအရေကို ရယူလိုက်ပါ။

၄။ ကြက်ဥ သံပုရာဖြင့် ပေါင်းတင်ခြင်း

ပထမဦးစွာ သံပုရာရည် ၂ဇွန်းကို ကြက်ဥ အကာဖြင့် ရောသမမွှေထားပါ။ အဆိုပါ အရောအနှောကို ညီတူညီမျှ သုံးပုံ ပုံထားပါ။ သင့်မျက်နှာပေါ်သို့ အဆိုပါ ကြက်ဥအကာနဲ့ သံပုရာရည် ရောစပ်ထားတဲ့ အရောအနှော သုံးပုံ ပုံတစ်ပုံကို လိမ်းခြယ်လိုက်ပါ။ ခြောက်သွားတဲ့အခါ စွန့်ခွာပြီး နောက်ထပ်ကျန်တဲ့ နှစ်ပုံကို ထိုကဲ့သို့ပဲ ခြောက်သွေ့သွားတဲ့အခါ ခွာပြီး လိမ်းခြယ်ပေးလိုက်ပါ။ သုံးကြိမ်လောက်လိမ်းခြယ်ပြီးတဲ့အခါ သင့်မျက်နှာကို ရေနွေးနွေးဖြင့် ဆေးကြောသန့်စင်ပေးပါ။ အဆိုပါ နည်းလမ်းဟာ သင့်မျက်နှာပေါ်မှာ ဝက်ခြံပေါင်းများစွာကို ပျောက်ကင်းစေပြီးအသားအရေကိုလည်း နူးညံ့ပျော့ပျောင်းစေပါတယ်။

၅။ သံပုရာခြမ်းဖြင့်ပွတ်တိုက်ခြင်း

ကြည်လင်တဲ့ အသားအရေကို ရရှိဖို့အတွက် သုံပုရာသီးစိပ်ဖြင့် ညင်ညင်သာသာ ပွတ်တိုက်ပေးပါ။ ပြီးလျှင်ရေနွေးနွေးလေးဖြင့် ဆေးကြေသန့်စင်ပေးလိုက်ပါ။ မျက်နှာတစ်ခုတည်းတင်မက သင့်ရဲ့ ခန္ဓာကိုယ်တွင် မဲနေတဲ့ ဒူဆစ်၊ တတောင်ဆစ်၊ လည်ပင်း စတဲ့ နေရာမျိုးစုံကိုလည်း သံပုရာသီးခြမ်းဖြင့် ပွတ်တိုက်ပေးလျှင် ရက်သတ္တပတ် အနည်းငယ်အတွင်း ဖြူဝင်းကြည်လင်လာစေမှာဖြစ်ပါတယ်။

၆။ ဝက်ခြံကို အခြားသောနည်းလမ်းဖြင့် ညှစ်ပါ။

ဝက်ခြံညှစ်တဲ့အခါ လက်ဖြင့် ညှစ်တာက သင့်ဝက်ခြံကိုမပျောက်တဲ့အပြင် ပိုပြီး ပွားများစေပါတယ်။ ဒါ့ကြောင့် ဝက်ခြံညှစ်ချင်လျှင် ဝက်ခြံညှစ်လျှင် အသုံးပြုတဲ့ comedone extractor ကို အသုံးပြုပါ။ သင့်မျက်နှာကို သန်စင်ပြီးတဲ့အခါ comedone extractor ဖြင့် ဝက်ခြံရှိတဲ့နေရာကိုအသာလေးဖိပြီး ညှစ်ပေးလိုက်ပါ။ အသားအရေကိုပျက်စီးအောင် အတင်းဖိညှစ်ခြင်းမျိုးမပြုလုပ်သင့်ပါဘူး။ ဒါ့အပြင် အသုံးပြုပြီးလျှင်လည်း အသုံးပြုတဲ့ပစ္စည်းကို သေသေချာချာဆေးကြောသန့်စင်ဖို့လိုအပ်ပါတယ်။

#Lifestyle_Myanmar

#Thar_Nage

Zawgyi fonts

သၾကၤန္လည္ၿပီး မဲသြားတဲ့ အသားအေရေတြကို နဂိုအသားအေရအတိုင္းျပန္ရေအာင္ ထိန္းသိမ္းနည္း
သၾကၤန္တြင္း တစ္တြင္းလုံး စိတ္ႀကိဳက္ကဲၿပီး ေရေပါင္းစုံနဲ႔ အပက္ခံရတာေၾကာင့္ မ်က္ႏွာမွာ ဖုေတြထြက္လာတာရယ္၊ တစ္ေနကုန္ ေလၽွာက္လည္ထားတာေၾကာင့္ ေနေလာင္ၿပီးအသားအေရေတြ ပ်က္စီးသြားတာရယ္ ကိုယ့္႐ုပ္ကို ကိုယ္ မွန္ထဲၾကည့္ၿပီး စိတ္ညစ္ေနရၿပီမွတ္လား။ ဒါေၾကာင့္ spa မသြားနိုင္တဲ့သူေတြအတြက္ အိမ္မွာေနရင္း အကုန္က်သက္သက္သာသာနဲ႔ အသားအေရကို သဘာဝအတိုင္း ျပန္လည္ထိန္းသိမ္းနိုင္တဲ့နည္းလမ္းေတြကို လမ္းညႊန္ေပးလိုက္မယ္ေနာ္။

သစ္ခ်ပိုးေခါက္နဲ႔ ပ်ားရည္
ပ်ားရည္ လက္ဖက္စားဇြန္း ၁ဇြန္းနဲ႔ သစ္ခ်ပိုးေခါက္ လက္ဖက္စားဇြန္းဝက္ကို ေရာေမႊၿပီး သင့္မ်က္ႏွာေပၚမွာ ပြတ္လိမ္းေပးပါ။ ၃မိနစ္ေလာက္ သင့္မ်က္ႏွာေပၚထားၿပီးမွ မ်က္ႏွာကို သန႔္စင္ေပးပါ။ ေခၽြးေပါက္ထဲက ဖုန္နဲ႔ အညစ္အေၾကး၊ အဆီဖုေတြကို ဖယ္ရွားေပးၿပီး သင့္မ်က္ႏွာကို သန႔္ရွင္းၾကည္လင္ေစပါတယ္။ ဒီနည္းလမ္းေလးက သဘာဝနည္းလမ္းေလးလည္းျဖစ္သလို သင့္အတြက္ ျပဳလုပ္ရလည္း လြယ္ကူေစပါတယ္။

သံပုရာ၊ ဒိန္ခ်ဥ္၊ ပ်ားရည္၊ ဆား
သံပုရာရည္တစ္ဇြန္း၊ ဒိန္ခ်ဥ္တစ္ဇြန္း၊ ပင္လယ္စားတစ္ဇြန္း ကို ပ်ားရည္အနည္းငယ္နဲ႔ ေရာစပ္ၿပီး သင့္မ်က္ႏွာေပပၚက အမည္းစက္နဲ႔ ဝက္ၿခံရွိတဲ့ေနရာတစ္ဝွိုုက္ကို သုတ္လိမ္းေပးပါ။ ၃မိနစ္ေလာက္ၾကာတဲ့အခါမွ ေရေႏြးေႏြးျဖင့္ ေဆးေၾကာေပးပါ။ သင့္မ်က္ႏွာေပၚက အမည္းစက္ကိုအခ်ိန္တိုအတြက္ ဖယ္ရွားနိုင္ၿပီး မ်က္ႏွာကိုလည္း ၾကည္လင္ဝင္းပေစပါတယ္။

သံပုရာရည္ျဖင့္ သန႔္စင္ျခင္း
သံပုရာသီးကို အရည္ညႇစ္ၿပီး ပန္းကန္ထဲမွာ ထည့္ထားပါ။ အဆိုပါသံပုရာရည္ထဲသို႔ ခ်ည္ထည္အဝတ္စ တစ္စစိမ္ထားၿပီး အဆိုပါ အဝတ္စျဖင့္ မ်က္ႏွာကိုသန႔္စင္ေပးပါ။ အနည္းငယ္ေခ်ာ့ေသြ႕လာတဲ့အခါမွ သင့္မ်က္ႏွာကို ေရျဖင့္ ထပ္မံေဆးေၾကာေပးလိုက္ပါ။ တစ္ေနကုန္လွုပ္ရွားသြားလာတဲ့ အခါ သင့္ရဲ့ မ်က္ႏွာေပၚမွာ အညစ္အေၾကးေပါင္းစုံနဲ႔ ဘက္တီးရီးယားပိုးမႊားမ်ားစြာ တြယ္ကပ္တတ္ပါတယ္။ အဆိုပါ အညစ္အေၾကးနဲ႔ ပိုးမႊားကို ဖ်က္ရွားဖို႔အတြက္ သံပုရာရည္က အေကာင္းဆုံးပဲျဖစ္ပါတယ္။ ပိုးမႊားနဲ႔ အညစ္အေၾကးသန႔္စင္တဲ့အျပင္ သင့္မ်က္ႏွာကိုလည္းပိုၿပီး ၾကည္လင္မွုရရွိေစ ပါတယ္။ ထိုနည္းကို တစ္ေန႔ ၂ႀကိမ္ျပဳလုပ္ၿပီး ၾကည္လင္ဝင္းပတဲ့အသားအေရကို ရယူလိုက္ပါ။

ၾကက္ဥ သံပုရာျဖင့္ ေပါင္းတင္ျခင္း
ပထမဦးစြာ သံပုရာရည္ ၂ဇြန္းကို ၾကက္ဥ အကာျဖင့္ ေရာသမေမႊထားပါ။ အဆိုပါ အေရာအေႏွာကို ညီတူညီမၽွ သုံးပုံ ပုံထားပါ။ သင့္မ်က္ႏွာေပၚသို႔ အဆိုပါ ၾကက္ဥအကာနဲ႔ သံပုရာရည္ ေရာစပ္ထားတဲ့ အေရာအေႏွာ သုံးပုံ ပုံတစ္ပုံကို လိမ္းျခယ္လိုက္ပါ။ ေျခာက္သြားတဲ့အခါ စြန႔္ခြာၿပီး ေနာက္ထပ္က်န္တဲ့ ႏွစ္ပုံကို ထိုကဲ့သို႔ပဲ ေျခာက္ေသြ႕သြားတဲ့အခါ ခြာၿပီး လိမ္းျခယ္ေပးလိုက္ပါ။ သုံးႀကိမ္ေလာက္လိမ္းျခယ္ၿပီးတဲ့အခါ သင့္မ်က္ႏွာကို ေရေႏြးေႏြးျဖင့္ ေဆးေၾကာသန႔္စင္ေပးပါ။ အဆိုပါ နည္းလမ္းဟာ သင့္မ်က္ႏွာေပၚမွာ ဝက္ၿခံေပါင္းမ်ားစြာကို ေပ်ာက္ကင္းေစၿပီးအသားအေရကိုလည္း ႏူးညံ့ေပ်ာ့ေပ်ာင္းေစပါတယ္။

သံပုရာျခမ္းျဖင့္ပြတ္တိုက္ျခင္း
ၾကည္လင္တဲ့ အသားအေရကို ရရွိဖို႔အတြက္ သုံပုရာသီးစိပ္ျဖင့္ ညင္ညင္သာသာ ပြတ္တိုက္ေပးပါ။ ၿပီးလၽွင္ေရေႏြးေႏြးေလးျဖင့္ ေဆးေၾကသန႔္စင္ေပးလိုက္ပါ။ မ်က္ႏွာတစ္ခုတည္းတင္မက သင့္ရဲ့ ခႏၶာကိုယ္တြင္ မဲေနတဲ့ ဒူဆစ္၊ တေတာင္ဆစ္၊ လည္ပင္း စတဲ့ ေနရာမ်ိဳးစုံကိုလည္း သံပုရာသီးျခမ္းျဖင့္ ပြတ္တိုက္ေပးလၽွင္ ရက္သတၱပတ္ အနည္းငယ္အတြင္း ျဖဴဝင္းၾကည္လင္လာေစမွာျဖစ္ပါတယ္။

ဝက္ၿခံကို အျခားေသာနည္းလမ္းျဖင့္ ညႇစ္ပါ။
ဝက္ၿခံညႇစ္တဲ့အခါ လက္ျဖင့္ ညႇစ္တာက သင့္ဝက္ၿခံကိုမေပ်ာက္တဲ့အျပင္ ပိုၿပီး ပြားမ်ားေစပါတယ္။ ဒါ့ေၾကာင့္ ဝက္ၿခံညႇစ္ခ်င္လၽွင္ ဝက္ၿခံညႇစ္လၽွင္ အသုံးျပဳတဲ့ comedone extractor ကို အသုံးျပဳပါ။ သင့္မ်က္ႏွာကို သန္စင္ၿပီးတဲ့အခါ comedone extractor ျဖင့္ ဝက္ၿခံရွိတဲ့ေနရာကိုအသာေလးဖိၿပီး ညႇစ္ေပးလိုက္ပါ။ အသားအေရကိုပ်က္စီးေအာင္ အတင္းဖိညႇစ္ျခင္းမ်ိဳးမျပဳလုပ္သင့္ပါဘူး။ ဒါ့အျပင္ အသုံးျပဳၿပီးလၽွင္လည္း အသုံးျပဳတဲ့ပစၥည္းကို ေသေသခ်ာခ်ာေဆးေၾကာသန႔္စင္ဖို႔လိုအပ္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here