Relationship ရဲ့ကနဦးအဆင့်ကို “ပျားရည်ဆမ်းကာလ”လို့ ခေါ်ရတဲ့ အကြောင်းရင်းရှိပါတယ်။ သင်ဟာ သင့်ရဲ့ချစ်ခြင်းမေတ္တာကို စိတ်ဝင်စားစေဖို့ ကြိုးစားနေဆဲအချိန်မှာ relationship တစ်ခုစတင်ခြင်းက ခက်ခဲတဲ့ အရာဖြစ်ပုံရသော်လည်း relationship စတင်လာတာနဲ့ တပြိုက်နက်တည်း ထိန်းသိမ်းဖို့ အလုပ်များလာရပါပြီ။
ဘဝမှာရှိတဲ့ relationship အားလုံးလိုပဲ ချစ်ရေးချစ်ရာမှာတောင် သူတို့ကို ကျန်းမာသန်စွမ်းစေဖို့နဲ့ တတ်ကြွစေဖို့၊ ဆွဲဆောင်မှုရှိစေဖို့ အဆက်မပြတ် ပြုစုပျိုးထောင်ပေးရပါတယ်။ သင့်ရဲ့ ကောင်မလေးကို ပျော်ရွင်အောင်ထားခြင်းက သင့်အချစ်ရေးကို တိုးတတ်စေပြီး သံယောဇဉ်နှောင်ကြိုးကို ခိုင်မာစေမယ့် သော့ချက်ဖြစ်ပါတယ်။ ဒါ့ကြောင့် သင့် girlfriend လေးပျော်ရွှင်စေဖို့ ကူညီပေးနိုင်တဲ့ အကြံပေးချက်အချို့ကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ သူမကို စပရိုက်လုပ်ပေးပါ
ကျွန်တော်တို့ဟာ တစ်စုံတစ်ယောက်အကြောင်းကို အများကြီးသိတယ်လို့ ခံစားရတာနဲ့ relationshipကို အစပြုကြပါတယ်။ သို့သော် သင့်ကောင်မလေးကို အမူအရာတွေ၊ အခွင့်အရေးပေးမှုတွေ၊ အစီအစဉ်တွေနဲ့ အမြဲတမ်းစပရိုက်လုပ်ပေးခြင်းဟာ သူမကို စိတ်လှုပ်ရှားစေပြီး relationship မှာ ရင်းနီးမြုပ်နှံခဲ့ပါလိမ့်မယ်။

၂။ ကောင်းစွာ နားထောင်ပေးပါ
စိုးရိမ်ပူပန်မှု၊ စိတ်ဖိစီးမှု၊ ရည်မှန်းချက်တွေ ရှိသည်ဖြစ်စေ/မရှိသည်ဖြစ်စေ (သို့) ငါတို့တစ်နေ့တာက ဘယ်လိုသွားနေလဲဆိုတာ တွေးနေယုံနဲ့ ကျွန်တော်တို့ အားလုံးရဲ့ စိတ်ထဲမှာ အကြောင်းအရာတွေ များစွာရှိပါတယ်။ လူမှုရေးသတ္တဝါတွေအနေနဲ့ လူသားတွေဟာ ဒီအရာတွေကို ချည်နှောင်ထားဖို့ လိုအပ်ပါတယ်။ ကောင်းစွာ နားထောင်ပေးသူတစ်ယောက် ဖြစ်ခြင်းက သင့်ချစ်သူကို ပျော်ရွှင်စွာ နေနိုင်စေပါတယ်။ အကြောင်းအရာက အမြဲတစေ အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်ဖို့ မလိုပါဘူး။ အဓိကအချက်က စစ်မှန်သော နားထောင်သူဖြစ်ဖို့ပါပဲ။

၃။ သူမနဲ့ပတ်သတ်တဲ့ အသေးအမွှားကိစ္စလေးကအစ မှတ်ထားပါ
တစ်စုံတစ်ယောက်က ထူးခြားသော ဝိသေသလက္ခဏာတွေ (သို့) သူတို့နဲ့ ပတ်သတ်တဲ့ အသေးစိတ်အချက်အလက်တွေကို သတိရပေးတဲ့အခါ လူတိုင်းတန်ဖိုးထားကြပါတယ်။ သူမနှစ်သက်တဲ့ ရေမွှေးရရှိခြင်း၊ သူမအမြဲလိုချင်နေတဲ့ ဝတ်စုံကို ဝယ်ပေးခြင်း (သို့) သူမအကြိုက်ဆုံးအစားအသောက်ကိုတောင် ပြင်ဆင်ပေးခြင်း ၊ မှာပေးခြင်းတို့ ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီအပြုအမှုသေးသေးလေးတွေက သူမကို အထူးခံစားရစေအောင် လုပ်နိုင်ပါတယ်။

၄။ သူမက သင့်စိတ်ထဲမှာ အမြဲရှိနေတယ်ဆိုတာ သူမသိပါစေ
သင်အလုပ်ထဲမှာရှိနေချိန် ရင်ခုန်စရာ မက်ဆေ့ချ်တစ်ကြောင်း ပို့ပေးခြင်းကဲ့သို့သော သေးငယ်တဲ့အရာတွေ ဖြစ်နိုင်ပါတယ်။ ဒါက အနားမှာ သူမ မရှိနေရင်တောင် သင့်စိတ်ထဲမှာ သူမအမြဲရှိနေတယ်လို့ အားဖြည့်ပေးနိုင်ပါတယ်။ ဒါက commitment ကိုသိမ်မွေ့စွာ ဖော်ပြနေပြီး သူမဆီကနေ အမှတ်တွေ ရနေပါလိမ့်မယ်။
၅။ အတူတူရှိချိန်မှာ သူမကိုအာရုံစိုက်ပါ
လူမှုရေးအရ စုဝေးပွဲမှာပဲဖြစ်ဖြစ်၊ နှစ်ယောက်ထဲ ဒိတ်ကြတာပဲဖြစ်ဖြစ် သင့်ရဲ့ကောင်မလေးကို အမြဲအာရုံစိုက်သင့်ပါတယ်။ ရင်းနှီးတဲ့ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိသားစုဝင်တွေရှိနေရင် အာရုံပျံ့လွင့်ပြီး မေ့သွားဖို့က လွယ်ကူပါတယ်။ သို့သော် သူမအနေနဲ့ သင့်အာရုံစိုက်မှုကို အမြဲတမ်းခံစားသင့်ပါတယ်။

၆။ သူမဝါကြွားနိုင်တဲ့ ချစ်သူကောင်လေးဖြစ်ပေးပါ
သင့်အကြောင်း သူမပြောသမျှ အရာအားလုံးကို အပြုသဘော သေချာနေအောင်လုပ်ပါ။ တကယ်လို့ သင်ဟာ ရည်းစားကောင်းတစ်ယောက်ဖြစ်ဖို့ ကောင်းတဲ့ အလုပ်ကိုလုပ်ရင် သူမသူငယ်ချင်းတွေက သူမကို မနာလိုဖြစ်ကြပါလိမ့်မယ်။ ဒါက သူမကို ပျော်ရွှင်စေယုံသာမက သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ပါ သူမရဲ့လူမှုရေးရပ်တည်မှုကို မြှင့်တင်ပေးပါလိမ့်မယ်။
၇။ သူမရဲ့ မိသားစုကို စိတ်ရင်းမှန်နဲ့ ဆက်ဆံပါ
သူမသူငယ်ချင်းတွေရဲ့ အမြင်မှာ ချစ်သူကောင်းတစ်ယောက်ဖြစ်ခြင်းက ကြီးမားတဲ့ အားသာချက်ဖြစ်ပေမယ့် သူမမိသားစုရဲ့ ခွင့်ပြုချက်ရရှိခြင်းက သူမပျော်ရွှင်စေဖို့ အာမခံချက်ဖြစ်ပါတယ်။ သူမရဲ့ မိဘတွေနဲ့ မောင်နှမအားလုံးက သူမရွေးချယ်မှုကို သဘောတူတယ်ဆိုရင် သူမက သင့်ကို ပိုမိုယုံကြည်လိုစိတ်ရှိလာပါလိမ့်မယ်။ ဒါက လေးနက်တဲ့ အချစ်ရေးမှာ အဓိက စိတ်ဖိစီးမှုအချက်တွေ ဖြစ်နိုင်တဲ့ သူမရဲ့ မိဘတွေကို တစ်ခုခု ဖုံးကွယ်ထားရခြင်း (သို့) သူမရဲ့အချစ်ရေးကို သဘောမတူတာတွေ ရှိခြင်းကနေ ဖယ်ရှားပေးပါတယ်။

၈။ သင်သဘောမတူဘူးဆိုရင်တောင် သူမရဲ့ ထင်မြင်ယူဆချက်တွေကို တန်ဖိုးထားပါ
ဒါက နိုင်ငံရေးပဲဖြစ်ဖြစ်၊ အသက်မွေးဝမ်းကျောင်းပဲဖြစ်ဖြစ်၊ ငွေရေးကြေးရေးပဲဖြစ်ဖြစ် လူတွေမှာ မတူညီတဲ့ အမြင်တွေရှိနိုင်ပါတယ်။ သင့်ချစ်သူရဲ့ ထင်မြင်ချက်တွေကို နားထောင်ပြီး သူတို့ကို လေးစားမှုပေးခြင်းက သူမရဲ့ချစ်ခင်တွယ်တာမှု ရရှိဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
၉။ သူမအတွက် စဉ်းစားပေးတဲ့ လက်ဆောင်လေးတွေ ပေးပါ
စဉ်းစားပေးမှုပါတဲ့ လက်ဆောင်တစ်ခုနဲ့ စပရိုက်လုပ်ပေးခြင်းက စုံတွဲတွေ မျှဝေရမယ့် အကောင်းဆုံးအရာတစ်ခုဖြစ်ပါတယ်။ မွေးနေ့တွေ၊ ချစ်သူများနေ့နဲ့ နှစ်ပတ်လည်နေ့တွေလို သိသာထင်ရှားတဲ့ အချိန်ကာလတွေရှိပေမယ့်လည်း သူမကို ဘယ်အချိန်မဆို လက်ဆောင်နဲ့ အမြဲအံ့အားသင့်အောင်လုပ်နိုင်ပါတယ်။ လက်ဆောင်တွေရဲ့ ရွေးချယ်မှုနဲ့ အချိန်က သင့်လက်တွဲဖော်ကို တန်ဖိုးထားကြောင်း ပြသနေပါတယ်။ အထူးသဖြင့် သူမ လိုချင်နေတယ်လို့ ပြောခဲ့ဖူးတဲ့ လက်ကိုင်အိတ်လေးတစ်လုံး ၊ ဆောင်းတွင်းမှာ သူမလိုအပ်နေတဲ့ အနွေးထည်လေးတစ်ထည်ဖြစ်နိုင်ပါတယ်။ လက်ဆောင်တွေကို လက်ခံခြင်းက သူမရဲ့ အချစ်ဘာသာစကားတွေထဲက တစ်ခုဖြစ်နိုင်ပါတယ်။
၁၀။ သူမကို ရယ်မောစေတဲ့သူတစ်ယောက် ဖြစ်ပေးပါ
ဟာသအနည်းငယ်က အချစ်ရေးမှာ ရှည်လျားသောလမ်းခရီးကို သွားနိုင်ပါတယ်။ ဟာသဉာဏ်ကောင်းရှိခြင်း၊ ချစ်သူကို ရယ်မောစေခြင်းက သင့်အား ချစ်ခင်တွယ်တာစေပြီး စကားအမြဲပြောရဖို့ မျှော်လင့်နေပါလိမ့်မယ်။ သူမခက်ခဲနေတဲ့အချိန်၊ စိတ်ဓါတ်ကျနေတဲ့အခါမှာလည်း အထောက်အကူဖြစ်စေနိုင်ပါတယ်။
၁၁။ သူမအတွက် လုံခြုံမှုကို ဖန်တီးပါ
သူမအတွက် အချိန်ပြည့်သက်တော်စောင့်ဖြစ်လာရမယ်လို့ မဆိုလိုပါဘူး။ အဲဒီအစား သင့်ရည်းစားက သင့်ပတ်ဝန်းကျင်မှာ လုံခြုံစိတ်ချမှုရှိကြောင်း သေချာနေပါစေ။ ရည်းစားကို အနိုင်ကျင့်မယ်၊ ကိုယ်ထိလက်ရောက် ရိုက်နှက်မယ်၊ စိတ်ခံစားမှုကို abuse လုပ်မယ်ဆိုရင် သူမမှာ စိုးရိမ်ပူပန်မှုတွေ ၊ ကြောက်ရွံ့မှုတွေနဲ့ မလုံခြုံမှုကို ခံစားမိစေပါတယ်။ သူမဟာ သင့်အား လုံခြုံစိတ်ချရသော ခံစားချက်နဲ့ ပတ်သတ်သင့်ပါတယ်။
Lifestyle_Myanmar
LM_Nandar
Source-momjunction