သင့်အပေါ် မနာလိုဖြစ်နေတဲ့ လူတစ်ယောက်ရဲ့ လက္ခဏာ (၇)ချက်နဲ့ ဖြေရှင်းဖို့အတွက် နည်းလမ်းကောင်း

0
6889

မမျှော်လင့်ပဲ သင့်အပေါ်မနာလိုစိတ် ဖြစ်သူတွေကိုတွေ့ရင် သင်အံ့သြတတ်လား? မအံ့သြပါနဲ့၊ မနာလိုစိတ်ဟာ သင်အယုံကြည်ရဆုံး သူငယ်ချင်းဆီမှာတောင်ဖြစ်တတ်ပါတယ်။ ဒါပေမယ့် သူတို့တိုက်ရိုက်ထုတ်ဖော်မပြတတ်တဲ့ မနာလိုစိတ်ကို သိအောင်ရှာဖွေဖို့အတွက် ယခုဖော်ပြမယ့် လက္ခဏာ (၇)ချက်က သင့်ကိုအထောက်အကူပြုပေးမှာပါ။ မနာလိုစိတ်ဟာ ပြုသူရောဖြစ်သူရော အရမ်းကိုစိတ်ပင်ပန်းရပြီး အမုန်းဖွဲ့စေတတ်တာကြောင့် ရှောင်ရှားသင့်တဲ့အရာတစ်ခုဖြစ်ပါတယ်။

၁။ သင့်ရဲ့အောင်မြင်မှုတွေအတွက် သူတို့ပျော်ရွင်မှုကို မခံစားရဘူး

ပထမဆုံးသိနိုင်တဲ့လက္ခဏာက သင့်ရဲ့အောင်မြင်မှုကို မနာလိုဖြစ်တဲ့အတွက် သူတို့ကသင့်အောင်မြင်မှုအပေါ် ချီးမွန်းတဲ့အခါအလွဲလွဲအမှားမှားတွေ ဖြစ်တတ်သလို သူတို့မျက်လုံးကိုလွှဲသွားတတ်ပါတယ်။ တခါတလေမှာ အရေခြုံတဲ့ချီးမွန်းစကားတွေ သိသိသာသာပြောတတ်ပြီး ဟန်ဆောင်အမူအယာတွေကိုလည်း သတိထားနိုင်ပါတယ်။ လူတစ်ယောက်ရဲ့မျက်လုံးဟာ စိတ်ရဲ့တံခါးပေါက်ဖြစ်တာကြောင့်
မျက်လုံးချင်းဆုံကြည့်ရင် ခန့်မှန်းနိုင်ပါလိမ့်မယ်။

၂။ သင့်ရဲ့အောင်မြင်မှုကို ဘာမှမဟုတ်သလို(သေးသိမ်အောင်) ကြိုးစားမယ်

ဒါဟာလည်း ခေတ်ဟောင်းစိတ်ပညာနည်းပဲ ဖြစ်ပါတယ်။ လူတစ်ယောက်မနာလိုဖြစ်တဲ့အခါ သူတို့မနာလိုသူရဲ့ဂုဏ်သတင်းကြီးလာတာနဲ့အမျှ သူတို့မှာလည်းပိုမိုနာကျင်ခံစားရပါတယ်။ ဒါကြောင့် ဘာမှအရေးမကြီးသလို သေးသိမ်အောင်ကြိုးစားတတ်ကြပြီး နောက်ကွယ်မှာတော့ သင်နဲ့တန်းတူရည်တူဖြစ်အောင် အသေအလဲကြိုးစားပါလိမ့်မယ်။ ဒါပေမယ့် သင့်ကိုအောက်လုံးနည်းနဲ့ မတိုက်ခိုက်သမျှ
သည်းခံနေလိုက်ပါ။

၃။ သင့်ကိုအတုယူလိမ့်မယ်
အတုယူခြင်းဟာ မနာလိုမှုရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ဖတ်ဖူးပါတယ်။ တစ်ယောက်ယောက်က သင့်ရဲ့အောင်မြင်မှုကို မနာလိုဖြစ်တဲ့အခါ သင့်ထက်ကောင်းအောင်တီထွင်ကြိုးစားရမယ့်အစား သင့်ပုံစံအတိုင်း လိုက်လံတုပနေတတ်တာကြောင့် အမြဲတမ်းသင့်ထက်နောက်ကျနေတတ်ပါတယ်။ Wikiyeah ရဲ့အဆိုအရ “တစ်ယောက်ယောက်က သင့်ရဲ့လှုပ်ရှားမှုတွေကို copy ယူဖို့ကြိုးစားနေတာဟာ သင့်နေရာမှာ သူရောက်ချင်နေလို့ပါပဲ” လို့ဆိုခဲ့ပါတယ်။

၄။ သူတို့ဟာ သင့်ကိုအဆက်မပြတ် ယှဉ်ပြိုင်နေမယ်

သင်ရီပို့စ်ကဒ်မှာ အဆင့်တက်တဲ့အခါ တစ်ယောက်ယောက်က အမြဲမနာလိုဖြစ်ပြီး သင့်ကိုလိုက်လံယှဉ်ပြိုင်နေတာကို စတိတ်ကျောင်းသားဘဝတုန်းက သင်ကြုံချင်ကြုံဖူးပါလိမ့်မယ်။ ပြိုင်ဆိုင်မှုဆိုတာ ရှိရမယ့်အရာဖြစ်သော်လည်း အပြိုင်ခံရသူမှာတော့ စိတ်မသက်မသာနဲ့ အနှောက်အယှက်ဖြစ်ရတယ်လို့ ကျွန်တော်ကတော့ ခံစားရပါတယ်။ မိဘတွေကိုယ်တိုင်က အခြားသူတွေနဲ့ပြိုင်ဆိုင်ဖို့ ကြိုးစားခိုင်းတဲ့အတွက်လည်း ကလေးတွေမှာ မနာလိုစိတ်တွေ ကိန်းအောင်းတတ်ပါတယ်။ ဒါကြောင့် အခြားသူကိုလိုက်မပြိုင်သင့်ပဲ ကိုယ့်ကိုကိုယ် ပြန်လည်ပြိုင်ဆိုင်သင့်ပြီး အရှုံကိုလက်ခံနိုင်တဲ့ စိတ်ဓာတ်မျိုးမွေးမြူသင့်ကြောင်း အကြံပေးလိုပါတယ်။

၅။ ယေဘုယျ အဆိုးမြင်အတွေးတွေ

WikiYeah ကသူတို့ရဲ့ယခုလိုခံစားချက်ကို သင့်အပေါ် “အကြောင်းပြချက် မရှိတဲ့အမုန်း” ဖြစ်စေတတ်တယ် လို့ဆိုခဲ့ပြီး အဆိုးမြင်မှုဟာ အဆိပ်နဲ့ထပ်တူကျတယ်လို့ Bustle ကဆိုခဲ့ပါတယ်။ ဒါကြောင့် မနာလိုမှုကနေ အမုန်းတွေဖွဲ့စေတတ်တဲ့အတွက် သင့်အောင်မြင်မှုအပါ် မနာလိုတာထက်ပိုပြီး အမုန်းတွေတုံ့ပြန်တတ်ပါတယ်။

၆။ သင့်ကိုအဟန့်အတားဖြစ်အောင် တက်ကြွစွာလုပ်ဆောင်မယ်

သင့်ကို မနာလိုစိတ်ကြောင့် အတိတ်ကသင့်ရဲ့ ရှုံးနိမ့်မှုများကို အဆက်မပြတ်သတိပေးပြီး သင်စိတ်ဓာတ်ကျအောင် လုပ်ဆောင်တတ်သလို ဝေဖန်ခြင်းဖြင့်လည်း နှောက်ယှက်နိုင်ပါတယ်။ ဒါကြောင့် အဟန့်အတားဖြစ်အောင် ကြိုးစားခြင်းဟာလည်း မနာလိုစိတ်ကြောင့် ဖြစ်လာတဲ့အရာတစ်ခုပဲ ဖြစ်ပါတယ်။

၇။ ဒီလိုကိစ္စတွေ အားလုံးကိုကျော်လွှားဖို့အတွက်

အရင်ဆုံး သင့်သူငယ်ချင်းတွေနဲ့ ရိုးသားးပွင့်လင်းစွာ နေထိုင်ပါ။ သင့်အပေါ်မှာ မနာလိုစိတ်ဖြစ်နေတယ်လို့ ခံစားမိပါက သူတို့ရဲ့စကားတွေကို ပိုမိုဂရုစိုက်နားထောင်ပြီး သူတို့ရဲ့ကောင်းကွက်တွေ အောင်မြင်မှုတွေကို စိတ်ရင်းအမှန်နဲ့ ချီးမွန်းပေးပါ။ တချို့မနာလိုမှုတွေ ပေါ်ပေါက်လာရခြင်းဟာ မိတ်ဆွေတွေအပေါ်အသိအမှတ်မပြုမိတာကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့အပေါ်အရင်ကထက် ပိုကောင်းအောင်နဲ့ ရိုးသာားစွာဆက်ဆံခြင်းဟာ သူငယ်ချင်းသံယောဇဉ်ကို ပိုမိုခိုင်မြဲရုံသာမက တစ်ယောက်ရဲ့အောင်မြင်မှုကို တစ်ယောက်ကမျှဝေဂုဏ်ယူတတ်တဲ့စိတ်ထားတွေ တိုးပွားလာစေမှာဖြစ်ပါတယ်။

LM_Naung_Naung
Lifestyle_Myanmar

သင့္အေပၚ မနာလိုျဖစ္ေနတဲ့ လူတစ္ေယာက္ရဲ႕ လကၡဏာ (၇)ခ်က္နဲ႔ ေျဖရွင္းဖို႔အတြက္ နည္းလမ္းေကာင္း
မေမွ်ာ္လင့္ပဲ သင့္အေပၚမနာလိုစိတ္ ျဖစ္သူေတြကိုေတြ႕ရင္ သင္အံ့ၾသတတ္လား? မအံ့ၾသပါနဲ႔၊ မနာလိုစိတ္ဟာ သင္အယုံၾကည္ရဆုံး သူငယ္ခ်င္းဆီမွာေတာင္ျဖစ္တတ္ပါတယ္။ ဒါေပမယ့္ သူတို႔တိုက္႐ိုက္ထုတ္ေဖာ္မျပတတ္တဲ့ မနာလိုစိတ္ကို သိေအာင္ရွာေဖြဖို႔အတြက္ ယခုေဖာ္ျပမယ့္ လကၡဏာ (၇)ခ်က္က သင့္ကိုအေထာက္အကူျပဳေပးမွာပါ။ မနာလိုစိတ္ဟာ ျပဳသူေရာျဖစ္သူေရာ အရမ္းကိုစိတ္ပင္ပန္းရၿပီး အမုန္းဖြဲ႕ေစတတ္တာေၾကာင့္ ေရွာင္ရွားသင့္တဲ့အရာတစ္ခုျဖစ္ပါတယ္။

၁။ သင့္ရဲ႕ေအာင္ျမင္မႈေတြအတြက္ သူတို႔ေပ်ာ္႐ြင္မႈကို မခံစားရဘူး

ပထမဆုံးသိႏိုင္တဲ့လကၡဏာက သင့္ရဲ႕ေအာင္ျမင္မႈကို မနာလိုျဖစ္တဲ့အတြက္ သူတို႔ကသင့္ေအာင္ျမင္မႈအေပၚ ခ်ီးမြန္းတဲ့အခါအလြဲလြဲအမွားမွားေတြ ျဖစ္တတ္သလို သူတို႔မ်က္လုံးကိုလႊဲသြားတတ္ပါတယ္။ တခါတေလမွာ အေရၿခဳံတဲ့ခ်ီးမြန္းစကားေတြ သိသိသာသာေျပာတတ္ၿပီး ဟန္ေဆာင္အမူအယာေတြကိုလည္း သတိထားႏိုင္ပါတယ္။ လူတစ္ေယာက္ရဲ႕မ်က္လုံးဟာ စိတ္ရဲ႕တံခါးေပါက္ျဖစ္တာေၾကာင့္
မ်က္လုံးခ်င္းဆုံၾကည့္ရင္ ခန႔္မွန္းႏိုင္ပါလိမ့္မယ္။

၂။ သင့္ရဲ႕ေအာင္ျမင္မႈကို ဘာမွမဟုတ္သလို(ေသးသိမ္ေအာင္) ႀကိဳးစားမယ္

ဒါဟာလည္း ေခတ္ေဟာင္းစိတ္ပညာနည္းပဲ ျဖစ္ပါတယ္။ လူတစ္ေယာက္မနာလိုျဖစ္တဲ့အခါ သူတို႔မနာလိုသူရဲ႕ဂုဏ္သတင္းႀကီးလာတာနဲ႔အမွ် သူတို႔မွာလည္းပိုမိုနာက်င္ခံစားရပါတယ္။ ဒါေၾကာင့္ ဘာမွအေရးမႀကီးသလို ေသးသိမ္ေအာင္ႀကိဳးစားတတ္ၾကၿပီး ေနာက္ကြယ္မွာေတာ့ သင္နဲ႔တန္းတူရည္တူျဖစ္ေအာင္ အေသအလဲႀကိဳးစားပါလိမ့္မယ္။ ဒါေပမယ့္ သင့္ကိုေအာက္လုံးနည္းနဲ႔ မတိုက္ခိုက္သမွ်
သည္းခံေနလိုက္ပါ။

၃။ သင့္ကိုအတုယူလိမ့္မယ္
အတုယူျခင္းဟာ မနာလိုမႈရဲ႕အစိတ္အပိုင္းတစ္ခုျဖစ္ေၾကာင္း ဖတ္ဖူးပါတယ္။ တစ္ေယာက္ေယာက္က သင့္ရဲ႕ေအာင္ျမင္မႈကို မနာလိုျဖစ္တဲ့အခါ သင့္ထက္ေကာင္းေအာင္တီထြင္ႀကိဳးစားရမယ့္အစား သင့္ပုံစံအတိုင္း လိုက္လံတုပေနတတ္တာေၾကာင့္ အၿမဲတမ္းသင့္ထက္ေနာက္က်ေနတတ္ပါတယ္။ Wikiyeah ရဲ႕အဆိုအရ “တစ္ေယာက္ေယာက္က သင့္ရဲ႕လႈပ္ရွားမႈေတြကို copy ယူဖို႔ႀကိဳးစားေနတာဟာ သင့္ေနရာမွာ သူေရာက္ခ်င္ေနလို႔ပါပဲ” လို႔ဆိုခဲ့ပါတယ္။

၄။ သူတို႔ဟာ သင့္ကိုအဆက္မျပတ္ ယွဥ္ၿပိဳင္ေနမယ္

သင္ရီပို႔စ္ကဒ္မွာ အဆင့္တက္တဲ့အခါ တစ္ေယာက္ေယာက္က အၿမဲမနာလိုျဖစ္ၿပီး သင့္ကိုလိုက္လံယွဥ္ၿပိဳင္ေနတာကို စတိတ္ေက်ာင္းသားဘဝတုန္းက သင္ႀကဳံခ်င္ႀကဳံဖူးပါလိမ့္မယ္။ ၿပိဳင္ဆိုင္မႈဆိုတာ ရွိရမယ့္အရာျဖစ္ေသာ္လည္း အၿပိဳင္ခံရသူမွာေတာ့ စိတ္မသက္မသာနဲ႔ အေႏွာက္အယွက္ျဖစ္ရတယ္လို႔ ကြၽန္ေတာ္ကေတာ့ ခံစားရပါတယ္။ မိဘေတြကိုယ္တိုင္က အျခားသူေတြနဲ႔ၿပိဳင္ဆိုင္ဖို႔ ႀကိဳးစားခိုင္းတဲ့အတြက္လည္း ကေလးေတြမွာ မနာလိုစိတ္ေတြ ကိန္းေအာင္းတတ္ပါတယ္။ ဒါေၾကာင့္ အျခားသူကိုလိုက္မၿပိဳင္သင့္ပဲ ကိုယ့္ကိုကိုယ္ ျပန္လည္ၿပိဳင္ဆိုင္သင့္ၿပီး အရႈံကိုလက္ခံႏိုင္တဲ့ စိတ္ဓာတ္မ်ိဳးေမြးျမဴသင့္ေၾကာင္း အႀကံေပးလိုပါတယ္။

၅။ ေယဘုယ် အဆိုးျမင္အေတြးေတြ

WikiYeah ကသူတို႔ရဲ႕ယခုလိုခံစားခ်က္ကို သင့္အေပၚ “အေၾကာင္းျပခ်က္ မရွိတဲ့အမုန္း” ျဖစ္ေစတတ္တယ္ လို႔ဆိုခဲ့ၿပီး အဆိုးျမင္မႈဟာ အဆိပ္နဲ႔ထပ္တူက်တယ္လို႔ Bustle ကဆိုခဲ့ပါတယ္။ ဒါေၾကာင့္ မနာလိုမႈကေန အမုန္းေတြဖြဲ႕ေစတတ္တဲ့အတြက္ သင့္ေအာင္ျမင္မႈအပၚ မနာလိုတာထက္ပိုၿပီး အမုန္းေတြတုံ႔ျပန္တတ္ပါတယ္။

၆။ သင့္ကိုအဟန႔္အတားျဖစ္ေအာင္ တက္ႂကြစြာလုပ္ေဆာင္မယ္

သင့္ကို မနာလိုစိတ္ေၾကာင့္ အတိတ္ကသင့္ရဲ႕ ရႈံးနိမ့္မႈမ်ားကို အဆက္မျပတ္သတိေပးၿပီး သင္စိတ္ဓာတ္က်ေအာင္ လုပ္ေဆာင္တတ္သလို ေဝဖန္ျခင္းျဖင့္လည္း ေႏွာက္ယွက္ႏိုင္ပါတယ္။ ဒါေၾကာင့္ အဟန႔္အတားျဖစ္ေအာင္ ႀကိဳးစားျခင္းဟာလည္း မနာလိုစိတ္ေၾကာင့္ ျဖစ္လာတဲ့အရာတစ္ခုပဲ ျဖစ္ပါတယ္။

၇။ ဒီလိုကိစၥေတြ အားလုံးကိုေက်ာ္လႊားဖို႔အတြက္

အရင္ဆုံး သင့္သူငယ္ခ်င္းေတြနဲ႔ ႐ိုးသားးပြင့္လင္းစြာ ေနထိုင္ပါ။ သင့္အေပၚမွာ မနာလိုစိတ္ျဖစ္ေနတယ္လို႔ ခံစားမိပါက သူတို႔ရဲ႕စကားေတြကို ပိုမိုဂ႐ုစိုက္နားေထာင္ၿပီး သူတို႔ရဲ႕ေကာင္းကြက္ေတြ ေအာင္ျမင္မႈေတြကို စိတ္ရင္းအမွန္နဲ႔ ခ်ီးမြန္းေပးပါ။ တခ်ိဳ႕မနာလိုမႈေတြ ေပၚေပါက္လာရျခင္းဟာ မိတ္ေဆြေတြအေပၚအသိအမွတ္မျပဳမိတာေၾကာင့္လည္း ျဖစ္တတ္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ သူတို႔အေပၚအရင္ကထက္ ပိုေကာင္းေအာင္နဲ႔ ႐ိုးသာားစြာဆက္ဆံျခင္းဟာ သူငယ္ခ်င္းသံေယာဇဥ္ကို ပိုမိုခိုင္ၿမဲ႐ုံသာမက တစ္ေယာက္ရဲ႕ေအာင္ျမင္မႈကို တစ္ေယာက္ကမွ်ေဝဂုဏ္ယူတတ္တဲ့စိတ္ထားေတြ တိုးပြားလာေစမွာျဖစ္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here