သင့်အပင်လေးတွေ အမြဲတမ်းပျော်ရွင်နေစေဖို့ မျက်နှာအမူအယာတွေကို အသုံးပြုထားတဲ့ စမတ်ပန်းအိုး

0
85

အပင်လေးတွေစိုက်ရတာ စိတ်ချမ်းသာဖို့ကောင်းပါတယ်နော်။ အပင်လေးတွေ သန်စွမ်းလာချိန်မှာ ပီတီဖြစ်ရတဲ့ အရသာဟာ သစ်ပင်ပန်းမန် ချစ်တတ်သူတွေမှာသာ ရှိပါတယ်။ သင့်အိမ်ထောင့်မှာ အလှပဆုံးပန်းပင်လေးတွေဖြစ်လာဖို့ ကြင်နာမြတ်နိုးခြင်းနှင့်အတူ မိဘတစ်ယောက်က ကိုယ့်ကလေးတွေကို ကြည့်ရှုစောင့်ရှောက်သလို စောက်ရှောက်ခဲ့ရမှာပါ။ တချို့အပင်တွေက မြေသြဇာထည့်ပြီး တယုတယ စိုက်ပျိုးပေမယ့် ရက်သတ္တပတ်အနည်းငယ်ကြာလာတဲ့အခါ အရွက်တွေ စတင်ဝါပြီး သေသွားပါတယ်။ အပင်စိုက်တဲ့သူတွေမှာ ဒီလိုအဖြစ်မျိုးကို အကြိမ်များစွာ ကြုံဖူးကြပါတယ်။ တန်ဖိုးအရမ်းကြီးတဲ့ ပန်းပင်တွေဆိုရင် နှမျောစရာကောင်းပါတယ်။ ဒါ့ကြာင့် ဒီပြဿနာကို ဖြေရှင်းဖို့ smart planter ကိုတီထွင်ခဲ့ကြပါတယ်။

‘Lua’ ဆိုတဲ့ smart planter ဟာ သင့်ရဲ့ ဘယ်အပင်ကိုမဆို သက်ရှိ အိမ်မွေးတိရိစ္ဆာန်လေးတစ်ကောင်လို ပြောင်းလဲပါလိမ့်မယ်။ ‘Mu Design’ဟာ ဒီ စမတ်ပန်းအိုးမှတဆင့် အိမ်မွေးတိရိစ္ဆာန်လေးတွေလို ဆက်သွယ်ပြောဆိုဖို့ နည်းလမ်းတစ်ခုဖြင့် ကမ္ဘာတစ်ဝှမ်းက လူတွေကို ကူညီဖို့ ထက်မြတ်တဲ့ အိုင်ဒီယာတစ်ခုနှင့်အတူ ရောက်လာပါတယ်။

သင့်အပင်လေးတွေ ဘယ်လိုခံစားနေရလဲဆိုတာ အတိအကျဖော်ပြဖို့ အက်ပလီကေးရှင်းတစ်ခု သုံးရပါမယ်။ ပန်းအိုးကို သင့်ဖုန်းနှင့် ချိတ်ဆက်ဖို့ သင်လုပ်ရမယ့်အရာက app တစ်ခုဒေါင်းလုပ်ဆွဲပြီး ပန်းအိုးကို QR ကုတ်ဖတ်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီအပင်က ဘာအပင်အမျိုးအစားလဲဆိုတာ ရွေးချယ်ဖို့လည်း လိုပါတယ်။

ပန်းအိုးပေါ်က စခရင်မှာ နေရောင် (သို့) ရေ ကဲ့သို့သော အပင်ရဲ့ အခြေခံလိုအပ်ချက်ကို ဖော်ပြခြင်းဖြစ်တဲ့ မတူညီသော (အီမိုးရှင်း) စိတ်ခံစားမှု ၁၅ခုကို ပြသနိုင်ပါတယ်။ ရေလာင်းတာ အရမ်းများသွားရင် ၊ သို့အရမ်းပူနေရင် သင်သိဖို့ ချစ်စရာကောင်းအောင် ရှုံ့မဲ့နေတဲ့ မျက်နှာတစ်ခုကို ဖော်ပြပါလိမ့်မယ်။

သင့်ရဲ့ လှုပ်ရှားမှုကို လိုက်နာနိုင်တဲ့အခါ သင့်ရဲ့ အစိမ်းရောင်အိမ်မွေးတိရိစ္ဆာန်လေးကို ဂရုစိုက်ရတာ ပိုပြီးပျော်စရာကောင်းပါတယ်။ ဒါပေမယ့် သင်ဟာ စူပုပ်ပုပ်ရုပ်လေး မလိုချင်ဘူးဆိုရင် အမှားမလုပ်ဖို့ သတိထားရပါမယ်။

ပန်းအိုးမှာ ဖော်ပြထားတဲ့ အီမိုရှင်များမှာ နေရောင်အနည်းငယ်ပဲ ပေးလို့ရတယ်ဆိုတာ သင်သိစေဖို့ အစွယ်နှင့်အတူ ဗန်ပိုင်းယားမျက်နှာတစ်ခုပါ ပါဝင်ပါတယ်၊

ကုမ္ပဏီက သူတို့ထုတ်ကုန်ကို ၂၀၁၉ ဒီဇင်ဘာမှာ တင်ပို့ဖို့ မျှော်လင့်ထားပေမယ့် သူတို့မှာ ပုံသေ ရည်မှန်းချက်ကဲ့သို့ ယူရို ၃၀၀၀၀ သတ်မှတ်ထားတဲ့ Indiegogo ကမ်ပိန်းတစ်ခုရှိပါတယ်။

Lifestyle_Myanmar

LM_Nandar

ZawGyi

သင့္အပင္ေလးေတြ အၿမဲတမ္းေပ်ာ္႐ြင္ေနေစဖို႔ မ်က္ႏွာအမူအယာေတြကို အသုံးျပဳထားတဲ့ စမတ္ပန္းအိုး
အပင္ေလးေတြစိုက္ရတာ စိတ္ခ်မ္းသာဖို႔ေကာင္းပါတယ္ေနာ္။ အပင္ေလးေတြ သန္စြမ္းလာခ်ိန္မွာ ပီတီျဖစ္ရတဲ့ အရသာဟာ သစ္ပင္ပန္းမန္ ခ်စ္တတ္သူေတြမွာသာ ရွိပါတယ္။ သင့္အိမ္ေထာင့္မွာ အလွပဆုံးပန္းပင္ေလးေတြျဖစ္လာဖို႔ ၾကင္နာျမတ္ႏိုးျခင္းႏွင့္အတူ မိဘတစ္ေယာက္က ကိုယ့္ကေလးေတြကို ၾကည့္ရႈေစာင့္ေရွာက္သလို ေစာက္ေရွာက္ခဲ့ရမွာပါ။ တခ်ိဳ႕အပင္ေတြက ေျမၾသဇာထည့္ၿပီး တယုတယ စိုက္ပ်ိဳးေပမယ့္ ရက္သတၱပတ္အနည္းငယ္ၾကာလာတဲ့အခါ အ႐ြက္ေတြ စတင္ဝါၿပီး ေသသြားပါတယ္။ အပင္စိုက္တဲ့သူေတြမွာ ဒီလိုအျဖစ္မ်ိဳးကို အႀကိမ္မ်ားစြာ ႀကဳံဖူးၾကပါတယ္။ တန္ဖိုးအရမ္းႀကီးတဲ့ ပန္းပင္ေတြဆိုရင္ ႏွေမ်ာစရာေကာင္းပါတယ္။ ဒါ့ၾကာင့္ ဒီျပႆနာကို ေျဖရွင္းဖို႔ smart planter ကိုတီထြင္ခဲ့ၾကပါတယ္။
‘Lua’ ဆိုတဲ့ smart planter ဟာ သင့္ရဲ႕ ဘယ္အပင္ကိုမဆို သက္ရွိ အိမ္ေမြးတိရိစာၦန္ေလးတစ္ေကာင္လို ေျပာင္းလဲပါလိမ့္မယ္။ ‘Mu Design’ဟာ ဒီ စမတ္ပန္းအိုးမွတဆင့္ အိမ္ေမြးတိရိစာၦန္ေလးေတြလို ဆက္သြယ္ေျပာဆိုဖို႔ နည္းလမ္းတစ္ခုျဖင့္ ကမာၻတစ္ဝွမ္းက လူေတြကို ကူညီဖို႔ ထက္ျမတ္တဲ့ အိုင္ဒီယာတစ္ခုႏွင့္အတူ ေရာက္လာပါတယ္။
သင့္အပင္ေလးေတြ ဘယ္လိုခံစားေနရလဲဆိုတာ အတိအက်ေဖာ္ျပဖို႔ အက္ပလီေကးရွင္းတစ္ခု သုံးရပါမယ္။ ပန္းအိုးကို သင့္ဖုန္းႏွင့္ ခ်ိတ္ဆက္ဖို႔ သင္လုပ္ရမယ့္အရာက app တစ္ခုေဒါင္းလုပ္ဆြဲၿပီး ပန္းအိုးကို QR ကုတ္ဖတ္ရမွာ ျဖစ္ပါတယ္။ အဲ့ဒီအပင္က ဘာအပင္အမ်ိဳးအစားလဲဆိုတာ ေ႐ြးခ်ယ္ဖို႔လည္း လိုပါတယ္။
ပန္းအိုးေပၚက စခရင္မွာ ေနေရာင္ (သို႔) ေရ ကဲ့သို႔ေသာ အပင္ရဲ႕ အေျခခံလိုအပ္ခ်က္ကို ေဖာ္ျပျခင္းျဖစ္တဲ့ မတူညီေသာ (အီမိုးရွင္း) စိတ္ခံစားမႈ ၁၅ခုကို ျပသႏိုင္ပါတယ္။ ေရလာင္းတာ အရမ္းမ်ားသြားရင္ ၊ သို႔အရမ္းပူေနရင္ သင္သိဖို႔ ခ်စ္စရာေကာင္းေအာင္ ရႈံ႕မဲ့ေနတဲ့ မ်က္ႏွာတစ္ခုကို ေဖာ္ျပပါလိမ့္မယ္။
သင့္ရဲ႕ လႈပ္ရွားမႈကို လိုက္နာႏိုင္တဲ့အခါ သင့္ရဲ႕ အစိမ္းေရာင္အိမ္ေမြးတိရိစာၦန္ေလးကို ဂ႐ုစိုက္ရတာ ပိုၿပီးေပ်ာ္စရာေကာင္းပါတယ္။ ဒါေပမယ့္ သင္ဟာ စူပုပ္ပုပ္႐ုပ္ေလး မလိုခ်င္ဘူးဆိုရင္ အမွားမလုပ္ဖို႔ သတိထားရပါမယ္။
ပန္းအိုးမွာ ေဖာ္ျပထားတဲ့ အီမိုရွင္မ်ားမွာ ေနေရာင္အနည္းငယ္ပဲ ေပးလို႔ရတယ္ဆိုတာ သင္သိေစဖို႔ အစြယ္ႏွင့္အတူ ဗန္ပိုင္းယားမ်က္ႏွာတစ္ခုပါ ပါဝင္ပါတယ္၊
ကုမၸဏီက သူတို႔ထုတ္ကုန္ကို ၂၀၁၉ ဒီဇင္ဘာမွာ တင္ပို႔ဖို႔ ေမွ်ာ္လင့္ထားေပမယ့္ သူတို႔မွာ ပုံေသ ရည္မွန္းခ်က္ကဲ့သို႔ ယူ႐ို ၃၀၀၀၀ သတ္မွတ္ထားတဲ့ Indiegogo ကမ္ပိန္းတစ္ခုရွိပါတယ္။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here