သင့်အစားအစာ ဘယ်လောက်ကောင်းသလဲဆိုတာ စစ်ဆေးဖို့ နည်းလမ်းများ

0
30
- Advertisement -

ကျွန်မတို့ဟာ ကြက်ဥ၊ သစ်သီး၊ ပေါင်မုန့်စတဲ့ စားသောက်ကုန်တွေကို နေ့တိုင်းနီးပါး စားနေကြပေမယ့် အရည်အသွေးကောင်းတဲ့ စားသောက်ကုန်တွေကို သိပ်မရွေးမိကြပါဘူး။ ပါကင်လှလှလေးနဲ့ ထုပ်ပိုးထားတာ၊ ကြော်ငြာအားကောင်းတာတွေကိုသာ အာရုံစိုက်မိကြပါတယ်။ ဒါက ကျွန်မတို့ရဲ့ ကျန်းမာရေးပေါ် မူတည်တာကြောင့် ကုန်စုံဆိုင်တစ်ခုကနေ အကောင်းဆုံးတွေကို ဘယ်လိုရရှိနိုင်မလဲ ဆိုတာကို သိထားခြင်းက ပိုကောင်းပါတယ်။ ဒါ့ကြောင့် စားသောက်ကုန် ဝယ်ယူတဲ့အခါမှာ ကောင်း/မကောင်းဆိုတာ စစ်ဆေးပြီး ဝယ်ယူနိုင်မယ့် နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။

-Advertisement-

၁။ ကြက်ဥ

ကြက်ဥ မဝယ်ခင်တိုင်းမှာ ကြည့်ရှုစစ်ဆေးပါ။ ပါးလွှာခြင်းက ဘက်တီးရီးယားပိုးရှိနေကြောင်း ဖော်ပြနိုင်ပါတယ်။ ကြက်ဥတွေက အရောင်ပြောင်းနေရင် မှိုရှိကြောင်း ညွှန်ပြပါလိမ့်မယ်။

၂။ အထုပ်ပေါ်ရှိ “fat-free” သို့ “all-natural” ကဲ့သို့သော စာသားများကို ဂရုမစိုက်ပါနဲ့

အထုပ်မှာ “fat-free” သို့ “all-natural” ကဲ့သို့သော စာသားတွေကို မကြာခဏ တွေ့မြင်ကြရသလို ၎င်းက မှန်ကန်တယ်လို့ပဲ ယုံကြည်ကြပါတယ်။ တကယ်တော့ ဒီအစားအစာကို သင်ဝယ်ချင်လာအောင် လှည့်စားထားတာပါ။ ထုတ်ကုန်ပစ္စည်းတွေမှာ တာရှည်ခံနိုင်တဲ့ fructose, နဲ့ sodium ကြာရှည်ခံဆေးတွေ ပါဝင်နိုင်ဆဲပါ။ အာဟာရလေဘယ်တွေမှာ ဒီပါဝင်ပစ္စည်းများကို စစ်ဆေးပါ။ တကယ်လို့ ၎င်းတို့ကို ရှာတွေ့ပါက ပိုကောင်းတဲ့ ရွေးချယ်စရာများ ရှိ/မရှိဆိုတာသိဖို့ ဆက်ရှာဖွေပါ။

၃။ အစားအစာပါကင်ပေါ်က ဆွဲဆောင်မှုရှိတဲ့ အရောင်တွေကို လျစ်လျူရှုပါ

ထုတ်ကုန်ရဲ့ အရောင်က ကျွန်တော်တို့ရဲ့ သဘောထားကို လွှမ်းမိုးနိုင်ပါတယ်။ ဥပမာအားဖြင့် အစိမ်းရောင်ဖြစ်လျှင် ဒီအစားအသောက်က အော်ဂဲနစ်ဖြစ်တယ်လို့ ကျွန်တော်တို့ ပိုထင်မြင်မိနိုင်ပါတယ်။ အရောင်တွေကို လျစ်လျူရှုပြီး ပါဝင်ပစ္စည်းများပေါ်သာ အာရုံစိုက်ပါ။ အရသာနှင့် ကြာရှည်ခံစာရင်းကို ကြည့်လျှင် အော်ဂဲနစ်ဖြစ်ဖို့ အခွင့်အလမ်းနည်းပါတယ်။

၄။ ပေါင်မုန့်ထုပ်ပေါ်က multigrain လို့ရေးထားတာ မြင်ရုံနဲ့ မလုံလောက်ပါဘူး

သင်ဝယ်တဲ့ ပေါင်မုန့်က ၁၀၀ ရာခိုင်နှုန်း ဂျုံကြမ်း (သို့) ၁၀၀ % whole grain ဖြစ်ကြောင်း သေချာပါစေ။ ဂျုံပေါင်မုန့် (သို့) multigrain ပေါင်မုန့်လို့ ရေးသားထားပါက အခြားရွေးချယ်စရာများကို ရှာဖွေတာ ပိုကောင်းပါတယ်။ အစေ့များကို သန့်စင်ပြီး ကြိတ်ခွဲသော ကာလအတွင်းမှာ သူတို့ရဲဲ့ ကျန်းမာသော ဖိုင်ဘာ၊ ဗီတာမင် နှင့် သတ္တုဓါတ် ၇၈ ရာခိုင်နှုန်း ဆုံးရှုံးပါတယ်။ ကိုယ့်ဘာသာ လုပ်စားမှသာ multigrain ပေါင်မုန့်ဖြစ်နိုင်မှာပါ။

၅။ မဝယ်မီ အမဲသားရဲ့ အသွင်အပြင်ကို စစ်ဆေးပါ

အမဲသားကောင်းကို ရှာဖွေဖို့ အဆင့် ၂ဆင့်ရှိပါတယ်။
ပထမက အရောင်ကို စစ်ဆေးပါ။ လတ်ဆတ်တဲ့ အမဲသားက ခရမ်ရောင်အဆီကြောလေးတွေ ပါဝင်ပါတယ်။ လှီးထားတဲ့နေရာက အညိုရောင်(သို့) မီးခိမီးခိုးရောင်ပြောင်းနေရင် မယူပါနဲ့။
အမဲသားက စေးကပ်ခြင်း မရှိသင့်ပါဘူး။ အရောင်နှင့် အနံ့ကောင်းနေပုံရရင်တောင် မချက်ပါနဲ့။

၆။ ကြက်သားအရေပြား ထုတ်ချင်းပေါက်မြင်နေရင် စစ်ဆေးပါ

ယေဘုယျအားဖြင့် ကြက်သားအရောင်ကို ဂရုစိုက်ကြသော်လည်း အရေပြားအခြေအနေကို လျစ်လျူရှုထားတတ်ကြပါတယ်။ မီးခိုးရောင် (သို့) ကြည်နေတာ မဖြစ်သင့်ပါဘူး။ ဒါက လတ်ဆတ်မှုမရှိပါဘူး။

၇။ မဝယ်ခင်မှာ သခွားသီးရဲ့ အရောင်ကို စစ်ဆေးပါ

အကောင်းဆုံးသခွားသီးဆိုတာ အစိမ်းရောင် (သို့) အစိမ်းရင့်ရောင်ရှိနေရပါမယ်။ အဝါရောင် (သို့) အဖြူရောင် အစိတ်အပိုင်းတွေပါရင် မကောင်းပါဘူး။ ထို့အပြင် သခွားသီးကောင်းတစ်လုံးက အရမ်းမာပြီး ထူလွန်းမနေပါဘူး။ ခြောက်သွေ့နေတဲ့ပုံလည်း မဖြစ်သင့်ပါဘူး။

၈။ အမြီးပါတဲ့ ငှက်ပျောသီးကိုယူပါ

အမြီးမပါတဲ့ ငှက်ပျောသီးကို မဝယ်ပါနဲ့။ ဘက်တီးရီးယားတွေ ရှိနိုင်ပါတယ်။ တကယ်လို့ အမြီးပြတ်နေတဲ့ ငှက်ပျောသီးကို ဝယ်မိလျှင် နည်းနည်းလောက်ဖြတ်လိုက်ဖို့ လိုပါလိမ့်မယ်။

Lifestyle_Myanmar

LM_Nandar

Source-brightside

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here