သင့်သမီးနှင့်အတူ ရာသီလာခြင်းအကြောင်း ဆွေးနွေးဖြေရှင်းနည်း

သင့်သမီးနှင့်အတူ ရာသီလာခြင်းအကြောင်း ဆွေးနွေးဖြေရှင်းနည်း

0
61

ရာသီလာခြင်းဆိုတာ မိန်းမတိုင်းရဲ့ ဘ၀အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သင့်သမီးကို ပထမဆုံးအကြိမ်မှာကတည်းက ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးပေးဖို့ အရေးကြီးပါတယ်။ ဒီလိုမဟုတ်ဘူးဆိုရင် သူမအနေနဲ့ စိတ်မသက်မသာဖြစ်ခြင်း၊ ရှက်ကြောက်ခြင်းတွေ ခံစားရစေနိုင်ပါတယ်။
လူတော်တော်များများဟာ သူတို့ရဲ့ သမီးကို ရာသီလာခြင်းနဲ့ ပတ်သက်ပြီး ပြောဆိုကြတဲ့အခါ ရှက်ရွှံ့မှုတွေ ကြီးစိုးနေကြတယ်။ ဒီလိုအချိန်မှာ မိဘတွေရဲ့ ပြောဆိုဆွေးနွေးမှုတွေဟာ ကလေးတွေရဲ့ အမြင်နှင့်တွေ့ကြုံခံစားမှုအပေါ်မှာ အကျိုးသက်ရောက်မှုများစွာရှိနေတယ်ဆိုတာ မိဘတွေအနေနဲ့ သတိမထားမိကြဘူး။ ကျွန်မတို့အနေနဲ့ အပျိုဖော်၀င်ခြင်းကို အပြုသဘောဆောင်သော အတွေ့အကြုံတစ်ခုဖြစ်စေဖို့ ရာသီလာခြင်းကို ပွင့်ပွင့်လင်းလင်းပြောပြဖို့ တိုက်တွန်းအကြံပြုချင်ပါတယ်။

-Advertisement-

ဘယ်လိုပြောမလဲ

ရာသီလာခြင်းကို သာမန်အဖြစ်အပျက်တစ်ခုလို ပေါ့ပေါ့ပါးပါး စကားလုံးများကိုသာ အသုံးပြုဖို့ တိုက်တွန်းချင်ပါတယ်။ သင့်အတွက် ဒီကာလဟာ နာမကျန်းဖြစ်နေတာ မဟုတ်သလို သင့်သမီးအနေနဲ့ ရှက်ရွှံ့ ဖို့ မလိုကြောင်း ပြောပြပါ။ ဒါဟာ သာမန်စကား၀ိုင်းတစ်ခုထက်မပိုသော ခေါင်းစဥ်တစ်ခုပါ။

ဘာကြောင့်အရေးကြီးတာလဲ

ရာသီလာခြင်းဟာ အမျိုးသမီးတိုင်းရဲ့ ဘ၀နှင့် ကျန်းမာရေးရဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ သမီး ၎င်းနဲ့ ပတ်သက်ပြီး ပြောဆိုရန်၊ မေးခွန်းများမေးရန်နှင့် စိုးရိမ်မှုများကို ဖော်ပြရန်အတွက် လုံလောက်သော သက်သောင့်သက်သာရှိမှုဆိုတာ ပိုအရေးကြီးပါတယ်။ ဒါ့အပြင် ဒီကိစ္စဟာ အမျိုးသမီးတွေနဲ့သာ သက်ဆိုင်တယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ရာသီလာခြင်းနဲ့ ပတ်သက်ပြီး ဖခင်တွေမှာလည်း သူတို့ရဲ့ သမီးများကို ပညာပေးခြင်းမှာ ပါ၀င်သင့်ပါတယ်။ မိခင်နှင့် ဖခင်က ရာသီလာခြင်းနှင့် ပတ်သက်ပြီး အလိုက်သိပေးဖို့ အရေးကြီးပါတယ်။ လူတိုင်းက ကွဲပြားခြားနားတာကြောင့် အမျိုးသမီးတစ်ယောက်ရဲ့ ရာသီကာလဟာလည်း ကွဲပြားခြားနားနိုင်ပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ ရာသီလာခြင်းသံသရာဟာ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အဆင့်အတန်းအပြောင်းအလဲများစွာ ဖြစ်ပေါ်စေပြီး လူတစ်ဦးချင်းစီကို ထူးခြားသော နည်းလမ်းနှင့် သက်ရောက်နိုင်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ

ရာသီလာခြင်းဟာ အပျိုဖော်၀င်ခြင်းရဲ့ အစိတ်အပိုင်းဖြစ်ပြီး အဓိကရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲများနှင့် အတူတကွလက်တွဲပါလာတယ်။ ဒီကာလမှာ စဥ်ဆက်မပြတ် ဟော်မုန်းအပြောင်းအလဲများကို ဖြစ်ပေါ်စေပါတယ်။ ရလဒ်အနေနဲ့ သူမဟာ သူရဲ့ ဖွံ့ဖြိုးတိုးတက်မှုနှင့် စိတ်ဖိစီးနေနိုင်ပါတယ်။ ဒီအဆင့်မှာ ဆယ်ကျော်သက်များဟာ သူတို့ရဲ့ ခန္ဓာကိုယ်နှင့် ပတ်သက်သော တစ်ခြားသူတွေရဲ့ ထင်မြင်ယူဆချက်တွေနဲ့ ပတ်သက်ပြီး အထူးသဖြင့် ထိခိုက်လွယ်ပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်အရည်အသွေးများဖွံ့ဖြိုးလာတာနဲ့ အမျှ သူတို့ရဲ့ စိတ်ခံစားချက်များကို ကိုင်တွယ်ဖြေရှင်းတတ်ဖို့ သင်ယူလာတာနဲ့အမျှ သူတို့ရဲ့ ကိုယ့်ကိုယ်ကို လေးစားမှုကို မြှင့်တင်ခြင်းက အဓိကသော့ချက်ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပင် တစ်ခြားသူတွေရဲ့ မှတ်ချက်တွေကြောင့် သင့်သမီးရဲ့ ဒေါသ (သို့) ၀မ်းနည်းမှုကို လျစ်လျူမရှုပါနှင့်။ သင့်သမီးရဲ့ စကားကို နားထောင်ပြီး စာနာတတ်ဖို့ သင်ကြားပါပေးပါ။

ရာသီလာခြင်းနဲ့ ပတ်သက်ပြီး သိသင့်သော အချက်များ

သင့်သမီးက ရာသီလာခြင်းနဲ့ ပတ်သက်ပြီးတော့ မေးခွန်းများစွာ ရှိနေမှာ သေချာပါတယ်။ ဒါ့ကြောင့် သံသယနှင့် စိုးရိမ်မှုများကို ဖယ်ရှားဖို့ သင့်အနေနဲ့ အောက်ပါ အချက်အလက်များကို အသုံးပြုနိုင်ပါတယ်။
ကြိမ်နှုန်း
ဆယ်ကျော်သက်တစ်ယောက်ရဲ့ ပထမဆုံးရာသီစက်၀န်းမှာ ပုံမှန်မဖြစ်နိုင်သေးပေမယ့်လည်း အမျိုးသမီးများဟာ တစ်လတစ်ကြိမ်တော့ ပုံမှန်ရှိသင့်ပါတယ်။ ပျမ်းမျှအားဖြင့် အမျိုးသမီးများဟာ ၂၈ရက်တာ ကာလအတွင်း ၃ရက်မှ ၆ရက်အကြားရာသီလာပါတယ်။ ဒါဟာ တစ်ချို့မှာ မတူညီမှုတွေရှိနေနိုင်ပြီး တစ်ပတ်အထိ ကြာရှည်နိုင်ပါတယ်။

ထုတ်ကုန်များ


Tampons (သို့) pads. ဒါတွေဟာ အမျိုးသမီးတစ်ဦးရဲ့ ရာသီကာလအတွင်း သန့်ရှင်းနေစေဖို့ လူကြိုက်များသော ရွေးချယ်စရာတွေ များစွာရှိနေပါတယ်။ ရွေးချယ်သည့်အခါ စုပ်ယူမှုပမာဏတွေကို သိသင့်ပါတယ်။ သူမရဲ့ တစ်ကိုယ်ရေ သန့်ရှင်းမှု၊ ချွေတာမှုနှင့် ဂေဟဗေဒဆိုင်ရာ အထည်အခင်းများနှင့် အခြားနည်းလမ်းများကိုလည်း စဥ်းစားနိုင်ပါတယ်။

နာကျင်မှု


ရာသီလာခြင်းနှင့် ပတ်သက်ပြီး ပုံစံတစ်မျိုးဖြစ်ပါတယ်။ အမျိုးသမီးတော်တော်များများဟာ ရာသီလာစဥ်မှာ နာကျင်မှုကို ခံစားကြရပါတယ်။ သင့်သမီးအား ရာသီလာခြင်းနှင့် သူမရဲ့ ရာသီစက်၀န်းကာလအတွင်း နာကျင်မှုနှင့် အဆင်မပြေမှု ဖြစ်နိုင်ချေများအကြောင်း ပြောပြပါ။ ဒါမှသာ သူမရဲ့ ရာသီကာလမှာ ထိခိုက်နာကျင်စေသော အရာတွေမှာ သူမအနေနဲ့ထိတ်လန့်မှု ကင်းစေမှာ ဖြစ်ပါတယ်။

Lifestyle_Myanmar

Nyein_Thu

sources-Youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here