သင့်ရဲ့ relationship ကိုပိုမိုတည်ငြိမ်စေဖို့အတွက် အလွယ်ကူဆုံးအရာလေးများ

0
784

Relationship တိုင္း တည္ၿငိမ္ဖို႔ဆို သိပ္ေတာ့မလြယ္ပါဘူး။ ႏွစ္ေယာက္သားလက္တြဲဖို႔ ဘဝလိုအပ္ခ်က္ေတြအတြက္ အလုပ္ႀကိဳးစားမႈ၊ စေတးမႈ၊ အျပန္အလွန္ကတိေတြေပးမႈ စတဲ့အရာေတြနဲ႔ ကိုယ့္ရဲ႕လက္တြဲေဖာ္ နားလည္ေအာင္၊ ႀကိဳးစားၾကရမွာပါ။ တခ်ိန္ခ်ိန္မွာ ႀကဳံလာႏိုင္တဲ့ ပဋိပကၡေတြ၊ တစ္ဦးခ်င္းလိုအပ္ခ်က္ေတြနဲ႔ ျပႆနာေတြအတြက္လည္း ႀကံ့ႀကံ့ခံရင္ဆိုင္ႏိုင္ေအာင္ ျပင္ဆင္ထားဖို႔ လိုပါတယ္။ ဒီလို အၿမဲႀကဳံလာႏိုင္တဲ့ ျပႆနာေတြေၾကာင့္ တည္ၿငိမ္မႈမရွိရင္ relationship ဟာလည္း ေပ်ာ္စရာေကာင္းေတာ့မွာမဟုတ္ပါဘူး။ ကိုယ့္ရဲ႕ relationship ကိုတည္ၿငိမ္ေအာင္ ႀကိဳးစားဖို႔အတြက္ လြယ္ကူတဲ့နည္းလမ္းေတြကို သိထားျခင္းျဖင့္ သင့္အတြက္အေထာက္အကူျဖစ္ေစမွာပါ။

၁။ ဘဝေရွ႕ေရးအတြက္ အေကာင္းျမင္တဲ့စိတ္ထားထားပါ
႐ြင္လန္းတက္ႂကြေနတဲ့ လူေတြဟာ ပတ္ဝန္းက်င္မွာထင္ေပၚၿပီး လူတိုင္းရဲ႕ခ်စ္ျခင္းကို ခံရပါတယ္။ ညည္းညဴျခင္းနဲ႔ အျပစ္တင္ျခင္းကို ဘဝတစ္ေလွ်ာက္လုံး ေရွာင္ရွားႏိုင္ဖို႔ ႀကိဳးစားပါ။ အေကာင္းျမင္စိတ္ရွိျခင္းဟာ သင့္ကို ဆြဲေဆာင္မႈပိုျဖစ္ေစ ခ်စ္သူရဲ႕ခ်စ္ျမတ္ႏိုးတန္ဖိုးထားျခင္းကို ခံစားရ႐ုံသာမက သင့္ကိုလည္းအေပ်ာ္႐ြင္ဆုံးလူတစ္ေယာက္ ျဖစ္ေစပါလိမ့္မယ္။

၂။ သင့္ကိုယ္သင္ခ်စ္ပါ
Relationship တိုင္းမွာ ကိုယ္ပိုင္ပုဂၢိဳလ္ေရးဆိုင္ရာ ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ space( ေနရာ) ေလးေတြ လိုအပ္ပါတယ္။ ခ်စ္သူေဘးနားမွာ တခ်ိန္လုံးေနၿပီး သူမရဲ႕အလိုအတိုင္း ေနေပးတာထက္ ကိုယ္ပိုင္အခ်ိန္နဲ႔ ကိုယ္ပိုင္လုပ္ပိုင္ခြင့္ေတြ ရွိဖို႔လိုအပ္ပါတယ္။ဒီလိုအရာေတြကို သူမနားလည္ေအာင္ေျပာျပပါ။ ယခုလိုကိုယ္ပိုင္ personal space မရွိတဲ့အေလ့အက်င့္ေတြကို သင္ကအက်င့္လုပ္ေပးတဲ့အခါ သိပ္မၾကာခင္မွာပဲ ျပႆနာအႀကီးႀကီးေတြတက္ဖို႔ ျဖစ္လာပါလိမ့္မယ္။

၃။ ခ်စ္သူရဲ႕ လိုအပ္ခ်က္နဲ႔ လိုအင္ဆႏၵေတြကို ဂ႐ုစိုက္ပါ
သင့္ရဲ႕ခ်စ္သူဟာ သင့္ရဲ႕ကိုယ္ပြားမဟုတ္သလို ကိုယ္ပိုင္ပစၥည္းဥစၥာ မဟုတ္ပဲ သီးျခားလူတစ္ေယာက္ဆိုတာကို အရင္ဆုံးလက္ခံထားဖို႔လိုပါတယ္။ ဘယ္ေတာ့မွ သင့္ရဲ႕လိုအင္ဆႏၵေတြအတိုင္း ခ်စ္သူကိုပုံသြင္းဖို႔ မႀကိဳးစားမိပါေစနဲ႔။ သင့္ရဲ႕လက္တြဲေဖာ္ဟာ အျခားမတူညီတဲ့လမ္းကိုေလွ်ာက္ခ်င္ေလွ်ာက္လိမ့္မယ္ ဆိုတာကို လက္ခံထားဖို႔ လိုအပ္ပါတယ္။

၄။ ေက်းဇူးတင္မႈနဲ႔ ေလးစားခ်စ္ခင္မႈကိုျပသပါ
သင့္ရဲ႕ခ်စ္သူနဲ႔ပတ္သတ္ၿပီး ဘယ္အေၾကာင္းအရာေတြကို ခ်စ္တယ္ တန္ဖိုးထားတယ္ဆိုတာကို မၾကာခဏသူမကို ေျပာျပေပးပါ။ သင့္ရဲ႕ခံစားခ်က္ေတြကို မွ်ေဝေပးရင္း သူမကိုေပ်ာ္႐ြင္ပါေစ။

၅။ စကားလုံးေတြကို သတိထားပါ
စကားဟာ ဓါးထက္ပိုထက္တယ္ဆိုတဲ့စကားပုံရွိပါတယ္။ သင္တစ္ခုခုကို ေပါ့ေပါ့ဆဆေျပာမိရင္ေတာ့ စကားဟာျပန္ႏႈတ္လို႔ မရေတာ့ပါဘူး။ ဒါ့ေၾကာင့္ သူမကိုအရွက္ရေစမယ့္စကား နာက်ည္းေစမယ့္ စကားေတြကို ႏႈတ္ကမေတာ္တဆျဖစ္ပါေစ၊ မေျပာမိေအာင္ သတိထားဖို႔လိုပါတယ္။ ခ်စ္သူကိုလိမ္ညာတာကေတာ့ အဆိုးဆုံးအရာတစ္ခု ျဖစ္တယ္ဆိုတာကို ေျပာဖို႔မလိုေတာ့ပါဘူး။

၆။ ေလးစားမႈကို ျပသပါ
အၿမဲတမ္းတည္ၿငိမ္ေနတဲ့ Relationship တိုင္းဟာ တစ္ေယာက္ကိုတစ္ေယာက္ အျပန္အလွန္ေလးစားမႈေပၚ အေျခခံထားပါတယ္။ ကိုယ့္ခ်စ္သူရဲ႕ ဆုံးျဖတ္ခ်က္၊ ထင္ျမင္ခ်က္ေတြကို တန္ဖိုးထားေပးဖို႔ လိုအပ္ပါတယ္။ ဘယ္ေတာ့မွ အေက်အလည္ ျငင္းခုန္ေဆြးေႏြးရတဲ့ အေျခအေနမ်ိဳးကို မေရာက္ပါေစနဲ႔ ဒါေပမယ့္ ျပႆနာတစ္ခုကို ေအးေဆးတည္ၿငိမ္စြာနဲ႔ ေျဖရွင္းဖို႔ႀကိဳးစားၿပီး ရင့္က်က္မႈကိုျပသပါ။

၇။ စာနာမႈရွိပါေစ
လူတိုင္း ေန႔စဥ္ဘဝမွာ အခက္အခဲ အနိမ့္အျမင့္မ်ိဳးစုံကို ႀကဳံေတြ႕ေနရပါတယ္။ သင္စိတ္ဓါတ္က်ေနတဲ့အခ်ိန္ ခ်စ္သူကအားေပးစကားေျပာၿပီး ႏွစ္သိမ့္တဲ့အခါ သင့္စိတ္ကိုေပ်ာ္႐ြင္ေစၿပီး အားတက္ပါလိမ့္မယ္။ ဒီလိုပါပဲ သူမစိတ္ဓါတ္က်ေနတဲ့အခါ အၿမဲတမ္းအားေပးစကားေျပာၿပီး စာနာမႈကို ျပသေပးပါ။

၈။ အမွတ္တရေတြကို အတူတူဖန္တီးပါ
ခရီးအတူတူသြားတာေတြ ေပ်ာ္စရာေကာင္းတဲ့ၿပိဳင္ပြဲေတြ၊ သင္တန္းေတြကို အတူတူလႈပ္ရွားေဆာင္႐ြက္ၿပီး အမွတ္တရျဖစ္စရာေတြကို ဖန္တီးေပးပါ။

၉။ လုပ္႐ိုးလုပ္စဥ္ေတြကို ဆန္႔က်င္ပါ
သမာ႐ိုးက် လုပ္႐ိုးလုပ္စဥ္လမ္းေၾကာင္းအတိုင္းပဲ သင့္ရဲ႕ relationship ကိုမေမ်ာပါပါေစနဲ႔။ မေမွ်ာ္လင့္တဲ့ေနရာမွာ ညစာသြားစားတာေတြ၊ မထင္မွတ္ထားတဲ့ေနရာကို ခ်က္ခ်င္းသြားတာေတြက သင့္ခ်စ္သူကို suprise ျဖစ္ေစပါလိမ့္မယ္။ ဒီလိုျပဳလုပ္ေပးျခင္းက တည္ၿငိမ္တဲ့ Relationship
ရရွိဖို႔ အခ်ိန္ကုန္ရက်ိဳးနပ္ပါလိမ့္မယ္။

၁၀။ အခ်စ္ေရးဟာ စိတ္ဝင္စားစရာေကာင္းေနပါေစ
လိင္မႈကိစၥမွာ လုပ္႐ိုးလုပ္စဥ္အတိုင္းပဲဆိုရင္ ၾကာလာတဲ့အခါ ႐ိုးသြားႏိုင္ပါတယ္။ စြန္႔စားမႈေလးေတြ ျပဳလုပ္ၾကည့္ဖို႔ မေမ့ပါနဲ႔၊ စတိုင္အသစ္ေတြ၊ position အသစ္ေတြကို စမ္းၾကည့္ေပးပါ။ တစ္ေယာက္နဲ႔တစ္ေယာက္ စိတ္ကူးယဥ္မႈေတြကို အျပန္အလွန္ရွာေဖြေပးပါ။ တည္ၿငိမ္တဲ့ relationship ျဖစ္ဖို႔ sex ဟာလည္း အေရးႀကီးတဲ့ အခန္းက္ဍကေနပါဝင္ေနပါတယ္။

LM_Naung_Naung
Lifestyle_Myanmar

Unicode

Relationship တိုင်း တည်ငြိမ်ဖို့ဆို သိပ်တော့မလွယ်ပါဘူး။ နှစ်ယောက်သားလက်တွဲဖို့ ဘဝလိုအပ်ချက်တွေအတွက် အလုပ်ကြိုးစားမှု၊ စတေးမှု၊ အပြန်အလှန်ကတိတွေပေးမှု စတဲ့အရာတွေနဲ့ ကိုယ့်ရဲ့လက်တွဲဖော် နားလည်အောင်၊ ကြိုးစားကြရမှာပါ။ တချိန်ချိန်မှာ ကြုံလာနိုင်တဲ့ ပဋိပက္ခတွေ၊ တစ်ဦးချင်းလိုအပ်ချက်တွေနဲ့ ပြဿနာတွေအတွက်လည်း ကြံ့ကြံ့ခံရင်ဆိုင်နိုင်အောင် ပြင်ဆင်ထားဖို့ လိုပါတယ်။ ဒီလို အမြဲကြုံလာနိုင်တဲ့ ပြဿနာတွေကြောင့် တည်ငြိမ်မှုမရှိရင် relationship ဟာလည်း ပျော်စရာကောင်းတော့မှာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ relationship ကိုတည်ငြိမ်အောင် ကြိုးစားဖို့အတွက် လွယ်ကူတဲ့နည်းလမ်းတွေကို သိထားခြင်းဖြင့် သင့်အတွက်အထောက်အကူဖြစ်စေမှာပါ။
၁။ ဘဝရှေ့ရေးအတွက် အကောင်းမြင်တဲ့စိတ်ထားထားပါ
ရွင်လန်းတက်ကြွနေတဲ့ လူတွေဟာ ပတ်ဝန်းကျင်မှာထင်ပေါ်ပြီး လူတိုင်းရဲ့ချစ်ခြင်းကို ခံရပါတယ်။ ညည်းညူခြင်းနဲ့ အပြစ်တင်ခြင်းကို ဘဝတစ်လျှောက်လုံး ရှောင်ရှားနိုင်ဖို့ ကြိုးစားပါ။ အကောင်းမြင်စိတ်ရှိခြင်းဟာ သင့်ကို ဆွဲဆောင်မှုပိုဖြစ်စေ ချစ်သူရဲ့ချစ်မြတ်နိုးတန်ဖိုးထားခြင်းကို ခံစားရရုံသာမက သင့်ကိုလည်းအပျော်ရွင်ဆုံးလူတစ်ယောက် ဖြစ်စေပါလိမ့်မယ်။

၂။ သင့်ကိုယ်သင်ချစ်ပါ
Relationship တိုင်းမှာ ကိုယ်ပိုင်ပုဂ္ဂိုလ်ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် space( နေရာ) လေးတွေ လိုအပ်ပါတယ်။ ချစ်သူဘေးနားမှာ တချိန်လုံးနေပြီး သူမရဲ့အလိုအတိုင်း နေပေးတာထက် ကိုယ်ပိုင်အချိန်နဲ့ ကိုယ်ပိုင်လုပ်ပိုင်ခွင့်တွေ ရှိဖို့လိုအပ်ပါတယ်။ဒီလိုအရာတွေကို သူမနားလည်အောင်ပြောပြပါ။ ယခုလိုကိုယ်ပိုင် personal space မရှိတဲ့အလေ့အကျင့်တွေကို သင်ကအကျင့်လုပ်ပေးတဲ့အခါ သိပ်မကြာခင်မှာပဲ ပြဿနာအကြီးကြီးတွေတက်ဖို့ ဖြစ်လာပါလိမ့်မယ်။

၃။ ချစ်သူရဲ့ လိုအပ်ချက်နဲ့ လိုအင်ဆန္ဒတွေကို ဂရုစိုက်ပါ
သင့်ရဲ့ချစ်သူဟာ သင့်ရဲ့ကိုယ်ပွားမဟုတ်သလို ကိုယ်ပိုင်ပစ္စည်းဥစ္စာ မဟုတ်ပဲ သီးခြားလူတစ်ယောက်ဆိုတာကို အရင်ဆုံးလက်ခံထားဖို့လိုပါတယ်။ ဘယ်တော့မှ သင့်ရဲ့လိုအင်ဆန္ဒတွေအတိုင်း ချစ်သူကိုပုံသွင်းဖို့ မကြိုးစားမိပါစေနဲ့။ သင့်ရဲ့လက်တွဲဖော်ဟာ အခြားမတူညီတဲ့လမ်းကိုလျှောက်ချင်လျှောက်လိမ့်မယ် ဆိုတာကို လက်ခံထားဖို့ လိုအပ်ပါတယ်။

၄။ ကျေးဇူးတင်မှုနဲ့ လေးစားချစ်ခင်မှုကိုပြသပါ
သင့်ရဲ့ချစ်သူနဲ့ပတ်သတ်ပြီး ဘယ်အကြောင်းအရာတွေကို ချစ်တယ် တန်ဖိုးထားတယ်ဆိုတာကို မကြာခဏသူမကို ပြောပြပေးပါ။ သင့်ရဲ့ခံစားချက်တွေကို မျှဝေပေးရင်း သူမကိုပျော်ရွင်ပါစေ။

၅။ စကားလုံးတွေကို သတိထားပါ
စကားဟာ ဓါးထက်ပိုထက်တယ်ဆိုတဲ့စကားပုံရှိပါတယ်။ သင်တစ်ခုခုကို ပေါ့ပေါ့ဆဆပြောမိရင်တော့ စကားဟာပြန်နှုတ်လို့ မရတော့ပါဘူး။ ဒါ့ကြောင့် သူမကိုအရှက်ရစေမယ့်စကား နာကျည်းစေမယ့် စကားတွေကို နှုတ်ကမတော်တဆဖြစ်ပါစေ၊ မပြောမိအောင် သတိထားဖို့လိုပါတယ်။ ချစ်သူကိုလိမ်ညာတာကတော့ အဆိုးဆုံးအရာတစ်ခု ဖြစ်တယ်ဆိုတာကို ပြောဖို့မလိုတော့ပါဘူး။

၆။ လေးစားမှုကို ပြသပါ
အမြဲတမ်းတည်ငြိမ်နေတဲ့ Relationship တိုင်းဟာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်လေးစားမှုပေါ် အခြေခံထားပါတယ်။ ကိုယ့်ချစ်သူရဲ့ ဆုံးဖြတ်ချက်၊ ထင်မြင်ချက်တွေကို တန်ဖိုးထားပေးဖို့ လိုအပ်ပါတယ်။ ဘယ်တော့မှ အကျေအလည် ငြင်းခုန်ဆွေးနွေးရတဲ့ အခြေအနေမျိုးကို မရောက်ပါစေနဲ့ ဒါပေမယ့် ပြဿနာတစ်ခုကို အေးဆေးတည်ငြိမ်စွာနဲ့ ဖြေရှင်းဖို့ကြိုးစားပြီး ရင့်ကျက်မှုကိုပြသပါ။

၇။ စာနာမှုရှိပါစေ
လူတိုင်း နေ့စဉ်ဘဝမှာ အခက်အခဲ အနိမ့်အမြင့်မျိုးစုံကို ကြုံတွေ့နေရပါတယ်။ သင်စိတ်ဓါတ်ကျနေတဲ့အချိန် ချစ်သူကအားပေးစကားပြောပြီး နှစ်သိမ့်တဲ့အခါ သင့်စိတ်ကိုပျော်ရွင်စေပြီး အားတက်ပါလိမ့်မယ်။ ဒီလိုပါပဲ သူမစိတ်ဓါတ်ကျနေတဲ့အခါ အမြဲတမ်းအားပေးစကားပြောပြီး စာနာမှုကို ပြသပေးပါ။

၈။ အမှတ်တရတွေကို အတူတူဖန်တီးပါ
ခရီးအတူတူသွားတာတွေ ပျော်စရာကောင်းတဲ့ပြိုင်ပွဲတွေ၊ သင်တန်းတွေကို အတူတူလှုပ်ရှားဆောင်ရွက်ပြီး အမှတ်တရဖြစ်စရာတွေကို ဖန်တီးပေးပါ။

၉။ လုပ်ရိုးလုပ်စဉ်တွေကို ဆန့်ကျင်ပါ
သမာရိုးကျ လုပ်ရိုးလုပ်စဉ်လမ်းကြောင်းအတိုင်းပဲ သင့်ရဲ့ relationship ကိုမမျောပါပါစေနဲ့။ မမျှော်လင့်တဲ့နေရာမှာ ညစာသွားစားတာတွေ၊ မထင်မှတ်ထားတဲ့နေရာကို ချက်ချင်းသွားတာတွေက သင့်ချစ်သူကို suprise ဖြစ်စေပါလိမ့်မယ်။ ဒီလိုပြုလုပ်ပေးခြင်းက တည်ငြိမ်တဲ့ Relationship
ရရှိဖို့ အချိန်ကုန်ရကျိုးနပ်ပါလိမ့်မယ်။

၁၀။ အချစ်ရေးဟာ စိတ်ဝင်စားစရာကောင်းနေပါစေ
လိင်မှုကိစ္စမှာ လုပ်ရိုးလုပ်စဉ်အတိုင်းပဲဆိုရင် ကြာလာတဲ့အခါ ရိုးသွားနိုင်ပါတယ်။ စွန့်စားမှုလေးတွေ ပြုလုပ်ကြည့်ဖို့ မမေ့ပါနဲ့၊ စတိုင်အသစ်တွေ၊ position အသစ်တွေကို စမ်းကြည့်ပေးပါ။ တစ်ယောက်နဲ့တစ်ယောက် စိတ်ကူးယဉ်မှုတွေကို အပြန်အလှန်ရှာဖွေပေးပါ။ တည်ငြိမ်တဲ့ relationship ဖြစ်ဖို့ sex ဟာလည်း အရေးကြီးတဲ့ အခန်းက်ဍကနေပါဝင်နေပါတယ်။
LM_Naung_Naung
Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here