သင့်ရဲ့ body languageကနေတစ်ဆင့် သိနိုင်တဲ့ သင့်အကြောင်းများ

0
128

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဘာသာစကားဖြင့် ဖော်ပြနိုင်သော သိမ်မွေ့တဲ့အရာများစွာရှိပါတယ်။ ဒါတွေကို ကျွန်တော်တို့လုပ်နေလို့ လုပ်နေမှန်း ကျွန်တော်တို့ကိုယ်တိုင်တောင်မသိကြပါဘူး။ နောက်ပြီး သင့်အနေနဲ့ တစ်ယောက်ယောက်နှင့် စကားစမြည်ပြောတဲ့အခါ သင်(သို့)သူတို့က ဒီအချက်တွေထဲကအရာတစ်ခုခုကို လုပ်နေသလား စမ်းသပ်လေ့လာကြည့်နိုင်ပါတယ်။

-Advertisement-

၁။ ခြေထောက်ဖြန့်ထားခြင်း

တစ်နေရာရာ(ဘယ်လိုနေရာမှာဖြစ်ဖြစ်)မှာ ခြေထောက်ကို အရမ်းကားထားပြီးထိုင်ခြင်းက အများပြည်သူပိုင်နေရာတွေမှာ တစ်ခြားသူတွေအတွက်သွားလာရာမှာ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ သို့သော်လည်း သူဟာ ယောင်္ကျားလေးဖြစ်မယ်ဆိုရင် ကြီးမြတ်တဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး တာ၀န်ခံမှု၊ တာ၀န်ယူမှုရှိတဲ့သူတစ်ယောက်ဖြစ်ကြောင်း ပြသနေတာဖြစ်ပါတယ်။ နယူးယောက်တိုင်းမ်စ်အရောင်းစာရေးJanine Driverက ဒီလိုထိုင်ခြင်းဟာ သင့်ရဲ့ ကိုယ်ပိုင်နယ်မြေအမှတ်အသားပြုပြီး လွှမ်းမိုးဖို့ ကြိုးစားအားထုတ်ခြင်းဖြစ်တယ်လို့ဆိုပါတယ်။

၂။ လက်ဆွဲနှုတ်ဆက်ခြင်း

လက်ဆွဲနှုတ်ဆက်ခြင်းက စီးပွားရေးလောကမှာ များသောအားဖြင့် ဖြစ်လေ့ရှိပြီး ယေဘုယျအားဖြင့် ကမ္ဘာကြီးနှင့် သင့်အကြောင်းကို များစွာပြောနိုင်ပါတယ်။ အားနည်းသော လက်ဆွဲနှုတ်ဆက်မှုက ကတိက၀တ်ကင်းမဲ့ခြင်းကို ပြသပါတယ်။ အားကြီးသော လက်ဆွဲနှုတ်ဆက်ခြင်းက ယုံကြည်စိတ်ချမှုရှိကြောင်းပြသခြင်းဖြစ်ပါတယ်။ ဒါကြောင့် အလုပ်အင်တာဗျူးတွေမှာ ခိုင်မာသော လက်ဆွဲနှုတ်ဆက်ခြင်းကို အမြဲတမ်းရှာဖွေကြတာဖြစ်ပါတယ်။

၃။ အမြဲတမ်းပြုံးနေခြင်း

အပြုံးတစ်မျိုးက ကူးစက်တတ်ပြီး၊ သင်ပြုံးသောအခါ တစ်ခြားသူကိုလည်း ပြုံးစေနိုင်ပါတယ်။ သင်ပြုံးလေလေ၊ သင့်အနေနဲ့ လူတွေကို ပိုပြီးဆွဲဆောင်နိုင်လေလေဖြစ်ပါတယ်။ အပြုံးတစ်ခုက လူတွေကိုဆွဲဆောင်နိုင်ပြီး သင့်အနားမှာ ထန်းလျက်ခဲတစ်ခဲကို ပုရွက်ဆိတ်တွေအုံသလို ဖြစ်နေပါလိမ့်မယ်။

ပြုံးခြင်း၊ ရယ်ခြင်းတို့ဟာ ကိုယ်ခံစွမ်းအားစနစ်ကို တည်ဆောက်ခြင်း၊ ကိုယ်ခန္ဓာအားနည်းသောရောဂါများမှ ကာကွယ်ခြင်း၊ ပိုမိုကောင်းမွန်အောင် သင်ကြားပေးခြင်း၊ မိတ်ဆွေသူငယ်ချင်းများကို ပိုမိုဆွဲဆောင်ခြင်းစတဲ့ အချက်တွေကို ပြသနေတာဖြစ်ပါတယ်။

၄။ မျက်လုံးချင်းဆက်သွယ်ခြင်း

စကားပြောနေတုန်းမှာ မျက်လုံးချင်းဆုံတာက ယဥ်ကျေးတယ်ဆိုတာ ကျွန်တော်တို့သိခဲ့ပေမယ့် အကန့်အသတ်ရှိပါတယ်။ သင့်အနေနဲ့ ၈၀ရာခိုင်နှုန်းကျော်ကြာအောင် မျက်လုံးချင်းဆုံမယ်ဆိုရင် တစ်ဖက်လူကို စိတ်မသက်မသာခံစားရစေပါမယ်။ စကားပြောနေစဥ်အတွင်း၄၀ရာခိုင်နှုန်းအောက်နည်းပြီး မျက်လုံးချင်းဆုံမယ်ဆိုရင် သင်ဟာ ရှုံးနိမ့်သူတစ်ယောက်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့သူတစ်ယောက်ဖြစ်ကြောင်းပြသနေတာဖြစ်ပါတယ်။

အဲ့တော့ တစ်ဖက်လူနှင့်၆၀ရာခိုင်နှုန်းခန့် မျက်လုံးချင်းဆုံပါ။ ပုံမှန်အားဖြင့် သင့်ရဲ့မျက်လုံးများဟာ အခြားမျက်လုံးများနှင့် ပုံမှန်တွေ့ခြင်းက ယုံကြည်မှု၊ စိတ်၀င်စားမှုနှုင့် ရိုးသားမှုတွေကို ပြသနေတာဖြစ်ပါတယ်။ တစ်စုံတစ်ဦးနှင့်အတူ မျက်လုံးများကို ပိတ်ထားခြင်းက သင်ယုံကြည်စိတ်ချထိုက်ကြောင်းသက်သေပြနိုင်ပြီး သင့်အား ခြိမ်းခြောက်မှုနည်းတယ်လို့ ယူဆနိုင်ပါတယ်။

၅။ လက်တွဲထားခြင်း

သင်က အခြားသူများ တစ်ဦးနှင့်တစ်ဦး လက်ချောင်းများကို သော့ခတ်နေလျှင် ဒါဟာ ရင်ခုန်စရာတစ်ခုအဖြစ် မှတ်ယူကြတယ်။ သို့သော် သင်ကိုယ်တိုင်က သင့်လက်ချောင်းအချင်းချင်းကို အပြန်အလှန်ဆက်သွယ်ထားမယ်ဆိုလျှင် ၎င်းက စိတ်ဖိစီးမှုနှင့် မသက်မသာဖြစ်နေသော လက္ခဏာတွေဖြစ်ပါတယ်။

တစ်ခုခုက ကျွန်တော်တို့ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အခါမှာ ကျွန်တော်တို့လက်ချောင်းတွေကို တင်းကျပ်စေပါတယ်။ သူတို့ကို ချိတ်ဆက်ပြီးနှေးကွေးစွာနဲ့ ကျွန်တော်တို့ လက်ကို ရွှေ့ပါတယ်။ ဒီလိုလက်ချောင်းတွေကို အချင်းချင်းချိတ်ဆက်ခြင်းဟာ မိမိကိုယ်ကို စိတ်သက်သာစေတဲ့လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်တဲ့။

၆။ ခြေထောက်များကိုကြက်ခြေခတ်ပြီးထိုင်ခြင်း

သင့်ရဲ့ ခြေထောက်တွေကို ကြက်ခြေခတ်ထိုင်ခြင်းက အနည်းငယ်ကွဲပြားသောအရာများကို ဆိုလိုပါတယ်။ သင်က သင်ရဲ့ဒူးပေါ်မှာ သင့်ရဲ့ ခြေကျင်းဖြင့် ထိုင်သောအခါ ၎င်းကို ယုံကြည်မှုရှိပြီး လွှမ်းမိုးမှုရှိတယ်လို့ ဆိုလိုပါတယ်။

၇။ လက်ပိုက်ထားခြင်း

သင့်အနေနဲ့ လက်ပိုက်ထားခြင်းက ၀ေးလံခြင်း၊ မလုံခြုံခြင်း၊ စိုးရိမ်ခြင်းစတဲ့ စိတ်အခြေအနေတွေကို ပြနေတာ ဖြစ်ပါတယ်။ လက်ပိုက်ထားခြင်းဟာ ဆုံးဖြတ်ချက်ချထားခြင်းကိုလည်း ဆိုလိုပါတယ်။ လေ့လာမှုတစ်ခုအရ ခက်ခက်ခဲခဲသင်္ချာမေးခွန်းမေးခံရတဲ့ အရွယ်ရောက်သူများဟာ လက်များကို ပိုက်ထားပြီးဖြေရှင်းသောအခါ ပြဿနာကို ၃၀%ပိုမိုဖြေရှင်းနိုင်တယ်လို့ ဆိုပါတယ်။

လက်မောင်းအထိ လက်ပိုက်ထားမယ်ဆိုရင် ဘယ်ဖက်နှင့် ညာဖက်ဦးနှောက်နှစ်ခုစလုံးကို အသုံးချနိုင်ပြီး သိမြင်မှုစွမ်းရည်မြင့်မားစေပါတယ်။ သင်လက်ပိုက်ထားတယ်ဆိုရင် သင့်အနေနဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးဆိုတဲ့ အမူအရာမျိုးဖြစ်ပြီး တစ်ခြားသူတွေကို ရန်လိုပိတ်ဆို့ခြင်းထက် မိမိကိုယ်ကို နှစ်သိမ့်မှုပိုဖြစ်စေနိုင်တယ်လို့ မှတ်ချက်ချကြပါတယ်။

၈။ ခါးထောက်ခြင်း

ခါးထောက်ခြင်းဟာ ရန်လိုခြင်း၊ ထိပ်တိုက်ရင်ဆိုင်မှုအတွက်အသင့်ဖြစ်ခြင်းစတဲ့အမူအရာတွေဖြစ်ပါတယ်။

၉။ နှုတ်ခမ်းကို လျက်ခြင်း

သင့်နှုတ်ခမ်းကို လျှာဖြင့် လျက်ခြင်းက သင်လိမ်နေတယ်လို့ ဆိုလိုနိုင်ပါတယ်။ နောက်တစ်မျိုးကတော့ သင့်ရဲ့နှုတ်ခမ်းကို လျက်ခြင်းက သင်နဲ့ စကားပြောနေသူကို ဆွဲဆောင်နေခြင်းဖြစ်ပါတယ်။ ဒါကတော့ သင်နဲ့ ချစ်ခြင်းမေတ္တာနှင့်ပတ်သက်ပြီးတော့ စကားပြောကြတဲ့အခါ ပြုလုပ်ရမယ့်အပြုအမူဖြစ်ပါတယ်။

၁၀။ မျက်နှာပေါ်က ဆံပင်ကို ထိခြင်း

အထူးသဖြင့် သင့်ရဲ့ မျက်နှာမှ ဆံပင်ကို ဖယ်ရှားခြင်းက သင့်ရဲ့ လက်များကို သင့်ရဲ့ ဆံပင်များမှတဆင့် ဖြည်းညင်းစွာ ဆင်းခြင်းက ပရောပရည်လုပ်ခြင်းနှင့်ပွင့်လင်းမြင်သာခြင်းလက္ခဏာဖြစ်ပါတယ်။ ဆံပင်နှင့် ကစားခြင်းက အမြဲတမ်းကောင်းသော လက္ခဏာမဟုတ်ပါဘူး။ ဆံပင်ကို ကိုင်ခြင်းက အဆင်မပြေမှုနှင့် စိတ်လှုပ်ရှားမှုကို ပြပါတယ်။

သတိထားပါ။ စကားစမြည်ပြောနေစဥ်မှာ သင့်မျက်နှာကို အထူးသဖြင့် သင့်နှာခေါင်းကို ထိခြင်းက လှည့်စားခြင်းလက္ခဏာဖြစ်နိုင်ပါတယ်။ စကားပြောတဲ့အခါ သင့်ရဲ့လက်ကို သင့်ရဲ့မျက်နှာနှင့် ဆံပင်ကို အကာအကွယ်ပေးခြင်းအကောင်းဆုံးဖြစ်သော်လည်း ၎င်းဟာ လိမ်ခြင်းရဲ့ အရိပ်အယောင်လက္ခဏာလည်းဖြစ်ပါတယ်။

Lifestyle_Myanmar

Nyein_Thu

sources-shared

LEAVE A REPLY

Please enter your comment!
Please enter your name here