သင့်ရဲ့ ယူရစ်အက်ဆစ်(uric acid) အဆင့်များကို သဘာဝအတိုင်း လျှော့ချဖို့ နည်းလမ်း (၈)ခု

0
9937

ယူရစ်အက်ဆစ်(uric acid)ဆိုတာ အစားအစာအတော်များများ တွေရတဲ့ purine ဓါတ်ပြိုကွဲမှုကနေ ထွက်လာတဲ့ product တစ်ခုဖြစ်ပါတယ်။ (uric acid) ယူရစ်အက်ဆစ်က များသောအားဖြင့် ဆီးထဲမှာ ပါသွားပေမယ့် သင့်ကျောက်ကပ်က ကောင်းစွာ အလုပ်မလုပ်ဘူးဆိုရင်၊ သင့်ခန္ဓာကိုယ်က ယူရစ်အက်ဆစ် အများကြီး ထုတ်လုပ်မယ်ဆိုရင် ၎င်းက ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

-Advertisement-

ယူရစ်အက်ဆစ်ပိုလျှံမှုက သင့်အဆစ်များမှာ အနည်ထိုင်လာပြီး (အဆစ်အမြစ် ဂေါက်ရောဂါလို့ သိကြတဲ့) ရောင်ရမ်းခြင်းတွေ၊ နာကျင်ကိုက်ခဲခြင်းတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ သင့်ကျောက်ကပ်ထဲမှာ substanceတွေ စုပုံနိုင်ပြီး ကျောက်ကပ် ကျောက်တည်ခြင်း ဖြစ်လာနိုင်ပါတယ်။

သင့်အစားအသောက်ကို ပြောင်းလဲပါ။ အခြားဆောင်ရွက်မှုများက ယူရစ်အက်ဆစ်အဆင့်တွေကို တည်ငြိမ်စေနိုင်ပြီး အထက်မှာဖော်ပြထားတဲ့ ပြဿနာတွေကို တားဆီးနိုင်ပါတယ်။ ဒါ့အပြင် သင့်ရဲ့ ပုံမှန်သွေးထဲမှာ ယူရစ်အက်ဆစ်အဆင့်ကို ထိန်းသိမ်းဖို့ သင်ဘာတွေ ပြုလုပ်နိုင်သလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

၁။ ရေအလုံအလောက်သောက်ပါ

ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သဘာဝဆေးဝါးက ရေပါ။ နေ့စဉ် ရေအလုံအလောက်သောက်ခြင်းက ကျောက်ကပ်ကို သန့်စင်စေပြီး ပုံမှန်နှုန်းအတွင်း ယူရစ်အက်ဆစ် လယ်ဗယ်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။ ဆေးဖက်ဝင် လက်ဖက်ရည်၊ သကြားပါဝင်မှုနည်းတဲ့ ဘယ်ရီသီး သို့ သစ်သီးဖျော်ရည်နှင့် ရေသောက်ခြင်းဖြင့် ရေဓါတ်ကို ဖြည့်စွမ်းပါ။

၂။ purines ဓါတ်ပါဝင်တဲ့ အစားအစာများကို ကန့်သတ်ပါ

purines ဓါတ်၏ အရင်းအမြစ်တွေထဲမှာ မှို၊ ပဲ၊ ပဲတောင့်ရှည်ပဲအမျိုးမျိုး၊ ကညွတ် နှင့် ပန်းဂေါ်ဖီတို့ ပါဝင်ပါတယ်။ ထိန်းချုပ်မှုအောက်မှာ ယူရစ်အက်ဆစ် လယ်ဗယ်ကို ထိန်းသိမ်းဖို့ အတွက် ဒီအရာတွေကို အများကြီး မစားပါနဲ့။

၃။ ဘယ်ရီသီး စားပါ

ဘလူးဘယ်ရီ၊ စတော်ဘယ်ရီ နှင့် ချယ်ရီသီး ကဲ့သို့ ဗီတာမင်စီ ပါဝင်မှု မြင့်မားတဲ့ ဘယ်ရီသီးများက ယူရစ်အက်ဆစ် အဆင့်ကို လျော့ချပေးနိုင်ပါတယ်။ အကျိုးကျေးဇူးအများကြီး ရရှိဖို့ လတ်လတ်ဆတ်ဆတ် စားတာ အကောင်းဆုံး ဖြစ်ပါတယ်။

၄။ ဗီတာမင်စီ၏ လုံလောက်သော ပမာဏကို စားသုံးပါ

ဗီတာမင်စီက ထိန်းချုပ်မှုအောက်မှာ ယူရစ်အက်ဆစ် ပါဝင်မှုနှုန်းကို ထိန်းသိမ်းပေးပါလိမ့်မယ်။ ဘယ်ရီသီးများနှင့် အချဉ်ဓါတ်ပါတဲ့ အသီးများက ဗီတာမင်စီရဲ့ အရင်းအမြစ်တွေ ဖြစ်ပါတယ်။ တခြားအရင်းအမြစ်ကောင်းတွေအဖြစ် ပန်းငရုတ်ပွ၊ ပန်းဂေါ်ဖီစိမ်းနှင့် ခရမ်းချဉ်သီးတို့ ပါဝင်ပါတယ်။

၅။ သင့်အစားအစာထဲမှာ သံပုရာသီး ထည့်ပါ

citrus သီးတွေမှာ တွေရှိရတဲ့ Citric acidက ယူရစ်အက်ဆစ်အဆင့်များကို လျော့ကျစေနိုင်ပါတယ်။ သံပုရာသီး သို့မဟုတ် သံပရိုသီး ကိုစားပေးနိုင်သလို၊ သံပုရာရည်ဖျော်ပြီး သောက်ပေးနိုင်ပါတယ်။

၆။ အမျှင်ဓါတ် ပိုမိုမြင့်မားတဲ့ အစားအစာများကို စားပါ

လုံလောက်တဲ့ အမျှင်ဓါတ်စားသုံးမှုက ခန္ဓာကိုယ်ထဲမှာ ယူရစ်အက်ဆစ် ပိုလျှံမှုကို ဖယ်ရှားပေးနိုင်ပါတယ်။ အမျှင်ဓါတ်မြင့်မားတဲ့ အစားအစာများမှာ ဥပမာ- အုတ်ဂျုံ၊ အစေ့အဆန်များ၊ ငှက်ပျောသီး၊ ပန်းသီးနှင့် သစ်တော်သီးတို့ ပါဝင်ပါတယ်။

၇။ အဆီနည်းတဲ့ နို့ထွက်ပစ္စည်းများကို စားပါ

ဒိန်ချဉ်ကဲ့သို့သော အဆီနည်းတဲ့ နို့နှင့် နို့ထွက်ပစ္စည်းများက ယူရစ်အက်ဆစ်အဆင့် လျော့ကျမျုနှင့် ဆက်စပ်နေပါတယ်။

၈။ ပန်းသီးရှာလကာရည် ထည့်သောက်ပါ

ပန်းသီးရှာလကာရည်က ခန္ဓာကိုယ်ထဲမှာ pH မျှတမှုကို ထိန်းသိမ်းပေးနိုင်ပြီး ယူရစ်အက်ဆစ် ပိုလျှံမှုကို ဖယ်ရှားနိုင်ပါတယ်။ ရေတစ်ဖန်ခွက်ထဲကို ပန်းသီးရှာလကာရည် လက်ဖက်စားဇွန်း ၁ဇွန်းထည့်ပြီး တစ်နေ့တစ်ကြိမ် သောက်ပေးပါ။
#Lifestyle_Myanmar
#LM_Nandar

ZawGyi

သင့္ရဲ႕ ယူရစ္အက္ဆစ္(uric acid) အဆင့္မ်ားကို သဘာဝအတိုင္း ေလွ်ာ့ခ်ဖို႔ နည္းလမ္း (၈)ခု
ယူရစ္အက္ဆစ္(uric acid)ဆိုတာ အစားအစာအေတာ္မ်ားမ်ား ေတြရတဲ့ purine ဓါတ္ၿပိဳကြဲမႈကေန ထြက္လာတဲ့ product တစ္ခုျဖစ္ပါတယ္။ (uric acid) ယူရစ္အက္ဆစ္က မ်ားေသာအားျဖင့္ ဆီးထဲမွာ ပါသြားေပမယ့္ သင့္ေက်ာက္ကပ္က ေကာင္းစြာ အလုပ္မလုပ္ဘူးဆိုရင္၊ သင့္ခႏၶာကိုယ္က ယူရစ္အက္ဆစ္ အမ်ားႀကီး ထုတ္လုပ္မယ္ဆိုရင္ ၎က ျပႆနာေတြကို ျဖစ္ေပၚေစႏိုင္ပါတယ္။

ယူရစ္အက္ဆစ္ပိုလွ်ံမႈက သင့္အဆစ္မ်ားမွာ အနည္ထိုင္လာၿပီး (အဆစ္အျမစ္ ေဂါက္ေရာဂါလို႔ သိၾကတဲ့) ေရာင္ရမ္းျခင္းေတြ၊ နာက်င္ကိုက္ခဲျခင္းေတြ ျဖစ္ေပၚေစႏိုင္ပါတယ္။ သင့္ေက်ာက္ကပ္ထဲမွာ substanceေတြ စုပုံႏိုင္ၿပီး ေက်ာက္ကပ္ ေက်ာက္တည္ျခင္း ျဖစ္လာႏိုင္ပါတယ္။

သင့္အစားအေသာက္ကို ေျပာင္းလဲပါ။ အျခားေဆာင္႐ြက္မႈမ်ားက ယူရစ္အက္ဆစ္အဆင့္ေတြကို တည္ၿငိမ္ေစႏိုင္ၿပီး အထက္မွာေဖာ္ျပထားတဲ့ ျပႆနာေတြကို တားဆီးႏိုင္ပါတယ္။ ဒါ့အျပင္ သင့္ရဲ႕ ပုံမွန္ေသြးထဲမွာ ယူရစ္အက္ဆစ္အဆင့္ကို ထိန္းသိမ္းဖို႔ သင္ဘာေတြ ျပဳလုပ္ႏိုင္သလဲဆိုတာ ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ေရအလုံအေလာက္ေသာက္ပါ

ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ သဘာဝေဆးဝါးက ေရပါ။ ေန႔စဥ္ ေရအလုံအေလာက္ေသာက္ျခင္းက ေက်ာက္ကပ္ကို သန္႔စင္ေစၿပီး ပုံမွန္ႏႈန္းအတြင္း ယူရစ္အက္ဆစ္ လယ္ဗယ္ကို ထိန္းသိမ္းေပးႏိုင္ပါတယ္။ ေဆးဖက္ဝင္ လက္ဖက္ရည္၊ သၾကားပါဝင္မႈနည္းတဲ့ ဘယ္ရီသီး သို႔ သစ္သီးေဖ်ာ္ရည္ႏွင့္ ေရေသာက္ျခင္းျဖင့္ ေရဓါတ္ကို ျဖည့္စြမ္းပါ။

၂။ purines ဓါတ္ပါဝင္တဲ့ အစားအစာမ်ားကို ကန္႔သတ္ပါ

purines ဓါတ္၏ အရင္းအျမစ္ေတြထဲမွာ မႈိ၊ ပဲ၊ ပဲေတာင့္ရွည္ပဲအမ်ိဳးမ်ိဳး၊ ကၫြတ္ ႏွင့္ ပန္းေဂၚဖီတို႔ ပါဝင္ပါတယ္။ ထိန္းခ်ဳပ္မႈေအာက္မွာ ယူရစ္အက္ဆစ္ လယ္ဗယ္ကို ထိန္းသိမ္းဖို႔ အတြက္ ဒီအရာေတြကို အမ်ားႀကီး မစားပါနဲ႔။

၃။ ဘယ္ရီသီး စားပါ

ဘလူးဘယ္ရီ၊ စေတာ္ဘယ္ရီ ႏွင့္ ခ်ယ္ရီသီး ကဲ့သို႔ ဗီတာမင္စီ ပါဝင္မႈ ျမင့္မားတဲ့ ဘယ္ရီသီးမ်ားက ယူရစ္အက္ဆစ္ အဆင့္ကို ေလ်ာ့ခ်ေပးႏိုင္ပါတယ္။ အက်ိဳးေက်းဇူးအမ်ားႀကီး ရရွိဖို႔ လတ္လတ္ဆတ္ဆတ္ စားတာ အေကာင္းဆုံး ျဖစ္ပါတယ္။

၄။ ဗီတာမင္စီ၏ လုံေလာက္ေသာ ပမာဏကို စားသုံးပါ

ဗီတာမင္စီက ထိန္းခ်ဳပ္မႈေအာက္မွာ ယူရစ္အက္ဆစ္ ပါဝင္မႈႏႈန္းကို ထိန္းသိမ္းေပးပါလိမ့္မယ္။ ဘယ္ရီသီးမ်ားႏွင့္ အခ်ဥ္ဓါတ္ပါတဲ့ အသီးမ်ားက ဗီတာမင္စီရဲ႕ အရင္းအျမစ္ေတြ ျဖစ္ပါတယ္။ တျခားအရင္းအျမစ္ေကာင္းေတြအျဖစ္ ပန္းင႐ုတ္ပြ၊ ပန္းေဂၚဖီစိမ္းႏွင့္ ခရမ္းခ်ဥ္သီးတို႔ ပါဝင္ပါတယ္။

၅။ သင့္အစားအစာထဲမွာ သံပုရာသီး ထည့္ပါ

citrus သီးေတြမွာ ေတြရွိရတဲ့ Citric acidက ယူရစ္အက္ဆစ္အဆင့္မ်ားကို ေလ်ာ့က်ေစႏိုင္ပါတယ္။ သံပုရာသီး သို႔မဟုတ္ သံပ႐ိုသီး ကိုစားေပးႏိုင္သလို၊ သံပုရာရည္ေဖ်ာ္ၿပီး ေသာက္ေပးႏိုင္ပါတယ္။

၆။ အမွ်င္ဓါတ္ ပိုမိုျမင့္မားတဲ့ အစားအစာမ်ားကို စားပါ

လုံေလာက္တဲ့ အမွ်င္ဓါတ္စားသုံးမႈက ခႏၶာကိုယ္ထဲမွာ ယူရစ္အက္ဆစ္ ပိုလွ်ံမႈကို ဖယ္ရွားေပးႏိုင္ပါတယ္။ အမွ်င္ဓါတ္ျမင့္မားတဲ့ အစားအစာမ်ားမွာ ဥပမာ- အုတ္ဂ်ဳံ၊ အေစ့အဆန္မ်ား၊ ငွက္ေပ်ာသီး၊ ပန္းသီးႏွင့္ သစ္ေတာ္သီးတို႔ ပါဝင္ပါတယ္။

၇။ အဆီနည္းတဲ့ ႏို႔ထြက္ပစၥည္းမ်ားကို စားပါ

ဒိန္ခ်ဥ္ကဲ့သို႔ေသာ အဆီနည္းတဲ့ ႏို႔ႏွင့္ ႏို႔ထြက္ပစၥည္းမ်ားက ယူရစ္အက္ဆစ္အဆင့္ ေလ်ာ့က်မ်ဳႏွင့္ ဆက္စပ္ေနပါတယ္။

၈။ ပန္းသီးရွာလကာရည္ ထည့္ေသာက္ပါ

ပန္းသီးရွာလကာရည္က ခႏၶာကိုယ္ထဲမွာ pH မွ်တမႈကို ထိန္းသိမ္းေပးႏိုင္ၿပီး ယူရစ္အက္ဆစ္ ပိုလွ်ံမႈကို ဖယ္ရွားႏိုင္ပါတယ္။ ေရတစ္ဖန္ခြက္ထဲကို ပန္းသီးရွာလကာရည္ လက္ဖက္စားဇြန္း ၁ဇြန္းထည့္ၿပီး တစ္ေန႔တစ္ႀကိမ္ ေသာက္ေပးပါ။
Lifestyle_Myanmar
LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here