သင့်ရဲ့ ဖက်ရှင်စတိုင်ကို လွတ်လွတ်လပ်လပ် မဖြစ်စေနိုင်တဲ့ ဖက်ရှင်အမှား (၇)ခု

0
1590

အဝတ်အစား ရွေးချယ်မှုကနေ accessories ရွေးချယ်မှု အထိ အမှားလေးတွေ ပြုလုပ်မိဖို့ လွယ်ကူပါတယ်။ ဝတ်စုံတစ်ခုလုံးကို မှန်ကန်စွာ ရွေးချယ်တတ်ခြင်းက သင့်အား ဆွဲဆောင်မှုရှိသူတစ်ယောက် ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ အသွင်အပြင်နှင့် ပတ်သတ်လာတဲ့အခါ မသက်မသာဖြစ်စေတဲ့ အခြေအနေတွေကို ဘယ်လိုရှောင်ရှားရမလဲဆိုတာ အကြံပြုလိုက်ပါတယ်။

၁။ ကိုယ့်ရဲ့ မျက်နှာကျနှင့် မလိုက်ဖက်တဲ့ နားဆွဲကို ရွေးချယ်ခြင်း

ဒါက မပြောပလောက်ဘူးလို့ ထင်ရပေမယ့် နားဆွဲရွေးချယ်မှု မှားယွင်းခြင်းက ကိုယ့်မျက်နှာ အချိုးအစားကို မညီမျှတဲ့ပုံပေါ်စေပါတယ်။ ဒီနေရာမှာ သင့်ကို ကူညီနိုင်တဲ့ အကြံပြုချက်အချို့ရှိပါတယ်။
ဘဲဥပုံမျက်နှာအတွက်ဆိုရင် ဘယ်နားဆွဲအမျိုးအစားမဆို ရွေးချယ်နိုင်ပါတယ်။ accessories ပစ္စည်းတွေက ကိုယ့်ရဲ့ အသွင်အပြင်ကို overload မဖြစ်စေဖို့ပဲ လိုပါတယ်။

မျက်နှာဝိုင်းတဲ့ သူဆိုရင် နားဆွဲရှည်လေးတွေနဲ့ လိုက်ဖက်ပါတယ်။

အသည်းပုံမျက်နှာ ရှိသူတွေအတွက်ကတော့ အဆစ်လေးတွေပါတဲ့ နားဆွဲရှည်ရှည်တွေက အကောင်းဆုံးရွေးချယ်မှု ဖြစ်ပါတယ်။

လေးထောင့် မျက်နှာကျရှိသူတွေဆိုရင် ပုံမှန်ထက် ပိုရှည်တဲ့ နားကပ်ပုံစံတွေ၊ နားကွင်းနှင့် တွဲလောင်းနားကပ်လေးတွေကို ရွေးချယ်ကြည့်ပါ။

မျက်နှာသွယ်တဲ့ သူတွေအတွက် တွဲလောင်းနားကပ်လေးတွေ၊ နားဆွဲရှည်ရှည်လေးတွေက အကောင်းဆုံးရွေးချယ်မှု ဖြစ်ပါတယ်။

၂။ အရမ်းသေး၊ အရမ်းကြီးလွန်းတဲ့ အဝတ်အစားများကို ဝတ်ဆင်ခြင်း

ကိုယ်နဲ့ ကျပ်နေလား၊ ပွနေလားဆိုတာကို သေချာမကြည့်ဘဲ သွားခါနီးမှ အဝတ်အစားတွေကို ကောက်ဝတ်တတ်သူဖြစ်ရင် ဒီအပြုအမှုလေးတွေကို ရပ်တန့်ပေးပါ။ အရမ်းကျပ်လွန်း(သို့_ အရမ်းပွနေတဲ့ အဝတ်အစားတွေက ကိုယ့်ရဲ့ ဝတ်စားဆင်ယင်မှုပိုင်းကို ဆွဲဆောင်မှု လျော့ကျစေပါတယ်။

၃။ အလွန်အမင်း အလှဆင်ထားတဲ့ အဝတ်အစားတွေ

အတွန့်၊ အဖတ်အရမ်းများတဲ့ အင်္ကျီတွေက သင့်ကို ရှိရင်းစွဲထက် ဆိုဒ်နှစ်ဆ ပိုကြီးစေနိုင်ပါတယ်။ သင် အဲ့ဒီလိုဖြစ်ချင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် သင့်ရဲ့ စတိုင်ကို ရိုးရိုးရှင်းရှင်း ထိန်းသိမ်းတာက အကောင်းဆုံးဖြစ်ပါတယ်။
အတွန့်တွေ အထပ်တွေ အရမ်းများတဲ့ အဝတ်အစားတွေက ခေါက်သိမ်းတဲ့အခါမှာလည်း ဒုက္ခများပါတယ်။ accessories ကျောက်တွေ၊ ဖန်စီတွေဆင်ထားတဲ့ အဝတ်အစားတွေဆိုရင် သံချေးမတတ်အောင်၊ ကျောက်တွေပြုတ်မထွက်အောင် ဂရုစိုက်ကြရပါတယ်။ ဒီလိုအင်္ကျီတွေဆိုရင် တစ်ခါနှစ်ခါထက်ပိုပြီး ဝတ်ဆင်ချင်မှာ မဟုတ်တော့ပါဘူး။

၄။ accessories တွေ အရမ်းများလွန်းခြင်း

ရိုးရိုးရှင်းရှင်းလေးက အကောင်းဆုံးပါပဲ။ ကိုယ့်ရဲ့ မျက်နှာလှလှလေးကို လူတွေကြည့်စေလိုရင် နားကပ်တွေ၊ လက်ကောက်တွေ၊ လည်ဆွဲတွေကို ရှုပ်ရှက်ခက်နေအောင် မဝတ်သင့်ပါဘူး။ ရှိသမျှ လက်ဝတ်ရတနာကို တစ်ထိုင်တည်းမှာ ဝတ်ဆင်ဖို့ မလိုပါဘူး။ accessories တွေကို မျှမျှတတ ဝတ်ဆင်မယ်ဆိုရင် ကိုယ့်ရဲ့ အသွင်အပြင်ကို ပြည့်စုံစေနိုင်ပါတယ်။ ကိုယ်က စီးပွားရေးသမား၊ လုပ်ငန်းရှင်တစ်ယောက်ဆိုရင် လက်ပတ်နာရီတစ်လုံးက မပါမဖြစ်ပါပဲ။ လက်ကောက်တွဲဝတ်လိုက်မယ်ဆိုရင်တော့ အလွန်အကျွံ ဖြစ်သွားပါပြီနော်။

၅။ ကန့်လန့်စင်းကျား အဝတ်အစားတွေ ဝတ်ခြင်း

ကန့်လန့်စင်းအဝတ်အစားတွေက လူတိုင်းနှင့် မလိုက်ဖက်ပါဘူး။ ဒီလိုအလျားလိုက်အစင်းတွေက ခန္ဓာကိုယ်ပုံသဏ္ဍာန်ကို အချိုးမကျစေပါဘူး။ အပွင့်နုတ်နုတ်ဆင်လေးတွေ၊ စပေါ့ဆင်လေးတွေကို ရွေးချယ်တာက အကောင်းဆုံးဖြစ်ပါတယ်။

၆။ ကိုယ့်ခန္ဓာကိုယ်အချိုးအစားနှင့် လိုက်ဖက်တာကို မဝယ်ခြင်း

ကိုယ်က အရပ်ပုပြီး ပြည့်ဖြိုးတဲ့ ခန္ဓာကိုယ်ဆိုရင် ကိုယ့်ရဲ့ အသွင်အပြင်ကို ပိုဝစေတာကြောင့် ဘောင်းဘီပွပွ ဝတ်ခြင်းကို ရှောင်တာက ပိုကောင်းပါတယ်။ ဒီခန္ဓာကိုယ်ပိုင်ရှင်တွေအတွက် ဒူးအောက် ၂လက်မအတိရှိတဲ့ ဘောင်းဘီလေးတွေက လုံးဝသင့်လျော်ပါတယ်။ အရပ်ရှည်ရှည် ပိန်သွယ်တဲ့သူတွေ၊ တြိဂံပုံသဏ္ဍာန်ရှိတဲ့ ခန္ဓာကိုယ်ပိုင်ရှင်တွေအတွက် ဘောင်းဘီပွပွတွေက အကောင်းဆုံးဖြစ်ပါတယ်။ သစ်တော်သီးပုံခန္ဓာကိုယ်ရှိသူတွေဟာ ခါးပတ်ပါတဲ့ အဝတ်အစားမျိုး၊ ရင်ဘတ်မှာ အတွန့်အဖတ်တွေ၊ အထပ်ထပ်ပါတဲ့ အဝတ်အစားမျိုးတွေ ဝတ်ဆင်တာက ခန္ဓာကိုယ်ကို အချိုးအစားပိုကျစေပါတယ်။

၇။ အဝတ်အစားကို သူ့နေရာနှင့်သူ မဝတ်ခြင်း

ဝတ်စားဆင်ယင်မှုပိုင်း မလျော်ကန်တာက ရှက်စရာကောင်းနိုင်ပါတယ်။ အလုပ်သွား၊ ရုံးသွားတဲ့အခါ မင်္ဂလာဆောင်သွားသလို ဝတ်ဆင်လို့မရပါဘူး။ ကိုယ့်ရဲ့ ပုံပန်းသဏ္ဍာန်ကို တိုးတတ်စေဖို့ ဘယ်နေရာမှာ ဘာဝတ်ဆင်သင့်တယ်ဆိုတာ သိထားဖို့ လိုအပ်ပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-brightside

Zawgyi

သင့္ရဲ႕ ဖက္ရွင္စတိုင္ကို လြတ္လြတ္လပ္လပ္ မျဖစ္ေစႏိုင္တဲ့ ဖက္ရွင္အမွား (၇)ခု
အဝတ္အစား ေ႐ြးခ်ယ္မႈကေန accessories ေ႐ြးခ်ယ္မႈ အထိ အမွားေလးေတြ ျပဳလုပ္မိဖို႔ လြယ္ကူပါတယ္။ ဝတ္စုံတစ္ခုလုံးကို မွန္ကန္စြာ ေ႐ြးခ်ယ္တတ္ျခင္းက သင့္အား ဆြဲေဆာင္မႈရွိသူတစ္ေယာက္ ျဖစ္ေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ကိုယ့္ရဲ႕ အသြင္အျပင္ႏွင့္ ပတ္သတ္လာတဲ့အခါ မသက္မသာျဖစ္ေစတဲ့ အေျခအေနေတြကို ဘယ္လိုေရွာင္ရွားရမလဲဆိုတာ အႀကံျပဳလိုက္ပါတယ္။

၁။ ကိုယ့္ရဲ႕ မ်က္ႏွာက်ႏွင့္ မလိုက္ဖက္တဲ့ နားဆြဲကို ေ႐ြးခ်ယ္ျခင္း

ဒါက မေျပာပေလာက္ဘူးလို႔ ထင္ရေပမယ့္ နားဆြဲေ႐ြးခ်ယ္မႈ မွားယြင္းျခင္းက ကိုယ့္မ်က္ႏွာ အခ်ိဳးအစားကို မညီမွ်တဲ့ပုံေပၚေစပါတယ္။ ဒီေနရာမွာ သင့္ကို ကူညီႏိုင္တဲ့ အႀကံျပဳခ်က္အခ်ိဳ႕ရွိပါတယ္။
ဘဲဥပုံမ်က္ႏွာအတြက္ဆိုရင္ ဘယ္နားဆြဲအမ်ိဳးအစားမဆို ေ႐ြးခ်ယ္ႏိုင္ပါတယ္။ accessories ပစၥည္းေတြက ကိုယ့္ရဲ႕ အသြင္အျပင္ကို overload မျဖစ္ေစဖို႔ပဲ လိုပါတယ္။
မ်က္ႏွာဝိုင္းတဲ့ သူဆိုရင္ နားဆြဲရွည္ေလးေတြနဲ႔ လိုက္ဖက္ပါတယ္။
အသည္းပုံမ်က္ႏွာ ရွိသူေတြအတြက္ကေတာ့ အဆစ္ေလးေတြပါတဲ့ နားဆြဲရွည္ရွည္ေတြက အေကာင္းဆုံးေ႐ြးခ်ယ္မႈ ျဖစ္ပါတယ္။
ေလးေထာင့္ မ်က္ႏွာက်ရွိသူေတြဆိုရင္ ပုံမွန္ထက္ ပိုရွည္တဲ့ နားကပ္ပုံစံေတြ၊ နားကြင္းႏွင့္ တြဲေလာင္းနားကပ္ေလးေတြကို ေ႐ြးခ်ယ္ၾကည့္ပါ။
မ်က္ႏွာသြယ္တဲ့ သူေတြအတြက္ တြဲေလာင္းနားကပ္ေလးေတြ၊ နားဆြဲရွည္ရွည္ေလးေတြက အေကာင္းဆုံးေ႐ြးခ်ယ္မႈ ျဖစ္ပါတယ္။

၂။ အရမ္းေသး၊ အရမ္းႀကီးလြန္းတဲ့ အဝတ္အစားမ်ားကို ဝတ္ဆင္ျခင္း

ကိုယ္နဲ႔ က်ပ္ေနလား၊ ပြေနလားဆိုတာကို ေသခ်ာမၾကည့္ဘဲ သြားခါနီးမွ အဝတ္အစားေတြကို ေကာက္ဝတ္တတ္သူျဖစ္ရင္ ဒီအျပဳအမႈေလးေတြကို ရပ္တန္႔ေပးပါ။ အရမ္းက်ပ္လြန္း(သို႔_ အရမ္းပြေနတဲ့ အဝတ္အစားေတြက ကိုယ့္ရဲ႕ ဝတ္စားဆင္ယင္မႈပိုင္းကို ဆြဲေဆာင္မႈ ေလ်ာ့က်ေစပါတယ္။

၃။ အလြန္အမင္း အလွဆင္ထားတဲ့ အဝတ္အစားေတြ

အတြန္႔၊ အဖတ္အရမ္းမ်ားတဲ့ အက်ႌေတြက သင့္ကို ရွိရင္းစြဲထက္ ဆိုဒ္ႏွစ္ဆ ပိုႀကီးေစႏိုင္ပါတယ္။ သင္ အဲ့ဒီလိုျဖစ္ခ်င္မွာ မဟုတ္ပါဘူး။ ဒါ့ေၾကာင့္ သင့္ရဲ႕ စတိုင္ကို ႐ိုး႐ိုးရွင္းရွင္း ထိန္းသိမ္းတာက အေကာင္းဆုံးျဖစ္ပါတယ္။
အတြန္႔ေတြ အထပ္ေတြ အရမ္းမ်ားတဲ့ အဝတ္အစားေတြက ေခါက္သိမ္းတဲ့အခါမွာလည္း ဒုကၡမ်ားပါတယ္။ accessories ေက်ာက္ေတြ၊ ဖန္စီေတြဆင္ထားတဲ့ အဝတ္အစားေတြဆိုရင္ သံေခ်းမတတ္ေအာင္၊ ေက်ာက္ေတြျပဳတ္မထြက္ေအာင္ ဂ႐ုစိုက္ၾကရပါတယ္။ ဒီလိုအက်ႌေတြဆိုရင္ တစ္ခါႏွစ္ခါထက္ပိုၿပီး ဝတ္ဆင္ခ်င္မွာ မဟုတ္ေတာ့ပါဘူး။

၄။ accessories ေတြ အရမ္းမ်ားလြန္းျခင္း

႐ိုး႐ိုးရွင္းရွင္းေလးက အေကာင္းဆုံးပါပဲ။ ကိုယ့္ရဲ႕ မ်က္ႏွာလွလွေလးကို လူေတြၾကည့္ေစလိုရင္ နားကပ္ေတြ၊ လက္ေကာက္ေတြ၊ လည္ဆြဲေတြကို ရႈပ္ရွက္ခက္ေနေအာင္ မဝတ္သင့္ပါဘူး။ ရွိသမွ် လက္ဝတ္ရတနာကို တစ္ထိုင္တည္းမွာ ဝတ္ဆင္ဖို႔ မလိုပါဘူး။ accessories ေတြကို မွ်မွ်တတ ဝတ္ဆင္မယ္ဆိုရင္ ကိုယ့္ရဲ႕ အသြင္အျပင္ကို ျပည့္စုံေစႏိုင္ပါတယ္။ ကိုယ္က စီးပြားေရးသမား၊ လုပ္ငန္းရွင္တစ္ေယာက္ဆိုရင္ လက္ပတ္နာရီတစ္လုံးက မပါမျဖစ္ပါပဲ။ လက္ေကာက္တြဲဝတ္လိုက္မယ္ဆိုရင္ေတာ့ အလြန္အကြၽံ ျဖစ္သြားပါၿပီေနာ္။

၅။ ကန္႔လန္႔စင္းက်ား အဝတ္အစားေတြ ဝတ္ျခင္း

ကန္႔လန္႔စင္းအဝတ္အစားေတြက လူတိုင္းႏွင့္ မလိုက္ဖက္ပါဘူး။ ဒီလိုအလ်ားလိုက္အစင္းေတြက ခႏၶာကိုယ္ပုံသ႑ာန္ကို အခ်ိဳးမက်ေစပါဘူး။ အပြင့္ႏုတ္ႏုတ္ဆင္ေလးေတြ၊ စေပါ့ဆင္ေလးေတြကို ေ႐ြးခ်ယ္တာက အေကာင္းဆုံးျဖစ္ပါတယ္။

၆။ ကိုယ့္ခႏၶာကိုယ္အခ်ိဳးအစားႏွင့္ လိုက္ဖက္တာကို မဝယ္ျခင္း

ကိုယ္က အရပ္ပုၿပီး ျပည့္ၿဖိဳးတဲ့ ခႏၶာကိုယ္ဆိုရင္ ကိုယ့္ရဲ႕ အသြင္အျပင္ကို ပိုဝေစတာေၾကာင့္ ေဘာင္းဘီပြပြ ဝတ္ျခင္းကို ေရွာင္တာက ပိုေကာင္းပါတယ္။ ဒီခႏၶာကိုယ္ပိုင္ရွင္ေတြအတြက္ ဒူးေအာက္ ၂လက္မအတိရွိတဲ့ ေဘာင္းဘီေလးေတြက လုံးဝသင့္ေလ်ာ္ပါတယ္။ အရပ္ရွည္ရွည္ ပိန္သြယ္တဲ့သူေတြ၊ ႀတိဂံပုံသ႑ာန္ရွိတဲ့ ခႏၶာကိုယ္ပိုင္ရွင္ေတြအတြက္ ေဘာင္းဘီပြပြေတြက အေကာင္းဆုံးျဖစ္ပါတယ္။ သစ္ေတာ္သီးပုံခႏၶာကိုယ္ရွိသူေတြဟာ ခါးပတ္ပါတဲ့ အဝတ္အစားမ်ိဳး၊ ရင္ဘတ္မွာ အတြန္႔အဖတ္ေတြ၊ အထပ္ထပ္ပါတဲ့ အဝတ္အစားမ်ိဳးေတြ ဝတ္ဆင္တာက ခႏၶာကိုယ္ကို အခ်ိဳးအစားပိုက်ေစပါတယ္။

၇။ အဝတ္အစားကို သူ႔ေနရာႏွင့္သူ မဝတ္ျခင္း

ဝတ္စားဆင္ယင္မႈပိုင္း မေလ်ာ္ကန္တာက ရွက္စရာေကာင္းႏိုင္ပါတယ္။ အလုပ္သြား၊ ႐ုံးသြားတဲ့အခါ မဂၤလာေဆာင္သြားသလို ဝတ္ဆင္လို႔မရပါဘူး။ ကိုယ့္ရဲ႕ ပုံပန္းသ႑ာန္ကို တိုးတတ္ေစဖို႔ ဘယ္ေနရာမွာ ဘာဝတ္ဆင္သင့္တယ္ဆိုတာ သိထားဖို႔ လိုအပ္ပါတယ္။

Lifestyle_Myanmar

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here