သင့်ရဲ့ နေ့သစ်ကောင်းကို စတင်ဖို့ နံနက်ခင်းတိုင်းမှာ လုပ်ဆောင်နိုင်တဲ့အရာများ

0
52
- Advertisement -

သင်တို့ကော နံနက်ခင်း ကော်ဖီထဲမှာ ကြက်ဥတစ်လုံး ဖောက်ထည့်သောက်တာ (သို့) ကော်ဖီထဲကို ဆားနည်းနည်းထည့်သောက်တာ လုပ်ဖူးကြလား မသိဘူးနော်? ဒါက အရသာရှိတဲ့အပြင် ကော်ဖီအခါးမကြိုက်သူတွေအတွက် ခါးသက်သက် အရသာကိုပါ ဖယ်ရှားပေးပါတယ်။ ကော်ဖီထဲမှာ ကြက်ဥတစ်လုံးထည့်သောက်တာက စွမ်းအင်ပြည့်ဝစေပြီး သင့်ရဲ့တစ်နေ့တာကို ခွန်အားတွေနဲ့ စတင်စေဖို့ အထောက်အကူပြုပါတယ်။ ဒါ့အပြင် နေ့သစ်ကို လန်းဆန်းတတ်ကြွစွာ စတင်ဖို့ မနက်ခင်းတိုင်းမှာ လုပ်ပေးနိုင်တဲ့ အရာလေးတွေရှိပါသေးတယ်။

-Advertisement-

၁။ ကော်ဖီထဲ ဆားထည့်သောက်ပါ

ကော်ဖီထဲ သကြားထည့်သောက်မယ့်အစား ဆားနည်းနည်းထည့်သောက်တာက ကော်ဖီရဲ့ အရသာကို တိုးတတ်ကောင်းမွန်စေပါတယ်။ ခါးသက်သက်အရသာကိုလည်း ဖယ်ရှားပေးပါတယ်။ နို့ (သို့) သကြား အစား ဆားထည့်သောက်တာက သင့်ကို မနက်ခင်းကယ်လိုရီတွေ မတတ်စေပါဘူး။ ဆားကို အများကြီးထည့်ဖို့မလိုပါဘူး။ နည်းနည်းလေးဆို ရပါပြီ။

၂။ နံနက်စာထဲမှာ ကြက်ဥထည့်ပါ

ဗီယက်နမ်ကြက်ဥကော်ဖီဟာ အရမ်းလူကြိုက်များပါတယ်။ ဒါက ထူးဆန်းတယ်လို့ ထင်ရပေမယ့်သင့်ရဲ့ မနက်ခင်းကော်ဖီထဲမှာ ကြက်ဥအနှစ်ထည့်သောက်ခြင်းက ကော်ဖီကိုအရသာပိုကောင်းစေပြီး ခန္ဓာကိုယ်အတွက်လည်း အကျိုးရှိပါတယ်။ လေ့လာမှုတစ်ခုအရ မနက်ခင်းပိုင်း ကြက်ဥစားသူတွေဟာ မစားသူတွေထက် စွမ်းအင်ပိုရကြတာကို တွေ့ရပါတယ်။

၃။ ဘလက်တီး (သို့) ချောကလက်အပူထဲမှာ သစ်ကြံပိုးထည့်သောက်ပါ

သင်ဟာ ကော်ဖီချစ်သူတစ်ယောက်မဟုတ်လျှင် ဘလက်ကော်ဖီတစ်ခွက်ကို စမ်းသောက်ကြည့်ပါ။ ၎င်းမှာ အာရုံစူးစိုက်မှုနှင့် သတိနိုးကြားမှုကို တိုးစေတဲ့ ကဖိန်းဓါတ်နှင့် L-theanine တို့ပါဝင်ပါတယ်။ ချောကလက်အပူတစ်ခွက်ထဲမှာ သစ်ကြံပိုးနည်းနည်းထည့်ပြီးလည်း သင့်ရဲ့ မနက်ခင်းကို မြှင့်တင်နိုင်ပါတယ်။ ၎င်းက ပင်ပန်းနွမ်းနယ်ခြင်းမရှိဘဲ စွမ်းအင်အဆင့်ကို မျှမျှတတ ထိန်းသိမ်းပေးတဲ့ သွေးသကြား လယ်ဗယ်ကို ထိန်းထားပေးနိုင်ပါတယ်။

၄။ ရေတစ်ခွက်သောက်ပါ၊ ပိုကောင်းအောင် သံပုရာထည့်သောက်ပါ

အထူးသဖြင့် နံနက်ခင်းအချိန်မှာ ရေမဖြစ်မနေ သောက်ပေးရပါမယ်။ စိတ်စွမ်းရည်ကို တိုးတတ်စေဖို့ အိပ်ရာကနိုးတဲ့အခါ ရေသောက်ပါ။ သံပုရာရည်နည်းနည်း ထည့်သောက်ပေးနိုင်ပါတယ်။၎င်းက ရေဓါတ်ခန်းခြောက်ခြင်း၊ အစာခြေခြင်းနှင့် ကိုယ်အလေးချိန်ကျခြင်းတို့ကို ကူညီပေးပါတယ်။ ၎င်းမှာ အရေပြားနဲ့ ကိုယ်ခံအားစနစ်အတွက် ကောင်းမွန်သော ဗီတာမင်စီ ပါဝင်ပါတယ်။ တစ်နေ့တာကို စတင်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

၅။ နံနက်စာထဲမှာ ကွေကာအုတ်ထည့်ပါ

လေ့လာမှုများက နံနက်စာထဲမှာ ကွေကာအုပ်ထည့်စားဖို့ အကြံပြုထားပါတယ်။ ၎င်းက စွမ်းအင်ကို တိုးမြှင့်ပေးပြီး ဗိုက်ပြည့်နေတဲ့ ခံစားမှုကို ဖြစ်စေတာကြောင့် နေ့သစ်ကို ကောင်းမွန်သောအရာတွေနဲ့ စတင်ဖို့ ကူညီပါလိမ့်မယ်, သုတသနပြုချက်အရ ကာဗိုဟိုက်ဒရိတ်မြင့်မားတဲ့ မနက်စာကို စားသူများဩာ တစ်နေ့တာလုံး နိုးနိုးကြားကြားပိုရှိနေကြတယ်လို့ ပြသထားပါတယ်။

၆။ သီချင်းဖွင့်ပါ

ဂီတက ကျွန်မတို့ရဲ့ ခံစားချက်များအပေါ် အကျိုးသက်ရောက်မှုတွေရှိပါတယ်။ တိကျသော လေ့လာမှုများအရ ဂီတဟာ ပျော်ရွင်မှုနှင့် စိုးရိမ်မှုကို လျော့နည်းစေနိုင်ပါတယ်။ ဒါ့ကြောင့် တစ်နေ့တာကို မြူးမြူးကြွကြွ သီချင်းလေးတွေနဲ့ စတင်ခြင်းဖြင့် သင့်ရဲ့ စိတ်ကို မြှင့်တင်ပေးဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

၇။ သင့်ရဲ့ အိမ်ခန်းကို အရောင်တောက်တောက်လေးတွေနဲ့ ခြံရံပါ

ကိုယ့်ပတ်ဝန်းကျင်က အရောင်တွေက ကိုယ့်ခံစားချက်အပေါ်မှာ များစွာသက်ရောက်မှုရှိတယ်လို့ ကျွမ်းကျင်သူများကဆိုပါတယ်။ သင့်တိုက်ခန်းက အလင်းသိပ်မရှိဘူးဆိုရင် သင့်အိမ်နှင့် အိပ်ရာခင်းတွေကို အရောင်တောက်တောက်လေးတွေ ရွေးချယ်ပါ။ တောက်ပသော အဝတ်အစားများ ဝတ်ဆင်ပါ။ စိတ်အပြောင်းအလဲကို တွေ့ရပါလိမ့်မယ်။ သင့်ရဲ့ အပြုအမှုတွေ တတ်ကြွလာပြီး ကျန်းမာတဲ့ အစားအစာကိုတောင် ပိုရွေးချယ်လာနိုင်ပါတယ်။

၈။ သင့်အဝတ်အစားကို တစ်ရက်ကြိုတင်ပြင်ဆင်ပါ

အဝတ်အစား အဆင်သင့်ဖြစ်နေစေဖို့ ညကတည်းက ကြိုတင်ပြင်ဆင်ထားရင် နံနက်ခင်းပိုင်းမှာ အချိန်ကုန်သက်သာစေပါတယ်။ ပိုပြီးပြင်ဆင်လေလေ ၊ စိတ်ဖိစီးမှု ပိုနည်းလေလေဖြစ်ပါတယ်။ မနက်စာနဲ့ နံနက်ပိုင်းအလေ့အထတွေကို ပျော်မွေ့ဖို့ အချိန်ပိုရလေဖြစ်ပါတယ်။ ကိုယ်ဘာဝတ်ရမယ်ဆိုတာ သိပြီးဖြစ်ပါက နံနက်ပိုင်းမှာ ဆုံးဖြတ်ဖို့ စိတ်ပျက်ရတော့မှာ မဟုတ်ပါဘူး။

၉။ တစ်နေ့တာအတွက် အစီအစဉ်ဆွဲထားပြီး သင့်ရဲ့ ဦးစားပေးများကို စစ်ဆေးပါ

အလုပ်ကောင်းကောင်း လုပ်နိုင်ဖို့နဲ့ အချိန်ပိုချွေတာနိင်ဖို့ ကူညီပေးတဲ့အရာကတော့ စီစဉ်တတ်မှုပါပဲ။ အရေးအကြီးဆုံးကနေ အနည်းဆုံးအထိ အဆင့်သတ်မှတ်ပြီး တစ်နေ့တာအတွင်းလုပ်ဖို့ လိုအပ်တဲ့ အရာအားလုံးကို ပြက္ခဒိန်တစ်ခု လုပ်ထားပါ။ တစ်နေ့တာကုန်သွားမှ ဟာ- ဒီနေ့ ချိန်းထားတာ မသွားမိလိုက်ဘူးလို့ နောင်တရ ထိန့်လန့်စရာ မလိုတော့ပါဘူး။

၁၀။ နှိုးစက်နာရီကို နေရာရွေ့ထားပါ

သင့်အိပ်ရာဘေးစားပွဲပေါ်မှာ ထားခြင်းထက် ခြေရင်းဘက် စားပွဲပေါ်ကို ရွေ့လိုက်တာက ပိုကောင်းပါတယ်။ နှိုးစက်ကို ပိတ်ဖို့ ထရမှာ ဖြစ်တာကြောင့် နှိုးစက်ပိတ်ပြီး ပြန်အိပ်မယ့်အခွင့်အလမ်း နည်းသွားပါလိမ့်မယ်။

၁၁။ အပြင်မသွားခင် အခွံမာသီး လက်တစ်ဆုပ်စာ စားပါ

အခွံမာသီးက နေ့သစ်ကို စတင်ဖို့အတွက် ကျန်းမာရေးနှင့် ညီညွတ်သော သရေစာဖြစ်ပါတယ်။ အခွံမာသီးမှာ အဆီ၊ ကာဗိုဟိုက်ဒရိတ်၊ ပရိုတိန်းတို့ကြွယ်ဝပြီး စွမ်းအင်လယ်ဗယ်ကို မြှင့်တင်ပေးပါတယ်။

၁၂။ သွားတိုက်နေစဉ်မှာ အမြန်လေ့ကျင်ခန်းလုပ်ပါ

နံနက်ပိုင်း အချိန်ဇယားမှာ လေ့ကျင့်ခန်းပါဝင်ခြင်းက သင့်ခန္ဓာကိုယ်စွမ်းအင်ကို တိုးမြှင့်စေပြီး သွက်လက်ပေါ့ပါးစေပါတယ်။ ပင်ပန်းနွမ်းနယ်တာ၊ စိတ်ဖိစီးတာတွေကို လျော့နည်းစေပါတယ်။ လေ့ကျင့်ခန်း အပြည့်အဝ မလုပ်နိုင်ရင်တောင် သွားတိုက်နေတဲ့ အချိန်မှာ ထိုင်ထ ၂မိနစ် ၅မိနစ်လောက်လုပ်ဖို့ ကြိုးစားနိုင်ပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-brightside

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here