သင့်ရဲ့ ခြေချောင်းတွေရဲ့ပုံစံက ပြောပြနေတဲ့ သင့်အကြောင်း

0
2160

ကျွန်တော်တို့အားလုံးဟာ တစ်ယောက်ကိုတစ်မျိုးစီနဲ့ တမူထူးခြားသူတွေ ဖြစ်ကြပါတယ်။ တစ်ယောက်ရဲ့အကြောင်းကို တစ်ယောက်ကမသိနိုင်သလိုပဲ ကျွန်တော်တို့ကိုယ်တိုင်လည်း ကိုယ်ကိုယ်ကိုသတိမထားမိတာတွေ ရှိတတ်ပေမယ့် ကျွန်တော်တို့ရဲ့သဘာဝနဲ့ စရိုက်ကို ကျွန်တော်တို့ရဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေက ဖော်ပြပြီးဖြစ်ပါတယ်။ ဘယ်လိုခြေချောင်းပုံစီက ဘယ်လိုသဘာဝရှိတယ်ဆိုတာကို လေ့လာကြည့်ကြရအောင်။

1 The Egyptian Foot
ယခုလိုခြေချောင်းပုံစံမျိုးဟာ ရှားပါးပြီး အမြင့်ကနေအနိမ့်သို့ ညီညာစွာဆင်းသွားတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ ဒီလိုခြေချောင်းပုံစံမျိုးကို ဘာကြောင့် အီဂျစ်ခြေထောက်လို့ ခေါ်ရတာလဲဆိုတော့အဆိုပါခြေချောင်းပိုင်ရှင်တွေဟာ အနည်းငယ်လှို့ဝှက်ဆန်းကြယ်ကြတာကြောင့် ဖြစ်ပါတယ်။ သူတို့တွေဟာ အလွန်ကိုလှို့ဝှက်တတ်တဲ့သူတွေဖြစ်ပြီး သူတို့ဟာသင့်အမြင်မှာ အဖြေရှာရခက်တဲ့ ပုစ္ဆာတစ်ပုဒ်လို ဖြစ်နေနိုင်ပါတယ်။ သူတို့ရဲ့စိတ်ကူးတွေ ခံစားချက်တွေကို သင်ဖော်ထုတ်နိုင်မှာမဟုတ်ပါဘူး

2.The Roman Foot
ယခုလို ခြေချောင်းသုံးချောင်းက ညီညာနေပြီး နောက်ခြေချောင်းနှစ်ချောင်းက အစဥ်လိုက်ဖြစ်နေတာကို ရောမခြေချောင်းလို့ ခေါ်ကြပါတယ်။ ယခုလိုခြေချောင်းပိုင်ရှင်တွေဟာ သြဇာကြီးတဲ့သူတွေ ဖြစ်ကြပြီး သတ္တိနဲ့ သစ္စာစောင့်သိတတ်ကြသူတွေလည်း ဖြစ်ကြပါတယ်။ သူတို့တွေဟာ သူတို့ချစ်သူတွေနဲ့ ပတ်သတ်လာရင် အလွန်ကိုစိတ်အားထက်သန်လေ့ရှိတတ်ကြပါတယ်။ ဒါ့ကြောင့် သူတို့ချစ်တဲ့သူတစ်ယောက်ယောက်ကို သင်ကသွားရှုပ်မိရင်တော့ ရောမခြေထောက်နဲ့ အကန်ခံရကိန်းရှိပါတယ်။

3.Peasant’s Foot
ဒီလိုခြေချောင်းမျိုးကလည်း အလွန်ကိုရှားပါပြီး ခြေချောင်းအားလုံးဟာ တတန်းတည်းရှိနေပါတယ်။ ယခုလိုခြေချောင်းကို တောသားခြေထောက်၊ ဆင်းရဲသားခြေထောက်လို့ အမည်ပေးထားတာ စော်ကားလိုတဲ့ဆန္ဒကြောင့် မဟုတ်ပါဘူး။ ဒီလိုခြေချောင်းပိုင်ရှင်တွေဟာ အကြံဉာဏ်ကြီးကြပါတယ်။ ဘယ်လိုအရာမျိုးကိုပဲဖြစ်ဖြစ် သူတို့တွေဟာကောင်းစွာစစ်ကြောနိုင်စွမ်းလည်း ရှိကြပါတယ်။ သူတို့တွေဟာ အမြဲတမ်းတည်ငြိမ်နေတတ်ပြီး ကျိုးကြောင်းဆီလျော်စွာ ပြောဆိုတတ်ကြပါတယ်။ ဒါကြောင့်ပဲ အခြေအနေအရပ်ရပ်ကို အဆုံးမသတ်ခင်မှာ အကောင်းဆုံးဆုံးဖြတ်ချက်တွေ ချနိုင်စွမ်း ရှိကြပါတယ်။ ဒီလိုလူမျိုးတွေနဲ့ သူငယ်ချင်းဖြစ်ရင် လက်မလွှတ်သင့်ပါဘူး။ သူတို့ဆီကအကောင်းဆုံးအကြံဉာဏ်တွေကို သင်ရရှိပါလိမ့်မယ်။

4.The Greek’s Feet
ဒီလို ဒုတိယမြောက်ခြေချောင်းတစ်ချောင်းတည်းက ရှည်ထွက်နေခြင်းကို ဂရိခြေထောက်လို့ ခေါ်ပါတယ်။ ဒီလိုခြေချာင်းပုံသဏ္ဏာန်တွေကို ဂရိရုပ်ထုတွေ၊ ပန်းချီတွေမှာ အများအပြားတွေ့နိုင်ပါတယ်။ ဂရိခြေထောက်ပိုင်ရှင်တွေဟာ အနုပညာ၊ အားကစားနဲ့ ဖျော်ဖြေတင်ဆက်သမား တွေ ဖြစ်နေကြပါတယ်။ သူတို့ရဲ့အနုပညာဟာ အရမ်းကိုဖန်တီးနိုင်စွမ်းရှိကြပြီး အတွေးအခေါ်ပိုင်းမှာလည်း ပြည့်စုံကောင်းမွန်သူတွေ ဖြစ်ကြပါတယ်။ တကယ်လို့ ဒီလိုခြေချောင်းမျိုးတွေနဲ့ သင်မွေးဖွားလာတယ်ဆိုရင်တော့ သင်ဟာခေါင်းဆောင်တစ်ယောာက် ဖြစ်လာမယ့်သူပါ။ သင့်အတွက် ဂုဏ်ယူပါတယ်။

5 The Immovable Little Toe
ခြေချောင်းတွေကို ကိုယ်တိုင်မရွေ့လျားနိုင်တဲ့ သူမျိုးတွေကို သင်မြင်ဖူးပါသလား။ သူတို့တွေဟာ စူပါဟီရိုးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ညီမျှသူတွေ ဖြစ်ကြပါတယ်။ သူတို့တွေဟာ ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ကို စိတ်အားအလွန်ထက်သန်ကြပြီး အလုပ်ကိုလည်း သရဲမရဲစီးသလို လုပ်တတ်ကြသူတွေ ဖြစ်ကြပါတယ်။

6 .The Moving Little Toe
ခြေသန်းတစ်ချောင်းတည်းကိုပဲ သီးသန့်လှုပ်ရှားနိုင်တဲ့သူ
ယခုခြေချောင်းပိုင်ရှင်တွေကတော့ အပေါ်ကလူနဲ့ မတူညီပဲ သူတို့ရဲ့ခြေသန်းကို ရွေ့လျားနိုင်သူတွေ ဖြစ်ကြပါတယ်။ သူတို့တွေရဲ့စရိုက်ကတော့ အဖြေကိုသိရှိနိုင်ဖို့ အရမ်းကို စိတ်အားထက်သန်သူတွေ ဖြစ်ကြပါတယ်။ ဒါကြောင့်ပဲ သူတို့တွေဟာ စပ်စုတတ်သူတွေ ဖြစ်နေကြပြီး အသစ်တွေကိုသင်ယူနိုင်ဖို့ အမြဲတက်ကြွနေကြပါတယ်။

7.The Teeny Tiny Little Toe
သူတို့တွေရဲ့ ခြေသန်းတစ်ချာင်းတည်းဟာ အလွန်သေးငယ်ပြီး ပုတိုတိုလေး ဖြစ်နေကြပါတယ်။ ထိုသူမျိုးတွေဟာ ခေတ်ရှေ့ပြေးသူတွေ ဖြစ်ကြပြီး ကိုယ်ပိုင်လမ်းကြောင်းပေါ်မှာ အခြားသူတွေဘယ်သူမှ မရှိရင်တောင်မှ ရှက်ကြောက်စွာနဲ့ သွားနေမှာမဟုတ်ပါဘူး။ သူတို့တွေဟာ ကိုယ်ပိုင်မြေပုံနဲ့
ခရီးသွားနေကြသူတွေဖြစ်သလို ဘယ်သူတွေကပဲ ကဲ့ရဲ့ပါစေ။ ကိုယ်နှစ်သက်တဲ့ ဖက်ရှင်ဒီဇိုင်းမျိုးကိုပဲ ယုံကြည်စွာဝတ်ဆင်တတ်ပါတယ်။

8 The Third Toe Turning Outwards
တတိယခြေချောင်းက အပြင်ထွက်နေတဲ့သူ
ယခုခြေချောင်းပိုင်ရှင်ကတော့ အလွန်အသေးစိတ်တတ်ပြီး ကိုယ့်ရဲ့စံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့အထိ တိုင်းတာတတ်ကြသူတွေဖြစ်ပါတယ်။ သူတို့ရဲ့ဘဝမှာ ဘယ်တော့မှ အသုံးမဝင်တဲ့အရာတွေနဲ့ အချိန်မဖြုန်းတတ်ကြပါဘူး။ အရာရာတိုင်းကို ကိုယ့်ရဲ့စံညွှန်းနဲ့ ကိုက်ညီလာတဲ့အထိ အသေးစိတ်တတ်သူတွေ ဖြစ်ကြပါတယ်။

LM_Naung_Naung
Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here