သင့်ရဲ့အဘိုးအဘွားတွေမှာ စိတ်ပိုင်းဆိုင်ရာရောဂါရှိနိုင်တဲ့ သတိပေးလက္ခဏာ (၁၂)ခု

0
802

မှတ်ဉာဏ်ချို့ယွင်းခြင်း (Dementia)ရောဂါဟာ အသက် ၆၅နှစ်ကျော်လူကြီးတွေမှာ ဖြစ်လေ့ရှိတဲ့ ဦးနှောက်ရောဂါတစ်ခု ဖြစ်ပါတယ်။ ဒီရောဂါခံစားနေရသူ ကမ္ဘာတစ်ဝှမ်းမှာ သန်း ၅၀နီးပါးရှိပြီး တစ်ရက်တစ်ရက်ကို အရေအတွက်က တိုးလာနေပါတယ်။ ခန့်မှန်းချက်တွေအရ 2030ခုနှစ်မှာ ၇၅သန်းနှင့် ၂၀၅၀ခုနှစ် မှာ ၁၃၁.၅သန်းကို ရောက်ရှိလိမ့်မယ်လို့ သိရပါတယ်။ အကြောင်းရင်းတစ်ခုက သူတို့ရဲ့ဆွေမျိုးသားချင်းတွေဟာ အဲ့လိုဖြစ်တဲ့အချိန်မှာ ဆရာဝန်နှင့် မတိုင်ပင်တာကြောင့် ဖြစ်ပါတယ်၊ တနည်းအားဖြင့် ပထမရောဂါလက္ခဏာဟာ ရောဂါလုံးဝမဖွံ့ဖြိုးခင် ၅-၁၀နှစ်လောက်ထဲက ပေါ်ပေါက်နေပါတယ်။ ဒီလိုသက်ကြီးရွယ်အိုတွေကို ဆွေမျိုးသားချင်းတွေက သတိပြုမိပြီး ဆရာဝန်ဆီကို ပို့ခဲ့မယ်ဆိုရင် သူတို့ရဲ့ ပုံမှန်ဘဝက ကြာရှည်နိုင်ပါတယ်။

-Advertisement-

ဒီလိုလူနာတွေအတွက် ဆေးဘက်ဆိုင်ရာဘရိုရှာတချို့က လေ့လာမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးမှာ ကိုယ့်ရဲ့ ဖိုးဖိုးဖွားဖွားတွေအတွက် သတိထားပေးရမယ့် မှတ်ဉာဏ်ချို့ယွင်းခြင်း လက္ခဏာတစ်ချို့ကို မျှဝေပေးချင်ပါတယ်။

၁။ သံသယတွေ ဝင်လာတတ်ပါတယ်

သက်ကြီးရွယ်အိုများဟာ မှတ်ဉာဏ်ချို့ယွင်းခြင်း ပြဿနာဖြစ်လာရင် သံသယတွေ ဝင်လာတတ်ပါတယ်။ အဖြစ်အများဆုံး ကိစ္စကတော့ သက်ကြီးရွယ်အိုတစ်ယောက်ဟာ သူတို့ဆီကနေ တစ်ယောက်ယောက်က အရာအားလုံးကို ခိုးယူချင်နေတယ်လို့ ထင်ကြပါတယ်။ တခါတလေမှာ ရောဂါကြောင့် ကိုယ့်ပစ္စည်းတွေကိုယ် အထားမှားပြီး ဘယ်နားထားမိမှန်း မမှတ်မိတော့ပါဘူး။ သူတို့ရဲ့ ပိုက်ဆံ သို့ အဝတ်အစားတွေကို ခိုးယူတယ်ဆိုပြီး သူတို့ဟာ ဆွေမျိုးသားချင်း (သို့ )အိမ်နီးချင်းတွေကို စွပ်စွဲတာမျိုး ဖြစ်လာပါတယ်။ တခါတရံမှာ သူတို့ဟာ ကိုယ့်ရဲ့ ဆွေမျိုးသားချင်း (သို့) အိမ်နီးချင်းတွေက သူ့ကို အဆိပ်ခပ်ဖို့ ကြိုးစားနေတယ်လို့တောင် ထင်ကြပါတယ်။
ငါအကြိုက်ဆုံး လက်စွပ်ရှာမတွေ့ဘူး၊ ညည်းယူထားသေးလား?

၂။ နေ့စဉ်လုပ်နေကျ အရာတွေကို စိတ်ဝင်စားမှု ကင်းမဲ့လာခြင်း

ဥပမာ-အဘွားဟာ ပန်းကန်တွေကို သေသေချာချာ ဆေးတတ်ပြီး မနက်ခင်းမှာ ကိုယ့်အိပ်ရာကို ခေါက်တတ်တဲ့အကျင့်ရှိပါတယ်၊ သူမဟာ ဒီလိုလုပ်နေကျအရာတွေကို ရုတ်တရက် ရပ်တန့်လိုက်ပါက ဒါက မကောင်းတဲ့ လက္ခဏာတစ်ခုပါပဲ။ ဒီလက္ခဏာက နေ့စဉ် လုပ်နေကျ သာမန်အိမ်မှုကိစ္စတွေကို မလုပ်တတ်တာ့ပဲ ခက်ခဲလာခြင်း တို့ဖြစ်လာပါတယ်၊ ဥပမာ- ပိုက်ပေါက်နေရင် အဘွားဟာ သူမဘာသာ သူမ မလုပ်ဘဲ ဆွေမျိုးသားချင်းတွေကို ခေါ်ကောင်းခေါ်ပါလိမ့်မယ်။ ဒါက လျစ်လျူမရှုသင့်တဲ့ တကယ့်ကို အရေးကြီးတဲ့ လက္ခဏာတစ်ခုပါ။

၃။ မေးပြီးသား မေးခွန်းများကို ခဏခဏမေးခြင်း

ဘယ်သူမဆို မေ့လျော့နိုင်ပါတယ်။ ဒါပေမယ့် ဒီအခြေအနေက မကြာခဏဖြစ်တာလားဆိုတာ အာရုံစိုက်ဖို့ အရေးကြီးပါတယ်။ သင့်အဘိုးအဘွားဟာ နေ့တိုင်း မေးခွန်းတစ်ခုတည်းကို ထပ်တလဲလဲမေးနေရင် ဒါက သူမရဲ့ နောက်ဆုံးအဆင့်လို့ ဆိုလိုနိုင်တာကြောင့် ဆရာဝန်တစ်ယောက်နှင့် ပြသတာက အကြံကောင်းတစ်ခုပါ။ ကနဦးအဆင့်မှာ လက္ခဏာတွေက သိသိသာသာမဟုတ်ပါဘူး။ သူတို့ဟာ မေးခွန်းတစ်ခုကို ထပ်တလဲလဲ မေးနိုင်ပေမယ့်လည်း သူတို့ဒီမေးခွန်းကို မေးပြီးသားဖြစ်ကြောင်း ချက်ချင်းသဘောပေါက်ပါလိမ့်မယ်။
မြေးလေး မင်္ဂလာဆောင် သွားမလို့လား?

၄။ အိမ်ပတ်ပတ်လည်မှာ အဓိပ္ပာယ်မဲ့ လမ်းလျှောက်နေခြင်း

အဘိုးအဘွားတွေဟာ အသက်ကြီးလာရင် ငြိမ်ငြိမ်မနေဘဲ ဟိုလုပ်ဒီလုပ် လျှောက်လုပ်တတ်ပါတယ်။။ အသက်ကြီးသူတစ်ယောက်ဟာ အိမ်ပတ်ပတ်လည်မှာ လမ်းလျှောက်နေတာ၊ ပစ္စည်းတွေကို ဟိုကိုင်ဒီကိုင်နဲ့ ပြန်လည်စီရီနေတာဟာ သူတို့တစ်ခုခု အလုပ်များနေတာလို့ သင်ထင်ပါလိမ့်မယ်။ သင့်စကားကိုသူကြားလား၊ ဒါမှမဟုတ် ဇဝေဇဝါဖြစ်နေသလားဆိုတာ သိရဖို့ သူတို့လမ်းလျှောက်နေစဉ်အတွင်း မှာ မေးခွန်းတစ်ခုကို မေးကြည့်လိုက်ပါ။
ပစ္စည်းတွေကို ပြန်လည်စီရီခြင်းက အဖြစ်များတဲ့ အပြုအမှုတစ်ခုဖြစ်ပါတယ်။ ဥပမာ- စာအုပ်ပုံတစ်ပုံကို အခန်းတစ်ခုကနေ တစ်ခန်းသို့ နေ့တိုင်းရွေ့နေခြင်းတို့ ပြုလုပ်တတ်ပါတယ်။ သူ့မှာအရင်ထဲက ဒီလိုအကျင့်ရှိလား? အသက်ကြီးမှ ဖြစ်လာတာလားဆိုတာ သတိထားပေးပြီး ဒါက အစောပိုင်း မှတ်ဉာဏ်ချို့ယွင်းခြင်း လက္ခဏာ ဟုတ်မဟုတ်ဆိုတာ စစ်ဆေးဖို့ အကြံပြုပါတယ်။

၅။ ကိုယ်အမူအယာ ၊အကျင့်စရိုက်နှင့် စိတ်ခံစားမှု ပြောင်းလဲလာခြင်း

ဒါက နဂိုကတည်းက ဒီအမူအကျင့်စရိုက်ရှိတာလား၊ အသက်ကြီးလို့ဖြစ်တဲ့ လက္ခဏာလားဆိုတာ မရောထွေးဖို့ အရေးကြီးပါတယ်။ မှတ်ဉာဏ်ချို့ယွင်းတဲ့ လူတွေမှာ တချို့အမူအကျင့်တွေက အမှန်ရှိတာထက်ပိုပြီး ချဲ့ကားပြောဆိုတတ်ပါတယ်။ နဂိုတည်းက လောဘရှိသူ ၊ကပ်စေးနှဲသူ တစ်ယောက်ဆိုလျှင် တစ်ကျပ်၊ တစ်ပြားကအစ ပိုက်ဆံတွေကို စုဆောင်းတာ၊ ဖွက်ထားတာတွေ စတင်ပြုလုပ်လာပါတယ်။ ဒါပေမယ့် ဒီပြောင်းလဲမှုက တဖြည်းဖြည်းချင်း ဖြစ်ပေါ်တာကြောင့် ဆွေမျိုးသားချင်းတွေက သူတို့အဘိုးအဘွားဟာ ပိုပြီးစိတ်တိုလွယ်လာတယ်လို့ပဲ ထင်ကြပါတယ်။

၆။ အချိန်တွေကို မမှတ်မိဘဲ ဝေဝါးနေခြင်း

ဆွေမျိုးသားချင်းတွေတောင် ဒီလက္ခဏာကို သတိမပြုမိတတ်ပါဘူး။ သက်ကြီးရွယ်အိုတစ်ဦးအတွက် ရက်စွဲတွေကို မှတ်မိဖို့ ခက်ခဲပါတယ်၊ တခါတရံမှာ သူတို့ဟာ ရောက်ရှိနေတဲ့ အချိန်ကို ပြောပြဖို့တောင် ခက်ခဲလာပြီး အချိန်ဘယ်လောက်များများ ကျော်ဖြတ်ခဲ့ပြီဆိုတာကို နားလည်ဖို့ ခက်ခဲနိုင်ပါတယ်။ သူတို့ဟာ တစ်နာရီမှာ လမ်းလျှောက်ထွက်ပြီး ၁၅မိနစ် သို ၃နာရီမှာ အိမ်ပြန်လာတယ်ဆိုပါစို့ အချိန်ဘယ်လောက်ပဲ ကုန်သွားပါစေ၊ သူတို့ဟာ မိနစ် ၆၀ပဲ သွားခဲ့တယ်လို့ ထင်ပါလိမ့်မယ်။

၇။ အမှိုက်တွေကို စုဆောင်းလာခြင်း

ဒါကတော့ လက္ခဏာ တစ်ခုနဲ့တစ်ခု တူမှာမဟုတ်ပါဘူး။ အရင်ထဲက လောဘကြီးတတ်တဲ့သူဆိုရင် ပစ္စည်းအဟောင်း ၊ အစုတ်အပြတ်ကအစ စုဆောင်းတတ်ပြီး အဲ့ဒါတွေကို လွှင့်ပစ်ဖို့ပြောရင် ငြင်းဆန်ပါလိမ့်မယ်။ တချို့တွေက ကြောင်ရုပ်၊ ခွေးရုပ်လေးတွေ၊ လက်သုတ်ပုဝါတွေ စတဲ့အသုံးမဝင်သော ပစ္စည်းတွေကို စုဆောင်းတတ်ပါတယ်။

၈။ လက်တွေ့ကျတဲ့ အစီအစဉ်များကို ပြုလုပ်နိုင်စွမ်းမရှိခြင်း

လူတစ်ယောက်မှာ မဖြစ်နိုင်တဲ့အရာတွေနှင့် ပတ်သတ်ပြီး အိမ်မက်တွေရှိပါတယ်။ ဥပမာ- သူတို့ဟာ ဧဝရက်တောင်ထိပ်ကို တတ်ချင်တာမျိုး၊(သူတို့မှာ ပိုက်ဆံအများကြီး မရှိလျှင်တောင်) ပင်လယ်နားက စျေးအရမ်းကြီးတဲ့ အိမ်တစ်လုံးကို ဝယ်ချင်တာမျိုး ဆိုတတ်ကြပါတယ်။

၉။ ရုတ်တရက် ကိုယ်အလေးချိန်တိုးလာခြင်း (သို့ )လျော့လာခြင်း

ကိုရီးယားသိပ္ပံပုညာရှင်များက ကိုယ်အလေးချိန်ပြောင်းလဲမှုများက (Dementia)အသိဉာဏ်ထိခိုက်ချို့ယွင်းခြင်းနှင့်အတူ ဆက်နွယ်နေကြောင်း ၊ဒီပြောင်းလဲမှုများက သိသာထင်ရှားမှုမရှိကြောင်း ယူဆကြပါတယ်၊
ရုတ်တရက် ကိုယ်အလေးချိန် ၁၀ရာခိုင်နှုန်းတတ်သွားတဲ့ အမျိုးသားမှာ dementia (မှတ်ဉာဏ်ချို့ယွင်းမှု) အန္တရာယ် ၂၅ရာခိုင်နှုန်း တိုးလာပြီး တူညီတဲ့အခြေအနေမှာ အမျိုးသမီးမှာဆိုရင် ၁၇ ရာခိုင်နှုန်း တိုးလာတယ်လို့ ထည့်သွင်းစဉ်းစားကြပါတယ်။
ဒါက အစောပိုင်းလက္ခဏာများထဲက တစ်ခုဖြစ်ပေမယ့် ဒါက ကင်ဆာ သို့ နှလုံးပြဿနာများကဲ့သို့ တခြားရောဂါတချို့မှာလည်း ညွန်ပြနိုင်ပါတယ်။ ဒါ့ကြောင့် ဘာပဲဖြစ်ဖြစ် ဆရာဝန်နှင့် ပြသဖို့ အကြံပြုပါတယ်။

၁၀။ တစ်ခုခုလုပ်နိုင်စွမ်းမရှိတဲ့အခါ စိတ်ပျက်ဝမ်းနည်းခြင်း

ဒါက ကိုယ့်မှာ တစ်ခုခုဖြစ်နေပြီဆိုတာ သဘောပေါက်တဲ့အဆင့်နှင့် တူပါတယ်။ သက်ကြီးရွယ်အို ပုဂ္ဂိုလ်တစ်ဦးဟာ ကိုယ်ဘယ်လို ထူးဆန်းတဲ့ စရိုက်လက္ခဏာ ဖြစ်နေတယ်ဆိုတာ သတိထားမိပြီး စတင် စိတ်ပျက်လာပါလိမ့်မယ်။ တစ်ခုခု ကျကွဲသွားတဲ့အခါ ဥပမာ- ဖြေရှင်းနိုင်တဲ့သူကို ခေါ်နိုင်စွမ်းမရှိဘဲ ဒီပြဿနာကို တခြားလူ ဘယ်လိုဖြေရှင်းမလဲဆိုတာတောင် မသိတော့ပါဘူး။ ဒီဖြစ်စဉ်တွေမှာ မကျေမနပ်ပြောတာ၊ ငိုတာတွေ ဖြစ်လာစေနိုင်ပါတယ်။

၁၁။ အထီးကျန်စေဖို့ လှုံဆော်မှု ဖြစ်လာပါတယ်

သက်ကြီးရွယ်အိုများဟာ သူတို့ကိုယ်သူတို့ ပြောင်းလဲခြင်းတွေကို စတင်သတိပြုမိတဲ့အခါ တခြားသူတွေကို မရည်ရွယ်ဘဲ စတင်ရှောင်လာပါတယ်။ ဒါက စိတ်ပိုင်းဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေး တစ်ခုနှင့်တူတဲ့ အမျိုးအစားဖြစ်ပါတယ်။ ဒီကမ္ဘာကြီးဟာ သူတို့နဲ့ ရုတ်တရက် လုံးဝအကျွမ်းတဝင်မရှိသော အဖြစ်ကို ပြောင်းလဲသွားမှာ ကြောက်ကြပါတယ်။ မိသားစု တစ်စုတစ်စည်းတဲ့ ရှိနေတဲ့အခါမျိုးမှာ ထိုပုဂ္ဂိုလ်ဟာ အမြဲတမ်း တပျစ်တောက်တောက်ပြောပြီး သူတို့ရဲ့ မကျေနပ်မှုတွေကို ပြသပါလိမ့်မယ်။ တကယ်တော့ ဒါက လူမှုရေးတတ်ကြွပြီး ဖော်ရွေနေကျဖြစ်တဲ့ သူတွေမှာသာ ဖြစ်လေ့ရှိပါတယ်။

၁၂။ စကားလုံးရှာမရဘဲ စကားစများ ပြတ်တောက်ကုန်ခြင်း

ဒါက လူတစ်ယောက်ရဲ့ တတ်ကြွသော ဝေါဟာရတွေကို ကျဉ်းမြောင်းသွားကြောင်း ဖော်ပြနေပါတယ်။ တနည်းအားဖြင့် ဒီ featureက ကျောင်းဆရာ သို့ သိပ္ပံပညာရှင်ဖြစ်ခဲ့သူတွေ၊ အများကြီး ဖတ်ရှုလေ့လာခဲ့သူတွေနှင့် သက်ဆိုင်ပါတယ်။ အချိန်ကျော်လွန်လာတာနဲ့အမျှ သူတို့ဟာ အသံထွက် ခက်ခဲတဲ့ စကားလုံးတွေ၊ မတူညီတဲ့ အသုံးအနှုန်းတွေ အသုံးပြုခြင်းကို ရပ်တန့်သွားပါတယ်။ စကားပြောနေရင်းခေတ္တရပ်သွားပြီး “ဟိုဟာလေ၊ ဟိုလေ…”ဆိုတဲ့ အဖြည့်စကားလုံးတွေ၊ အာမေဍိတ်ပြစကားလုံးတွေ သုံးလာပါတယ်။
စာအုပ်တွေဖတ်ခြင်းကိုလည်း စိတ်ဝင်စားမှုနည်းလာပါတယ်။ သူတို့ဟာ လူသုံးနည်းတဲ့ စကားလုံးတွေ၊ ရှည်လျားတဲ့စာတွေကို ဖတ်ဖို့ ခက်ခဲလာပါတယ်။ သူတို့ ဒီလိုကြုံတွေရတဲ့အခါ ဘာကိုဆိုလိုတာလဲဆိုတာ နားမလည်တာကြောင့် သူတို့ဟာ စိတ်ဘဝင်မကျမှုကို ခံစားကြရပါတယ်။ ဒါ့ကြောင့် သူတို့ဟာ ဉာဏ်အားစိုက်ရတဲ့အလုပ်ကို ကျော်ပြီး စိတ်ငြိမ်းချမ်းမှုကိုသာ လိုလားကြပါတယ်။

Home diagnostics

dementia လို့သတ်မှတ်နိုင်တဲ့ စမ်းသပ်မှုတွေ အများကြီးရှိပါတယ်။ နာမည်အကြီးဆုံးက 6CIT, SAGE နှင့် MMSE တို့ဖြစ်ပါတယ်။ စမ်းသပ်မှုတစ်ခုစီမှာ မေးခွန်းအနည်းငယစီပါဝင်ပြီး လူတစ်ယောက်မှာ စိတ်ပိုင်းဆိုင်ရာရောဂါ သို့ မှတ်ဉာဏ်ချို့ယွင်းမှုရောဂါ ခံစားနေရလျှင် ရှာတွေ့ဖို့ ကူညီနိုင်ပါတယ်။
သက်ကြီးရွယ်အိုတစ်ယောက်ကို အောက်ပါစမ်းသပ်မှုတွေ ပြသကြည့်ပါ။ သူတို့ကို ဖြည့်စွက်ဖို့ ၁၅မိနစ်ပေးပါ။ မေးခွန်းတစ်ဝက်ကိုသာ ဖြေနိုင်လျှင် သူတို့မှာ cognitive ပြဿနာရှိနေပြီဖြစ်ပါတယ်။ ဆရာဝန်တစ်ယောက်နှင့် သွားပြတာ ပိုကောင်းပါတယ်။

နောက်ဆုံးအနေနဲ့ သင့်ရဲ့ သက်ကြီးရွယ်အိုဆွေမျိုးသားချင်းတွေရဲ့ အပြုအမှုကို သတိထားပေးဖို့ အကြံပြုလိုပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-brightside

ZawGyi

သင့္ရဲ႕အဘိုးအဘြားေတြမွာ စိတ္ပိုင္းဆိုင္ရာေရာဂါရွိႏိုင္တဲ့ သတိေပးလကၡဏာ (၁၂)ခု
မွတ္ဉာဏ္ခ်ိဳ႕ယြင္းျခင္း (Dementia)ေရာဂါဟာ အသက္ ၆၅ႏွစ္ေက်ာ္လူႀကီးေတြမွာ ျဖစ္ေလ့ရွိတဲ့ ဦးေႏွာက္ေရာဂါတစ္ခု ျဖစ္ပါတယ္။ ဒီေရာဂါခံစားေနရသူ ကမာၻတစ္ဝွမ္းမွာ သန္း ၅၀နီးပါးရွိၿပီး တစ္ရက္တစ္ရက္ကို အေရအတြက္က တိုးလာေနပါတယ္။ ခန္႔မွန္းခ်က္ေတြအရ 2030ခုႏွစ္မွာ ၇၅သန္းႏွင့္ ၂၀၅၀ခုႏွစ္ မွာ ၁၃၁.၅သန္းကို ေရာက္ရွိလိမ့္မယ္လို႔ သိရပါတယ္။ အေၾကာင္းရင္းတစ္ခုက သူတို႔ရဲ႕ေဆြမ်ိဳးသားခ်င္းေတြဟာ အဲ့လိုျဖစ္တဲ့အခ်ိန္မွာ ဆရာဝန္ႏွင့္ မတိုင္ပင္တာေၾကာင့္ ျဖစ္ပါတယ္၊ တနည္းအားျဖင့္ ပထမေရာဂါလကၡဏာဟာ ေရာဂါလုံးဝမဖြံ႕ၿဖိဳးခင္ ၅-၁၀ႏွစ္ေလာက္ထဲက ေပၚေပါက္ေနပါတယ္။ ဒီလိုသက္ႀကီး႐ြယ္အိုေတြကို ေဆြမ်ိဳးသားခ်င္းေတြက သတိျပဳမိၿပီး ဆရာဝန္ဆီကို ပို႔ခဲ့မယ္ဆိုရင္ သူတို႔ရဲ႕ ပုံမွန္ဘဝက ၾကာရွည္ႏိုင္ပါတယ္။
ဒီလိုလူနာေတြအတြက္ ေဆးဘက္ဆိုင္ရာဘ႐ိုရွာတခ်ိဳ႕က ေလ့လာမႈေတြ ျပဳလုပ္ခဲ့ပါတယ္။ ဒါ့ေၾကာင့္ ဒီေဆာင္းပါးမွာ ကိုယ့္ရဲ႕ ဖိုးဖိုးဖြားဖြားေတြအတြက္ သတိထားေပးရမယ့္ မွတ္ဉာဏ္ခ်ိဳ႕ယြင္းျခင္း လကၡဏာတစ္ခ်ိဳ႕ကို မွ်ေဝေပးခ်င္ပါတယ္။

၁။ သံသယေတြ ဝင္လာတတ္ပါတယ္
သက္ႀကီး႐ြယ္အိုမ်ားဟာ မွတ္ဉာဏ္ခ်ိဳ႕ယြင္းျခင္း ျပႆနာျဖစ္လာရင္ သံသယေတြ ဝင္လာတတ္ပါတယ္။ အျဖစ္အမ်ားဆုံး ကိစၥကေတာ့ သက္ႀကီး႐ြယ္အိုတစ္ေယာက္ဟာ သူတို႔ဆီကေန တစ္ေယာက္ေယာက္က အရာအားလုံးကို ခိုးယူခ်င္ေနတယ္လို႔ ထင္ၾကပါတယ္။ တခါတေလမွာ ေရာဂါေၾကာင့္ ကိုယ့္ပစၥည္းေတြကိုယ္ အထားမွားၿပီး ဘယ္နားထားမိမွန္း မမွတ္မိေတာ့ပါဘူး။ သူတို႔ရဲ႕ ပိုက္ဆံ သို႔ အဝတ္အစားေတြကို ခိုးယူတယ္ဆိုၿပီး သူတို႔ဟာ ေဆြမ်ိဳးသားခ်င္း (သို႔ )အိမ္နီးခ်င္းေတြကို စြပ္စြဲတာမ်ိဳး ျဖစ္လာပါတယ္။ တခါတရံမွာ သူတို႔ဟာ ကိုယ့္ရဲ႕ ေဆြမ်ိဳးသားခ်င္း (သို႔) အိမ္နီးခ်င္းေတြက သူ႔ကို အဆိပ္ခပ္ဖို႔ ႀကိဳးစားေနတယ္လို႔ေတာင္ ထင္ၾကပါတယ္။
ငါအႀကိဳက္ဆုံး လက္စြပ္ရွာမေတြ႕ဘူး၊ ညည္းယူထားေသးလား?

၂။ ေန႔စဥ္လုပ္ေနက် အရာေတြကို စိတ္ဝင္စားမႈ ကင္းမဲ့လာျခင္း
ဥပမာ-အဘြားဟာ ပန္းကန္ေတြကို ေသေသခ်ာခ်ာ ေဆးတတ္ၿပီး မနက္ခင္းမွာ ကိုယ့္အိပ္ရာကို ေခါက္တတ္တဲ့အက်င့္ရွိပါတယ္၊ သူမဟာ ဒီလိုလုပ္ေနက်အရာေတြကို ႐ုတ္တရက္ ရပ္တန္႔လိုက္ပါက ဒါက မေကာင္းတဲ့ လကၡဏာတစ္ခုပါပဲ။ ဒီလကၡဏာက ေန႔စဥ္ လုပ္ေနက် သာမန္အိမ္မႈကိစၥေတြကို မလုပ္တတ္တာ့ပဲ ခက္ခဲလာျခင္း တို႔ျဖစ္လာပါတယ္၊ ဥပမာ- ပိုက္ေပါက္ေနရင္ အဘြားဟာ သူမဘာသာ သူမ မလုပ္ဘဲ ေဆြမ်ိဳးသားခ်င္းေတြကို ေခၚေကာင္းေခၚပါလိမ့္မယ္။ ဒါက လ်စ္လ်ဴမရႈသင့္တဲ့ တကယ့္ကို အေရးႀကီးတဲ့ လကၡဏာတစ္ခုပါ။

၃။ ေမးၿပီးသား ေမးခြန္းမ်ားကို ခဏခဏေမးျခင္း
ဘယ္သူမဆို ေမ့ေလ်ာ့ႏိုင္ပါတယ္။ ဒါေပမယ့္ ဒီအေျခအေနက မၾကာခဏျဖစ္တာလားဆိုတာ အာ႐ုံစိုက္ဖို႔ အေရးႀကီးပါတယ္။ သင့္အဘိုးအဘြားဟာ ေန႔တိုင္း ေမးခြန္းတစ္ခုတည္းကို ထပ္တလဲလဲေမးေနရင္ ဒါက သူမရဲ႕ ေနာက္ဆုံးအဆင့္လို႔ ဆိုလိုႏိုင္တာေၾကာင့္ ဆရာဝန္တစ္ေယာက္ႏွင့္ ျပသတာက အႀကံေကာင္းတစ္ခုပါ။ ကနဦးအဆင့္မွာ လကၡဏာေတြက သိသိသာသာမဟုတ္ပါဘူး။ သူတို႔ဟာ ေမးခြန္းတစ္ခုကို ထပ္တလဲလဲ ေမးႏိုင္ေပမယ့္လည္း သူတို႔ဒီေမးခြန္းကို ေမးၿပီးသားျဖစ္ေၾကာင္း ခ်က္ခ်င္းသေဘာေပါက္ပါလိမ့္မယ္။
ေျမးေလး မဂၤလာေဆာင္ သြားမလို႔လား?

၄။ အိမ္ပတ္ပတ္လည္မွာ အဓိပၸာယ္မဲ့ လမ္းေလွ်ာက္ေနျခင္း
အဘိုးအဘြားေတြဟာ အသက္ႀကီးလာရင္ ၿငိမ္ၿငိမ္မေနဘဲ ဟိုလုပ္ဒီလုပ္ ေလွ်ာက္လုပ္တတ္ပါတယ္။။ အသက္ႀကီးသူတစ္ေယာက္ဟာ အိမ္ပတ္ပတ္လည္မွာ လမ္းေလွ်ာက္ေနတာ၊ ပစၥည္းေတြကို ဟိုကိုင္ဒီကိုင္နဲ႔ ျပန္လည္စီရီေနတာဟာ သူတို႔တစ္ခုခု အလုပ္မ်ားေနတာလို႔ သင္ထင္ပါလိမ့္မယ္။ သင့္စကားကိုသူၾကားလား၊ ဒါမွမဟုတ္ ဇေဝဇဝါျဖစ္ေနသလားဆိုတာ သိရဖို႔ သူတို႔လမ္းေလွ်ာက္ေနစဥ္အတြင္း မွာ ေမးခြန္းတစ္ခုကို ေမးၾကည့္လိုက္ပါ။
ပစၥည္းေတြကို ျပန္လည္စီရီျခင္းက အျဖစ္မ်ားတဲ့ အျပဳအမႈတစ္ခုျဖစ္ပါတယ္။ ဥပမာ- စာအုပ္ပုံတစ္ပုံကို အခန္းတစ္ခုကေန တစ္ခန္းသို႔ ေန႔တိုင္းေ႐ြ႕ေနျခင္းတို႔ ျပဳလုပ္တတ္ပါတယ္။ သူ႔မွာအရင္ထဲက ဒီလိုအက်င့္ရွိလား? အသက္ႀကီးမွ ျဖစ္လာတာလားဆိုတာ သတိထားေပးၿပီး ဒါက အေစာပိုင္း မွတ္ဉာဏ္ခ်ိဳ႕ယြင္းျခင္း လကၡဏာ ဟုတ္မဟုတ္ဆိုတာ စစ္ေဆးဖို႔ အႀကံျပဳပါတယ္။

၅။ ကိုယ္အမူအယာ ၊အက်င့္စ႐ိုက္ႏွင့္ စိတ္ခံစားမႈ ေျပာင္းလဲလာျခင္း
ဒါက နဂိုကတည္းက ဒီအမူအက်င့္စ႐ိုက္ရွိတာလား၊ အသက္ႀကီးလို႔ျဖစ္တဲ့ လကၡဏာလားဆိုတာ မေရာေထြးဖို႔ အေရးႀကီးပါတယ္။ မွတ္ဉာဏ္ခ်ိဳ႕ယြင္းတဲ့ လူေတြမွာ တခ်ိဳ႕အမူအက်င့္ေတြက အမွန္ရွိတာထက္ပိုၿပီး ခ်ဲ႕ကားေျပာဆိုတတ္ပါတယ္။ နဂိုတည္းက ေလာဘရွိသူ ၊ကပ္ေစးႏွဲသူ တစ္ေယာက္ဆိုလွ်င္ တစ္က်ပ္၊ တစ္ျပားကအစ ပိုက္ဆံေတြကို စုေဆာင္းတာ၊ ဖြက္ထားတာေတြ စတင္ျပဳလုပ္လာပါတယ္။ ဒါေပမယ့္ ဒီေျပာင္းလဲမႈက တျဖည္းျဖည္းခ်င္း ျဖစ္ေပၚတာေၾကာင့္ ေဆြမ်ိဳးသားခ်င္းေတြက သူတို႔အဘိုးအဘြားဟာ ပိုၿပီးစိတ္တိုလြယ္လာတယ္လို႔ပဲ ထင္ၾကပါတယ္။

၆။ အခ်ိန္ေတြကို မမွတ္မိဘဲ ေဝဝါးေနျခင္း
ေဆြမ်ိဳးသားခ်င္းေတြေတာင္ ဒီလကၡဏာကို သတိမျပဳမိတတ္ပါဘူး။ သက္ႀကီး႐ြယ္အိုတစ္ဦးအတြက္ ရက္စြဲေတြကို မွတ္မိဖို႔ ခက္ခဲပါတယ္၊ တခါတရံမွာ သူတို႔ဟာ ေရာက္ရွိေနတဲ့ အခ်ိန္ကို ေျပာျပဖို႔ေတာင္ ခက္ခဲလာၿပီး အခ်ိန္ဘယ္ေလာက္မ်ားမ်ား ေက်ာ္ျဖတ္ခဲ့ၿပီဆိုတာကို နားလည္ဖို႔ ခက္ခဲႏိုင္ပါတယ္။ သူတို႔ဟာ တစ္နာရီမွာ လမ္းေလွ်ာက္ထြက္ၿပီး ၁၅မိနစ္ သို ၃နာရီမွာ အိမ္ျပန္လာတယ္ဆိုပါစို႔ အခ်ိန္ဘယ္ေလာက္ပဲ ကုန္သြားပါေစ၊ သူတို႔ဟာ မိနစ္ ၆၀ပဲ သြားခဲ့တယ္လို႔ ထင္ပါလိမ့္မယ္။

၇။ အမႈိက္ေတြကို စုေဆာင္းလာျခင္း
ဒါကေတာ့ လကၡဏာ တစ္ခုနဲ႔တစ္ခု တူမွာမဟုတ္ပါဘူး။ အရင္ထဲက ေလာဘႀကီးတတ္တဲ့သူဆိုရင္ ပစၥည္းအေဟာင္း ၊ အစုတ္အျပတ္ကအစ စုေဆာင္းတတ္ၿပီး အဲ့ဒါေတြကို လႊင့္ပစ္ဖို႔ေျပာရင္ ျငင္းဆန္ပါလိမ့္မယ္။ တခ်ိဳ႕ေတြက ေၾကာင္႐ုပ္၊ ေခြး႐ုပ္ေလးေတြ၊ လက္သုတ္ပုဝါေတြ စတဲ့အသုံးမဝင္ေသာ ပစၥည္းေတြကို စုေဆာင္းတတ္ပါတယ္။

၈။ လက္ေတြ႕က်တဲ့ အစီအစဥ္မ်ားကို ျပဳလုပ္ႏိုင္စြမ္းမရွိျခင္း
လူတစ္ေယာက္မွာ မျဖစ္ႏိုင္တဲ့အရာေတြႏွင့္ ပတ္သတ္ၿပီး အိမ္မက္ေတြရွိပါတယ္။ ဥပမာ- သူတို႔ဟာ ဧဝရက္ေတာင္ထိပ္ကို တတ္ခ်င္တာမ်ိဳး၊(သူတို႔မွာ ပိုက္ဆံအမ်ားႀကီး မရွိလွ်င္ေတာင္) ပင္လယ္နားက ေစ်းအရမ္းႀကီးတဲ့ အိမ္တစ္လုံးကို ဝယ္ခ်င္တာမ်ိဳး ဆိုတတ္ၾကပါတယ္။

၉။ ႐ုတ္တရက္ ကိုယ္အေလးခ်ိန္တိုးလာျခင္း (သို႔ )ေလ်ာ့လာျခင္း
ကိုရီးယားသိပၸံပုညာရွင္မ်ားက ကိုယ္အေလးခ်ိန္ေျပာင္းလဲမႈမ်ားက (Dementia)အသိဉာဏ္ထိခိုက္ခ်ိဳ႕ယြင္းျခင္းႏွင့္အတူ ဆက္ႏြယ္ေနေၾကာင္း ၊ဒီေျပာင္းလဲမႈမ်ားက သိသာထင္ရွားမႈမရွိေၾကာင္း ယူဆၾကပါတယ္၊
႐ုတ္တရက္ ကိုယ္အေလးခ်ိန္ ၁၀ရာခိုင္ႏႈန္းတတ္သြားတဲ့ အမ်ိဳးသားမွာ dementia (မွတ္ဉာဏ္ခ်ိဳ႕ယြင္းမႈ) အႏၲရာယ္ ၂၅ရာခိုင္ႏႈန္း တိုးလာၿပီး တူညီတဲ့အေျခအေနမွာ အမ်ိဳးသမီးမွာဆိုရင္ ၁၇ ရာခိုင္ႏႈန္း တိုးလာတယ္လို႔ ထည့္သြင္းစဥ္းစားၾကပါတယ္။
ဒါက အေစာပိုင္းလကၡဏာမ်ားထဲက တစ္ခုျဖစ္ေပမယ့္ ဒါက ကင္ဆာ သို႔ ႏွလုံးျပႆနာမ်ားကဲ့သို႔ တျခားေရာဂါတခ်ိဳ႕မွာလည္း ၫြန္ျပႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ဘာပဲျဖစ္ျဖစ္ ဆရာဝန္ႏွင့္ ျပသဖို႔ အႀကံျပဳပါတယ္။

၁၀။ တစ္ခုခုလုပ္ႏိုင္စြမ္းမရွိတဲ့အခါ စိတ္ပ်က္ဝမ္းနည္းျခင္း
ဒါက ကိုယ့္မွာ တစ္ခုခုျဖစ္ေနၿပီဆိုတာ သေဘာေပါက္တဲ့အဆင့္ႏွင့္ တူပါတယ္။ သက္ႀကီး႐ြယ္အို ပုဂၢိဳလ္တစ္ဦးဟာ ကိုယ္ဘယ္လို ထူးဆန္းတဲ့ စ႐ိုက္လကၡဏာ ျဖစ္ေနတယ္ဆိုတာ သတိထားမိၿပီး စတင္ စိတ္ပ်က္လာပါလိမ့္မယ္။ တစ္ခုခု က်ကြဲသြားတဲ့အခါ ဥပမာ- ေျဖရွင္းႏိုင္တဲ့သူကို ေခၚႏိုင္စြမ္းမရွိဘဲ ဒီျပႆနာကို တျခားလူ ဘယ္လိုေျဖရွင္းမလဲဆိုတာေတာင္ မသိေတာ့ပါဘူး။ ဒီျဖစ္စဥ္ေတြမွာ မေက်မနပ္ေျပာတာ၊ ငိုတာေတြ ျဖစ္လာေစႏိုင္ပါတယ္။

၁၁။ အထီးက်န္ေစဖို႔ လႈံေဆာ္မႈ ျဖစ္လာပါတယ္
သက္ႀကီး႐ြယ္အိုမ်ားဟာ သူတို႔ကိုယ္သူတို႔ ေျပာင္းလဲျခင္းေတြကို စတင္သတိျပဳမိတဲ့အခါ တျခားသူေတြကို မရည္႐ြယ္ဘဲ စတင္ေရွာင္လာပါတယ္။ ဒါက စိတ္ပိုင္းဆိုင္ရာ ကာကြယ္ေစာင့္ေရွာက္ေရး တစ္ခုႏွင့္တူတဲ့ အမ်ိဳးအစားျဖစ္ပါတယ္။ ဒီကမာၻႀကီးဟာ သူတို႔နဲ႔ ႐ုတ္တရက္ လုံးဝအကြၽမ္းတဝင္မရွိေသာ အျဖစ္ကို ေျပာင္းလဲသြားမွာ ေၾကာက္ၾကပါတယ္။ မိသားစု တစ္စုတစ္စည္းတဲ့ ရွိေနတဲ့အခါမ်ိဳးမွာ ထိုပုဂၢိဳလ္ဟာ အၿမဲတမ္း တပ်စ္ေတာက္ေတာက္ေျပာၿပီး သူတို႔ရဲ႕ မေက်နပ္မႈေတြကို ျပသပါလိမ့္မယ္။ တကယ္ေတာ့ ဒါက လူမႈေရးတတ္ႂကြၿပီး ေဖာ္ေ႐ြေနက်ျဖစ္တဲ့ သူေတြမွာသာ ျဖစ္ေလ့ရွိပါတယ္။

၁၂။ စကားလုံးရွာမရဘဲ စကားစမ်ား ျပတ္ေတာက္ကုန္ျခင္း
ဒါက လူတစ္ေယာက္ရဲ႕ တတ္ႂကြေသာ ေဝါဟာရေတြကို က်ဥ္းေျမာင္းသြားေၾကာင္း ေဖာ္ျပေနပါတယ္။ တနည္းအားျဖင့္ ဒီ featureက ေက်ာင္းဆရာ သို႔ သိပၸံပညာရွင္ျဖစ္ခဲ့သူေတြ၊ အမ်ားႀကီး ဖတ္ရႈေလ့လာခဲ့သူေတြႏွင့္ သက္ဆိုင္ပါတယ္။ အခ်ိန္ေက်ာ္လြန္လာတာနဲ႔အမွ် သူတို႔ဟာ အသံထြက္ ခက္ခဲတဲ့ စကားလုံးေတြ၊ မတူညီတဲ့ အသုံးအႏႈန္းေတြ အသုံးျပဳျခင္းကို ရပ္တန္႔သြားပါတယ္။ စကားေျပာေနရင္းေခတၱရပ္သြားၿပီး “ဟိုဟာေလ၊ ဟိုေလ…”ဆိုတဲ့ အျဖည့္စကားလုံးေတြ၊ အာေမဍိတ္ျပစကားလုံးေတြ သုံးလာပါတယ္။
စာအုပ္ေတြဖတ္ျခင္းကိုလည္း စိတ္ဝင္စားမႈနည္းလာပါတယ္။ သူတို႔ဟာ လူသုံးနည္းတဲ့ စကားလုံးေတြ၊ ရွည္လ်ားတဲ့စာေတြကို ဖတ္ဖို႔ ခက္ခဲလာပါတယ္။ သူတို႔ ဒီလိုႀကဳံေတြရတဲ့အခါ ဘာကိုဆိုလိုတာလဲဆိုတာ နားမလည္တာေၾကာင့္ သူတို႔ဟာ စိတ္ဘဝင္မက်မႈကို ခံစားၾကရပါတယ္။ ဒါ့ေၾကာင့္ သူတို႔ဟာ ဉာဏ္အားစိုက္ရတဲ့အလုပ္ကို ေက်ာ္ၿပီး စိတ္ၿငိမ္းခ်မ္းမႈကိုသာ လိုလားၾကပါတယ္။
Home diagnostics
dementia လို႔သတ္မွတ္ႏိုင္တဲ့ စမ္းသပ္မႈေတြ အမ်ားႀကီးရွိပါတယ္။ နာမည္အႀကီးဆုံးက 6CIT, SAGE ႏွင့္ MMSE တို႔ျဖစ္ပါတယ္။ စမ္းသပ္မႈတစ္ခုစီမွာ ေမးခြန္းအနည္းငယစီပါဝင္ၿပီး လူတစ္ေယာက္မွာ စိတ္ပိုင္းဆိုင္ရာေရာဂါ သို႔ မွတ္ဉာဏ္ခ်ိဳ႕ယြင္းမႈေရာဂါ ခံစားေနရလွ်င္ ရွာေတြ႕ဖို႔ ကူညီႏိုင္ပါတယ္။
သက္ႀကီး႐ြယ္အိုတစ္ေယာက္ကို ေအာက္ပါစမ္းသပ္မႈေတြ ျပသၾကည့္ပါ။ သူတို႔ကို ျဖည့္စြက္ဖို႔ ၁၅မိနစ္ေပးပါ။ ေမးခြန္းတစ္ဝက္ကိုသာ ေျဖႏိုင္လွ်င္ သူတို႔မွာ cognitive ျပႆနာရွိေနၿပီျဖစ္ပါတယ္။ ဆရာဝန္တစ္ေယာက္ႏွင့္ သြားျပတာ ပိုေကာင္းပါတယ္။
ေနာက္ဆုံးအေနနဲ႔ သင့္ရဲ႕ သက္ႀကီး႐ြယ္အိုေဆြမ်ိဳးသားခ်င္းေတြရဲ႕ အျပဳအမႈကို သတိထားေပးဖို႔ အႀကံျပဳလိုပါတယ္။

Lifestyle_Myanmar

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here