သင့်ရဲ့သွားတွေကိုဖြူစင်၀င်းပလာစေရန်အိမ်မှာအလွယ်ပြုလုပ်နိုင်တဲ့သဘာ၀နည်းလမ်း၂ချက်

0
211
- Advertisement -

သွားတွေကို ဖြူလာစေဖို့အတွက်ဆို တစ်ကယ်က အလှအပထွက်ကုန်တွေ သွားတိုက်ဆေးများစွာရှိပါတယ်။ ဒါပေမယ့် သွားတွေကိုဖြူစေတဲ့ ထုတ်ကုန်အများစုက ဓာတုပစ္စည်းတွေသုံးထားပြီး သင့်သွားတွေကို အရောင်တင်ပေးတာပါ။

-Advertisement-

ဒါကြောင့် သင့်အနေနဲ့ သွားတွေကိုလည်းဖွေးလာစေချင်တယ်၊ ဓာတုပစ္စည်းတွေကိုလည်းရှောင်ရှားလိုတယ်ဆိုရင် လုံခြုံစိတ်ချရတဲ့ သဘာ၀ထွက်ကုန်တွေနဲ့အိမ်မှာ အလွယ်လုပ်နိုင်မယ့်နည်းလမ်းလေးတွေမျှ၀ေပေးလိုက်ပါတယ်။

ဘာကြောင့်သွားတွေ၀ါလာလဲ

အကြောင်းအချက်များစွာကသွားတွေကိုမှိုင်းလာစေပြီး သူ့ရဲ့တောက်ပမှုကို တဖြည်းဖြည်းဆုံးရှုံးလာစေပါတယ်။ အချို့အစားစာတွေက သွားတွေရဲ့အပြင်ဆုံးအလွှာက ကြွေထည်ကို စွန်းထင်းလာစေပါတယ်။

အဲ့ဒီအရာတွေဟာသွားပေါ်မှာစုပုံလာတဲ့အခါ သူတို့ကို အ၀ါရောင်အဖြစ်ပြောင်းသွားစေတာပါ။ ဒီလိုသွားတွေ ၀ါသွားတာမျိုးက ပုံမှန်သွားတိုက်တာနဲ့ သွားသန့်ရှင်းရေးအမြဲလုပ်ရင် အဖြူရောင်သွားတွေကိုပြန်လည်ရရှိစေမှာပါ။

ဒါပေမယ့် တစ်ခါတစ်လေကျတော့ ဒီအ၀ါရောင်အစွန်းအထင်းတွေ ချေးတွေဟာ သွားရဲ့အောက်လွှာကကြွေလွှာတွေကိုပါ အ၀ါရောင်တွေဖြစ်စေပါတယ်။ အဲ့ဒီလို ခက်ခဲတဲ့ ၀ါထိန်နေတဲ့သွားတွေကိုဘယ်လိုဖွေးသွားအောင်လုပ်မလဲ အောက်မှာကြည့်ကြည့်ရအောင်။

ဆီနဲ့ချေးချွတ်ခြင်း

Oil Pullingလို့ခေါ်တဲ့ ဒီနည်းလေးက အိန္ဒိယရိုးရာဆေးနည်းတစ်လက်ဖြစ်ပီးတော့ ပါးစပ်သန့်ရှင်းရေးနဲ့ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုဖယ်ရှားဖို့ပဲဖြစ်ပါတယ်။

အစဉ်အလာအားဖြင့်ဆီနဲ့အဆိပ်အတောက်တွေကို ဆွဲထုတ်တဲ့နည်းအတွက် နေကြာဆီ သို့မဟုတ် နှမ်းဆီကို အင်ဒီယန်းများကအသုံးများကြပါတယ်။ သင့်အနေနဲ့တော့ ဘယ်လိုဆီကိုမဆိုသုံးပြီးလုပ်နိုင်ပါတယ်။

လူတော်တော်များများကတော့ Coconut oilအုန်းဆီကို အများဆုံးသုံးကြပါတယ်။ သူက ကောင်းမွန်တဲ့အရသာလည်းရှိတယ်။ ကျန်းမာရေးအကျိူးကျေးဇူးတွေလည်းများစွာရှိလို့ပါပဲ။ ပီးတော့သူ့မှာ lauric acidပါ၀င်ပြီးတော့ ဒီအက်ဆစ်က ရောင်ရမ်းတာတွေကိုလျော့နည်းစေသလို ဘက်တီးရီးယားတွေကိုလည်းသတ်နိုင်ပါတယ်။

ဒီသွားကုထုံးကိုဘယ်လိုလုပ်ရမလဲဆိုတော့ ဇွန်းတစ်ဇွန်းစာဆီကို ပါးစပ်ထဲထည့်ပြီး သင့်ရဲ့သွားတွေကိုတိုက်ချွတ်ဆေး ကြောပါ။ အခဲလည်းဖြစ်နေနိုင်တဲ့အတွက် အချိန်အနည်းငယ်ကြာရင်တော့ အရယ်ပျော်သွားပါလိမ့်မယ်။ ပီးရင်ပလုတ် ကျင်းသလို၁၅မိနစ်လောက်မိနစ်၂၀လောက် လည်ပတ်စေပါ၊ သင့်ပါးစပ်ထဲမှာရှိတဲ့ဘက်တီးရီးယားတွေကိုဒါကဖယ်ရှားပစ်ပီးသင့်ရဲ့ ၀ါနေတဲ့ သွားချေးတွေကို ချွတ်ပေးပါလိမ့်မယ်။

ဒီလုပ်ဆောင်မှုက သင့်ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အဆိပ်တွေကိုထုတ်ပေးမှာဖြစ်သလို၊ အဓိကအနေနဲ့ ပါးစပ်ကျန်းမာရေးတိုးတက်စေရန်သာမကသင့်ကျန်းမာရေးအလုံးစုံတိုးတက်စေရန်ဖြစ်ပါတယ်။

မုန့်ဖုတ်ဆိုဒါနဲ့သွားတိုက်ခြင်း

ဆိုဒီယမ်ဘိုင်ကာဗွန်နိတ်လို့ခေါ်တဲ့ အဖြူရောင်ပေါင်ဒါမှုန့်တွေကို များသောအားဖြင့်မုန့်ဖုတ်တဲ့နေရာမှာသုံးကြပါတယ်။ မုန့်ဖုတ်ဆိုဒါရဲ့သဘာ၀ဂုဏ်သိက္ခာက အဖြူရောင်ဖြာထွက်စေတဲ့ဂုဏ်သတ္တိရှိတာပါ။

ဒီ့အတွက်ကြောင့်လည်း စီးပွားဖြစ်သွားတိုက်ဆေးတွေမှာ ပါ၀င်ပစ္စည်းအဖြစ်သူကရေပန်းစားပါတယ်။ သူကအလွန်ပျော့ပြောင်းတဲ့ပွန်းစားခြင်းဖြစ်ပြီး သွားတွေရဲ့အေပါ်ယံမျက်နှာပြင်က အညစ်အကြေးအစွန်းထင်းတွေအတွက်ဖယ်ရှားပေးပါတယ်။

နောက်Baking Sodaလို့ခေါ်တဲ့ မုန့်ဖုတ်ဆိုဒါမှာ အယ်ကာလိုင်းပါ၀င်တဲ့အတွက် ဘက်တရီးယားတွေကို မကြီးထွားအောင်တားဆီးပေးပါတယ်။ ဒီဟာက ညတိုင်းအတွက် သင့်သွားတွေကို ဖြူဖွေးတောက်ပေစေတဲ့ဆေးတစ်လက်တော့မဟုတ်ပါဘူး။

ဒါပေမယ့် အချိန်တွေကြာလာတာနဲ့အမျှ သင့်သွားရဲ့အသွင်အပြင်ဟာ အရင်နဲ့ဘာတွေကွာခြားသွားပီလဲဆိုတာ သင်သတိပြုမိလာပါလိမ့်မယ်။ လော့လာမှုတွေအရမုန့်ဖုတ်ဆိုဒါပါ၀င်တဲ့သွားတိုက်ဆေးတွေက သာမန်သွားတိုက်ဆေးတွေထက်သိသိသာသာအကျိုးသက်ရောက်မှုတွေရှိစေတယ်လို့ဆိုပါတယ်။

ဒီကုထုံးကိုသုံးဖို့အတွက်ဆို မုန့်ဖုန်ဆိုဒါတစ်ဇွန်းကို ရေလက်ဖက်ရည်ဇွန်း ၂ဇွန်းနဲ့မျှတအောင်ရောပါ။ ပြီးရင်သွားတိုက်ဆေးနဲ့ရောပြီးတိုက်ပါ။ ဒီလုပ်ငန်းကို တစ်ပတ်မှာ အကြိမ်အနည်းငယ်ပြုလောက်ကြည့်ပါ။

သင့်ရဲ့သွားတွေဖြူဖွေး၀င်းလက်လာပါလိမ့်မယ်။ လောဘကြီးပြီး ခနခနတော့မလုပ်မိပါစေနဲ့။ တန်ဆေးလွန်ဘေးဆိုတာရှိပါတယ်။ မုန့်ဖုတ်ဆိုဒါကို အွန်လိုင်းက၀ယ်ယူနိုင်သလို အလွယ်စျေးတွေထဲမှာလည်း ၀ယ်ယူနိုင်ပါတယ်နော်…

သွားဖြူစေတဲ့ထုတ်ကုန်တွေကလည်း ထိခိုက်မှုတွေများစေတဲ့အတွက် သွားကိုဖြူဖွေးလှပလာစေမယ့်နည်းလမ်းတွေတအများကြီးရှိပေမယ့် အန္တရယ်လည်းမများ ထိခိုက်ပျက်စီးမှုလည်းနည်းတဲ့ သွားတွေကိုဖြူစင်၀င်းပလာစေမယ့်အလွယ်လုပ်လို့ရမယ့် အိမ်တွင်းနည်းလမ်းတွေကို မျှ၀ေပေးလိုက်တာပါနော်…

#Lifestyle_Myanmar

#Mg_Htet

REF_Health.Com

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here