သင့်ရဲ့ပုဂ္ဂိုလ်ရေးနဲ့ အချစ်ရေးအကြောင်းကို ဖော်ပြပေးနေတဲ့ လက္ခဏာပုံစံ (၃) မျိုး
0
2214
သင့်ရဲ့လက်ဖဝါးက နှလုံးလမ်းကြောင်းကို ကြည့်ပြီး သင့်ရဲ့အချစ်ရေးအိမ်ထောင်ရေးကို ကောင်းစွာခန့်မှန်းနိုင်ကြောင်းလက္ခဏာဗေဒပညာရှင်တွေ တညီတညွတ်တည်း ပြောကြားထားကြပါတယ်။ ကိုယ့်ရဲ့လက်ဖဝါးနှစ်ဖက်ကိုတိုက်ကြည့်ပြီး လွယ်ကူစွာသိရှိနိုင်မယ့်နည်းလမ်းဖြစ်လို့ မျှဝေပေးလိုက်ပါတယ်။
-Advertisement-
၁။ ညာဖက်လက်ဖဝါးရဲ့နှလုံးလမ်းကြောင်းက ဘယ်ဖက်လက်ဖဝါးရဲ့လမ်းကြောင်းထက်ပိုမြင့်နေရင်
ဒီလိုနှလုံးလမ်းကြောင်းကို ပိုင်ဆိုင်ဆိုရင်တော့ သင်ဟာရင့်ကျက်တဲ့သူတွေကို မြတ်နိုးတတ်ပါတယ်။ ဒါကြောင့်ပဲကိုယ့်ထက်အသက်ပိုကြီးတတ်တဲ့ သူတွေကိုလက်တွဲဖို့ဆုံးဖြတ်တတ်ပြီး သင့်အတွက် ရှေ့ဆောင်လမ်းပြပြီး နားလည်ခွင့်လွှတ်ပေးနိုင်မယ့် ချစ်သူမျိုးကိုဦးစားပေးရှာဖွေလျက်ရှိပါတယ်။
ဒီလိုလက္ခဏာပိုင်ရှင်တွေဟာ လွတ်လပ်မှုကိုချစ်တတ်ပြီး ချစ်သူကိုပျော်ရွင်စေဖို့ ဘယ်လိုအတားအဆီးမျိုးကိုမဆို ဖယ်ရှားမယ့်သူတွေပါ။
ဒါ့ကြောင့်ဒီလိုလက္ခဏာပိုင်ရှင်ဟာ ရိုမန်တစ်အဆန်ဆုံးသူတွေ ဖြစ်နေတတ်ပြီး ကိုယ့်ရဲ့လက်တွဲဖော်ကိုလည်း အခြားစုံတွဲတွေထက် ပိုချစ်တတ်တဲ့စရိုက်ရှိပါတယ်။
၂။ ဘယ်ဖက်လက်ဖဝါးရဲ့နှလုံးလမ်းကြောင်းက ပိုမြင့်နေရင်
ဒီလိုလက္ခဏာပိုင်ရှင်တွေကတော့ စွန့်စားမှုကို နှစ်သက်ကြသူတွဖြစ်ပြီး သူတို့ကိုဘယ်အရာကမှ တားဆီးခွင့်မပေးတတ်ပါဘူး။ သူတို့တွေဟာ အချစ်ကိုပျော်ရွင်ဖို့အတွက် သဘောထားတတ်ကြပြီး လုံးဝ serious ကြီးမခံစားတတ်ကြပါဘူး။ ဒါကြောင့်ပဲ သူတို့ကောင်းစွာအရူးလုပ်နိုင်မယ့် သူတွေကိုပဲရှာဖွေတတ်ပြီး အထူးသဖြင့်ကိုယ့်ထက်ငယ်ရွယ်တဲ့ ချစ်သူမျိုးကိုပဲ ရှာဖွေတတ်ကြပါတယ်။ သူတို့ဟာ အသစ်သောအရာတွေကို ပိုင်ဆိုင်နိုင်ဖို့ ရှာဖွေနေတတ်ကြပြီး တကယ်လို့သူတို့နက်နက်နဲနဲ ချစ်မိသွားရင်တော့ အချစ်ကိုအလေးအနက်ထားတတ်ကြပါတယ်။
၃။ လက္ခဏာနှစ်ဖက်က တူညီနေရင်
ဒီလက္ခဏာပိုင်ရှင်မျိုးကို သင်ပိုင်ဆိုင်ခွင့်ရရင်တော့ ကံအကောင်းဆုံးသူတစ်ယောက်လို့ပြောလို့ရပါတယ်။ သူတို့တွေဟာ ခိုင်မာတဲ့ဦးဆောင်မှု ရှိကြပြီး ချစ်သူကိုလည်းပျော်ရွင်အောင်စောင့်ရှောက်ပေးတတ်ကြပါတယ်။ချစ်သူရဲ့အမြင်နဲ့ ယူဆချက်တွေကိုလည်း တန်ဖိုးထားတတ်သလို ချစ်သူကိုကတိပေးဖို့ မကြောက်တတ်ကြပဲ ကိုယ့်ရဲ့ relationship ကိုအလွန်လေးနက်တတ်သူတွေ ဖြစ်ကြပါတယ်။ သူတို့နဲ့ချစ်သူဖြစ်ရင်တော့ သင်ဘာပဲဖြစ်နေနေ သူတို့နောက်မှာအမြဲရှိနေတယ် ဆိုတာကို သတိရလိုက်ပါ။
LM_Naung_Naung
Lifestyle_Myanmar
LM_Naung_Naung
Lifestyle_Myanmar
LEAVE A REPLY
Please enter your comment!
Please enter your name here