Home Relationship သင့်ရဲ့ချစ်သူဟာ သင့်အတွက်အချစ်စစ်ဖြစ်ကြောင်း ဖော်ပြနေတဲ့ အချက် (၅)

သင့်ရဲ့ချစ်သူဟာ သင့်အတွက်အချစ်စစ်ဖြစ်ကြောင်း ဖော်ပြနေတဲ့ အချက် (၅)

0
1

“အချစ်ရှိလာတဲ့အခါ ဘဝလည်းရှိလာတယ်”~ မဟတ္တမ ဂန္ဓီ
စိတ်ဝင်စားခြင်းနဲ့ ချစ်မြတ်နိုးခြင်းဟာ အရမ်းကိုကွဲပြားတဲ့ အရာနှစ်ခု ဖြစ်ပါတယ်။ ပြီးတော့ သင်ယုံချင်မှယုံပါလိမ့်မယ်၊ တစ်စုံတစ်ယောက်က အခြားတစ်ယောက်ကို ချစ်မိတဲ့အခါ အပြင်ပန်းအရ အမြဲတမ်း သိသာထင်ရှား မနေပါဘူး။ ဒါပေမယ့် ဒီအချက်တွေကို သင်သို့မဟုတ် သူကြုံလာပြီဆိုရင်တော့ ဧကန်မုချ သူဟာသင့်အတွက် အချစ်စစ်ဖြစ်ကြောင်း သိရှိနိုင်ပါတယ်။
၁။ သူ့ရဲ့မျက်နှာ သို့မဟုတ် မျက်ဝန်းထဲကို သင်အမြဲတမ်း ကြည့်နေတတ်တယ်
အကြည့်ချင်းဆုံခြင်းဟာ တစ်ဦးနဲ့တစ်ဦး ချစ်ခြင်းမေတ္တာတွေ၊ တပ်မက်ခြင်းတွေ ဖလှယ်ရုံသာမက ရင်ခုန်စရာခံစားချက်တွေကို သံစဥ်ညှိဖို့ ပေါင်းကူးတံတားလို့တောင် တင်စားလို့ရပါတယ်။ တကယ်လို့သာ သင်ကသူ့ကိုအရမ်းချစ်ပြီး သင့်ဘဝရဲ့ အချစ်စစ်သာဖြစ်မယ်ဆိုရင် သူ့ရဲ့မျက်ဝန်းနဲ့ မျက်နှာလေးကို သင်ဘယ်တော့မှ ကြည့်လို့ဝမှာမဟုတ်သလို အမြဲတမ်းကြည့်ချင်နေပါလိမ့်မယ်။

၂။ စွန့်လွှတ်စရာ ရှိတာတွေကို သင်လိုလိုလားလားနဲ့ စွန့်လွှတ်ပါလိမ့်မယ်
ချစ်သူတိုင်းပျော်ရွင်စွာ ချစ်ကြည်နူးဖို့အတွက် တချို့ကိုယ်ရေးကိုယ်တာ ကိစ္စရပ်တွေကို စွန့်လွှတ်ရတာဟာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုလို့ ပြောလို့ရပါတယ်။ ဥပမာတစ်ယောက်နဲ့တစ်ယောက် ကတိကဝတ်တွေ ပေးရတဲ့အခါမျိုးတွေမှာ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေကို သင့်ဖက်က လိုလိုလားလားနဲ့ စွန့်လွှတ်ရဲတယ်ဆိုရင် သင်အချစ်နွံထဲနစ်နေပြီး သင့်ဘဝအတွက် အချစ်စစ်ကို ရှာဖွေတွေ့ရှိသွားပြီလို့ သတ်မှတ်လို့ရပါတယ်။

၃။ ငါသို့မဟုတ်ငါ့ကိုနေရာမှာ ငါတို့ သို့မဟုတ် ငါတို့ကိုဆိုတဲ့ အသုံးအနှုန်းကို ပိုပြီးအစားထိုးလာတယ်
သူနဲ့သင်နဲ့ဟာ နှစ်ယောက်တစ်ဘဝဖြစ်လာတာနဲ့အညီ တစ်ယောက်နဲ့တစ်ယောက် ပတ်သတ်မှုတွေ ကိစ္စရပ်တွေဟာလည်း ထပ်တူပေါင်းစည်းသလိုမျိုး ခံစားရပါလိမ့်မယ်။ ဒါ့ကြောင့် ဘယ်လိုစကားမျိုးကိုပဲစစ ကိုယ့်ရဲ့ပါတနာတစ်ယောက်လိုမျိုး ပြောနေမိပါလိမ့်မယ်။

၄။ သူ့လက်အောက်မှာ နေရလည်း သင့်အတွက်အဆင်ပြေတယ်
လူတိုင်း ယေဘုယျအားဖြင့် ခပ်အေးအေးနေတတ်သူနဲ့ လူပါင်းဆံ့ပြီးပျော်တတ်သူဆိုပြီး ကိုယ်ရည်ကိုယ်သွေးနှစ်မျိုး ခွဲခြားလို့ရပါတယ်။ ဘယ်လိုလူမျိုးပဲဖြစ်ပါစေ၊ အချစ်စစ်နဲ့ရင်ဆိုင်တွေ့တဲ့အခါမှာတော့ ကိုယ်တိုင်လက်နက်ချ အညံ့ခံဖို့ ဝန်မလေးသလို ကိုယ့်ရဲ့ဘုရင်မလက်အောက်မှာ အမှုထမ်းခွင့်ရတဲ့အတွက် ပျော်ရွင်နေတတ်ပါတယ်။ သူမအတွက်ဆို ကိုယ့်ရဲ့ထီးနန်းကို စွန့်လွှတ်ဖို့လည်း ဂရုမစိုက်ပါဘူး။

၅။ ကိုယ့်ကိုယ်ကို မေ့သွားတတ်လို့ ပြန်ရှာနေရတယ်
အချစ်နဲ့တွေ့တဲ့အခါ ဦးနှောက်မှာ မြင့်မားတဲ့ဖိအားတွေ ဖြစ်လာတာကြောင့် အရက်သောက်တဲ့အချိန်၊ အားကစားလုပ်တဲ့အချိန်နဲ့ပျော်စရာကောင်းတဲ့ ဂိမ်းကစားချိန်တွေလို အပြောင်းအလဲတွေ ဖြစ်လာကြောင်း ဇီဝဗေဒနဲ့ relationship ကျွမ်းကျင်သူ Helen Fisher ကပြောခဲ့ပါတယ်။ ကိုယ့်ရဲ့အချစ်စစ်နဲ့ ကြာရှည်လက်တွဲရတဲ့အတွက် သံယောဇဥ်နှောင်ကြိုးကလည်း တဖြည်းဖြည်းပိုမိုရစ်ပတ်လာလို့ သူမနဲ့ကြည်နူးတဲ့အချိန်တိုင်းမှာ ကိုယ့်ကိုယ်ကိုတောင် မေ့သွားတတ်လောက်အောင် ပျော်ရွင်နေတတ်ပါတယ်။ ဘယ်လိုအရာမျိုးပဲဖြစ်ဖြစ် သူမကိုသာအရင်ဆုံး သတိရပြီး တွေးတောနေပါလိမ့်မယ်။
LM_Naung_Naung
Lifestyle_Myanmar

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here