သင့်ရဲ့ကြောင်လေးက သင့်ကို ချစ်ကြောင်း ပြောပြနေတဲ့နည်းလမ်း (၁၀)ခု

0
172

ကြောင်ချစ်သူလေးတွေ ရှိမှာပါနော်။ ကြောင်လေးတွေ၊ ခွေးလေးတွေက သခင်ကို အရမ်းချစ်တတ်ပြီး ပွတ်သီးပွတ်သပ်နေချင်ကြပါတယ်။ သူတို့က မိသားစုဝင်တွေလိုပါပဲ။ တခါတလေမှာ သူတို့ကို ကျောပွတ်ပေးတဲ့အခါ သင့်ကို ရုတ်တရက်ကိုက်လို့ မစိုးရိမ်ပါနဲ့။ သူတို့ရူးနေတာ မဟုတ်ပါဘူး။ သူတို့ သင့်ကို ချစ်လို့လုပ်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သင့်ရဲ့ကြောင်လေးက သင့်ကို ချစ်ကြောင်း သင်နားလည်စေဖို့ ကြောင်လေးတွေရဲ့ အမူအယာကို မျှဝေပေးလိုက်ပါတယ်နော်။ သင်သူတို့ကို အရမ်းချစ်လွန်းတယ်ဆိုတာ သိစေဖို့ သူတို့ဗိုက်လေးတွေကို ကုတ်ပေးဖို့ မမေ့ပါနဲ့နော်။

-Advertisement-

၁။ သင့်ကြောင်လေးက သင့်နှုတ်ခမ်းကို ရုတ်တရက် တို့ထိတဲ့အခါ သူတို့ရဲ့အချစ်ကို ပြသဖို့ ရည်ရွယ်တယ်လို့ မထင်ပါနဲ့နော်။

၂။ သင့်ကို သူတို့ခေါင်းနဲ့ ပွတ်တိုက်ခြင်းက ချစ်ခင်မှုရဲ့ လက္ခဏာတစ်ခုဖြစ်ပြီး ရန်လိုတဲ့ အဓိပ္ပာယ် မဟုတ်ပါဘူး။

၃။ သင့်ရဲ့ကြောင်လေးက ချစ်ခင်တဲ့အမူအယာအဖြစ် သင့်ကို ကြည့်တဲ့အခါ သူတို့ရဲ့ မျက်စိကို မှေးကြည့်တတ်ပါတယ်။

၄။ သင့်ကို သူတို့ချစ်တာကြောင့် တခါတလေမှာ အကြောင်းရင်းမရှိဘဲ နှိပ်ပေးတတ်ပါသေးတယ်နော်။

၅။ ဗိုက်ဆာလာတဲ့အခါ သင်သွားရာနောက် တကောက်ကောက်လျှောက်လိုက်သလို တခါတလေ သင်တို့သွားရာ နောက်လည်း လိုက်စေချင်ကြပါတယ်။

၆။ သူတို့ဗိုက်ဆာနေတဲ့အချိန် သင်အစာကျွေးဖို့ မေ့နေတဲ့အခါ “ငါ အိမ်မှာရှိနေတယ်” လို့ ယခုလို သတိပေးတတ်ပါသေးတယ်။

၇။ တခါတလေ သင့်ကိုစာနာသောအားဖြင့် ကြွက်လေးတွေ ဖမ်းလာပေးတတ်ပါသေးတယ်နော်။

၈။ သူတို့ဗိုက်လေးကို ကုတ်ပေးစေချင်ရင် သင့်ပေါ်မှာ အဆင်သင့် ပက်လက်လေး လှန်ပေးတတ်ပါသေးတယ်။

၉။ အဝတ်အစားပေါ်မှာ အမွှေးတွေကပ်လို့ သင်ဘယ်လောက်ပဲ ဖယ်ရှားပစ်ပါစေ၊ သူတို့အရေးမထားပါဘူး။ သင့်အဝတ်အစားတွေပေါ်မှာ အိပ်တာက သင့်ကိုချစ်လို့ပါ။

၁၀။ ကြောင်တွေက များသောအားဖြင့် လူတွေပေါ်မှာ အိပ်တတ်ကြပါတယ်။ သင် သူတို့ကို ဖယ်ထုတ်လည်း သင့်ပေါ်မှာ ပြန်တတ်အိပ်ဦးမှာပါ။

၁၁။ သင့်လက်ကို လာလာလျက်တတ်တာဟာ သင့်လက်မှာ စားစရာနံ့ရလို့မဟုတ်ပါဘူး၊ သူတို့ရဲ့ နူးညံ့တဲ့ ခံစားချက်တွေကို သင့်အားပြောပြဖို့ ကြိုးစားနေတာပါ။

၁၂။ သူတို့ကိုက်တာက နာကျင်နိုင်ပေမယ့် သူတို့ရန်လိုနေလို့ မဟုတ်ပါဘူး။ သူတို့ရဲ့ ချစ်ခြင်းမေတ္တာ ခံစားချက်တွေ လွန်ကဲသွားလို့ပါ။

၁၃။ သင်စာကျက်နေတဲ့ စာအုပ်ပေါ်မှာ သို့ သင်အလုပ်လုပ်နေတဲ့ ကီးဘုတ်ပေါ်မှာ လာအိပ်တတ်တာက သူတို့ကို ဂရုစိုက်စေချင်လို့ သင်လုပ်နေတာကို တားဆီးယုံပါပဲ။

Lifestyle_Myanmar

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here