Home Family သင့်ဘေဘီလေးအတွက် အစားအစာကို ကျန်းမာရေးနှင့် ညီညွတ်အောင် ဘယ်လိုလုပ်မလဲ?

သင့်ဘေဘီလေးအတွက် အစားအစာကို ကျန်းမာရေးနှင့် ညီညွတ်အောင် ဘယ်လိုလုပ်မလဲ?

0
1

မေမေတို့ရေ.. ဘေဘီလေးအတွက် ဖြည့်စွက်စာ စကျွေးရတော့မယ်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါနော်။ ကလေးအတွက် ကျန်းမာတဲ့ အစားအစာကို ဘယ်လိုလုပ်မလဲဆိုတာ လေ့လာနိုင်ပါတယ်။

ဘေဘီလေးအတွက် ကျန်းမာသောအစားအစာ ပြုလုပ်ခြင်း
ဒီစာရင်းက ဥပမာတစ်ခုသာ ဖြစ်ပါတယ်နော်။ အိမ်မှာ သင့်ကလေးအတွက် ဒီအစားအစာတွေပြုလုပ်ပြီး မကျွေးခင်မှာ သူတို့အသက်အရွယ်အလိုက် ဘယ်အစားအစာတွေကို ထည့်ကျွေးနိုင်သလဲဆိုတာ အတိအကျသိဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် ကလေးဆရာဝန်ဆီက အကြံဉာဏ်ရယူသင့်ပါတယ်နော်။

၆လနှင့် အထက် ။ မိခင်နို့သာ တိုက်ရပါမယ်။ သင့်ဘေဘီလေးကို နို့ဘူးတိုက်နေရင်တောင် အသက် ၄လနှင့် ၆လအကြားမှာ သူတို့ရဲ့ အစားအသောက်ထဲကို ကလေးအစားအစာ အနည်းငယ်သာ ထည့်သွင်းသင့်ပါတယ်။
၆လနှင့် ၁၂လအကြား။ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ။ စီရီရယ်၊ ပဲတောင့်ရှည်မျိုးဖြစ်သောပဲတွေ၊ ကြက်ဥတွေ၊ အသား၊ ကြက်သား၊ ငါးနှင့် သံလွင်ဆီ။
အသက် ၁၂လနှင့် ၂၄လအကြား။ ဒိန်ခဲအပျော့ ၊ ဒိန်ချဉ်၊ နို့။
၃နှစ်နှင့် အထက်။ အခွံမာသီး၊ ပန်းသီး၊ မုန်လာဥနီ၊ ကလေးမနင်နိုင်မယ့် အစားအစာများ။

စျေးဝယ်တဲ့အခါ ဂရုစိုက်ရမှာက

လတ်ဆတ်သော အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များကို ဝယ်ပါ။ သူတို့ရဲ့ ဂုဏ်သတ္တိများမဆုံးရှုံးအောင် အများဆုံး သုံးရက်အတွင်းမှာ အသုံးပြုဖို့ ကြိုးစားပါ။
အဆီနည်းတဲ့ အသားကို ရွေးချယ်ပါ။ သင့်ဘေဘီလေးအတွက် ကျန်းမာတဲ့ အစားအစာပြင်ဆင်ဖို့ အကောင်းဆုံးနည်းလမ်းက အဆီပိုလျှံမှုမှ ကာကွယ်ဖို့ အဆီနည်းတဲ့ အသားကို ဝယ်ဖို့ ဖြစ်ပါတယ်။ မချက်ခင် အဆီကို လှီးထုတ်ပစ်ပါ။
ကလေးအတွက် ထမင်းနှင့်အသားကိုရောပြီး အနှစ်တိုက်ကျွေးမယ်ဆိုရင် နူးညံ့တဲ့အသားကို အတုံးသေးသေးလေးတွေတုံးပြီး အသုံးပြုဖို့ သတိရပါ။ ကလေးကို ဖြည့်စွက်စာမကျွေးခင်မှာ ကလေးဆရာဝန်တွေဆီက အကြံဉာဏ်ရယူပါ။

ချက်ပြုတ်တဲ့အခါ သတိထားရမှာက

ဘေဘီလေးအတွက် ကျန်းမာတဲ့ အစားအစာတွေ ပြုလုပ်ဖို့ မေမေတို့ရဲ့ လက်တွေကို သေချာ ဆေးကြောပါ။
တစ်ကိုယ်ရည် သန့်ရှင်းရေးက ချက်ပြုတ်တဲ့နေရာမှာ အလွန်အရေးပါပါတယ်။
အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များကို တစ်ခုချင်းစီ သေသေချာချာ ဆေးကြောဖို့ မမေ့ပါနဲ့နော်။
ချက်ပြုတ်တဲ့အခါ ဆားလျှော့သုံးပါ။ ဆားအများကြီး အသုံးပြုရင် ကလေးရဲ့ ကျောက်ကပ်ထိခိုက်နိုင်တာကြောင့် ဆား အနည်းငယ်မျှသာ သုံးသင့်ပါတယ်။ တစ်နှစ်အရွယ်ကလေးအတွက် ဆားသုံးစွဲမှုဟာ တစ်နေ့ကို ဆား ( ၁ )ဂရမ်ထက် မပိုသင့်ပါဘူး။ အသက် ၃နှစ်မှာ နေ့စဉ် (၂) ဂရမ်လောက် ကျွေးနိုင်ပါတယ်။
တခြားအဆီတွေအစား သံလွင်ဆီကို ရွေးချယ်ပါ။ သံလွင်ဆီမှာ monounsaturated fatty acids, unsaturated fatty acidsနှင့် vitamin Eတို့ ပါရှိပါတယ်။

အခြားသော အကြံပြုချက်များ

သားငါး၊ အသီးအရွက် စွပ်ပြုတ်ကိုသုံးပါ။ ဟင်းသီးဟင်းရွက် စွပ်ပြုတ်ကို ထမင်းထဲမှာဖြစ်ဖြစ် တခြား စီရီရယ်ထဲမှာဖြစ်ဖြစ် ရောကျွေးနိုင်ပါတယ်။
အနှစ်တိုက်ပြီး ကျွေးတဲ့အခါ နို့ထည့်ကျွေးပါ။ သင့်ကလေးကို ထမင်းနှင့် ဟင်းသီးဟင်းရွက်တွေ အနှစ်တိုက်ပြီး ကျွေးနေလျှင် အနှစ်က အရမ်းပျစ်ပျစ်ကြီး မဖြစ်ဖို့ သတိထားပေးပါ။ ပျစ်ပျစ်ကြီးမဖြစ်အောင် နို့ သို့ရေထည့်နိုင်ပါတယ်။ သင့်ကလေးပုံမှန်သောက်နေကျ နို့ ဒါမှမဟုတ် မိခင်နို့ထည့်ပြီး ကျွေးနိုင်ပါတယ်။
အေးခဲထားတဲ့ အစားအစာများကို မသုံးပါနဲ့။ ကလေးကို ကျွေးဖို့ အစားအစာတွေကို အတုံးသေးသေးလေးတွေတုံးပြီး အေးခဲတာက ကောင်းတဲ့ အိုင်ဒီယာမဟုတ်ပါဘူး။
ထမင်း၊ ကြက်သားနှင့် ဟင်းသီးဟင်းရွက်ကို ရောကျွေးမယ်ဆိုရင် ပထမဆုံး ဟင်းသီးဟင်းရွက်နှင့် ကြက်သားအတုံးသေးသေးလေးတွေကို နူးအိသွားတဲ့အထိ ပြုတ်ပါ။ ကြက်သားဖက်တွေကို ဖယ်ထားပြီး ကြက်ပြုတ်ရည်ထဲမှာ ထမင်းထည့်ချက်ပါ။ ကျက်သွားရင် ထမင်းကို ချေပြီး အနှစ်ပြုလုပ်နိုင်ပါတယ်။
ထမင်းနှင့်မဟုတ်ဘဲ အသီးအနှံကို အနှစ်ပြုလုပ်ပြီး သရေစာ ကျွေးမယ်ဆိုရင် ပန်းသီး၊ ငှက်ပျောသီး၊ သစ်တော်သီးကို သုံးနိုင်ပါတယ်။ ပန်းသီးနှင့် သစ်တော်သီးကို အခွံနွှာ၊ အစေ့ထုတ်ပြီး အတုံးသေးသေးလေးတွေတုံးပြီး ချက်ပါ။ နူးအိသွားတဲ့အခါ ငှက်ပျောသီးနှင့်အတူ blender ထဲမှာ ကြိတ်ပါ။ သကြားမထည့်ပါနဲ့။ နို့ဖြစ်ဖြစ်ထည့်နိုင်ပါတယ်။
သင့်ကလေးရဲ့ အစာအိမ်က သေးသေးလေးပါ။ ဒါ့ကြောင့် သူတို့ကို စားဖို့ အတင်းမကျွေးပါနဲ့။ သင့်အတွက် သေးငယ်တဲ့ ပမာဏလို့ထင်ရပေမယ့် ကလေးအတွက် လုံလောက်တာထက် ပိုနိုင်ပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-steptohealth

ZawGyi

သင့္ေဘဘီေလးအတြက္ အစားအစာကို က်န္းမာေရးႏွင့္ ညီၫြတ္ေအာင္ ဘယ္လိုလုပ္မလဲ?
ေမေမတို႔ေရ.. ေဘဘီေလးအတြက္ ျဖည့္စြက္စာ စေကြၽးရေတာ့မယ္ဆိုရင္ ဒီေဆာင္းပါးေလးကို ဖတ္ၾကည့္ပါေနာ္။ ကေလးအတြက္ က်န္းမာတဲ့ အစားအစာကို ဘယ္လိုလုပ္မလဲဆိုတာ ေလ့လာႏိုင္ပါတယ္။
ေဘဘီေလးအတြက္ က်န္းမာေသာအစားအစာ ျပဳလုပ္ျခင္း
ဒီစာရင္းက ဥပမာတစ္ခုသာ ျဖစ္ပါတယ္ေနာ္။ အိမ္မွာ သင့္ကေလးအတြက္ ဒီအစားအစာေတြျပဳလုပ္ၿပီး မေကြၽးခင္မွာ သူတို႔အသက္အ႐ြယ္အလိုက္ ဘယ္အစားအစာေတြကို ထည့္ေကြၽးႏိုင္သလဲဆိုတာ အတိအက်သိဖို႔ အေရးႀကီးပါတယ္။ ဒါ့ေၾကာင့္ ကေလးဆရာဝန္ဆီက အႀကံဉာဏ္ရယူသင့္ပါတယ္ေနာ္။
၆လႏွင့္ အထက္ ။ မိခင္ႏို႔သာ တိုက္ရပါမယ္။ သင့္ေဘဘီေလးကို ႏို႔ဘူးတိုက္ေနရင္ေတာင္ အသက္ ၄လႏွင့္ ၆လအၾကားမွာ သူတို႔ရဲ႕ အစားအေသာက္ထဲကို ကေလးအစားအစာ အနည္းငယ္သာ ထည့္သြင္းသင့္ပါတယ္။
၆လႏွင့္ ၁၂လအၾကား။ သစ္သီးမ်ား၊ ဟင္းသီးဟင္း႐ြက္မ်ား။ စီရီရယ္၊ ပဲေတာင့္ရွည္မ်ိဳးျဖစ္ေသာပဲေတြ၊ ၾကက္ဥေတြ၊ အသား၊ ၾကက္သား၊ ငါးႏွင့္ သံလြင္ဆီ။
အသက္ ၁၂လႏွင့္ ၂၄လအၾကား။ ဒိန္ခဲအေပ်ာ့ ၊ ဒိန္ခ်ဥ္၊ ႏို႔။
၃ႏွစ္ႏွင့္ အထက္။ အခြံမာသီး၊ ပန္းသီး၊ မုန္လာဥနီ၊ ကေလးမနင္ႏိုင္မယ့္ အစားအစာမ်ား။
ေစ်းဝယ္တဲ့အခါ ဂ႐ုစိုက္ရမွာက
လတ္ဆတ္ေသာ အသီးအႏွံမ်ားႏွင့္ ဟင္းသီးဟင္း႐ြက္မ်ားကို ဝယ္ပါ။ သူတို႔ရဲ႕ ဂုဏ္သတၱိမ်ားမဆုံးရႈံးေအာင္ အမ်ားဆုံး သုံးရက္အတြင္းမွာ အသုံးျပဳဖို႔ ႀကိဳးစားပါ။
အဆီနည္းတဲ့ အသားကို ေ႐ြးခ်ယ္ပါ။ သင့္ေဘဘီေလးအတြက္ က်န္းမာတဲ့ အစားအစာျပင္ဆင္ဖို႔ အေကာင္းဆုံးနည္းလမ္းက အဆီပိုလွ်ံမႈမွ ကာကြယ္ဖို႔ အဆီနည္းတဲ့ အသားကို ဝယ္ဖို႔ ျဖစ္ပါတယ္။ မခ်က္ခင္ အဆီကို လွီးထုတ္ပစ္ပါ။
ကေလးအတြက္ ထမင္းႏွင့္အသားကိုေရာၿပီး အႏွစ္တိုက္ေကြၽးမယ္ဆိုရင္ ႏူးညံ့တဲ့အသားကို အတုံးေသးေသးေလးေတြတုံးၿပီး အသုံးျပဳဖို႔ သတိရပါ။ ကေလးကို ျဖည့္စြက္စာမေကြၽးခင္မွာ ကေလးဆရာဝန္ေတြဆီက အႀကံဉာဏ္ရယူပါ။
ခ်က္ျပဳတ္တဲ့အခါ သတိထားရမွာက
ေဘဘီေလးအတြက္ က်န္းမာတဲ့ အစားအစာေတြ ျပဳလုပ္ဖို႔ ေမေမတို႔ရဲ႕ လက္ေတြကို ေသခ်ာ ေဆးေၾကာပါ။
တစ္ကိုယ္ရည္ သန္႔ရွင္းေရးက ခ်က္ျပဳတ္တဲ့ေနရာမွာ အလြန္အေရးပါပါတယ္။
အသီးအႏွံမ်ားႏွင့္ ဟင္းသီးဟင္း႐ြက္မ်ားကို တစ္ခုခ်င္းစီ ေသေသခ်ာခ်ာ ေဆးေၾကာဖို႔ မေမ့ပါနဲ႔ေနာ္။
ခ်က္ျပဳတ္တဲ့အခါ ဆားေလွ်ာ့သုံးပါ။ ဆားအမ်ားႀကီး အသုံးျပဳရင္ ကေလးရဲ႕ ေက်ာက္ကပ္ထိခိုက္ႏိုင္တာေၾကာင့္ ဆား အနည္းငယ္မွ်သာ သုံးသင့္ပါတယ္။ တစ္ႏွစ္အ႐ြယ္ကေလးအတြက္ ဆားသုံးစြဲမႈဟာ တစ္ေန႔ကို ဆား ( ၁ )ဂရမ္ထက္ မပိုသင့္ပါဘူး။ အသက္ ၃ႏွစ္မွာ ေန႔စဥ္ (၂) ဂရမ္ေလာက္ ေကြၽးႏိုင္ပါတယ္။
တျခားအဆီေတြအစား သံလြင္ဆီကို ေ႐ြးခ်ယ္ပါ။ သံလြင္ဆီမွာ monounsaturated fatty acids, unsaturated fatty acidsႏွင့္ vitamin Eတို႔ ပါရွိပါတယ္။
အျခားေသာ အႀကံျပဳခ်က္မ်ား
သားငါး၊ အသီးအ႐ြက္ စြပ္ျပဳတ္ကိုသုံးပါ။ ဟင္းသီးဟင္း႐ြက္ စြပ္ျပဳတ္ကို ထမင္းထဲမွာျဖစ္ျဖစ္ တျခား စီရီရယ္ထဲမွာျဖစ္ျဖစ္ ေရာေကြၽးႏိုင္ပါတယ္။
အႏွစ္တိုက္ၿပီး ေကြၽးတဲ့အခါ ႏို႔ထည့္ေကြၽးပါ။ သင့္ကေလးကို ထမင္းႏွင့္ ဟင္းသီးဟင္း႐ြက္ေတြ အႏွစ္တိုက္ၿပီး ေကြၽးေနလွ်င္ အႏွစ္က အရမ္းပ်စ္ပ်စ္ႀကီး မျဖစ္ဖို႔ သတိထားေပးပါ။ ပ်စ္ပ်စ္ႀကီးမျဖစ္ေအာင္ ႏို႔ သို႔ေရထည့္ႏိုင္ပါတယ္။ သင့္ကေလးပုံမွန္ေသာက္ေနက် ႏို႔ ဒါမွမဟုတ္ မိခင္ႏို႔ထည့္ၿပီး ေကြၽးႏိုင္ပါတယ္။
ေအးခဲထားတဲ့ အစားအစာမ်ားကို မသုံးပါနဲ႔။ ကေလးကို ေကြၽးဖို႔ အစားအစာေတြကို အတုံးေသးေသးေလးေတြတုံးၿပီး ေအးခဲတာက ေကာင္းတဲ့ အိုင္ဒီယာမဟုတ္ပါဘူး။
ထမင္း၊ ၾကက္သားႏွင့္ ဟင္းသီးဟင္း႐ြက္ကို ေရာေကြၽးမယ္ဆိုရင္ ပထမဆုံး ဟင္းသီးဟင္း႐ြက္ႏွင့္ ၾကက္သားအတုံးေသးေသးေလးေတြကို ႏူးအိသြားတဲ့အထိ ျပဳတ္ပါ။ ၾကက္သားဖက္ေတြကို ဖယ္ထားၿပီး ၾကက္ျပဳတ္ရည္ထဲမွာ ထမင္းထည့္ခ်က္ပါ။ က်က္သြားရင္ ထမင္းကို ေခ်ၿပီး အႏွစ္ျပဳလုပ္ႏိုင္ပါတယ္။
ထမင္းႏွင့္မဟုတ္ဘဲ အသီးအႏွံကို အႏွစ္ျပဳလုပ္ၿပီး သေရစာ ေကြၽးမယ္ဆိုရင္ ပန္းသီး၊ ငွက္ေပ်ာသီး၊ သစ္ေတာ္သီးကို သုံးႏိုင္ပါတယ္။ ပန္းသီးႏွင့္ သစ္ေတာ္သီးကို အခြံႏႊာ၊ အေစ့ထုတ္ၿပီး အတုံးေသးေသးေလးေတြတုံးၿပီး ခ်က္ပါ။ ႏူးအိသြားတဲ့အခါ ငွက္ေပ်ာသီးႏွင့္အတူ blender ထဲမွာ ႀကိတ္ပါ။ သၾကားမထည့္ပါနဲ႔။ ႏို႔ျဖစ္ျဖစ္ထည့္ႏိုင္ပါတယ္။
သင့္ကေလးရဲ႕ အစာအိမ္က ေသးေသးေလးပါ။ ဒါ့ေၾကာင့္ သူတို႔ကို စားဖို႔ အတင္းမေကြၽးပါနဲ႔။ သင့္အတြက္ ေသးငယ္တဲ့ ပမာဏလို႔ထင္ရေပမယ့္ ကေလးအတြက္ လုံေလာက္တာထက္ ပိုႏိုင္ပါတယ္။

Lifestyle_Myanmar

LM_Nandar

Source-steptohealth

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here