သင့်ဘဝကိုအိပ်မက်ဆိုးတစ်ခုဖြစ်သည်ထိ ပြောင်းလဲသွားနိုင်စေတဲ့ သင့်ရဲ့ကောင်းမွန်တဲ့အကျင့်၅ခု

0
159

လူတစ်ယောက်ဟာအခြားလူတစ်ယောက်ယောက်အတွက် ကောင်းတာလုပ်ပေးခဲ့ပေမယ့် စကားလုံးနဲ့ရှင်းပြလို့မရတဲ့တစ်ခုခုကိုပြန်ရတတ်ကြပါတယ်။ ဒါဟာလူ့သဘာ၀ပါပဲ။ အင်တာနက်သုံးစွဲသူတွေလည်း ဒီလို အခြေအနေကို ကြုံဖူးကြ လိမ့်မယ်ထင်ပါတယ်။ ရည်ရွယ်ချက်ကောင်းပေမယ့်ပြန်ရလာတဲ့ တုံပြန်မှုဟာကိုယ့်အပေါ်ထိခိုက်နစ်နာစေတာတွေနဲ့ပက်သက်လို့ သင့်ကိုနောင်တရစေလိမ့်မယ့် သင့်ရဲ့ကောင်းမွန်တဲ့ အကျင့်ငါးမျိုးအကြောင်းကိုမျှ၀ေပေးလိုက်ပါတယ်။ သင့်ရဲ့ဘဝကို အိပ်မက်ဆိုးမက်တွေမက်စေနိုင်တဲ့ သင်အမှန်တကယ်သတိထားသင့်သည့်ကောင်းသောအကျင့်တွေကို အောက်မှာ ဖတ်ကြည့်လိုက်ကြရအောင်။

-Advertisement-

အရာရာကိုအခမဲ့မပေးနဲ့

သင့်ရဲ့အိမ်ကို အသုံးမ၀င်တဲ့ အရာတွေနဲ့ပြည့်နေတာမျိုး ကျွန်တော်တို့မမြင်ချင်ပါဘူး။ အခြားသူတွေကိုကူညီတာဟာ ကောင်းတဲ့အလုပ်ပါ။ ဆိုကြပါစို့။ သင်ဟာတခုခုကို အလကားပေးချင်ပြီ။ ဒါဆို သင်အခမဲ့ပေးလိုတဲ့ အရာနဲ့ ပတ်သက်ပြီး ကြော်ငြာတစ်ခုတင်တဲ့အခါ သင့်အနေနဲ့ရူးချင်သွားလောက်မယ့် တောင်းဆိုမှုတွေနဲ့မကျေနပ်ချက်တွေကိုရင်ဆိုင်ဖို့တော့ အသင့်ပြင်ထားရပါမယ်။ ဥပမာအနေနဲ့ လူတစ်ယောက်ဟာ သူ့ရဲ့ကြီးမားတဲ့ ငါးကန်ကိုပေးဖို့ လူတွေကို ကြော်ငြာတင်ခဲ့တယ်။ သူကသယ်ယူပို့ဆောင်ရေးကိုမကူညီနိုင်ဘူးလို့ပြောပါတယ်။ သူကသူ့ကျောဒဏ်ရာရပြီးတဲ့နောက် လေးပင်တဲ့အရာတွေကို မသယ်နိုင်လို့ပါ။

ဒါပေမယ့် ငါးကန်ကို အရောက်မသယ်ပေးလို့တချို့တွေက သူ့ကိုအပြစ်ပြောကြသလို ငါးမပါရကောင်းလားဆိုပြီး၀ေဖန်ကြပါတယ်။ ဒါနဲ့အတတ်နိုင်ဆုံးယဉ်ကျေးအောင်ကြိုးစားပေမယ့် စိတ်ရှည်မှုတွေပျောက်ဆုံးသွားတဲ့ အဲ့ဒီလူဟာ သူ့ငါးကန်ကို ဈေးပေါပေါနဲ့ ရောင်းဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ သူ့သမီးကို ငါးမွေးတဲ့ကန်လေးကို ပေးချင်တဲ့ ၀ယ်သူတစ်ယောက်ကိုသူဟာ မကြာခင်မှာပဲ တွေ့ခဲ့တယ်။ နောက်၀ယ်သူရောက်လာပြီးရက်သတ္တပတ်အနည်းငယ်အကြာမှာ ရေပြည့်နေတဲ့ အဲ့ဒီငါးမွေးတဲ့ကန်လေးဟာ အပြစ်တင်စရာ၀ေဖန်စရာတွေ မရှိတော့ပဲ၀ယ်သူလက်ကို ရောက်ရှိသွားပါတော့တယ်။

ဆိုလိုတာက သင်နားလည်ထားပြီးသလို အလကားရရင် တန်ဖိုးမထားတဲ့ လူ့သဘောအတိုင်း သင်ရဲ့ ပစ္စည်းတွေကို အလကားမပေးပါနဲ့။ ကိုယ့်ပစ္စည်းတွေကို အင်တာနက်ပေါ်က သူစိမ်းတွေကို အလကားပေးတာထက် သူတို့ကိုစျေးနိမ့်နိမ့်ပဲ ရောင်းဖို့ ကြိုးစားပါ။ ဒါတောင်ပြဿနာတွေရှိနေနိုင်ပါသေးတယ်။ အဲ့ဒီနိမ့်နေတဲ့ စျေးကိုတောင် လူတွေဟာဆင်းရဲတဲ့ပုံပေါက်အောင်လုပ်ပြီး စေ့စပ်ညှိနှိုင်းဖို့ ကြိုးစားပါလိမ့်ဦးမယ်။ အခြား ရွေးချယ်စရာတွေလည်း ရှိပါသေးတယ်။
သင်မလိုအပ်သော အရာများကိုပရဟိတအဖွဲ့အစည်းသို့ယူဆောင်လာနိုင်ပါတယ်။သို့မဟုတ် မလိုအပ်တော့တဲ့အရာတွေကို သင်ရဲ့ ဒေသဆိုင်ရာ ဥပဒေများနှင့်စည်းမျဉ်းများက ခွင့်ပြုလျှင် သင်ရဲ့ တိုက်ခန်းအဆောက်အအုံသို့မဟုတ်တစ်စုံတစ် ဦးကောက်ယူနိုင်တဲ့ အိမ်အပြင်ဘက်မှာ ထားထားနိုင်ပါတယ်။ အချို့နိုင်ငံကလူတွေကတော့ ဒီလိုအရာတွေကို ပြန်အသုံး၀င်အောင် ပရိဘောဂတွေပြန်လုပ်တတ်ကြပါတယ်။

လေးနက်သောဆက်ဆံရေးအတွက်အဆင်သင့်မဟုတ်သူတွေကိုသင့်ချစ်ခြင်းမေတ္တာမပေးမိပါစေနဲ့

လေးနက်တဲ့ ဆက်ဆံရေးအတွက်အဆင်သင့်မဖြစ်သေးလို့ ဆိုကြသူတွေဟာ မုသားတော့ မသုံးကြပါဘူး၊ သူတို့ဟာသင်နဲ့လေးနက်တဲ့ဆက်ဆံရေးရှိဖို့ အဆင်သင့်မဖြစ်သေးတာာပါ။ အရင်တုန်းကမိသားစုမရှိချင်တဲ့သူတချို့ဟာတစ်ယောက် ယောက်နဲ့ပြိုကွဲပြီးတဲ့နောက်မှာ တစ်ယောက်ယောက်ကို ချက်ချင်းမလိုချင်သေးပေမယ့်လိုအပ်လာနိုင်တယ်ဆိုတာ
သင်သတိထားမိပြီးဖြစ်လိမ့်မယ်။ သူတို့ရဲ့ပြတ်စဲသွားတဲ့ ဆက်ဆံရေးတွေ သွေးအေးသွားတဲ့အချိန်မျိုးပေါ့။

ခြွင်းချက်မရှိတဲ့ ချစ်ခြင်းမေတ္တာသည်ကြီးမားလှသော်လည်း မိတ်ဖက်နှစ် ဦး စလုံးရှိမှသာ တန်ဖိုးရှိတာပါလို့ ဆိုကြပါတယ်။ဒါကြောင့် တစ်စုံတစ်ဦးကို ပျော်ရွှင်စေဖို့ ကြိုးစားခြင်းနဲ့ပဲ သင့်ရဲ့ အချိန်နဲ့ ခွန်အားကိုမဖြုန်းတီးပစ်ပါနဲ့။
သင်နှင့်အတူရှိနေပေမယ့် ပိုကောင်းမယ့်အရာတွေကို စောင့်နေတတ်တဲ့ လူတွေအတွက် သင်မည်မျှနာကျင်စေကာမူ သင့်ချစ်ခြင်းမေတ္တာကို အသိအမှတ်ပြုလာဖို့နဲ့တန်ဖိုးထားဖို့ ထိုင်စောင့်မနေပါနဲ့။ သင်နဲ့ လေးနက်တဲ့ ဆက်ဆံရေးကိုစတင်ရန် မည်သူ့ကိုမျှမတောင်းပန်ပါနဲ့။ ဒီလူကသင့်ကိုချစ်ရင် သူတို့ကဘာပဲဖြစ်ဖြစ်လုပ်ပါလိမ့်မယ်။ သင့်ကိုသင် ထင်ထားတာထက် သင်ဟာ အများကြီး ပိုထိုက်တန်ကြောင်း သတိရှိပါ။

အကူအညီမလိုချင်တဲ့သူတွေကိုမကူညီနဲ့

ကံမကောင်းစွာနဲ့ လူများစွာကြုံနေရတဲ့ အခြေအနေတစ်ခုက သူတို့ ဆွေမျိုးများ သို့မဟုတ် သူငယ်ချင်းတချို့ဟာ အခက်အခဲကြုံတွေ့နေရတာတောင် သူတို့ဘဝကိုဖျက်ဆီးနေတဲ့အရာတွေကို ဝန်ခံဖို့ငြင်းဆန်တတ်ကြတာပါ။
ဒီလိုအခြေအနေမျိုးမှာသင် ဘာလုပ်သင့်သလဲ။ ဟုတ်ပါတယ်၊ ဘယ်သူမှသူတို့သူငယ်ချင်းများနှင့်မိသားစုကိုမစွန့်ခွာလိုကြပါ၊ သင်မည်မျှပင်ကြိုးစားပါစေ။ လူတစ်ဦးဟာ သင့်အကူအညီကိုမလိုချင်ဘူးဆိုရင် သင့်အချိန်ကိုဖြုန်းတီးနေသလိုဖြစ်နေမှာပါ။ သင်တစ်စုံတစ်ဦးကို အခြေအနေဆိုးတစ်ခုမှဖယ်ထုတ်ဖို့ ကြိုးစားနေတာဟာ လက်ခံဖို့ ခဲယဉ်းပါတယ်။
ဤနေရာတွင်သင်လုပ်နိုင်သမျှမှာ အဲ့ဒီလူတွေဟာ သူတို့၏စိတ်ကိုသူတို့ကိုယ်တိုင်ပြောင်းလဲပြီး’သိပ်နောက်မကျခင် သင့်အကူအညီကို လက်ခံဖို့ မျှော်လင့်လို့ပဲ ရပါလိမ့်မယ်။

အခြားသူများ၏စရိတ်နဲ့နေထိုင်သူတွေကိုငွေထုတ်ချေးခြင်း

လူတစ်ယောက်တကယ်မျှော်လင့်ချက်မရှိတဲ့ အခြေအနေမျိုးရောက်နေပြီဆိုရင် သူတို့ကို သင်ကူညီသင့်ပါတယ်။
ဒါပေမယ့်တော်တော်လေးပုံမှန်ဒုက္ခရောက်နေတဲ့လူတယောက်အမျိုးအစားတစ်ခုရှိတယ်၊ သူတို့သူငယ်ချင်းတွေနဲ့မိသားစုရဲ့အကူအညီကိုမျှော်လင့်ပြီး သူတို့ပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားမနေတော့တဲ့ လူမျိုးပါ။ သူတို့ကိုငွေထုတ်ချေးလိုက်ရင်တော့ သင့်ငွေပြန်မရရှိဖို့သေချာသလောက်ပါ။ သူတို့တွေက မင်းပိုက်ဆံပြန်တောင်းရင်မင်းကိုမုန်းပါလိမ့်မယ်။ သူတို့က နဂါးမျက်စောင်းနဲ့ထိုးသလို ဒေါသတကြီး ဆက်ဆံလာနိုင်ပါတယ်။သင့်ကိုသူတို့ ရင်နာအောင်ခံစားမိစေဖို့ကြိုးစားပါလိမ့်မယ်။ ထို့ကြောင့်တစ်စုံတစ်ယောက်က သင့်အားငွေချေးရန်တောင်းဆိုပါက သူတို့ပြန်မပေးလည်း အဆင်ပြေသောငွေပမာဏကိုသာ ချေးသင့်ပါတယ်။ အန္တရာယ်ဖြစ်စေနိုင်မယ်ဆိုရင်ဘယ်သူ့ကိုမှကူညီမှုမပေးပါနဲ့။

လူတိုင်းကိုကျေနပ်အောင်ကြိုးစားခြင်း

သင်နဲ့နီးစပ်သူတစ်ဦးကို နှစ်သက်စေရန် ကြိုးစားခြင်းက ဘာမှမမှားပါဘူး။ သို့သော်သင်နောင်တရမယ့် အခွင့်အလမ်းရှိတော့ရှိပါတယ်။ ပထမဦး စွာသင်သည်လူတိုင်းကို အမြဲတမ်းနှစ်သက်အောင် မလုပ်နိုင်ဘူးဆိုတာ သတိထားပါ။
ဒုတိယအချက်မှာ သင်တစ်စုံတစ်ဦးရဲ့ နှစ်သက်မှုကိုရရန် ကြိုးစားပါကသင်ကိုယ်တိုင်သင့်ကိုသင် ဆုံးရှုံးသွားနိုင်တယ်ဆိုတာပါ။ သင့်ရဲ့အပြုအမူ၊ လူနေမှုပုံစံစတဲ့၊ အသွင်အပြင်ကို ပြောင်းလဲဖို့ ကြိုးစားနေတဲ့ သူတွေကို သတိထားပါ။
အများအားဖြင့်၊ ဒီလူကသင့်ကို“ ပြီးပြည့်စုံတဲ့”.သူ ဖြစ်စေမယ်ဆိုပြီး ကြိုးကိုင်ခြယ်လှယ်ချင်သူတစ်ဦး ဖြစ်ပါတယ်။ဒီလိုလူတွေဟာ တကယ့်ကို တစ်ကိုယ်ကောင်းဆန်သူတွေ ဖြစ်တာကြောင့် သူတို့ပြောတဲ့အတိုင်းမလုပ်မိပါစေနဲ့။

သင်ရဲ့ကျန်းမာရေး၊ အချိန်၊ ဘဝရည်မှန်းချက်များ၊ ၀ါသနာ စတာတွေနဲ့ ပတ်သက်တဲ့ အခြေအနေတွေမှာ သင့်အနေနဲ့
တစ်ကိုယ်ကောင်းဆန်ဖို့လိုပါတယ်။ ဒီလိုမှမဟုတ်ရင် သင့်အနေနဲ့အခြားလူတွေကို ဘာမှ ပေးနိုင်မှာမဟုတ်ပါဘူး။
သင်ကိုယ်တိုင်ဟာ မိမိကိုယ်ကိုလေးစားမှုရှိပြီး အခြားသူတွေကို သင်သတ်မှတ်ထားတဲ့ နယ်နိမိတ်ကိုဖြတ်ကျော်ခွင့်မပြုရင် သူတို့တွေနဲ့လည်း လိုက်လျောညီထွေ နေထိုင်နိုင်ပါလိမ့်မယ်။ စစ်မှန်သော တစ်ကိုယ်ကောင်းဆန်ခြင်းသည်သင်၏ကိုယ်ပိုင်ရည်မှန်းချက်ပန်းတိုင်များကိုသာအောင်မြင်ရန်နှင့် အခြားသူများအားသင်လိုချင်သည့်အတိုင်းလုပ်စေရန်ဖြစ်သည်။

သင့်အနေဖြင့်သင်ကောင်းသောအရာတစ်ခုခုပြုလုပ်ခဲ့သော်လည်းဆိုးသောအရာတစ်ခုခုရရှိခဲ့သည့်အခါအခြေအနေများရှိပါသလား။ အောက်ကမှတ်ချက်အပိုင်းမှာကျွန်တော်တို့ကိုပြောပြပါ။

#Lifestyle_Myanmar

#Mg_Htet

REF_Brightside

LEAVE A REPLY

Please enter your comment!
Please enter your name here