သင့်တစ်သက်တာမှာ အနည်းဆုံးတစ်ကြိမ်လောက်တော့ သွားလည်ရကျိုးနပ်မယ့် ကမ္ဘာတစ်လွှားက ညစ်ညစ်ပတ်ပတ် ပွဲတော်များ

0
96

ကျွန်မတို့မြန်မာနိုင်ငံမှာ ၁၂လရာသီပွဲတော်တွေရှိသလိုပဲ နိုင်ငံတိုင်းမှာ ပွဲတော်တွေရှိကြပါတယ်။ ကျွန်မတို့ဆီမှာ နှစ်ဟောင်းကအညစ်အကြေးကို ကင်းစင်အောင် အတာရေဖြင့်ဆေးကြောတဲ့ သင်္ကြန်ပွဲတော်ကျင်းပကြသလို သူတို့ဆီမှာ မျက်နှာကို ခရမ်းချဉ်သီးအနှစ်နှင့် ပစ်ပေါက်တဲ့ ပွဲတော်တွေ၊ ရွံ့လူးတဲ့ ပွဲတော်တွေ ကျင်းပကြတာကို တွေ့ရပါတယ်။ သူတို့ဟာ ဒီပွဲတော်တွေနဲ့ လူသန်းပေါင်းများစွာကိုဆွဲဆောင်တာဖြစ်ပါတယ်။ တစ်ချို့ပွဲတော်တွေက ပျော်စရာလည်းကောင်းသလို ညစ်ပတ်စရာလည်း ကောင်းပါတယ်။ ဘာပွဲတော်တွေလည်းဆိုတာ ကြည့်လိုက်ပါလိုက်ဉီးနော်။

-Advertisement-

၁။ Holiပွဲတော်, အိန္ဒိယ

Holi ပွဲတော်ကို နွေဉီးရာသီ ရောက်တဲ့အချိန်မှာ ပြုလုပ်ကြတာဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ရောင်စုံအမှုန့်တွေနဲ့ ပစ်ကြတာကြောင့် ရောင်စုံပွဲတော်လို့လည်း သိကြပါတယ်။ အရောင်တစ်ခုချင်းစီမှာ ၎င်းတို့ရဲ့ ကိုယ်ပိုင်အဓိပ္ပာယ်တွေ ရှိကြပါတယ်၊ အနီရောင်က သန့်ရှင်းစင်ကြယ်မှု၊ အစိမ်းရောင်က တတ်ကြွမှု၊ အပြာရောင်က အေးဆေးတည်ငြိမ်မှု၊ အဝါရောင်က ဘာသာရေးကိုင်းရှိုင်းတဲ့ ခံစားမှုများကို ကိုယ်စားပြုနေတာ ဖြစ်ပါတယ်။

၂။ Boryeong ရွံ့ပွဲတော်၊ တောင်ကိုရီးယား

ပထမဆုံးပွဲတော်ကို ၁၉၉၈မှာ ကျင်းပခဲ့ပါတယ်။ မူလက ၎င်းဟာ Boryeongကရွံ့ကို အသုံးပြုထားတဲ့ အလှကုန်များအတွက် ကမ်ပိန်း စျေးကွက်ရှာဖွေခြင်း တစ်ခုဖြစ်ခဲ့ပါတယ်။ အချို့သော လေ့လာမှုတွေအရ ဒီရွံ့ဟာ အစ္စရေးက ပင်လယ်သေရွံ့ထက်ပိုပြီး အနာပျောက်စေနိုင်တဲ့ ဂုဏ်သတ္တိတွေတောင် ရှိတယ်လို့ ဆိုပါတယ်။ ၁၇ကြိမ်မြောက် Boryeong ရွံ့ပွဲတော်ဟာ ခရီးသွား ၃၂၉သန်းခန့်ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။

၃။ La Tomatina၊ စပိန်

ခရမ်းချဉ်သီး တန်၁၂၀ခန့်ဟာ အဆိုပါ “ကမ္ဘာ့အကြီးဆုံးအစားအစာတိုက်ပွဲ” အတွင်းမှာ အသုံးပြုခြင်းခံရပါတယ်။ ခရမ်းချဉ်သီးတွေမှာ ပိုးသတ်ဆေး အကျိုးသက်ရောက်မှု acidic ရှိပါတယ်။ ဒီပွဲတော်ကျင်းပရာ Bunol လမ်းတွေကို စပိန်မှာ အသန့်ရှင်းဆုံးဖြစ်ဖို့ စဉ်းစားခဲ့ကြပါတယ်။

၄။ Chinchilla ဖရဲသီးပွဲတော်၊ သြစတြေးလျ

ဒီပွဲတော်မှာ မတူညီတဲ့ activities တွေအများကြီးရှိပါတယ်။ (ဥပမာ-ဖရဲသီး ကောင်းဘွိုင်ပွဲ သို့ ဖရဲနှင်းလျှောစီး)စသဖြင့် ကြိုက်နှစ်သက်ရာ ဝင်ပြိုင်နိုင်ပါတယ်။ သင်စိုက်ပျိုးနိုင်ခဲ့တဲ့ အကြီးဆုံးဖရဲသီးကို ယူဆောင်လာနိုင်သော ဖရဲသီးအလေးချိန်ပြိုင်ပွဲတစ်ခုလည်း ရှိပါတယ်။ လက်ရှိစံချိန်ကတော့ ပေါင် ၂၂၀ခန့်ဖြစ်ပါတယ်။

၅။ Cascamorras ပွဲတော် ၊စပိန်

ဒီပွဲတော်အတွင်းမှာ မြို့နှစ်မြို့ဟာ အထွက်အမြတ်ထားရာ ရုပ်ထုတစ်ခုကို ပိုင်ဆိုင်ဖို့အတွက် တိုက်ကြတာပဲဖြစ်ပါတယ်။ မြို့တစ်မြို့ကနိုင်ငံသားတွေက သူတို့ကိုယ်သူတို့ အမဲဆီတွေနဲ့ ဖုံးလွှမ်းရင်း virgin အပျိုစင် ရုပ်ထုဆီကိုရောက်ဖို့ ကြိုးစားကြပါတယ်။ တခြားသူတွေကလည်း ပြန်တိုက်ဖို့ သံလွင်ဆီ၊ ကြက်ဥနှင့် ဂျုံမှုန်တွေကို ပြင်ဆင်ကြပါတယ်။ အဆိုပါဒဏ္ဍာရီမှာ လူတစ်ယောက်ဟာ သန့်သန့်ရှင်းရှင်းနဲ့ virgin ရုပ်ထုဆီကို ရောက်နိုင်လျှင် အဲ့ဒီမှာရှိတဲ့ မြို့ကနေ မြင့်မြတ်တဲ့ရုပ်ထုကို ယူနိုင်တယ်လို့ ဆိုပါတယ်။

၆။ Cooper တောင်ကုန်းက Cheese Rolling ၊ အင်္ဂလန်

ဒီပွဲတော်ရဲ့ အိုင်ဒီယာက တောင်ကုန်းတစ်ခုနေ လိမ့်ချတဲ့ ဒိန်ခဲဝိုင်းကြီးတစ်ခုကို လိုက်ဖမ်းရတာ ဖြစ်ပါတယ်။ ဒီပွဲတော်မှာ လူများစွာဟာ အနိုင်ရဖို့ ကြိုးစားရင်း ထိခိုက်ကြတာကြောင့် အန္တရာယ်အရှိဆုံးပြိုင်ပွဲလို့ ခေါ်ကြပါတယ်။ ၉ပေါင်လောက်ရှိတဲ့ ဒီ cheeseဟာ တစ်နာရီကို မိုင်၇၀နှုန်းခန့် ရောက်ရှိနိုင်ကတည်းက အံအားသင့်စရာတော့ မရှိပါဘူး။

၇။ လိမ္မော်သီးတိုက်ပွဲ ၊အီတလီ

ဒီပွဲတော်က စပိန်က La Tomatinaပွဲတော်နဲ့ ဆင်တူပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ခရမ်းချဉ်သီးကို လိမ္မော်သီးနဲ့ အစားထိုးထားတာပါ။ ဒီပွဲတော်မှာ လိမ္မော်သီး တန်၂၅၀ခန့်ကို ဖျက်ဆီးကြပါတယ်။

၈။ ကမ္ဘာ့ Bog Snorkeling ချန်ပီယံရှစ်၊ ဝေလနယ်

ကမ္ဘာ့ Bog Snorkeling ချန်ပီယံရှစ်ကို ဝေလပြည်နယ်မှာ နှစ်စဉ်ကျင်းပပါတယ်။ ရေငုပ်အသက်ရှုပိုက်တပ်ပြီး မြောင်းထဲမှာ တစ်ယောက်နဲ့ တစ်ယောက် အပြိုင်ကူးရတာပါ။ ကိုက် ၁၂၀ခန့်ကို ၁မိနစ် ၁၈.၈၁စက္ကန့်ထက်နည်းပြီး သင်ရေကူးနိုင်လျှင်တော့ ကမ္ဘာစံချိန်အသစ်တစ်ခု ဝင်နိုင်ပါတယ်။

၉။ ဝိုင်စစ်ပွဲ ၊စပိန်

ဝိုင်ကြိုက်တဲ့သူတွေ ဒီပွဲတော်ကိုသွားနိုင်ပါတယ်။ ဒီတိုက်ပွဲရဲ့ ရည်မှန်းချက်က များပြားတဲ့ ဝိုင်ထဲမှာ လူတိုင်း ဖုံးလွှမ်းနေဖို့ ဖြစ်ပါတယ်။ သင်အဖြူရောင်အဝတ်အစားဝတ်သွားရင်တော့ ခရမ်းရောင်ပြောင်းသွားမှာ သေချာပါတယ်။ ဒီတိုက်ပွဲအတွင်းမှာ အနီရောင်ဝိုင် (၅၀၀လီတာ ဝန်းကျင်လောက်)ကို အသုံးပြုပါတယ်။

၁၀။ Els Enfarinats ၊စပိန်

ဒီပွဲတော်ကို ၁၉၈၁ခုတည်းက ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ ဒီစစ်ပွဲမှာ အဖွဲ့နှစ်ဖွဲ့ ပါဝင်ပြီး ဂျုံမှုန့်တွေနဲ့ တိုက်ခိုက်ကြတာဖြစ်ပါတယ်။ ပထမအဖွဲ့မှာ အဓိပ္ပာယ်မရှိတဲ့ ဥပဒေတွေကို ပြဌာန်းပြီး ဧရိယာကိုထိန်းချုပ်ခွင့်ရထားတဲ့ (Els Enfarinats)လို့ခေါ်တဲ့ လက်ထပ်ပြီးသား ယောကျာ်း တွေပါဝင်ပါတယ်။ သူတို့ဟာ သူတို့အမိန့်ကိုမနာခံတဲ့သူတွေကို ရှာဖွေပြီး ဒဏ်ရိုက်ပါတယ်။ (La Oposicio)လို့ခေါ်တဲ့ နောက်ထပ်တစ်ဖွဲ့ ကပြန်တိုက်ဖို့ ကြိုးစားပါတယ်။ အဆုံးမှာ သူတို့စုဆောင်းရရှိတဲ့ ငွေအားလုံးကို လိုအပ်တဲ့နေရာတွေမှာ လှူဒါန်းကြပါတယ်။

၁၁။ မျောက်ဘူဖေးပွဲတော်၊ ထိုင်း

ဒီက ဒေသခံလူများက မျောက်တွေဟာ လူတွေဆီကို ကံကောင်းခြင်းတွေယူလာတယ်လို့ ယုံကြည်ကြတာကြောင့် ဒီဒေသမှာနေတဲ့ လူတွေဟာ နှစ်စဉ်နှစ်တိုင်း လူမဟုတ်တဲ့ ဒီဧည့်သည်တွေကို စောင့်ဆိုင်းတဲ့ ပါတီတစ်ခုဖြစ်ပါတယ်၊ ပေါင် ၄၅၀၀ခန့်ရှိတဲ့ သစ်သီးမျိုးစုံတင်ထားတဲ့ စားပွဲနှင့် အချိုပွဲတွေကို မျောက်တွေ ပျော်ရွင်ဖို့အတွက် ပြင်ဆင်ခဲ့ကြပါတယ်။

Lifestyle_Myanmar

Source-Brightside

ZawGyi

သင့္တစ္သက္တာမွာ အနည္းဆုံးတစ္ႀကိမ္ေလာက္ေတာ့ သြားလည္ရက်ိဳးနပ္မယ့္ ကမာၻတစ္လႊားက ညစ္ညစ္ပတ္ပတ္ ပြဲေတာ္မ်ား
ကြၽန္မတို႔ျမန္မာႏိုင္ငံမွာ ၁၂လရာသီပြဲေတာ္ေတြရွိသလိုပဲ ႏိုင္ငံတိုင္းမွာ ပြဲေတာ္ေတြရွိၾကပါတယ္။ ကြၽန္မတို႔ဆီမွာ ႏွစ္ေဟာင္းကအညစ္အေၾကးကို ကင္းစင္ေအာင္ အတာေရျဖင့္ေဆးေၾကာတဲ့ သၾကၤန္ပြဲေတာ္က်င္းပၾကသလို သူတို႔ဆီမွာ မ်က္ႏွာကို ခရမ္းခ်ဥ္သီးအႏွစ္ႏွင့္ ပစ္ေပါက္တဲ့ ပြဲေတာ္ေတြ၊ ႐ြံ႕လူးတဲ့ ပြဲေတာ္ေတြ က်င္းပၾကတာကို ေတြ႕ရပါတယ္။ သူတို႔ဟာ ဒီပြဲေတာ္ေတြနဲ႔ လူသန္းေပါင္းမ်ားစြာကိုဆြဲေဆာင္တာျဖစ္ပါတယ္။ တစ္ခ်ိဳ႕ပြဲေတာ္ေတြက ေပ်ာ္စရာလည္းေကာင္းသလို ညစ္ပတ္စရာလည္း ေကာင္းပါတယ္။ ဘာပြဲေတာ္ေတြလည္းဆိုတာ ၾကည့္လိုက္ပါလိုက္ဉီးေနာ္။

၁။ Holiပြဲေတာ္, အိႏၵိယ
Holi ပြဲေတာ္ကို ေႏြဉီးရာသီ ေရာက္တဲ့အခ်ိန္မွာ ျပဳလုပ္ၾကတာျဖစ္ပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ ေရာင္စုံအမႈန္႔ေတြနဲ႔ ပစ္ၾကတာေၾကာင့္ ေရာင္စုံပြဲေတာ္လို႔လည္း သိၾကပါတယ္။ အေရာင္တစ္ခုခ်င္းစီမွာ ၎တို႔ရဲ႕ ကိုယ္ပိုင္အဓိပၸာယ္ေတြ ရွိၾကပါတယ္၊ အနီေရာင္က သန္႔ရွင္းစင္ၾကယ္မႈ၊ အစိမ္းေရာင္က တတ္ႂကြမႈ၊ အျပာေရာင္က ေအးေဆးတည္ၿငိမ္မႈ၊ အဝါေရာင္က ဘာသာေရးကိုင္းရႈိင္းတဲ့ ခံစားမႈမ်ားကို ကိုယ္စားျပဳေနတာ ျဖစ္ပါတယ္။

၂။ Boryeong ႐ြံ႕ပြဲေတာ္၊ ေတာင္ကိုရီးယား
ပထမဆုံးပြဲေတာ္ကို ၁၉၉၈မွာ က်င္းပခဲ့ပါတယ္။ မူလက ၎ဟာ Boryeongက႐ြံ႕ကို အသုံးျပဳထားတဲ့ အလွကုန္မ်ားအတြက္ ကမ္ပိန္း ေစ်းကြက္ရွာေဖြျခင္း တစ္ခုျဖစ္ခဲ့ပါတယ္။ အခ်ိဳ႕ေသာ ေလ့လာမႈေတြအရ ဒီ႐ြံ႕ဟာ အစၥေရးက ပင္လယ္ေသ႐ြံ႕ထက္ပိုၿပီး အနာေပ်ာက္ေစႏိုင္တဲ့ ဂုဏ္သတၱိေတြေတာင္ ရွိတယ္လို႔ ဆိုပါတယ္။ ၁၇ႀကိမ္ေျမာက္ Boryeong ႐ြံ႕ပြဲေတာ္ဟာ ခရီးသြား ၃၂၉သန္းခန္႔ကို ဆြဲေဆာင္ႏိုင္ခဲ့ပါတယ္။

၃။ La Tomatina၊ စပိန္
ခရမ္းခ်ဥ္သီး တန္၁၂၀ခန္႔ဟာ အဆိုပါ “ကမာၻ႔အႀကီးဆုံးအစားအစာတိုက္ပြဲ” အတြင္းမွာ အသုံးျပဳျခင္းခံရပါတယ္။ ခရမ္းခ်ဥ္သီးေတြမွာ ပိုးသတ္ေဆး အက်ိဳးသက္ေရာက္မႈ acidic ရွိပါတယ္။ ဒီပြဲေတာ္က်င္းပရာ Bunol လမ္းေတြကို စပိန္မွာ အသန္႔ရွင္းဆုံးျဖစ္ဖို႔ စဥ္းစားခဲ့ၾကပါတယ္။

၄။ Chinchilla ဖရဲသီးပြဲေတာ္၊ ၾသစေၾတးလ်
ဒီပြဲေတာ္မွာ မတူညီတဲ့ activities ေတြအမ်ားႀကီးရွိပါတယ္။ (ဥပမာ-ဖရဲသီး ေကာင္းဘြိဳင္ပြဲ သို႔ ဖရဲႏွင္းေလွ်ာစီး)စသျဖင့္ ႀကိဳက္ႏွစ္သက္ရာ ဝင္ၿပိဳင္ႏိုင္ပါတယ္။ သင္စိုက္ပ်ိဳးႏိုင္ခဲ့တဲ့ အႀကီးဆုံးဖရဲသီးကို ယူေဆာင္လာႏိုင္ေသာ ဖရဲသီးအေလးခ်ိန္ၿပိဳင္ပြဲတစ္ခုလည္း ရွိပါတယ္။ လက္ရွိစံခ်ိန္ကေတာ့ ေပါင္ ၂၂၀ခန္႔ျဖစ္ပါတယ္။

၅။ Cascamorras ပြဲေတာ္ ၊စပိန္
ဒီပြဲေတာ္အတြင္းမွာ ၿမိဳ႕ႏွစ္ၿမိဳ႕ဟာ အထြက္အျမတ္ထားရာ ႐ုပ္ထုတစ္ခုကို ပိုင္ဆိုင္ဖို႔အတြက္ တိုက္ၾကတာပဲျဖစ္ပါတယ္။ ၿမိဳ႕တစ္ၿမိဳ႕ကႏိုင္ငံသားေတြက သူတို႔ကိုယ္သူတို႔ အမဲဆီေတြနဲ႔ ဖုံးလႊမ္းရင္း virgin အပ်ိဳစင္ ႐ုပ္ထုဆီကိုေရာက္ဖို႔ ႀကိဳးစားၾကပါတယ္။ တျခားသူေတြကလည္း ျပန္တိုက္ဖို႔ သံလြင္ဆီ၊ ၾကက္ဥႏွင့္ ဂ်ဳံမႈန္ေတြကို ျပင္ဆင္ၾကပါတယ္။ အဆိုပါဒ႑ာရီမွာ လူတစ္ေယာက္ဟာ သန္႔သန္႔ရွင္းရွင္းနဲ႔ virgin ႐ုပ္ထုဆီကို ေရာက္ႏိုင္လွ်င္ အဲ့ဒီမွာရွိတဲ့ ၿမိဳ႕ကေန ျမင့္ျမတ္တဲ့႐ုပ္ထုကို ယူႏိုင္တယ္လို႔ ဆိုပါတယ္။

၆။ Cooper ေတာင္ကုန္းက Cheese Rolling ၊ အဂၤလန္
ဒီပြဲေတာ္ရဲ႕ အိုင္ဒီယာက ေတာင္ကုန္းတစ္ခုေန လိမ့္ခ်တဲ့ ဒိန္ခဲဝိုင္းႀကီးတစ္ခုကို လိုက္ဖမ္းရတာ ျဖစ္ပါတယ္။ ဒီပြဲေတာ္မွာ လူမ်ားစြာဟာ အႏိုင္ရဖို႔ ႀကိဳးစားရင္း ထိခိုက္ၾကတာေၾကာင့္ အႏၲရာယ္အရွိဆုံးၿပိဳင္ပြဲလို႔ ေခၚၾကပါတယ္။ ၉ေပါင္ေလာက္ရွိတဲ့ ဒီ cheeseဟာ တစ္နာရီကို မိုင္၇၀ႏႈန္းခန္႔ ေရာက္ရွိႏိုင္ကတည္းက အံအားသင့္စရာေတာ့ မရွိပါဘူး။

၇။ လိေမၼာ္သီးတိုက္ပြဲ ၊အီတလီ
ဒီပြဲေတာ္က စပိန္က La Tomatinaပြဲေတာ္နဲ႔ ဆင္တူပါတယ္။ ဒါေပမယ့္ ဒီေနရာမွာ ခရမ္းခ်ဥ္သီးကို လိေမၼာ္သီးနဲ႔ အစားထိုးထားတာပါ။ ဒီပြဲေတာ္မွာ လိေမၼာ္သီး တန္၂၅၀ခန္႔ကို ဖ်က္ဆီးၾကပါတယ္။

၈။ ကမာၻ႔ Bog Snorkeling ခ်န္ပီယံရွစ္၊ ေဝလနယ္
ကမာၻ႔ Bog Snorkeling ခ်န္ပီယံရွစ္ကို ေဝလျပည္နယ္မွာ ႏွစ္စဥ္က်င္းပပါတယ္။ ေရငုပ္အသက္ရႈပိုက္တပ္ၿပီး ေျမာင္းထဲမွာ တစ္ေယာက္နဲ႔ တစ္ေယာက္ အၿပိဳင္ကူးရတာပါ။ ကိုက္ ၁၂၀ခန္႔ကို ၁မိနစ္ ၁၈.၈၁စကၠန္႔ထက္နည္းၿပီး သင္ေရကူးႏိုင္လွ်င္ေတာ့ ကမာၻစံခ်ိန္အသစ္တစ္ခု ဝင္ႏိုင္ပါတယ္။

၉။ ဝိုင္စစ္ပြဲ ၊စပိန္
ဝိုင္ႀကိဳက္တဲ့သူေတြ ဒီပြဲေတာ္ကိုသြားႏိုင္ပါတယ္။ ဒီတိုက္ပြဲရဲ႕ ရည္မွန္းခ်က္က မ်ားျပားတဲ့ ဝိုင္ထဲမွာ လူတိုင္း ဖုံးလႊမ္းေနဖို႔ ျဖစ္ပါတယ္။ သင္အျဖဴေရာင္အဝတ္အစားဝတ္သြားရင္ေတာ့ ခရမ္းေရာင္ေျပာင္းသြားမွာ ေသခ်ာပါတယ္။ ဒီတိုက္ပြဲအတြင္းမွာ အနီေရာင္ဝိုင္ (၅၀၀လီတာ ဝန္းက်င္ေလာက္)ကို အသုံးျပဳပါတယ္။

၁၀။ Els Enfarinats ၊စပိန္
ဒီပြဲေတာ္ကို ၁၉၈၁ခုတည္းက က်င္းပခဲ့ၾကတာ ျဖစ္ပါတယ္။ ဒီစစ္ပြဲမွာ အဖြဲ႕ႏွစ္ဖြဲ႕ ပါဝင္ၿပီး ဂ်ဳံမႈန္႔ေတြနဲ႔ တိုက္ခိုက္ၾကတာျဖစ္ပါတယ္။ ပထမအဖြဲ႕မွာ အဓိပၸာယ္မရွိတဲ့ ဥပေဒေတြကို ျပဌာန္းၿပီး ဧရိယာကိုထိန္းခ်ဳပ္ခြင့္ရထားတဲ့ (Els Enfarinats)လို႔ေခၚတဲ့ လက္ထပ္ၿပီးသား ေယာက်ာ္း ေတြပါဝင္ပါတယ္။ သူတို႔ဟာ သူတို႔အမိန္႔ကိုမနာခံတဲ့သူေတြကို ရွာေဖြၿပီး ဒဏ္႐ိုက္ပါတယ္။ (La Oposicio)လို႔ေခၚတဲ့ ေနာက္ထပ္တစ္ဖြဲ႕ ကျပန္တိုက္ဖို႔ ႀကိဳးစားပါတယ္။ အဆုံးမွာ သူတို႔စုေဆာင္းရရွိတဲ့ ေငြအားလုံးကို လိုအပ္တဲ့ေနရာေတြမွာ လႉဒါန္းၾကပါတယ္။

၁၁။ ေမ်ာက္ဘူေဖးပြဲေတာ္၊ ထိုင္း
ဒီက ေဒသခံလူမ်ားက ေမ်ာက္ေတြဟာ လူေတြဆီကို ကံေကာင္းျခင္းေတြယူလာတယ္လို႔ ယုံၾကည္ၾကတာေၾကာင့္ ဒီေဒသမွာေနတဲ့ လူေတြဟာ ႏွစ္စဥ္ႏွစ္တိုင္း လူမဟုတ္တဲ့ ဒီဧည့္သည္ေတြကို ေစာင့္ဆိုင္းတဲ့ ပါတီတစ္ခုျဖစ္ပါတယ္၊ ေပါင္ ၄၅၀၀ခန္႔ရွိတဲ့ သစ္သီးမ်ိဳးစုံတင္ထားတဲ့ စားပြဲႏွင့္ အခ်ိဳပြဲေတြကို ေမ်ာက္ေတြ ေပ်ာ္႐ြင္ဖို႔အတြက္ ျပင္ဆင္ခဲ့ၾကပါတယ္။

Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here