သင့်စိတ်ကိုဖျက်ဆီးမယ့် အဆိပ်အတောက်လိုလူတွေ သင့်ဘေးမှာ ရောက်နေပြီလား

0
227
- Advertisement -

သင့်ဘေးနားမှာသင်သတိမထားမိလိုက်ပဲ အဆိပ်အတောက်လို လူတွေရောက်နေတတ်ပါတယ်။ အဲ့ဒီလိုလူတွေနဲ့ ပေါင်း သင်းမှုတွေမှာ ကောင်းကျိုးထက်ဆိုးကျိုးတွေပဲဖြစ်လာတတ်ပါတယ်။ ဒါကြောင့် Toxic ဖြစ်စေတဲ့လူတွေနဲ့၀ေး၀ေးရှောင်တာပဲကောင်းပါတယ်။ ဒီတော့Toxicလိုလူတွေက ဘယ်လိုပြုမူပြောဆိုတတ်လဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

-Advertisement-

သင့်ဘဝကိုToxicပေးမယ့်လူစား

သူတို့က လူတွေကိုအသုံးချတတ်ကြပါတယ်
သူတို့က အကဲဖြတ်များဖြစ်ကြပါတယ်
တာဝန်ယူမှု တာဝန်ခံမှုမရှိကြပါဘူး
သူတို့ကမှားနေရင်တောင် မတောင်းပန်ဘူး
သူကသင့်ကိုသူတို့ကိုယုံလာအောင်လုပ်တတ်တယ်
ခန့်မှန်းရခက်တယ် စတဲ့အုပ်စုတွေက အဆိပ်အတောက်လူတန်းစားအုပ်စုပဲဖြစ်ပါတယ်။ သူတို့က သင့်ယုံကြည်မှုကိုရ အောင်ယူပြီးသင့်ကိုကြိုးကိုင်ခြယ်လှယ်သွားပါလိမ့်မယ်။ အဆိပ်အတောက်ဖြစ်စေတဲ့သူတစ်ဦးဟာ ပတ်ဝန်းကျင်ကို စ ကားလုံးမပါပဲနဲ့ညစ်ညမ်းစေပါတယ်။

မင်းမှားနေတယ်လို့ထင်အောင်လုပ်မယ်

သင်လတ်တလောကြုံတွေ့နေရတဲ့ပြဿနာအခက်အခဲတွေမှာ သင်ဟာမှားနေတယ်လို့ခံစားရအောင် သင့်ယုံကြည်မှုပျ က်ပြားလာအောင်တွန်းအားပေးပါလိမ့်မယ်။ သူတို့ကတစ်ကယ့် အဆိပ်တွေပါပဲ။ သင်ရှေးမဆက်တိုးရဲလောက်အောင် စိတ် ကျအောင်ပြောဆိုမှုတွေလုပ်ပါလိမ့်မယ်။ သူတို့တွေက ရည်ရွယ်ချက်ရှိရှိ တစ်စုံတစ်ခုကိုပြုလုပ်ခဲ့ရင်တောင် နောင်တဘ ယ်တော့မှ မရတတ်ကြပါဘူး။

မင်းစကားကိုအလေးမထားဘူး

ဘယ်သူမဆို ကိုယ့်စကားကို အလေးထားစေချင်ပါတယ်။ ဒါပေမယ့် သင်ကအကြောင်းအရာတစ်ခုခုကိုပြောနေချိန်မှာ အ ဆိပ်အတောက်လိုလူတန်းစားတွေက ” မင်းဘာပြောနေလဲ မင်းကိုယ်တိုင်တောင်နားလည်ရဲ့လား၊ ငါတော့တစ်လုံးမှနားမလည်ဘူး”စတဲ့စကားစုကိုပြောတတ်ကြပါတယ်။

ဒီစကားလုံးတွေက ပြဿနာဖြေရှင်းရေးလမ်းကြောင်းကိုလွှဲသွားစေနိုင်သလို ခံရတဲ့သူအတွက် နာကျင်ပြီးရှက်စရာကောင် းပါတယ်။ ဒါကြောင့်သင်စကားပြောနေချိန် ပေါ့ရွှတ်ရွှတ်ဖြစ်အောင်လုပ်တတ်သူတွေတွေ့ခဲ့ရင်သူတို့နဲခပ်ကင်းကင်းနေလို က်တာပဲကောင်းမှာပါ။

ဒါအားလုံးမင်းအမှားတွေပဲလို့ပြောလိမ့်မယ်

တစ်ခုခုဆို သင့်အပေါ်ပဲအပြစ်တွေပုံချမယ် “ဒါတွေအားလုံးမင်းအမှားတွေပဲ”စတဲ့စကားလုံးမျိုးတွေနဲ့သင့်ကိုစိတ်ဓါတ်ကျ အောင်ပြောတတ်ပါတယ်။ ရိုးရိုးလေးပြောရရင် အဆိပ်အတောက်လူတန်းစားတွေက သင်ယုံကြည်မှုပျက်ပြားစေတဲ့ စ ကားလုံး တွေပဲပြောတတ် လုပ်တတ်ကြတယ်။ တပါးသူထိခိုက်ဖို့အတွက်ဆို စော်ကားတဲ့ စကားလုံးတွေအပြည့်ရှိနေတ တ်ပါတယ်။

မင်းကိုမလုံခြုံအောင်ဖြစ်စေလိမ့်မယ်

ဂုဏ်သရေရှိတဲ့လူတွေက တခြားသူတွေရဲ့ စိုးရိမ်မှုနဲ့ကြောက်ရွံမှုတွေကို မချပြ မထောက်ပြတတ်ကြပါဘူး။ ဒါပေမယ့်အဆိ ပ်အတောက်လိုလူတွေက သင့်ရဲ့စိုးရမ်ကြောက်ရွံမှုတွေနဲ့ကစားပါလိမ့်မယ်။ ပြစ်တင်ပါလိမ့်မယ်။ သင့်ကိုမလုံခြုံစေအောင်တွန်းပို့နိုင်တဲ့စကားတွေနဲ့ပြောဆိုပါလိမ့်မယ်။ သူတို့ကိုယ်တိုင်မလုံခြုံမှုကိုခံစားနေရရင်တောင်သူတို့ကဘယ်တော့မှ မဝန်ခံတတ်ကြပဲတခြားလူတွေကိုသာ လိုက်ပြောတတ်ကြပါတယ်။

မင်းကိုပစ်ပစ်ခါခါဝေဖန်မယ်

အဆိပ်အတောက်ဖြစ်စေတတ်တဲ့လူတွေက”မင်းဟာမိုက်မဲတယ်၊ မင်းဟာတုံးအတယ်၊ မင်းဟာတန်ဖိုးမရှိဘူး”စတဲ့ နာ ကြည်းဖွယ်စကားလုံးတွေနဲ့သင့်ကိုတိုက်ခိုက်ဝေဖန်တတ်ပါတယ်။ စေတနာနဲ့ပြောသလိုနဲ့သင့်ယုံကြည်မှုခွန်အား သင့်ကိုသင်တန်ဖိုးထားမှုတွေ လျော့ကျစေတဲ့ စကားလုံးတွေဆက်တိုက်သုံးတတ်ပါတယ်။

သူတို့က အတ္တဗဟိုပြုလွန်းအားကြီးတဲ့အတွက် သူတို့ကလွှဲပြီး တခြားလူတွေကိုတော့ စိတ်ဓါတ်ကျလောက်အောင်ဝေဖန်ပါလိမ့်မယ်။ ဒါကြောင့်သူတို့နဲ့ ဝေးဝေးနေပါ၊ သူတို့ကိုလျစ်လျူရှုပါ၊ အမှိုက်တွေကိုဖယ်ရှားပစ်လိုက်ပါ။

#Lifestyle_Myanmar

#Mg_Htet

REF_PowerOfpossitivity

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here