သင့်ချစ်သူက သင့်ကို လိမ်ညာနေပြီဆိုတာ ဖော်ပြနေတဲ့ ရှေ့ပြေးလက္ခဏာ အချို့

0
2349
လိမ်ညာနေပြီဆိုတာ ဖော်ပြနေတဲ့ ရှေ့ပြေးလက္ခဏာ အချို့
လိမ်ညာနေပြီဆိုတာ ဖော်ပြနေတဲ့ ရှေ့ပြေးလက္ခဏာ အချို့

၁။ ပုံမှန်ထက် ထူးခြားတဲ့ အပြုအမူမျိုး

လူတစ်ယောက်က ပုံမှန်ထက်ပိုပြီး ထူးခြားနေပြီဆိုရင် သူ့မှာ အကြောင်းကိစ္စတစ်ခုခုရှိနေပြီဆိုတာ လူတိုင်း သိကြမယ်ထင်ပါတယ်။ ဒီလိုပါပဲ သင့်ယောက်ျား/ ဇနီး ဒါမှမဟုတ် သင့်ချစ်သူကလည်း ပုံမှန်ထက် ထူးထူးခြားခြားအပြုအမူမျိုးဖြစ်နေပြီဆိုရင် ပုံမှန်မဟုတ်ဖို့ ရာခိုင်နှုန်း တော်တော်များနေပြီဆိုတာ သဘောပေါက်သင့်ပါတယ်။ ဥပမာ တစ်ချိန်လုံး ပေတီးပေစုတ်နဲ့နေနေတဲ့ လူတစ်ယောက်က သင်ဘက်က ဘာတွန်းအားမှ မပေးဘဲ သပ်သပ်ရပ်ရပ်ဝတ်စားလာတာမျိုး၊ ဆံပင်၊ မုတ်ဆိတ်၊ နှုတ်ခမ်းမွှေးရိတ်တာမျိုး၊ မသုံးစဖူးရေမွှေးတွေ ဘာတွေသုံးတတ်လာတာမျိုးဆို သင့်အနေနဲ့ သတိထားတတ်ဖို့လိုအပ်လာပါလိမ့်မယ်။ သူ့ဘက်က ဒီလို အပြုအမူမျိုး ပြောင်းလဲလာတာကို သင့်အတွက် ခိုင်းလုံတဲ့ အကြောင်းပြချက်ပေးတာမျိုး၊ ဒါမှမဟုတ် သူ့ရဲ့ ပြောင်းလဲမှုက သင့်အတွက် ဖြစ်နေတာမျိုးဆို သင့်ဘက်က ခွင့်လွတ် ပေးသင့်ပေးမဲ့ ဘာအကြောင်းပြချက်မှ ခိုင်ခိုင်လုံလုံမရှိဘဲ၊ သင့်အတွက်လည်း မဟုတ်ဘဲ ဆိုရင်တော့ သင့်အနေနဲ့ သတိထားဖို့တော့ လိုအပ်လာပါလိမ့်မယ်။

၂။ ပုဂ္ဂိုလ်ရေးရာ သာမန်ကိစ္စလေးတောင် ထိပါးခွင့်မရှိတာမျိုး

ကိုယ့်အပေါ် လိမ်လည်ထားတဲ့ လူတစ်ယောက်က တခါတလေးမှာ ဘာမဟုတ်တဲ့ သာမန်ကိစ္စလေးတောင် အလန့်တကြားဖြစ်တတ်ပါတယ်။ ဥပမာ ကိုယ်က Selfie ဆွဲဖို့ သူ့ဖုန်းလေးကို ခဏလောက် ကိုင်ပေမဲ့ ပေးမကိုင်တာမျိုး၊ passwords တွေ အတူတူထားထားပေမဲ့ သူ့ဘက်က ချိန်းလိုက်တာမျိုး စတဲ့ အပြုအမူမျိုးတွေက သင့်မသိအောင် တစ်ခုခု ဖုံးကွယ်ထားတာမျိုးတွေ၊ လိမ်လည်နေတာမျိုးတွေ ရှိလို့ ပြုမူတဲ့ လက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်။ အစပိုင်းမှာ နှစ်ဦးသား ဘာမဆို ပွင့်ပွင့်လင်းလင်းရှိပေမဲ့ နောက်ပိုင်းမှာ အဖျားရှူးပြီး အကြောင်းပြချက် အမျိုးမျိုးနဲ့ သင့်အပေါ် ဝှေ့ဝိုက်နေရင်တော့ သူ့ဘက်က ပုံမှန်မဟုတ်ဖို့ ရာခိုင်နှုန်းတော်တော်များနေပါပြီ။ ဒါဆို သင့်အနေနဲ့ ဘာလုပ်သင့်တယ်၊ ဘယ်လိုရှေ့ဆက်သင့်တယ်ဆိုတာ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချဖို့ အချိန်တန်ပြီထင်ပါတယ်။

၃။ ပုံမှန်ထက်ပိုပြီး စိတ်တိုလွယ်လာတာမျိုး

ပုံမှန်ဖြစ်နေကျ ပြဿနာတွေ အခက်အခဲတွေတိုင်း ရင်ဖွင့် ဆွေးနွေးနေတတ်တဲ့သူက နောက်ပိုင်းမှာ သင်က စိတ်ပူလို့ပေးပေမဲ့ သူ့ဘက်က ရစ်တယ်၊ အမေးအမြန်းထူလွန်တယ်၊ စပ်စုတယ်လို့ ထင်လာရင်တော့ သူ့မှာ သင့်အပေါ် ငြီးငွေ့လာတာမျိုး၊ အရင်ကလောက် ဂရုမစိုက်ချင်တာမျိုးတွေဖြစ်လာတတ်ပါတယ်။ ဒါပေမဲ့ အခြားပြဿနာတစ်ခုခုကြောင့် စိတ်တိုတုန်းအချိန်မှာ သင့်အပေါ် စိတ်မရှည်တဲ့ လေသံမျိုးတွေနဲ့ အော်လိုက် ငေါက်လိုက်ပေမဲ့ စိတ်ပြေမှ ပြန်ချော့တာမျိုးဆို သင့်ဘက်က ခွင့်လွှတ်သင့်ရင် ခွင့်လွှတ်လို့ရပါတယ်။ ဒါက သူ့ရဲ့ ပင်ကိုယ်ဗီဇအရ စိတ်တိုလွယ်တတ်တဲ့အကျင့် ရှိတာကြောင့် စိတ်ပြေသွားတော့မှာ ကိုယ့်ဘက်ကအမှားကို ကိုသိပြီး သင့်ကို ပြန်တောင်းပန်တဲ့အခါ သင့်ဘက်က စပြီး နားလည်ပေးလိုက်ပါ။ ဒီလိုအကျင့်မျိုးမရှိရင်တော့ သူ့ဘက်က သင့်နဲ့ ရှေ့မဆက်ချင်တော့ဘဲ လက်တွဲဖြုတ်ချင်နေတဲ့ သဘောမျိုးကို သက်ရောက်နေပါတယ်။

၄။ အရင်ကလောက် အချိန်မပေးနိုင်တော့တာမျိုး

အမြဲတစေ တွေ့နေရတဲ့ ချစ်သူမျိုးမဟုတ်ဘဲ တစ်လလုံးမှ တစ်ခါ နှစ်ခါလောက်သာ တွေ့ဖြစ်တဲ့ ချစ်သူအခြေအနေမျိုးမှာ ကိုယ့်နဲ့တွေ့မဲ့ အချိန်လေးတောင် သူ့ဘက်က မအားဘဲ အကြောင်းပြချက်တွေ ခဏခဏပေးနေရင်တော့ သူ့ဘက်က သင့်နဲ့ ရှေ့မဆက်ချင်တော့ဘူးလို့ဘဲ သတ်မှတ်လိုက်ပါ။ ဒါပေမဲ့ တစ်ခါတလေ သူ့ဘက်က ခိုင်လုံတဲ့ အကြောင်းပြချက်ပေးရင်တော့ သင့်ဘက်က ခွင့်လွတ်နားလည်ပေးလိုက်ပါ။ ဥပမာ သင့်နဲ့ တွေ့ဖို့ ကတိပေးထားပြီး ပျက်သွားတဲ့အခါ သူ့ဘက်က ခိုင်လုံတဲ့ ကိစ္စတစ်ခုခုပေါ်လာတာမျိုးဆိုရင်တော့ နားလည်ပေးသင့်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ အကြောင်းပြချက် ရေရေရာရာ မရှိဘဲ အိမ်ပြန်ခဏခဏနောက်ကျတာမျိုးတွေ၊ သူငယ်ချင်းနဲ့ ချစ်သူ/ဇနီး ယှဉ်လာရင် သူငယ်ချင်းဘက်ကို ပိုပြီး အချိန်ပေးတာမျိုးတွေဆို သင့်ဘက်က သူ့နဲ့ ပွင့်ပွင့်လင်းလင်းတိုင်ပင်ဆွေးနွေးဖို့ လိုအပ်လိမ့်မယ်ထင်ပါတယ်။

#Lifestyle_Myanmar

#Thar_Nage

နားလည်မှုရှိရှိနဲ့ အဆင်ပြေဖို့ မယူခင် သိထားသင့်တဲ့ နှစ်ဦးစလုံးရဲ့ လိုအပ်ချက်တွေ

Zawgyi fonts

သင့္ခ်စ္သူက သင့္ကို လိမ္ညာေနၿပီဆိုတာ ေဖာ္ျပေနတဲ့ ေရွ႕ေျပးလကၡဏာ အခ်ိဳ႕
၁။ ပုံမွန္ထက္ ထူးျခားတဲ့ အျပဳအမူမ်ိဳး
လူတစ္ေယာက္က ပုံမွန္ထက္ပိုၿပီး ထူးျခားေနၿပီဆိုရင္ သူ႔မွာ အေၾကာင္းကိစၥတစ္ခုခုရွိေနၿပီဆိုတာ လူတိုင္း သိၾကမယ္ထင္ပါတယ္။ ဒီလိုပါပဲ သင့္ေယာက္်ား/ ဇနီး ဒါမွမဟုတ္ သင့္ခ်စ္သူကလည္း ပုံမွန္ထက္ ထူးထူးျခားျခားအျပဳအမူမ်ိဳးျဖစ္ေနၿပီဆိုရင္ ပုံမွန္မဟုတ္ဖို႔ ရာခိုင္ႏွုန္း ေတာ္ေတာ္မ်ားေနၿပီဆိုတာ သေဘာေပါက္သင့္ပါတယ္။ ဥပမာ တစ္ခ်ိန္လုံး ေပတီးေပစုတ္နဲ႔ေနေနတဲ့ လူတစ္ေယာက္က သင္ဘက္က ဘာတြန္းအားမွ မေပးဘဲ သပ္သပ္ရပ္ရပ္ဝတ္စားလာတာမ်ိဳး၊ ဆံပင္၊ မုတ္ဆိတ္၊ ႏွုတ္ခမ္းေမႊးရိတ္တာမ်ိဳး၊ မသုံးစဖူးေရေမႊးေတြ ဘာေတြသုံးတတ္လာတာမ်ိဳးဆို သင့္အေနနဲ႔ သတိထားတတ္ဖို႔လိုအပ္လာပါလိမ့္မယ္။ သူ႔ဘက္က ဒီလို အျပဳအမူမ်ိဳး ေျပာင္းလဲလာတာကို သင့္အတြက္ ခိုင္းလုံတဲ့ အေၾကာင္းျပခ်က္ေပးတာမ်ိဳး၊ ဒါမွမဟုတ္ သူ႔ရဲ့ ေျပာင္းလဲမွုက သင့္အတြက္ ျဖစ္ေနတာမ်ိဳးဆို သင့္ဘက္က ခြင့္လြတ္ ေပးသင့္ေပးမဲ့ ဘာအေၾကာင္းျပခ်က္မွ ခိုင္ခိုင္လုံလုံမရွိဘဲ၊ သင့္အတြက္လည္း မဟုတ္ဘဲ ဆိုရင္ေတာ့ သင့္အေနနဲ႔ သတိထားဖို႔ေတာ့ လိုအပ္လာပါလိမ့္မယ္။

၂။ ပုဂၢိဳလ္ေရးရာ သာမန္ကိစၥေလးေတာင္ ထိပါးခြင့္မရွိတာမ်ိဳး
ကိုယ့္အေပၚ လိမ္လည္ထားတဲ့ လူတစ္ေယာက္က တခါတေလးမွာ ဘာမဟုတ္တဲ့ သာမန္ကိစၥေလးေတာင္ အလန္႔တၾကားျဖစ္တတ္ပါတယ္။ ဥပမာ ကိုယ္က Selfie ဆြဲဖို႔ သူ႔ဖုန္းေလးကို ခဏေလာက္ ကိုင္ေပမဲ့ ေပးမကိုင္တာမ်ိဳး၊ passwords ေတြ အတူတူထားထားေပမဲ့ သူ႔ဘက္က ခ်ိန္းလိုက္တာမ်ိဳး စတဲ့ အျပဳအမူမ်ိဳးေတြက သင့္မသိေအာင္ တစ္ခုခု ဖုံးကြယ္ထားတာမ်ိဳးေတြ၊ လိမ္လည္ေနတာမ်ိဳးေတြ ရွိလို႔ ျပဳမူတဲ့ လကၡဏာတစ္ရပ္ပဲျဖစ္ပါတယ္။ အစပိုင္းမွာ ႏွစ္ဦးသား ဘာမဆို ပြင့္ပြင့္လင္းလင္းရွိေပမဲ့ ေနာက္ပိုင္းမွာ အဖ်ားရွူးၿပီး အေၾကာင္းျပခ်က္ အမ်ိဳးမ်ိဳးနဲ႔ သင့္အေပၚ ေဝွ႕ဝိုက္ေနရင္ေတာ့ သူ႔ဘက္က ပုံမွန္မဟုတ္ဖို႔ ရာခိုင္ႏွုန္းေတာ္ေတာ္မ်ားေနပါၿပီ။ ဒါဆို သင့္အေနနဲ႔ ဘာလုပ္သင့္တယ္၊ ဘယ္လိုေရွ႕ဆက္သင့္တယ္ဆိုတာ ဆုံးျဖတ္ခ်က္ ခိုင္ခိုင္မာမာ ခ်ဖို႔ အခ်ိန္တန္ၿပီထင္ပါတယ္။

၃။ ပုံမွန္ထက္ပိုၿပီး စိတ္တိုလြယ္လာတာမ်ိဳး
ပုံမွန္ျဖစ္ေနက် ျပႆနာေတြ အခက္အခဲေတြတိုင္း ရင္ဖြင့္ ေဆြးေႏြးေနတတ္တဲ့သူက ေနာက္ပိုင္းမွာ သင္က စိတ္ပူလို႔ေပးေပမဲ့ သူ႔ဘက္က ရစ္တယ္၊ အေမးအျမန္းထူလြန္တယ္၊ စပ္စုတယ္လို႔ ထင္လာရင္ေတာ့ သူ႔မွာ သင့္အေပၚ ၿငီးေငြ႕လာတာမ်ိဳး၊ အရင္ကေလာက္ ဂ႐ုမစိုက္ခ်င္တာမ်ိဳးေတြျဖစ္လာတတ္ပါတယ္။ ဒါေပမဲ့ အျခားျပႆနာတစ္ခုခုေၾကာင့္ စိတ္တိုတုန္းအခ်ိန္မွာ သင့္အေပၚ စိတ္မရွည္တဲ့ ေလသံမ်ိဳးေတြနဲ႔ ေအာ္လိုက္ ေငါက္လိုက္ေပမဲ့ စိတ္ေျပမွ ျပန္ေခ်ာ့တာမ်ိဳးဆို သင့္ဘက္က ခြင့္လႊတ္သင့္ရင္ ခြင့္လႊတ္လို႔ရပါတယ္။ ဒါက သူ႔ရဲ့ ပင္ကိုယ္ဗီဇအရ စိတ္တိုလြယ္တတ္တဲ့အက်င့္ ရွိတာေၾကာင့္ စိတ္ေျပသြားေတာ့မွာ ကိုယ့္ဘက္ကအမွားကို ကိုသိၿပီး သင့္ကို ျပန္ေတာင္းပန္တဲ့အခါ သင့္ဘက္က စၿပီး နားလည္ေပးလိုက္ပါ။ ဒီလိုအက်င့္မ်ိဳးမရွိရင္ေတာ့ သူ႔ဘက္က သင့္နဲ႔ ေရွ႕မဆက္ခ်င္ေတာ့ဘဲ လက္တြဲျဖဳတ္ခ်င္ေနတဲ့ သေဘာမ်ိဳးကို သက္ေရာက္ေနပါတယ္။

၄။ အရင္ကေလာက္ အခ်ိန္မေပးနိုင္ေတာ့တာမ်ိဳး
အျမဲတေစ ေတြ႕ေနရတဲ့ ခ်စ္သူမ်ိဳးမဟုတ္ဘဲ တစ္လလုံးမွ တစ္ခါ ႏွစ္ခါေလာက္သာ ေတြ႕ျဖစ္တဲ့ ခ်စ္သူအေျခအေနမ်ိဳးမွာ ကိုယ့္နဲ႔ေတြ႕မဲ့ အခ်ိန္ေလးေတာင္ သူ႔ဘက္က မအားဘဲ အေၾကာင္းျပခ်က္ေတြ ခဏခဏေပးေနရင္ေတာ့ သူ႔ဘက္က သင့္နဲ႔ ေရွ႕မဆက္ခ်င္ေတာ့ဘူးလို႔ဘဲ သတ္မွတ္လိုက္ပါ။ ဒါေပမဲ့ တစ္ခါတေလ သူ႔ဘက္က ခိုင္လုံတဲ့ အေၾကာင္းျပခ်က္ေပးရင္ေတာ့ သင့္ဘက္က ခြင့္လြတ္နားလည္ေပးလိုက္ပါ။ ဥပမာ သင့္နဲ႔ ေတြ႕ဖို႔ ကတိေပးထားၿပီး ပ်က္သြားတဲ့အခါ သူ႔ဘက္က ခိုင္လုံတဲ့ ကိစၥတစ္ခုခုေပၚလာတာမ်ိဳးဆိုရင္ေတာ့ နားလည္ေပးသင့္ပါတယ္။ ဒီလိုမွမဟုတ္ဘဲ အေၾကာင္းျပခ်က္ ေရေရရာရာ မရွိဘဲ အိမ္ျပန္ခဏခဏေနာက္က်တာမ်ိဳးေတြ၊ သူငယ္ခ်င္းနဲ႔ ခ်စ္သူ/ဇနီး ယွဥ္လာရင္ သူငယ္ခ်င္းဘက္ကို ပိုၿပီး အခ်ိန္ေပးတာမ်ိဳးေတြဆို သင့္ဘက္က သူ႔နဲ႔ ပြင့္ပြင့္လင္းလင္းတိုင္ပင္ေဆြးေႏြးဖို႔ လိုအပ္လိမ့္မယ္ထင္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here