Home Health & Beauty သင့်ခံတွင်းထဲမှာ မကောင်းတဲ့ အရသာကို ဖြစ်ပေါ်ရတဲ့ အကြောင်းရင်း (၈)ခု

သင့်ခံတွင်းထဲမှာ မကောင်းတဲ့ အရသာကို ဖြစ်ပေါ်ရတဲ့ အကြောင်းရင်း (၈)ခု

0
123

ခံတွင်းထဲမှာ မကောင်းတဲ့အရသာဖြစ်ပေါ်လာခြင်းဟာ တစ်ခုခုဆိုးရွားနေတဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။ တခါတရံမှာ ကျွန်တော်တို့နေမကောင်းဖြစ်ရင် ပါးစပ်ထဲမှာ ခါးနေတဲ့အရသာ ခံစားဖူးကြမှာပါ။ ဒါမှမဟုတ် ခံတွင်းထဲမှာ ချဉ်နေတာ၊ သတ္တု သို့မဟုတ် ချိုတဲ့အရသာ ဖြစ်နေတာ ကြုံဖူးကြမှာပါ။

ဒီလို ခံတွင်းထဲမှာ အရသာခံအာရုံပြောင်းလဲပြီး ပုံမှန်မဟုတ်တဲ့ မကောင်းသော အရသာတွေ ပေါ်လာရတာဟာ အောက်ပါအကြောင်းရင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။

၁။ မှိုစွဲရောဂါကြောင့် ဖြစ်နိုင်ပါတယ်

ဒါကို ခံတွင်းမက်ခရုနာလို့လည်း ခေါ်ပါတယ်။ ၎င်းဟာ ခံတွင်းထဲမှာဖြစ်သော မှိုပိုးတစ်ခုဖြစ်ပြီး လျှာ၊ ပါးစောင်အတွင်းသား၊ အာခေါင် ပေါ်မှာ အဖြူအစက်အပျောက်တွေ ဖြစ်ပေါ်လာပါတယ်။ ထိုရောဂါပိုးကူးစက်မှုက ခံတွင်းထဲမှာ စုဝေးနေသော Candida albicans လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားပါတယ်။ သင့်ရဲ့ ကိုယ်ခံအားစနစ် အားနည်းနေလျှင် ဒီဘက်တီးရီးယားက ရောဂါပိုးဖြစ်စေပြီး လျှင်မြန်စွာ မျိုးပွားနိုင်ပါတယ်။ ဒီရောဂါရဲ့ တခြားလက္ခဏာက ပါးစပ်ထဲမှာ ဘယ်လိုမှန်းမသိတဲ့ အရသာတစ်ခုကို ခံစားရစေပါတယ်။

၂။ ကိုယ်ဝန်ရှိတာကြောင့် ဖြစ်နိုင်ပါတယ်

ပျို့ခြင်း၊ ပန်းပန်းနွမ်းနယ်ခြင်းအပြင် ခံတွင်းထဲမှာ သတ္တုအရသာ ခံစားရခြင်းက ကိုယ်ဝန်ဆောင်နေရတာကြောင့် ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ရှိလာရင် သင့်ခန္ဓာကိုယ်ထဲ ဟော်မုန်းအပြောင်းအလဲတွေ ဖြစ်လာတာကြောင့် တွေ့ကြုံရတာ ဖြစ်ပါတယ်။ ဟော်မုန်းတွေက သင့်ရဲ့ အနံ့နှင့် အရသာ အာရုံကို သက်ရောက်မှုရှိစေနိုင်ပြီး သင်အရင်ကကြိုက်ခဲ့ဖူးတဲ့ ရေမွှေးတွေကိုတောင် မုန်းစေနိုင်ပါတယ်။
ဒါပေမယ့် စိတ်ပူစရာမလိုပါဘူး။ ဒါက အများအားဖြင့် ကိုယ်ဝန် တတိယသုံးလအတွင်းမှာ ပျောက်သွားတတ်ပါတယ်။

၃။ ဇင့်ဓါတ် ပိုမိုလိုအပ်တာ ဖြစ်နိုင်ပါတယ်

ဇင့်ဓါတ်နိမ့်တဲ့ အစားအစာတွေ စားလျှင် သင့်ခန္ဓာကိုယ်က ဇင့်ပမာဏ အသင့်အတင့်ကို မစုပ်ယူနိုင်ပါဘူး။ ဇင့်ချို့တဲ့မှုရှိတာက ခံတွင်းထဲမှာ ထူးဆန်းတဲ့အရသာတစ်ခုကို တွေ့ကြုံခံစားရနိုင်ပါတယ်၊ သိပ္ပံပညာရှင်များက ဘာ့ကြောင့်ဖြစ်တာလဲဆိုတာ တွက်ဆဖို့ ကြိုးစားနေကြပါတယ်။ ဒီလေ့လာမှုပြီးနောက် သူတို့က ဇင့်ဟာ အရသာဖုသီးလေးတွေကို ထိန်းချုပ်ထားတဲ့ ပရိုတိန်းအမျိုးအစား gustin အဆင့်ဆင့်ကို တိုးမြှင့်တာကြောင့်လို ယုံကြည်ကြပါတယ်။

၄။ အအေးမိတာ သို့ တုပ်ကွေးကြောင့် ဖြစ်နိုင်ပါတယ်

သင့်လျှာပေါ်မှာ ခါးတဲ့အရသာရတာက အအေးမိခြင်း သို့ တုပ်ကွေးကြောင့် ဖြစ်ပြီး စိုးရိမ်ဖို့ မလိုပါဘူး။ ဒါကဖျားရင်ဖြစ်တတ်ပါတယ်။ နှစ်ခုစလုံးက သာမန်ကူးစက်မှုတွေ ဖြစ်ပြီး သိပ္ပံပညာရှင်များအဆိုအရ သူတို့က သင့်ကိုယ်ခံအားစနစ်ကို သတိပေးခြင်းနှင့် ပရိုတိန်းထုတ်လုပ်မှုနှင့်အတူ သူတို့ကို တိုက်ဖျက်ဖို့ အဆင်သင့်ပြုလုပ်တာလို့ဆိုပါတယ်၊ ဒီလိုဖြစ်နေစဉ်မှာ သင့်ခံတွင်းထဲမှာ ခါးသက်သက်အရသာကျန်ခဲ့ပါလိမ့်မယ်။ နှာခေါင်းထဲမှာ သို့ လည်ချောင်းထဲမှာ ရောဂါကူးစက်လျှင် တုပ်ကွေးကို ဖြစ်ပေါ်စေတဲ့ ဘက်တီးရီးယားတွေကြောင့် ထူးဆန်းတဲ့ အရသာကို ကြုံရနိုင်ပါတယ်။

၅။ ဆီးချိုရောဂါကြောင့် ဖြစ်နိုင်ပါတယ်

သင့်ခန္ဓာကိုယ်က သွေးထဲက သကြားဓါတ်ကို ထိန်းညှိဖို့ အခက်အခဲရှိရင် သင့်ခံတွင်းထဲမှာ ထူးဆန်းတဲ့ အချိုအရသာကို ခံစားရစေနိုင်ပါတယ်။ သုတေသနက ဒါဟာ ဆီးချိုရောဂါခံစားရလျှင် ကြုံတွေ့ရနိုင်တယ်လို့ ပြသထားပါတယ်။ နောက်ထပ်အကြောင်းရင်းကတော့ တခါတရံမှာ ဆီးချိုရောဂါက ခံတွင်းထဲမှာ ခါးတာတစ်ခုခု စားထားသလို ခံစားရစေအောင် ဇင့်စုပ်ယူမှုပမာဏကို လျှော့ချပေးခြင်းကြောင့် ဖြစ်ပါတယ်။

၆။ စိတ်ဖိစီးမှု လယ်ဗယ် မြင့်မားတာကြောင့် ဖြစ်နိုင်ပါတယ်

စိုးရိမ်စိတ်က xerostomia သို့ ခံတွင်းထဲမှာ တံတွေးပမာဏ နည်းပါးခြင်းကြောင့် ဖြစ်ပေါ်တဲ့ ပါးစပ်ခြောက်သွေ့ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ တံတွေးဟာ ကျွန်တော်တို့ရဲ့ အစာခြေတာကအစ ခံတွင်းထဲမှာ မကောင်းတဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ဖို့အထိ ကျွန်တော်တို့ရဲ့ ကျန်းမာရေးမှာ အရေးပါသော အခန်းကဏ္ဍတစ်ခုမှ ပါဝင်ပါတယ်။ တံတွေးကို လိုအပ်သောပမာဏ မထုတ်လုပ်ခဲ့လျှင် ဒီထူးဆန်းတဲ့ အရသာကို တွေ့ကြုံခံစားရပါလိမ့်မယ်။ စိတ်ဖိစီးမှု၊ စိုးရိမ်မှု များတဲ့အခါ တံထွေးထုတ်လုပ်မှု လျော့နည်းလေ့ရှိတာကြောင့် မကောင်းတဲ့ အရသာကို ခံစားရစေပါတယ်။

၇။ ဆေးသောက်နေရတာကြောင့် ဖြစ်နိုင်ပါတယ်

သင်ဆေးဝါးတွေ သောက်သုံးနေရသူဖြစ်လျှင် ပါးစပ်ထဲမှာ ခါးသက်သက်အရသာ၊ ငန်တဲ့အရသာ သို့ သတ္တုအရသာကို တွေ့ကြုံခံစားရနိုင်ပါတယ်။ လေ့လာမှုများမှာ ရှင်းပြထားတာတော့ အလာ့ဂျစ်နှင့် သွေးတိုးရောဂါတွေ ကုသတဲ့နေရာမှာ သုံးသော antibiotics, anti-inflammatories ကဲ့သို့သော ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးဖြစ်တယ်လို့ ဆိုပါတယ်။ တချို့ မာတီဗီတာမင်တောင်မှ ဒီသက်ရောက်မှုတွေ ရှိနိုင်ပါတယ်။

၈။ ခံတွင်းသန့်ရှင်းမှု နည်းတာကြောင့် ဖြစ်နိုင်ပါတယ်

သင့်ခံတွင်းမှာ ကောင်းတဲ့ ဘက်တီးရီးယားကော၊ မကောင်းတဲ့ ဘက်တီးရီးယားတွေပါ ရှိနေပါတယ်။ နေ့စဉ် သွားတိုက်ခြင်း၊ သွားကြားသန့်ရှင်းခြင်းကဲ့သို့သော သင့်လျော်တဲ့ ခံတွင်းသန့်ရှင်းရေးမရှိဘူးဆိုရင် မကောင်းတဲ့ အရသာကို ဖြစ်ပေါ်စေတဲ့ အန္တရာယ်ရှိသော ဘက်တီးရီးယားတွေ ပွားလာစေပါတယ်။ မကောင်းတဲ့ အရသာတွေအပြင် သင့်သွားနှင့် သွားဖုံးမှာပါ ပြဿနာရှိစေနိုင်ပါတယ်။

သင့်ခံတွင်းထဲမှာ မနှစ်မြို့ဖွယ်အရသာတွေ ခံစားရတာဟာ အထက်ပါအချက်တွေကြောင့် ဖြစ်နိုင်တာကြောင့် ခံတွင်းသန့်ရှင်းရေးကို ပိုမိုဂရုစိုက်ပြီး ခံတွင်းနှင့် သွားကျန်းမာရေးအတွက် အနည်းဆုံး ၆လတစ်ခါ သွားဆရာဝန်ဆီသွားပြသပြီး အကြံပြုချက်တွေ လိုက်နာတာ အကောင်းဆုံးပါ။

Lifestyle_Myanmar

LM_Nandar

Source-brightside

ZawGyi

သင့္ခံတြင္းထဲမွာ မေကာင္းတဲ့ အရသာကို ျဖစ္ေပၚရတဲ့ အေၾကာင္းရင္း (၈)ခု
ခံတြင္းထဲမွာ မေကာင္းတဲ့အရသာျဖစ္ေပၚလာျခင္းဟာ တစ္ခုခုဆိုး႐ြားေနတဲ့ လကၡဏာ ျဖစ္ႏိုင္ပါတယ္။ တခါတရံမွာ ကြၽန္ေတာ္တို႔ေနမေကာင္းျဖစ္ရင္ ပါးစပ္ထဲမွာ ခါးေနတဲ့အရသာ ခံစားဖူးၾကမွာပါ။ ဒါမွမဟုတ္ ခံတြင္းထဲမွာ ခ်ဥ္ေနတာ၊ သတၱဳ သို႔မဟုတ္ ခ်ိဳတဲ့အရသာ ျဖစ္ေနတာ ႀကဳံဖူးၾကမွာပါ။ ဒီလို ခံတြင္းထဲမွာ အရသာခံအာ႐ုံေျပာင္းလဲၿပီး ပုံမွန္မဟုတ္တဲ့ မေကာင္းေသာ အရသာေတြ ေပၚလာရတာဟာ ေအာက္ပါအေၾကာင္းရင္းေတြေၾကာင့္ ျဖစ္ႏိုင္ပါတယ္။

၁။ မႈိစြဲေရာဂါေၾကာင့္ ျဖစ္ႏိုင္ပါတယ္

ဒါကို ခံတြင္းမက္ခ႐ုနာလို႔လည္း ေခၚပါတယ္။ ၎ဟာ ခံတြင္းထဲမွာျဖစ္ေသာ မႈိပိုးတစ္ခုျဖစ္ၿပီး လွ်ာ၊ ပါးေစာင္အတြင္းသား၊ အာေခါင္ ေပၚမွာ အျဖဴအစက္အေပ်ာက္ေတြ ျဖစ္ေပၚလာပါတယ္။ ထိုေရာဂါပိုးကူးစက္မႈက ခံတြင္းထဲမွာ စုေဝးေနေသာ Candida albicans လို႔ေခၚတဲ့ ဘက္တီးရီးယားပိုးေၾကာင့္ ျဖစ္ပြားပါတယ္။ သင့္ရဲ႕ ကိုယ္ခံအားစနစ္ အားနည္းေနလွ်င္ ဒီဘက္တီးရီးယားက ေရာဂါပိုးျဖစ္ေစၿပီး လွ်င္ျမန္စြာ မ်ိဳးပြားႏိုင္ပါတယ္။ ဒီေရာဂါရဲ႕ တျခားလကၡဏာက ပါးစပ္ထဲမွာ ဘယ္လိုမွန္းမသိတဲ့ အရသာတစ္ခုကို ခံစားရေစပါတယ္။

၂။ ကိုယ္ဝန္ရွိတာေၾကာင့္ ျဖစ္ႏိုင္ပါတယ္

ပ်ိဳ႕ျခင္း၊ ပန္းပန္းႏြမ္းနယ္ျခင္းအျပင္ ခံတြင္းထဲမွာ သတၱဳအရသာ ခံစားရျခင္းက ကိုယ္ဝန္ေဆာင္ေနရတာေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ ကိုယ္ဝန္ရွိလာရင္ သင့္ခႏၶာကိုယ္ထဲ ေဟာ္မုန္းအေျပာင္းအလဲေတြ ျဖစ္လာတာေၾကာင့္ ေတြ႕ႀကဳံရတာ ျဖစ္ပါတယ္။ ေဟာ္မုန္းေတြက သင့္ရဲ႕ အနံ႔ႏွင့္ အရသာ အာ႐ုံကို သက္ေရာက္မႈရွိေစႏိုင္ၿပီး သင္အရင္ကႀကိဳက္ခဲ့ဖူးတဲ့ ေရေမႊးေတြကိုေတာင္ မုန္းေစႏိုင္ပါတယ္။
ဒါေပမယ့္ စိတ္ပူစရာမလိုပါဘူး။ ဒါက အမ်ားအားျဖင့္ ကိုယ္ဝန္ တတိယသုံးလအတြင္းမွာ ေပ်ာက္သြားတတ္ပါတယ္။

၃။ ဇင့္ဓါတ္ ပိုမိုလိုအပ္တာ ျဖစ္ႏိုင္ပါတယ္

ဇင့္ဓါတ္နိမ့္တဲ့ အစားအစာေတြ စားလွ်င္ သင့္ခႏၶာကိုယ္က ဇင့္ပမာဏ အသင့္အတင့္ကို မစုပ္ယူႏိုင္ပါဘူး။ ဇင့္ခ်ိဳ႕တဲ့မႈရွိတာက ခံတြင္းထဲမွာ ထူးဆန္းတဲ့အရသာတစ္ခုကို ေတြ႕ႀကဳံခံစားရႏိုင္ပါတယ္၊ သိပၸံပညာရွင္မ်ားက ဘာ့ေၾကာင့္ျဖစ္တာလဲဆိုတာ တြက္ဆဖို႔ ႀကိဳးစားေနၾကပါတယ္။ ဒီေလ့လာမႈၿပီးေနာက္ သူတို႔က ဇင့္ဟာ အရသာဖုသီးေလးေတြကို ထိန္းခ်ဳပ္ထားတဲ့ ပ႐ိုတိန္းအမ်ိဳးအစား gustin အဆင့္ဆင့္ကို တိုးျမႇင့္တာေၾကာင့္လို ယုံၾကည္ၾကပါတယ္။

၄။ အေအးမိတာ သို႔ တုပ္ေကြးေၾကာင့္ ျဖစ္ႏိုင္ပါတယ္

သင့္လွ်ာေပၚမွာ ခါးတဲ့အရသာရတာက အေအးမိျခင္း သို႔ တုပ္ေကြးေၾကာင့္ ျဖစ္ၿပီး စိုးရိမ္ဖို႔ မလိုပါဘူး။ ဒါကဖ်ားရင္ျဖစ္တတ္ပါတယ္။ ႏွစ္ခုစလုံးက သာမန္ကူးစက္မႈေတြ ျဖစ္ၿပီး သိပၸံပညာရွင္မ်ားအဆိုအရ သူတို႔က သင့္ကိုယ္ခံအားစနစ္ကို သတိေပးျခင္းႏွင့္ ပ႐ိုတိန္းထုတ္လုပ္မႈႏွင့္အတူ သူတို႔ကို တိုက္ဖ်က္ဖို႔ အဆင္သင့္ျပဳလုပ္တာလို႔ဆိုပါတယ္၊ ဒီလိုျဖစ္ေနစဥ္မွာ သင့္ခံတြင္းထဲမွာ ခါးသက္သက္အရသာက်န္ခဲ့ပါလိမ့္မယ္။ ႏွာေခါင္းထဲမွာ သို႔ လည္ေခ်ာင္းထဲမွာ ေရာဂါကူးစက္လွ်င္ တုပ္ေကြးကို ျဖစ္ေပၚေစတဲ့ ဘက္တီးရီးယားေတြေၾကာင့္ ထူးဆန္းတဲ့ အရသာကို ႀကဳံရႏိုင္ပါတယ္။

၅။ ဆီးခ်ိဳေရာဂါေၾကာင့္ ျဖစ္ႏိုင္ပါတယ္

သင့္ခႏၶာကိုယ္က ေသြးထဲက သၾကားဓါတ္ကို ထိန္းညႇိဖို႔ အခက္အခဲရွိရင္ သင့္ခံတြင္းထဲမွာ ထူးဆန္းတဲ့ အခ်ိဳအရသာကို ခံစားရေစႏိုင္ပါတယ္။ သုေတသနက ဒါဟာ ဆီးခ်ိဳေရာဂါခံစားရလွ်င္ ႀကဳံေတြ႕ရႏိုင္တယ္လို႔ ျပသထားပါတယ္။ ေနာက္ထပ္အေၾကာင္းရင္းကေတာ့ တခါတရံမွာ ဆီးခ်ိဳေရာဂါက ခံတြင္းထဲမွာ ခါးတာတစ္ခုခု စားထားသလို ခံစားရေစေအာင္ ဇင့္စုပ္ယူမႈပမာဏကို ေလွ်ာ့ခ်ေပးျခင္းေၾကာင့္ ျဖစ္ပါတယ္။

၆။ စိတ္ဖိစီးမႈ လယ္ဗယ္ ျမင့္မားတာေၾကာင့္ ျဖစ္ႏိုင္ပါတယ္

စိုးရိမ္စိတ္က xerostomia သို႔ ခံတြင္းထဲမွာ တံေတြးပမာဏ နည္းပါးျခင္းေၾကာင့္ ျဖစ္ေပၚတဲ့ ပါးစပ္ေျခာက္ေသြ႕ျခင္းကို ျဖစ္ေပၚေစႏိုင္ပါတယ္။ တံေတြးဟာ ကြၽန္ေတာ္တို႔ရဲ႕ အစာေျခတာကအစ ခံတြင္းထဲမွာ မေကာင္းတဲ့ ဘက္တီးရီးယားေတြကို တိုက္ဖ်က္ဖို႔အထိ ကြၽန္ေတာ္တို႔ရဲ႕ က်န္းမာေရးမွာ အေရးပါေသာ အခန္းက႑တစ္ခုမွ ပါဝင္ပါတယ္။ တံေတြးကို လိုအပ္ေသာပမာဏ မထုတ္လုပ္ခဲ့လွ်င္ ဒီထူးဆန္းတဲ့ အရသာကို ေတြ႕ႀကဳံခံစားရပါလိမ့္မယ္။ စိတ္ဖိစီးမႈ၊ စိုးရိမ္မႈ မ်ားတဲ့အခါ တံေထြးထုတ္လုပ္မႈ ေလ်ာ့နည္းေလ့ရွိတာေၾကာင့္ မေကာင္းတဲ့ အရသာကို ခံစားရေစပါတယ္။

၇။ ေဆးေသာက္ေနရတာေၾကာင့္ ျဖစ္ႏိုင္ပါတယ္

သင္ေဆးဝါးေတြ ေသာက္သုံးေနရသူျဖစ္လွ်င္ ပါးစပ္ထဲမွာ ခါးသက္သက္အရသာ၊ ငန္တဲ့အရသာ သို႔ သတၱဳအရသာကို ေတြ႕ႀကဳံခံစားရႏိုင္ပါတယ္။ ေလ့လာမႈမ်ားမွာ ရွင္းျပထားတာေတာ့ အလာ့ဂ်စ္ႏွင့္ ေသြးတိုးေရာဂါေတြ ကုသတဲ့ေနရာမွာ သုံးေသာ antibiotics, anti-inflammatories ကဲ့သို႔ေသာ ေဆးဝါးေတြရဲ႕ ေဘးထြက္ဆိုးက်ိဳးျဖစ္တယ္လို႔ ဆိုပါတယ္။ တခ်ိဳ႕ မာတီဗီတာမင္ေတာင္မွ ဒီသက္ေရာက္မႈေတြ ရွိႏိုင္ပါတယ္။

၈။ ခံတြင္းသန္႔ရွင္းမႈ နည္းတာေၾကာင့္ ျဖစ္ႏိုင္ပါတယ္

သင့္ခံတြင္းမွာ ေကာင္းတဲ့ ဘက္တီးရီးယားေကာ၊ မေကာင္းတဲ့ ဘက္တီးရီးယားေတြပါ ရွိေနပါတယ္။ ေန႔စဥ္ သြားတိုက္ျခင္း၊ သြားၾကားသန္႔ရွင္းျခင္းကဲ့သို႔ေသာ သင့္ေလ်ာ္တဲ့ ခံတြင္းသန္႔ရွင္းေရးမရွိဘူးဆိုရင္ မေကာင္းတဲ့ အရသာကို ျဖစ္ေပၚေစတဲ့ အႏၲရာယ္ရွိေသာ ဘက္တီးရီးယားေတြ ပြားလာေစပါတယ္။ မေကာင္းတဲ့ အရသာေတြအျပင္ သင့္သြားႏွင့္ သြားဖုံးမွာပါ ျပႆနာရွိေစႏိုင္ပါတယ္။

သင့္ခံတြင္းထဲမွာ မႏွစ္ၿမိဳ႕ဖြယ္အရသာေတြ ခံစားရတာဟာ အထက္ပါအခ်က္ေတြေၾကာင့္ ျဖစ္ႏိုင္တာေၾကာင့္ ခံတြင္းသန္႔ရွင္းေရးကို ပိုမိုဂ႐ုစိုက္ၿပီး ခံတြင္းႏွင့္ သြားက်န္းမာေရးအတြက္ အနည္းဆုံး ၆လတစ္ခါ သြားဆရာဝန္ဆီသြားျပသၿပီး အႀကံျပဳခ်က္ေတြ လိုက္နာတာ အေကာင္းဆုံးပါ။

Lifestyle_Myanmar

LM_Nandar

Source-brightside

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here