သင့်ခန္ဓာကိုယ်မှာ (estrogen)အီစထိုဂျင် များလွန်းနေကြောင်း ဖော်ပြနေတဲ့ သတိပေး လက္ခဏာ (၈)ခု

0
232

(estrogen) အီစထိုဂျင်ဟာ ရာသီစက်ဝန်း၊ ရင်သားကြီးထွားမှု၊ ချိုင်းမွှေးကဲ့သို့သော မိန်းမနှင့်ဆိုင်တဲ့ ဝိသေသလက္ခဏာများ ဖွံ့ဖြိုးတိုးတတ်ဖို့နှင့် မျိုးပွားမှုစနစ်ရဲ့ regulation အတွက် တာဝန်ယူပေးရတဲ့ အခြေခံကျသော အမျိုးသမီး ဟော်မုန်းဖြစ်ပါတယ်။ အီစထိုဂျင် လွန်ကဲခြင်းက အမျိုးသမီးတွေမှာ ကင်ဆာဖြစ်စေနိုင်တာကြောင့် ပုံမှန်အဆင့်ကို ထိန်းသိမ်းဖို့ အရမ်းအရေးကြီးပါတယ်။ ဒါ့ကြောင့် အမျိုးသမီးတွေမှာ အီစထိုဂျင် ပိုလျှံနေကြောင်း သတိပေးနေတဲ့ လက္ခဏာများအကြောင်းကို မျှဝေပေးလိုက်ပါတယ်။

-Advertisement-

အီစထိုဂျင် ထုတ်လုပ်မှု လွန်ကဲခြင်း၏ အကြောင်းရင်းများ

အီထရိုဂျင်အဆင့်ကို သဘာဝအလျောက် မြင့်တတ်စေတဲ့ နည်းလမ်း ၂သွယ်ရှိပါတယ်။ ဒါကတော့ အပျိုဖော်ဝင်ချိန်နှင့် ကိုယ်ဝန်ဆောင်နေစဉ် အတွင်းမှာပါ။ ဒါပေမယ့် ၎င်းက တခြားအကြောင်းရင်း တချို့ကြောင့်လည်း ဖြစ်ပျက်နိုင်ပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင် သို့မဟုတ် ကျွန်တော်တို့ အစားအသောက်ကနေ အီစထိုဂျင် လွန်ကျွံမှုကို ရရှိနိုင်ပါတယ်။
ကြီးထွားဟော်မုန်းတွေ၊ ပေါင်းသတ်ဆေးနှင့် အဆိပ်ပိုးသတ်ဆေးတို့ ရှိတဲ့ အစားအစာများထဲမှာ ပါရှိတတ်တာကြောင့် ယနေ့ခေတ်မှာ ကျွန်မတို့ရဲ့ အီစထိုဂျင်အဆင့်က တိုးလာဖို့ မခက်ခဲတော့ပါဘူး။ စူပါမားကတ်မှာ ကုန်ပစ္စည်းတွေဝယ်တဲ့အခါ ဂရုစိုက်ပါ။ ဘယ်ကထုတ်လုပ်သလဲနှင့် ဖော်ပြချက်တွေကို စစ်ဆေးပါ။
ဒီအကြောင်းရင်းတွေမှလွဲပြီး ကျွန်မတို့ရဲ့ လူနေမှုဘဝနှင့် ချိတ်ဆက်နေတဲ့ တခြားအကြောင်းရင်းများလည်း ရှိနိုင်ပါသေးတယ်။
အရက်အလွန်အကျွံသောက်ခြင်းနှင့် ဆေးသုံးစွဲခြင်း၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အဝလွန်ခြင်း။ သွေးတိုးခြင်း၊ စိတ်ဖိစီးမှုများခြင်း။

အမျိုးသမီးတွေမှာ အီစထိုဂျင်မြင့်မားတဲ့ လက္ခဏာများ
ဒီလက္ခဏာတွေ တွေ့ရင် ဂရုစိုက်ပါ။ ဆရာဝန်ဆီသွားဖို့ မတွန့်ဆုတ်ပါနဲ့။ သင့်ရဲ့ အီစထိုဂျင်အဆင့်က မြင့်မားလျှင် ဒီလိုလက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

၁။ ရင်သားထဲမှာ နာကျင်ခြင်းနှင့် ရောင်ရမ်းခြင်း

အမျိုးသမီးအတော်များများဟာ ရာသီလာနေစဉ်နှင့် ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ ရင်သားတွေက ဟော်မုန်းတွေကို sensitive ဖြစ်တာကြောင့် ရင်သားထဲမှာ ပြောင်းလဲမှုတွေကို ခံစားရပါတယ်။ ရင်သားနာကျင်တာ ဒါမှမဟုတ် ပုံမှန်ထက်ပိုပြီး ရောင်ရမ်းတာကို သတိထားမိလျှင် ဒါက အီစထိုဂျင်မြင့်မားမှုကြောင့် ဖြစ်နိုင်ပါတယ်။

၂။ စိတ်အပြောင်းအလဲများ

အီစထိုဂျင်က သင့်စိတ်ပိုင်းဆိုင်ရာအဆင့်နှင့် စိတ်ခံစားချက်များအပေါ် သက်ရောက်မှုရှိပါတယ်။ ဒီခံစားမှုများက PMS လက္ခဏာမျိုးတွေ သတိပေးပါလိမ့်မယ်။ စိတ်ဓါတ်ကျတာ၊ စိုးရိမ်စိတ်များတာတွေကို ခံစားရပါလိမ့်မယ်။

၃။ ရင်သားထဲမှာ Fibrocystic အကျိတ်များ

အီစထိုဂျင်ကြီးစိုးမှုရှိလျှင် သင့်ရင်သားတွေမှာ အကျိတ်အဖုတွေ ဖြစ်လာနိုင်ပါတယ်။ ဒါက မခံမရပ်နိုင်တာ၊ နာကျင်တာတွေ ဖြစ်နိုင်ပါတယ်။ သင့်ရင်သားတစ်သျူးမှာ အကျိတ်အဖုတွေ တွေ့ရှိပါက ဆရာဝန်ဆီ ချက်ချင်းသွားဖို့ ချီတုံချတုံ မဖြစ်ပါနဲ့။

၄။ ဆံပင်ကျွတ်တာ

အီစထိုဂျင် အလွန်အကျွံ ထုတ်လုပ်တဲ့အခါ ဆံပင်တွေပိုပြီး ကျွတ်လာနိုင်ပါတယ်။ဒါက စိတ်ကျရောဂါအဆင့်ကို ပိုပြီးတောင် ဖြစ်ပေါ်စေနိုင်ပါတယ်။ သို့ပေမယ့် ဆံပင်ကျွတ်တဲ့ ပမာဏက သင့်လူနေမှုပုံစံပေါ်မှာလည်း ကောင်းစွာ မူတည်ကြောင်း သတိရသင့်ပါတယ်။

၅။ ကိုယ်အလေးချိန် တိုးလာတာ

ပုံမှန်အိပ်၊ ပုံမှန်စားနေပေမယ့်လည်း သင့်တင်ပါးဧရိယာက ပိုပြီးကြီးလာကြောင်း သတိပြုမိနိုင်ပါတယ်။ ဒါက အီစထိုဂျင်ပိုလျှံတဲ့ လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။ diet လုပ်ပေမယ့်လည်း ကိုယ်အလေးချိန် မကျလာတာကို ခံစားရနိုင်ပါတယ်။

၆။ ရာသီမမှန်တာ

ရာသီစက်ဝန်းက ရုတ်တရက် နောက်ကျတာ၊ စောတာက အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးသော လက္ခဏာတစ်ခုဖြစ်ပါတယ်။ ရာသီစက်ဝန်းကာလက သင့်ခန္ဓာကိုယ်ထဲက ဟော်မုန်း အဆင့်တွေကို စိုးမိုးပါတယ်။ ဟော်မုန်းမမျှတမှုရှိလျှင် ရာသီစက်ဝန်းတစ်ခုလုံးက ယိုယွင်းနိုင်ပါတယ်။

၇။ အချိန်တိုင်း မောပန်းနွမ်းနယ်သလို ခံစားရတာ

သင့်မှာ အိပ်မပျော်တဲ့ ပြဿနာရှိပါက အချိန်တိုင်းပင်ပန်းနွမ်းနယ်သလို ခံစားရပါလိမ့်မယ်။ ဒါက ပုံမှန်ပါပဲ။ ဒါပေမယ့် သင့်လူနေမှုပုံစံက ပြောင်းလဲမှုမရှိဘဲ ပုံမှန်ထက် ပိုပြီး ပင်ပန်းနေတာကို သတိပြုမိရင် ဒါက သင့်ဟော်မုန်းအဆင့်ဆင့်ကို စစ်ဆေးဖို့ လိုအပ်တဲ့ သတိပေးလက္ခဏာဖြစ်နိုင်ပါတယ်။

၈။ အိပ်မပျော်တဲ့ ဒုက္ခ

အီစထိုဂျင်လွန်ကဲတာက မတူညီတဲ့ အိပ်စက်မှု ပြဿနာတွေကိုလည်း ဖြစ်ပေါ်နိုင်ပါတယ်။ စကားများလွန်းလာတာ၊ အိပ်မပျော်တာ၊ သို့မဟုတ် ဆန့်ကျင်ဘက်အနေနဲ့ အချိန်တိုင်း အိပ်ချင်သလို ခံစားရနိုင်ပါတယ်။ စိတ်ဖိစီးမှုနှင့် သင့်အိပ်စက်မှု ပြဿနာတွေ ရုတ်တရက်ပြောင်းလဲလာရင် ဂရုစိုက်ပါ။

Lifestyle_Myanmar

LM_Nandar

ZawGyi

သင့္ခႏၶာကိုယ္မွာ (estrogen)အီစထိုဂ်င္ မ်ားလြန္းေနေၾကာင္း ေဖာ္ျပေနတဲ့ သတိေပး လကၡဏာ (၈)ခု
(estrogen) အီစထိုဂ်င္ဟာ ရာသီစက္ဝန္း၊ ရင္သားႀကီးထြားမႈ၊ ခ်ိဳင္းေမႊးကဲ့သို႔ေသာ မိန္းမႏွင့္ဆိုင္တဲ့ ဝိေသသလကၡဏာမ်ား ဖြံ႕ၿဖိဳးတိုးတတ္ဖို႔ႏွင့္ မ်ိဳးပြားမႈစနစ္ရဲ႕ regulation အတြက္ တာဝန္ယူေပးရတဲ့ အေျခခံက်ေသာ အမ်ိဳးသမီး ေဟာ္မုန္းျဖစ္ပါတယ္။ အီစထိုဂ်င္ လြန္ကဲျခင္းက အမ်ိဳးသမီးေတြမွာ ကင္ဆာျဖစ္ေစႏိုင္တာေၾကာင့္ ပုံမွန္အဆင့္ကို ထိန္းသိမ္းဖို႔ အရမ္းအေရးႀကီးပါတယ္။ ဒါ့ေၾကာင့္ အမ်ိဳးသမီးေတြမွာ အီစထိုဂ်င္ ပိုလွ်ံေနေၾကာင္း သတိေပးေနတဲ့ လကၡဏာမ်ားအေၾကာင္းကို မွ်ေဝေပးလိုက္ပါတယ္။

အီစထိုဂ်င္ ထုတ္လုပ္မႈ လြန္ကဲျခင္း၏ အေၾကာင္းရင္းမ်ား

အီထ႐ိုဂ်င္အဆင့္ကို သဘာဝအေလ်ာက္ ျမင့္တတ္ေစတဲ့ နည္းလမ္း ၂သြယ္ရွိပါတယ္။ ဒါကေတာ့ အပ်ိဳေဖာ္ဝင္ခ်ိန္ႏွင့္ ကိုယ္ဝန္ေဆာင္ေနစဥ္ အတြင္းမွာပါ။ ဒါေပမယ့္ ၎က တျခားအေၾကာင္းရင္း တခ်ိဳ႕ေၾကာင့္လည္း ျဖစ္ပ်က္ႏိုင္ပါတယ္။ ကြၽန္ေတာ္တို႔ ပတ္ဝန္းက်င္ သို႔မဟုတ္ ကြၽန္ေတာ္တို႔ အစားအေသာက္ကေန အီစထိုဂ်င္ လြန္ကြၽံမႈကို ရရွိႏိုင္ပါတယ္။
ႀကီးထြားေဟာ္မုန္းေတြ၊ ေပါင္းသတ္ေဆးႏွင့္ အဆိပ္ပိုးသတ္ေဆးတို႔ ရွိတဲ့ အစားအစာမ်ားထဲမွာ ပါရွိတတ္တာေၾကာင့္ ယေန႔ေခတ္မွာ ကြၽန္မတို႔ရဲ႕ အီစထိုဂ်င္အဆင့္က တိုးလာဖို႔ မခက္ခဲေတာ့ပါဘူး။ စူပါမားကတ္မွာ ကုန္ပစၥည္းေတြဝယ္တဲ့အခါ ဂ႐ုစိုက္ပါ။ ဘယ္ကထုတ္လုပ္သလဲႏွင့္ ေဖာ္ျပခ်က္ေတြကို စစ္ေဆးပါ။
ဒီအေၾကာင္းရင္းေတြမွလြဲၿပီး ကြၽန္မတို႔ရဲ႕ လူေနမႈဘဝႏွင့္ ခ်ိတ္ဆက္ေနတဲ့ တျခားအေၾကာင္းရင္းမ်ားလည္း ရွိႏိုင္ပါေသးတယ္။
အရက္အလြန္အကြၽံေသာက္ျခင္းႏွင့္ ေဆးသုံးစြဲျခင္း၊ ႏွလုံးေရာဂါ၊ ဆီးခ်ိဳေရာဂါ၊ အဝလြန္ျခင္း။ ေသြးတိုးျခင္း၊ စိတ္ဖိစီးမႈမ်ားျခင္း။

အမ်ိဳးသမီးေတြမွာ အီစထိုဂ်င္ျမင့္မားတဲ့ လကၡဏာမ်ား
ဒီလကၡဏာေတြ ေတြ႕ရင္ ဂ႐ုစိုက္ပါ။ ဆရာဝန္ဆီသြားဖို႔ မတြန္႔ဆုတ္ပါနဲ႔။ သင့္ရဲ႕ အီစထိုဂ်င္အဆင့္က ျမင့္မားလွ်င္ ဒီလိုလကၡဏာေတြကို ခံစားရႏိုင္ပါတယ္။

၁။ ရင္သားထဲမွာ နာက်င္ျခင္းႏွင့္ ေရာင္ရမ္းျခင္း

အမ်ိဳးသမီးအေတာ္မ်ားမ်ားဟာ ရာသီလာေနစဥ္ႏွင့္ ကိုယ္ဝန္ေဆာင္ေနစဥ္အတြင္းမွာ ရင္သားေတြက ေဟာ္မုန္းေတြကို sensitive ျဖစ္တာေၾကာင့္ ရင္သားထဲမွာ ေျပာင္းလဲမႈေတြကို ခံစားရပါတယ္။ ရင္သားနာက်င္တာ ဒါမွမဟုတ္ ပုံမွန္ထက္ပိုၿပီး ေရာင္ရမ္းတာကို သတိထားမိလွ်င္ ဒါက အီစထိုဂ်င္ျမင့္မားမႈေၾကာင့္ ျဖစ္ႏိုင္ပါတယ္။

၂။ စိတ္အေျပာင္းအလဲမ်ား

အီစထိုဂ်င္က သင့္စိတ္ပိုင္းဆိုင္ရာအဆင့္ႏွင့္ စိတ္ခံစားခ်က္မ်ားအေပၚ သက္ေရာက္မႈရွိပါတယ္။ ဒီခံစားမႈမ်ားက PMS လကၡဏာမ်ိဳးေတြ သတိေပးပါလိမ့္မယ္။ စိတ္ဓါတ္က်တာ၊ စိုးရိမ္စိတ္မ်ားတာေတြကို ခံစားရပါလိမ့္မယ္။

၃။ ရင္သားထဲမွာ Fibrocystic အက်ိတ္မ်ား

အီစထိုဂ်င္ႀကီးစိုးမႈရွိလွ်င္ သင့္ရင္သားေတြမွာ အက်ိတ္အဖုေတြ ျဖစ္လာႏိုင္ပါတယ္။ ဒါက မခံမရပ္ႏိုင္တာ၊ နာက်င္တာေတြ ျဖစ္ႏိုင္ပါတယ္။ သင့္ရင္သားတစ္သ်ဴးမွာ အက်ိတ္အဖုေတြ ေတြ႕ရွိပါက ဆရာဝန္ဆီ ခ်က္ခ်င္းသြားဖို႔ ခ်ီတုံခ်တုံ မျဖစ္ပါနဲ႔။

၄။ ဆံပင္ကြၽတ္တာ

အီစထိုဂ်င္ အလြန္အကြၽံ ထုတ္လုပ္တဲ့အခါ ဆံပင္ေတြပိုၿပီး ကြၽတ္လာႏိုင္ပါတယ္။ဒါက စိတ္က်ေရာဂါအဆင့္ကို ပိုၿပီးေတာင္ ျဖစ္ေပၚေစႏိုင္ပါတယ္။ သို႔ေပမယ့္ ဆံပင္ကြၽတ္တဲ့ ပမာဏက သင့္လူေနမႈပုံစံေပၚမွာလည္း ေကာင္းစြာ မူတည္ေၾကာင္း သတိရသင့္ပါတယ္။

၅။ ကိုယ္အေလးခ်ိန္ တိုးလာတာ

ပုံမွန္အိပ္၊ ပုံမွန္စားေနေပမယ့္လည္း သင့္တင္ပါးဧရိယာက ပိုၿပီးႀကီးလာေၾကာင္း သတိျပဳမိႏိုင္ပါတယ္။ ဒါက အီစထိုဂ်င္ပိုလွ်ံတဲ့ လကၡဏာတစ္ခုျဖစ္ႏိုင္ပါတယ္။ diet လုပ္ေပမယ့္လည္း ကိုယ္အေလးခ်ိန္ မက်လာတာကို ခံစားရႏိုင္ပါတယ္။

၆။ ရာသီမမွန္တာ

ရာသီစက္ဝန္းက ႐ုတ္တရက္ ေနာက္က်တာ၊ ေစာတာက အမ်ိဳးသမီးတစ္ေယာက္အတြက္ အေရးႀကီးေသာ လကၡဏာတစ္ခုျဖစ္ပါတယ္။ ရာသီစက္ဝန္းကာလက သင့္ခႏၶာကိုယ္ထဲက ေဟာ္မုန္း အဆင့္ေတြကို စိုးမိုးပါတယ္။ ေဟာ္မုန္းမမွ်တမႈရွိလွ်င္ ရာသီစက္ဝန္းတစ္ခုလုံးက ယိုယြင္းႏိုင္ပါတယ္။

၇။ အခ်ိန္တိုင္း ေမာပန္းႏြမ္းနယ္သလို ခံစားရတာ

သင့္မွာ အိပ္မေပ်ာ္တဲ့ ျပႆနာရွိပါက အခ်ိန္တိုင္းပင္ပန္းႏြမ္းနယ္သလို ခံစားရပါလိမ့္မယ္။ ဒါက ပုံမွန္ပါပဲ။ ဒါေပမယ့္ သင့္လူေနမႈပုံစံက ေျပာင္းလဲမႈမရွိဘဲ ပုံမွန္ထက္ ပိုၿပီး ပင္ပန္းေနတာကို သတိျပဳမိရင္ ဒါက သင့္ေဟာ္မုန္းအဆင့္ဆင့္ကို စစ္ေဆးဖို႔ လိုအပ္တဲ့ သတိေပးလကၡဏာျဖစ္ႏိုင္ပါတယ္။

၈။ အိပ္မေပ်ာ္တဲ့ ဒုကၡ

အီစထိုဂ်င္လြန္ကဲတာက မတူညီတဲ့ အိပ္စက္မႈ ျပႆနာေတြကိုလည္း ျဖစ္ေပၚႏိုင္ပါတယ္။ စကားမ်ားလြန္းလာတာ၊ အိပ္မေပ်ာ္တာ၊ သို႔မဟုတ္ ဆန္႔က်င္ဘက္အေနနဲ႔ အခ်ိန္တိုင္း အိပ္ခ်င္သလို ခံစားရႏိုင္ပါတယ္။ စိတ္ဖိစီးမႈႏွင့္ သင့္အိပ္စက္မႈ ျပႆနာေတြ ႐ုတ္တရက္ေျပာင္းလဲလာရင္ ဂ႐ုစိုက္ပါ။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here