သင့်ခန္ဓာကိုယ်မှာ အိုင်အိုဒင်းဓါတ် ပိုမိုလိုအပ်နေကြောင်း ဖော်ပြနေတဲ့ လက္ခဏာ (၁၀)ခု

0
100

အိုင်အိုဒင်းက ကျွန်တော်တို့ရဲ့တစ်သက်တာမှာ မရှိမဖြစ်အရေးပါပါတယ်။ ၎င်းက သိုင်းရွိုက်ဟော်မုန်းတွေ ထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ အဓိကအစိတ်အပိုင်းဖြစ်တာကြောင့်ပါ။ ကျွန်တော်တို့ခန္ဓာကိုယ်က ၎င်းကိုသူ့ဘာသာသူ ထုတ်လုပ်နိုင်စွမ်း မရှိပါဘူး။ ပင်လယ်ရေညှိ၊ ဥအမျိုးမျိုး၊ နို့ထွက်ပစ္စည်းစတဲ့ အိုင်အိုဒင်းဓါတ် ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးခြင်းဖြင့် အိုင်အိုဒင်းဓါတ်ကို ရရှိပါတယ်။ အိုင်အိုဒင်း ချို့တဲ့ရင် ရောဂါလက္ခဏာအမျိုးမျိုးကို ဖြစ်ပေါ်စေပါတယ်။ မကုသဘဲထားမယ်ဆိုရင် ကင်ဆာ သို့ နှလုံးရပ်ခြင်းကဲ့သို့သော ပိုပြီးပြင်းထန်တဲ့ ရောဂါများကိုဖြစ်စေနိုင်ပါတယ်။

ဒါ့ကြောင့် အိုင်အိုဒင်းဓါတ်ချို့တဲ့ရင် ဘယ်လိုလက္ခဏာတွေ ဖြစ်ပေါ်စေသလဲဆိုတာကို သိရှိစေဖို့ မျှဝေပေးလိုက်ပါတယ်။

၁။ ဆံပင်နှင့် အရေပြားပြဿနာများ

ဆံပင်အရမ်းကျွတ်တာ၊ အသားအရေ ခြောက်သွေ့ယားယံတာက အိုင်အိုဒင်းလိုအပ်နေတဲ့ လက္ခဏာများ ဖြစ်နိုင်ပါတယ်။ အိုင်အိုဒင်းက အရေပြားအစိုဓါတ်Levelကိုထိန်းညှိဖို့ ကူညီပေးပြီး အမာရွတ်တွေ၊ ဒဏ်ရာတွေကို ပျောက်အောင်လှုံ့ဆော်ပေးပါတယ်။ အရေးအကြောင်းတွေ ဖွဲ့စည်းခြင်းကို နှေးကွေးစေပါတယ်။ ဒီဒြပ်စင်က ဆံကေသာကိုလည်း ရှည်လျားတောက်ပစေပါတယ်။ လှို့ဝှက်ချက်က ၎င်းမှာ ရောဂါပိုးကူးစက်မှုကနေကာကွယ်ပေးပြီး ဆံပင်မွှေးညင်းပေါက်လေးတွေကို ပြန်လည်အစားထိုး ထောက်ပံပေးနိုင်စွမ်း ရှိလို့ပါ။

၂။ အအေးမခံနိုင်ခြင်း

ရာသီဥတုမအေးဘဲ သင်စောင်ခြုံထားရပြီဆိုရင်၊ သူများတွေ တီရှပ်ဝတ်ပြီး နေနိုင်ချိန်မှာ သင်ချမ်းစိမ့်စိမ့်ခံစားနေရပြီဆိုရင် အိုင်အိုဒင်းဓါတ်ချို့တဲ့နေတာ ဖြစ်နိုင်ပါတယ်။ အိုင်အိုဒင်းဓါတ်ချို့တဲ့ရင် ဇီဝကမ္မနှုန်းကိုနှေးကွေးဖို့ ဦးတည်နေတာကြောင့် ဒီလိုသင်ခံစားရတာ ဖြစ်ပါတယ်။ အိုင်အိုဒင်းချို့တဲ့ရင် ကျွန်တော်တို့ခန္ဓာကိုယ်က နှစ်လိုဖွယ်နွေးထွေးမှုကိုပေးတဲ့ စွမ်းအင်ထုတ်လုပ်မှု လျော့နည်းသွားပါတယ်။

၃။ မမျှော်လင့်ဘဲ ကိုယ်အလေးချိန်တိုးလာခြင်း

ဇီဝကမ္မဖြစ်စဥ် နှေးကွေးခြင်းက အအေးဒဏ်မခံနိုင်တဲ့ ပြဿနာတွေအပြင် ကံမကောင်းပါက ကိုယ်အလေးချိန် အလွန်အကျွံ တိုးခြင်းကိုလည်း ဖြစ်စေပါတယ်။ ၎င်းက ကျွန်တော်တို့ခန္ဓာကိုယ်ကို အစားအသောက်အလေ့အထ ပြောင်းလဲမှုမရှိဘဲ ပုံမှန်ထက် ကယ်လိုရီလောင်ကျွမ်းတာ လျော့နည်းခြင်းကို ဖြစ်ပေါ်စေပါတယ်။ ရလဒ်အနေနဲ့ ကယ်လိုရီအကြွင်းအကျန်များက အဆီအဖြစ် သိုလှောင်ထားပါတယ်။

၄။ ပင်ပန်းနွမ်းနယ်ခြင်းနှင့် အားနည်းခြင်း

သိုင်းရွိုက်ဟော်မုန်းနိမ့်တဲ့ လူ ၈၈ ရာခိုင်နှုန်းဝန်းကျင်မှာ ဒီပြဿနာရှိတယ်လို့ လေ့လာမှုများက ပြသခဲ့ပါတယ်။ အိပ်ရေးဝဝလည်းအိပ်ပြီး အလုပ်လည်းအရမ်းမလုပ်ပေမယ့် ခြေကုန်လက်ပမ်းကျနေတယ်ဆိုရင် သင့်ရဲ့ပြဿနာဟာ အိုင်အိုဒင်းချို့တဲ့တာ ဖြစ်နိုင်ပါတယ်။ အမြဲတမ်းပင်ပန်းနွမ်းနယ်ပြီး မောပန်းနေတာက ဇီဝကမ္မဖြစ်စဥ်ကိုနှေးကွေးစေတဲ့ တခြားလက္ခဏာများဖြစ်ပါတယ်။ တတ်တတ်ကြွကြွနေဖို့ လုံလောက်တဲ့ စွမ်းအင် မရှိတာကြောင့်ပါ။

၅။ သင်ယူခြင်းနှင့် မှတ်ဥာဏ်ပြဿနာများ

၂၀၁၄ခုနှစ်မှာ ပြလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ သိုင်းရွိုက်ဟော်မုန်း level နိမ့်ကျတဲ့သူမှာ ပိုမိုသေးငယ်တဲ့ hippocampus ရှိပါတယ်။ ဒါက ရေရှည်မှတ်ဥာဏ်ကို ထိန်းချုပ်ပေးတဲ့ ကျွန်တော်တို့ဦးနှောက်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ အိုင်အိုဒင်းချို့တဲ့သော သူတွေမှာ သင်ယူလေ့လာမှု ခက်ခဲခြင်းနှင့် သတိမေ့လွယ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ဇီဝကမ္မဖြစ်စဥ်နှေးကွေးမှုက သတင်းအချက်အလက် processနှင့် ထိရောက်စွာ တုံ့ပြန်ဖို့ ဦးနှောက်ရဲ့ စွမ်းရည်ကိုလည်း ထိခိုက်စေပါတယ်။

၆။ စိတ်ကျရောဂါနှင့် စိုးရိမ်ပူပန်မှု

စိတ်ကျရောဂါနှင့် စိုးရိမ်သောက ပြင်းထန်မှုက စိတ်ပိုင်းဆိုင်ရာပြဿနာများကြာင့်သာ ဖြစ်ပေါ်နိုင်တာလို့ ကျွန်တော်တို့ထင်ခဲ့ကြပါတယ်။ ဒါကမှားပါတယ်။ စိတ်ကျဝေဒနာနှင့် သိုင်းရွိုက်ရောဂါအကြား ဆက်နွယ်မှုရှိတယ်လို့ သိပ္ပံပညာရှင်များက အတည်ပြခဲ့ကြပါတယ်။ သင်ဟာ ပုံမှန်ထက်ပိုပြီး စိတ်ဓါတ်ကျဝေဒနာ ခံစားနေရတယ်လို့ သတိပြုမိရင် ကုသမှုခံယူဖို့ ဆရာဝန်ဖြင့် စစ်ဆေးပါ။

၇။ လည်ပင်းရောင်ရမ်းခြင်း

လည်ပင်းဧရိယာတစ်ဝိုက် ရောင်ရမ်းမှုကို များသောအားဖြင့် goiter လို့ခေါ်ပြီး ကျွန်တော်တို့ရဲ့ သိုင်းရွိုက်ဂလင်း အဆမတန်ကြီးလာတဲ့အခါ ဖြစ်ပျက်ပါတယ်။ ကျွန်တော်တို့ခန္ဓာကိုယ်မှာ အိုင်အိုဒင်းမလုံလောက်တဲ့အခါ သိုင်းရွိုက်က ဟော်မုန်းတွေကို အလုံအလောက် ထုတ်နိုင်စွမ်းမရှိတော့ပါဘူး။ သွေးထဲကနေ ဒြပ်စင်ကိုစုပ်ယူဖို့ ခက်ခက်ခဲခဲ ကြိုးစားရပါတယ်။ ဒီဖြစ်စဥ်က ပုံမှန်ထက်ပိုကြီးထွားတဲ့ ဆဲလ်တွေကို ဖြစ်ပေါ်စေပြီး ကျွန်တော်တို့လည်ပင်းကို ရောင်ရမ်းစေပါတယ်။

၈။ ကိုယ်ဝန်ဆောင်နှင့် ဆက်နွယ်တဲ့ ပြဿနာများ

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ အိုင်အိုဒင်းဓါတ်အထူးလိုအပ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းက မမွေးခင်နှင့် မွေးပြီးတဲ့အချိန်မှာ ကလေးအတွက် အရမ်းအရေးကြီးပါတယ်။ အိုင်အိုဒင်းဓါတ်ချို့တဲ့ခြင်းက မွေးကင်းစကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနှင့် ဥာဏ်ရည်အပေါ် ဆိုးကျိုးသက်ရောက်မှုရှိပါတယ်။ ထို့အပြင် အိုင်အိုဒင်းချို့တဲ့ခြင်းနှင့်အတူ ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေမွေးဖွားခြင်းအန္တရာယ် မြင့်မားပါတယ်။

၉။ နှလုံးခုန်နှေးခြင်း

အိုင်အိုဒင်းဓါတ်ချို့တဲ့ခြင်းက နှလုံးပြဿနာများနှင့်လည်း ဆက်စပ်နေပါတယ်။ တိတိကျကျပြောရရင် ပုံမှန်ထက် ပိုပြီးနှေးကွေးတဲ့(bradycardia) နှလုံးခုန်နှေးခြင်းကို ဦးတည်နေပါတယ်။ ဒီလက္ခဏာ တွေ့ကြုံရတဲ့အခါ ခေါင်းမူးတာ၊ နေမကောင်းတာကို ခံစားရနိုင်ပြီး သတိလစ်ခြင်းကိုလည်း ဖြစ်ပေါ်စေပါတယ်။

၁၀။ ဝမ်းချုပ်ခြင်း

hypothyroidism ဟော်မုန်းနည်းတာက ကျွန်တော်တို့ရဲ့ အစာခြေစနစ်ကို သက်ရောက်မှုရှိစေနိုင်ပါတယ်။ သိပ္ပံနည်းကျစာပေတွေမှာ သိုင်းရွိုက်ထိခိုက်မှုက အူမကြီးနှင့် အစာအိမ် လှုပ်ရှားမှုမှာ လျော့ကျစေတယ်လို့ အတည်ပြုထားပါတယ်။ တချို့လူတွေမှာ အိုင်အိုဒင်း အလုံအလောက်မရရှိတဲ့အခါ ဝမ်းချုပ်ခြင်းကို တွေ့ကြုံကြရပါတယ်။ တစ်ပတ်မှာ အူမကြီးလှုပ်ရှားမှု ၃ကြိမ်ထက်နည်းပါးလျှင် ဆရာဝန်ဆီ ပြသဖို့လိုပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here