သင့်ခန္ဓာကိုယ်ပေါ်မှာ ဘာကြောင့်မှန်းမသိတဲ့ သွေးခြေဥဒဏ်ရာများက ဒီကျန်းမာရေးပြဿနာ (၇)ခုကြောင့် ဖြစ်နိုင်

0
692

တစ်ခုခုနဲ့ တိုက်မိ ၊ခိုက်မိတာမရှိဘဲ သင့်အသားအရေပေါ်မှာ ဘာ့ကြောင့်မှန်းမသိ အညိုအမည်းကွက်ပေါ်လာတာကို ကြုံဖူးကြမှာပါ။ ဒီလို အညိုအမည်းကွက် သွေးခြည်ဥဒဏ်ရာက များသောအားဖြင့် ထိရင်နာပါတယ်။ ဒါပေမယ့် အရောင်ဖျော့လာတာနဲ့အမျှ နာကျင်တာကလည်း သက်သာသွားတတ်ပါတယ်။ လပေါင်းများစွာ မပျောက်ဘဲရှိနေမယ်၊ မကြာခဏဖြစ်နေမယ်ဆိုရင် ကျန်းမာရေးပြဿနာတစ်ချို့ကြောင့် ဖြစ်နိုင်ပါတယ်။ ဒါက ဘာ့ကြောင့်ဖြစ်တာလဲ၊ စိုးရိမ်သင့်သလား? ဆိုတာ သိချင်ကြမယ် ထင်ပါတယ်။ ဒါ့ကြောင့် သင့်အသားအရေပေါ်မှာ ဒီသွေးခြဥဒဏ်ရာတွေက မကြာခဏဖြစ်လာရင် ခန္ဓာကိုယ်မှာ ဘာတွေဖြစ်ပေါ်နိုင်သလဲဆိုတဲ့ ဆရာဝန်များရဲ့ ထင်မြင်ချက်များကို စုဆောင်းထားပါတယ်။

၁။ အလေးမခြင်း၊ လေးလံတဲ့အရာတွေကို မခြင်း

အလေးမခြင်းက သွေးခြဥဒဏ်ရာတွေအတွက် ဒုတိယဦးစားပေး အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ ကာယလှုပ်ရှားမှု အလွန်အမင်းလုပ်ခြင်းက အကျန်းမာဆုံး သွေးကြောမျှင်လေးများ ပျက်စီးမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဥပမာ သင်အဆင့်သင့် မဖြစ်သေးဘဲ ဝိတ်မတဲ့လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် အန္တရာယ်ရှိနိုင်ပါတယ်။
အလေးချိန်အရမ်းများတဲ့ ကျောင်းလွယ်အိတ်တွေကလည်း ကလေးတွေမှာ ဒီလိုသွေးခြဥဒဏ်ရာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ဒီလိုသွေးခြေဥဒဏ်ရာတွေက အန္တရာယ်အရမ်းမများပေမယ့် သင်ဟာ အလွန်အကျွံလုပ်နေတယ်ဆိုတဲ့ အချက်ကိုပြသနေကြောင်း ယုံကြည်ရပါတယ်။

၂။ ဆေးသောက်ခြင်း

သွေးကျဲဆေးလို ဆေးမျိုးသောက်နေရတဲ့သူတွေမှာ ဒီလိုသွေးခြေဥဒဏ်ရာအသွင်အပြင်ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ စိတ်ကျရောဂါကုဆေး၊ အကိုက်အခဲပျောက်ဆေး၊ ရောင်ရမ်းမှုလျော့ကျစေတဲ့ဆေး၊ သံဓါတ်ပါဝင်သောဆေး သို့မဟုတ် ပန်းနာရင်ကျပ်ဆေးတွေကြောင့်လည်း ဖြစ်ပေါ်ပါတယ်။
အဖြစ်အများဆုံးကတော့ သွေးကိုပိုပြီး ကျဲစေတဲ့ဆေးတွေဖြစ်ပြီး အက်စပရင်ဆးက သွေးခြဥဒဏ်ရာကိုဖြစ်စေပါတယ်။
ဆေးဝါးတွေသောက်သုံးခြင်းနှင့် သင့်အရေပြားပေါ်မှာ ရောင်ရမ်းခြင်းအကြား ချိတ်ဆက်မှုကို သတိပြုမိလျှင် ဆရာဝန်နှင့် ပြသသင့်ပါတယ်။

၃။ သွေးရောဂါများ

သွေးနှင့် သွေးကြောရောဂါများက သွေးခြေဥခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ Varicosisရောဂါ, Willebrandရောဂါ, thrombocytopenia ရောဂါ၊ သွေးကင်ဆာ တို့က သွေးလည်ပတ်မှုစနစ်နှင့်အတူ ပြဿနာများကို မကြာခဏဖြစ်စေပါတယ်။
နာကျင်တာ၊ ခြေထောက်ရောင်ရမ်းတာ၊ သွားဖုံးသွေးထွက်တာ၊ ခန္ဓာကိုယ်ပေါ်မှာ သွေးကြောဆံချည်မျှင် အစက်အပြောက်သေးသေးလေးတွေ ဖြစ်ပေါ်တာ၊ နှာခေါင်းသွေးထွက်တာ စတဲ့တခြားစိုးရိမ်စရာလက္ခဏာများကို သတိပြုမိလျှင် ဆရာဝန်နှင့် သွားပြဖို့မမေ့ပါနဲ့။

၄။ အာဟာရချို့တဲ့ခြင်း

ရှင်းပြလို့မရတဲ့ အချို့ သွေးခြေဥဒဏ်ရာတွေက ခန္ဓာကိုယ်မှာ လိုအပ်သော ဒြပ်စင်တွေကင်းမဲ့နေတဲ့ အချက်ပြတစ်ခု ဖြစ်နိုင်ပါတယ်။ ဥပမာ- B12 ကသွေးထုတ်လုပ်ခြင်းမှာ တစ်စိတ်တစ်ပိုင်းနေရာယူပြီး ဗီတာမင်Kက သွေးခဲခြင်းအတွက် တာဝန်ယူရပါတယ်။ ဗီတာမင် စီက တစ်ရှူးအသစ်တွေ ဖန်တီးခြင်းမှာ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါတယ်။ ဒါတွေ မရှိရင် သွေးကြောများက အရမ်းပျက်စီးလွယ်လာပါတယ်။
တခြားအရေးအကြီးဆုံး ဗီတာမင်က P ဖြစ်ပါတယ်။ ၎င်းမရှိရင် သွေးကြောများက အရေပြားအဆင့်ကို ပိုမိုဆိုးဝါးလာအောင် ပါးလွှာစေတာကြောင့် ကော်လာဂျင်ထုတ်လုပ်မှုက မဖြစ်နိုင်ပါဘူး။
သံဓါတ်မျှတမှုက ခန္ဓာကိုယ်အတွက် အရမ်းအရေးကြီးပါတယ်။ သံဓါတ်ချို့တဲ့တာ သို့ သံဓါတ်အရမ်းများတဲ့အခါ သွေးကြောမျှင်ကလေးများ ပိုဆိုးသွားပါတယ်။
ဒါပေမယ့် ဗီတာမင်တွေ ကိုအစောတလျင် ဝယ်မသောက်ပါနဲ့။ ပထမဆုံး ဗီတာမင်ချို့တဲ့တာလားဆိုတာ စစ်ဆေးဖို့လိုပြီး ဗီတာမင်ကြွယ်ဝတဲ့ အစားအစာများကို သင့်အစားအသောက်ထဲမှာ တိုးပြီးစားပေးပါ။
ဗီတာမင် P အရင်းအမြစ်တွေက လတ်ဆတ်တဲ့ green tea၊ ပန်းသီးများ၊ ရွှေဖရုံသီးနှင့် ကြက်သွန်ဖြူတို့ ဖြစ်ပါတယ်။ ဗီတာမင် K ကို ငှက်ပျောသီး၊ ကြက်ဥ၊ အခွံမာသီးနှင့် အဆီများသော ငါးတွေမှာ တွေ့ရှိနိုင်ပါတယ်။ B 12 ကို အသည်း ၊ငါး ၊ဒိန်ခဲနှင့် ဆလတ်တို့မှာ တွေ့နိုင်ပါတယ်။

၅။ ဟော်မုန်းမမျှတခြင်း

ဟော်မုန်း အပြောင်းအလဲများက သွေးခြေဥဒဏ်ရာတွေကို ဖြစ်ပေါ်စေတဲ့ အဖြစ်အများဆုံးအကြောင်းရင်း တစ်ခုဖြစ်ပါတယ်။ သင့်မှာ အီစရိုဂျင်နိမ့်ကျလျှင် သူတို့ ပေါ်လာနိုင်ပါတယ်။
ထိုကဲ့သို့သော အခြေအနေမျိုးက ဟော်မုန်းဆေးတွေ သောက်နေရလျှင်၊ ကိုယ်ဝန်ဆောင်နေသူဖြစ်လျှင်၊ သွေးဆုံးအသက်အရွယ်ရောက်လျှင် ဖြစ်နိုင်ပါတယ်။ အီစရိုဂျင် သိသိသာသာ ကင်းမဲ့ခြင်းက သွေးကြောတွေကို အားနည်းစေပြီး သွေးကြောမျှင်နံရံများကို အလွယ်တကူ ပျက်စီးစေနိုင်ပါတယ်။

၆။ အသက်အရွယ်အပြောင်းအလဲများ

အသက်အရွယ် ကြီးရင့်လာသူများမှာ သွေးကြောနံရံတွေ တဖြည်းဖြည်း အားနည်းလာတာကြောင့် ဖြစ်ရတာလို့ ဆရာဝန်များက ဆိုပါတယ်။ သွေးကြောစနစ်က အသက်အရွယ်နှင့်အတူ အားနည်းသွားပြီး တစ်ရှူးများမှာ ၎င်းတို့ရဲ့ elasticity ဆုံးရှုံးသွားလို့ ဖြစ်ပါတယ်။

၇။ ဆီးချိုရောဂါ

ဆီးချိုရောဂါက သွေးလည်ပတ်မှုရဲ့ ဖြစ်စဉ်ပေါ်မှာ ဆိုးကျိုးသက်ရောက်တာကြောင့် သွေးခြေဥခြင်းကို အလွယ်တကူ ဖြစ်ပေါ်စေပါတယ်။ သွေးခြေဥတာက အစောပိုင်းအဆင့်မှာ ဒီရောဂါရဲ့ လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။
အခြားသော ရောဂါလက္ခဏာများက မကြာခဏ ရေငတ်တာ၊ အနာကျက်မှု ကြာတာ၊ ပင်ပန်းလွယ်တာ၊ အမြင်အာရုံ မှုန်ဝါးတာနှင့် အသားအရေပေါ်မှာ အဖြူစက်တွေ ရှိတာတို့ ဖြစ်ပါတယ်။

သွေးခြေဥဒဏ်ရာတွေက အန္တရာယ်ရှိလား၊ မရှိဘူးလား?

ဒဏ်ရာရပြီးရင် သွေးခြေဥဒဏ်ရာက အနီရောင်ပြောင်းသွားပါတယ်။ ဒါက အရေပြားအောက်က သွေးအရောင်ဖြစ်လို့ပါ။ နာရီအနည်းငယ်ကြာမှ ခန္ဓာကိုယ်က သွေးပြိုကွဲမှု စတင်ပြီး သွေးခြေဥဒဏ်ရာများက အမည်းရောင် ၊ အပြာရောင် သို့ ခရမ်းရောင် ပြောင်းလာပါတယ်။ ၅ရက်ကနေ ၁၀ရက်အတွင်း အနာကျက်ခါနီးရင် ဒဏ်ရာဧရိယာက အဝါရောင် သို့ အစိမ်းရောင် ဖြစ်လာပါတယ်။ ဒဏ်ရာရပြီး ၁၀ရက် ၁၄ရက်အတွင်းမှာ နောက်ဆုံးအဆင့် အညိုရောင်ပြောင်းသွားပြီး အရောင်ပိုပါးလာပြီး တဖြည်းဖြည်းပျောက်သွားပါတယ်။
သတိထားရမှာက သာမန်သွေးခြဥဒဏ်ရာက ဒဏ်ရာရပြီး ၂ပတ်အတွင်း လုံးဝညှိုးသွားပါတယ်။ ဒါ့ကြောင့် သွေးခြေဥဒဏ်ရာက ၂ပတ်ကြာလို့မှ ပျောက်မသွားဘူးဆိုရင် ဆရာဝန်နှင့် ပြသသင့်ပါတယ်။

Lifestyle_Myanmar

LM_Nandar

ZawGyi

သင့္ခႏၶာကိုယ္ေပၚမွာ ဘာေၾကာင့္မွန္းမသိတဲ့ ေသြးေျခဥဒဏ္ရာမ်ားက ဒီက်န္းမာေရးျပႆနာ (၇)ခုေၾကာင့္ ျဖစ္ႏိုင္
တစ္ခုခုနဲ႔ တိုက္မိ ၊ခိုက္မိတာမရွိဘဲ သင့္အသားအေရေပၚမွာ ဘာ့ေၾကာင့္မွန္းမသိ အညိဳအမည္းကြက္ေပၚလာတာကို ႀကဳံဖူးၾကမွာပါ။ ဒီလို အညိဳအမည္းကြက္ ေသြးျခည္ဥဒဏ္ရာက မ်ားေသာအားျဖင့္ ထိရင္နာပါတယ္။ ဒါေပမယ့္ အေရာင္ေဖ်ာ့လာတာနဲ႔အမွ် နာက်င္တာကလည္း သက္သာသြားတတ္ပါတယ္။ လေပါင္းမ်ားစြာ မေပ်ာက္ဘဲရွိေနမယ္၊ မၾကာခဏျဖစ္ေနမယ္ဆိုရင္ က်န္းမာေရးျပႆနာတစ္ခ်ိဳ႕ေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ ဒါက ဘာ့ေၾကာင့္ျဖစ္တာလဲ၊ စိုးရိမ္သင့္သလား? ဆိုတာ သိခ်င္ၾကမယ္ ထင္ပါတယ္။ ဒါ့ေၾကာင့္ သင့္အသားအေရေပၚမွာ ဒီေသြးျခဥဒဏ္ရာေတြက မၾကာခဏျဖစ္လာရင္ ခႏၶာကိုယ္မွာ ဘာေတြျဖစ္ေပၚႏိုင္သလဲဆိုတဲ့ ဆရာဝန္မ်ားရဲ႕ ထင္ျမင္ခ်က္မ်ားကို စုေဆာင္းထားပါတယ္။

၁။ အေလးမျခင္း၊ ေလးလံတဲ့အရာေတြကို မျခင္း
အေလးမျခင္းက ေသြးျခဥဒဏ္ရာေတြအတြက္ ဒုတိယဦးစားေပး အေၾကာင္းရင္းတစ္ခုျဖစ္ပါတယ္။ ကာယလႈပ္ရွားမႈ အလြန္အမင္းလုပ္ျခင္းက အက်န္းမာဆုံး ေသြးေၾကာမွ်င္ေလးမ်ား ပ်က္စီးမႈကို ျဖစ္ေပၚေစႏိုင္ပါတယ္။ ဥပမာ သင္အဆင့္သင့္ မျဖစ္ေသးဘဲ ဝိတ္မတဲ့ေလ့က်င့္ခန္းလုပ္မယ္ဆိုရင္ အႏၲရာယ္ရွိႏိုင္ပါတယ္။
အေလးခ်ိန္အရမ္းမ်ားတဲ့ ေက်ာင္းလြယ္အိတ္ေတြကလည္း ကေလးေတြမွာ ဒီလိုေသြးျခဥဒဏ္ရာေတြကို ျဖစ္ေပၚေစႏိုင္ပါတယ္။
ဒီလိုေသြးေျခဥဒဏ္ရာေတြက အႏၲရာယ္အရမ္းမမ်ားေပမယ့္ သင္ဟာ အလြန္အကြၽံလုပ္ေနတယ္ဆိုတဲ့ အခ်က္ကိုျပသေနေၾကာင္း ယုံၾကည္ရပါတယ္။

၂။ ေဆးေသာက္ျခင္း

ေသြးက်ဲေဆးလို ေဆးမ်ိဳးေသာက္ေနရတဲ့သူေတြမွာ ဒီလိုေသြးေျခဥဒဏ္ရာအသြင္အျပင္ကို ျဖစ္ေပၚေစႏိုင္ပါတယ္။ စိတ္က်ေရာဂါကုေဆး၊ အကိုက္အခဲေပ်ာက္ေဆး၊ ေရာင္ရမ္းမႈေလ်ာ့က်ေစတဲ့ေဆး၊ သံဓါတ္ပါဝင္ေသာေဆး သို႔မဟုတ္ ပန္းနာရင္က်ပ္ေဆးေတြေၾကာင့္လည္း ျဖစ္ေပၚပါတယ္။
အျဖစ္အမ်ားဆုံးကေတာ့ ေသြးကိုပိုၿပီး က်ဲေစတဲ့ေဆးေတြျဖစ္ၿပီး အက္စပရင္ဆးက ေသြးျခဥဒဏ္ရာကိုျဖစ္ေစပါတယ္။
ေဆးဝါးေတြေသာက္သုံးျခင္းႏွင့္ သင့္အေရျပားေပၚမွာ ေရာင္ရမ္းျခင္းအၾကား ခ်ိတ္ဆက္မႈကို သတိျပဳမိလွ်င္ ဆရာဝန္ႏွင့္ ျပသသင့္ပါတယ္။

၃။ ေသြးေရာဂါမ်ား

ေသြးႏွင့္ ေသြးေၾကာေရာဂါမ်ားက ေသြးေျခဥျခင္းကို ျဖစ္ေပၚေစႏိုင္ပါတယ္။ Varicosisေရာဂါ, Willebrandေရာဂါ, thrombocytopenia ေရာဂါ၊ ေသြးကင္ဆာ တို႔က ေသြးလည္ပတ္မႈစနစ္ႏွင့္အတူ ျပႆနာမ်ားကို မၾကာခဏျဖစ္ေစပါတယ္။
နာက်င္တာ၊ ေျခေထာက္ေရာင္ရမ္းတာ၊ သြားဖုံးေသြးထြက္တာ၊ ခႏၶာကိုယ္ေပၚမွာ ေသြးေၾကာဆံခ်ည္မွ်င္ အစက္အေျပာက္ေသးေသးေလးေတြ ျဖစ္ေပၚတာ၊ ႏွာေခါင္းေသြးထြက္တာ စတဲ့တျခားစိုးရိမ္စရာလကၡဏာမ်ားကို သတိျပဳမိလွ်င္ ဆရာဝန္ႏွင့္ သြားျပဖို႔မေမ့ပါနဲ႔။

၄။ အာဟာရခ်ိဳ႕တဲ့ျခင္း

ရွင္းျပလို႔မရတဲ့ အခ်ိဳ႕ ေသြးေျခဥဒဏ္ရာေတြက ခႏၶာကိုယ္မွာ လိုအပ္ေသာ ျဒပ္စင္ေတြကင္းမဲ့ေနတဲ့ အခ်က္ျပတစ္ခု ျဖစ္ႏိုင္ပါတယ္။ ဥပမာ- B12 ကေသြးထုတ္လုပ္ျခင္းမွာ တစ္စိတ္တစ္ပိုင္းေနရာယူၿပီး ဗီတာမင္Kက ေသြးခဲျခင္းအတြက္ တာဝန္ယူရပါတယ္။ ဗီတာမင္ စီက တစ္ရွဴးအသစ္ေတြ ဖန္တီးျခင္းမွာ အေရးပါေသာ အခန္းက႑မွ ပါဝင္ပါတယ္။ ဒါေတြ မရွိရင္ ေသြးေၾကာမ်ားက အရမ္းပ်က္စီးလြယ္လာပါတယ္။
တျခားအေရးအႀကီးဆုံး ဗီတာမင္က P ျဖစ္ပါတယ္။ ၎မရွိရင္ ေသြးေၾကာမ်ားက အေရျပားအဆင့္ကို ပိုမိုဆိုးဝါးလာေအာင္ ပါးလႊာေစတာေၾကာင့္ ေကာ္လာဂ်င္ထုတ္လုပ္မႈက မျဖစ္ႏိုင္ပါဘူး။
သံဓါတ္မွ်တမႈက ခႏၶာကိုယ္အတြက္ အရမ္းအေရးႀကီးပါတယ္။ သံဓါတ္ခ်ိဳ႕တဲ့တာ သို႔ သံဓါတ္အရမ္းမ်ားတဲ့အခါ ေသြးေၾကာမွ်င္ကေလးမ်ား ပိုဆိုးသြားပါတယ္။
ဒါေပမယ့္ ဗီတာမင္ေတြ ကိုအေစာတလ်င္ ဝယ္မေသာက္ပါနဲ႔။ ပထမဆုံး ဗီတာမင္ခ်ိဳ႕တဲ့တာလားဆိုတာ စစ္ေဆးဖို႔လိုၿပီး ဗီတာမင္ႂကြယ္ဝတဲ့ အစားအစာမ်ားကို သင့္အစားအေသာက္ထဲမွာ တိုးၿပီးစားေပးပါ။
ဗီတာမင္ P အရင္းအျမစ္ေတြက လတ္ဆတ္တဲ့ green tea၊ ပန္းသီးမ်ား၊ ေ႐ႊဖ႐ုံသီးႏွင့္ ၾကက္သြန္ျဖဴတို႔ ျဖစ္ပါတယ္။ ဗီတာမင္ K ကို ငွက္ေပ်ာသီး၊ ၾကက္ဥ၊ အခြံမာသီးႏွင့္ အဆီမ်ားေသာ ငါးေတြမွာ ေတြ႕ရွိႏိုင္ပါတယ္။ B 12 ကို အသည္း ၊ငါး ၊ဒိန္ခဲႏွင့္ ဆလတ္တို႔မွာ ေတြ႕ႏိုင္ပါတယ္။

၅။ ေဟာ္မုန္းမမွ်တျခင္း

ေဟာ္မုန္း အေျပာင္းအလဲမ်ားက ေသြးေျခဥဒဏ္ရာေတြကို ျဖစ္ေပၚေစတဲ့ အျဖစ္အမ်ားဆုံးအေၾကာင္းရင္း တစ္ခုျဖစ္ပါတယ္။ သင့္မွာ အီစ႐ိုဂ်င္နိမ့္က်လွ်င္ သူတို႔ ေပၚလာႏိုင္ပါတယ္။
ထိုကဲ့သို႔ေသာ အေျခအေနမ်ိဳးက ေဟာ္မုန္းေဆးေတြ ေသာက္ေနရလွ်င္၊ ကိုယ္ဝန္ေဆာင္ေနသူျဖစ္လွ်င္၊ ေသြးဆုံးအသက္အ႐ြယ္ေရာက္လွ်င္ ျဖစ္ႏိုင္ပါတယ္။ အီစ႐ိုဂ်င္ သိသိသာသာ ကင္းမဲ့ျခင္းက ေသြးေၾကာေတြကို အားနည္းေစၿပီး ေသြးေၾကာမွ်င္နံရံမ်ားကို အလြယ္တကူ ပ်က္စီးေစႏိုင္ပါတယ္။

၆။ အသက္အ႐ြယ္အေျပာင္းအလဲမ်ား

အသက္အ႐ြယ္ ႀကီးရင့္လာသူမ်ားမွာ ေသြးေၾကာနံရံေတြ တျဖည္းျဖည္း အားနည္းလာတာေၾကာင့္ ျဖစ္ရတာလို႔ ဆရာဝန္မ်ားက ဆိုပါတယ္။ ေသြးေၾကာစနစ္က အသက္အ႐ြယ္ႏွင့္အတူ အားနည္းသြားၿပီး တစ္ရွဴးမ်ားမွာ ၎တို႔ရဲ႕ elasticity ဆုံးရႈံးသြားလို႔ ျဖစ္ပါတယ္။

၇။ ဆီးခ်ိဳေရာဂါ

ဆီးခ်ိဳေရာဂါက ေသြးလည္ပတ္မႈရဲ႕ ျဖစ္စဥ္ေပၚမွာ ဆိုးက်ိဳးသက္ေရာက္တာေၾကာင့္ ေသြးေျခဥျခင္းကို အလြယ္တကူ ျဖစ္ေပၚေစပါတယ္။ ေသြးေျခဥတာက အေစာပိုင္းအဆင့္မွာ ဒီေရာဂါရဲ႕ လကၡဏာတစ္ခုျဖစ္ႏိုင္ပါတယ္။
အျခားေသာ ေရာဂါလကၡဏာမ်ားက မၾကာခဏ ေရငတ္တာ၊ အနာက်က္မႈ ၾကာတာ၊ ပင္ပန္းလြယ္တာ၊ အျမင္အာ႐ုံ မႈန္ဝါးတာႏွင့္ အသားအေရေပၚမွာ အျဖဴစက္ေတြ ရွိတာတို႔ ျဖစ္ပါတယ္။

ေသြးေျခဥဒဏ္ရာေတြက အႏၲရာယ္ရွိလား၊ မရွိဘူးလား?

ဒဏ္ရာရၿပီးရင္ ေသြးေျခဥဒဏ္ရာက အနီေရာင္ေျပာင္းသြားပါတယ္။ ဒါက အေရျပားေအာက္က ေသြးအေရာင္ျဖစ္လို႔ပါ။ နာရီအနည္းငယ္ၾကာမွ ခႏၶာကိုယ္က ေသြးၿပိဳကြဲမႈ စတင္ၿပီး ေသြးေျခဥဒဏ္ရာမ်ားက အမည္းေရာင္ ၊ အျပာေရာင္ သို႔ ခရမ္းေရာင္ ေျပာင္းလာပါတယ္။ ၅ရက္ကေန ၁၀ရက္အတြင္း အနာက်က္ခါနီးရင္ ဒဏ္ရာဧရိယာက အဝါေရာင္ သို႔ အစိမ္းေရာင္ ျဖစ္လာပါတယ္။ ဒဏ္ရာရၿပီး ၁၀ရက္ ၁၄ရက္အတြင္းမွာ ေနာက္ဆုံးအဆင့္ အညိဳေရာင္ေျပာင္းသြားၿပီး အေရာင္ပိုပါးလာၿပီး တျဖည္းျဖည္းေပ်ာက္သြားပါတယ္။
သတိထားရမွာက သာမန္ေသြးျခဥဒဏ္ရာက ဒဏ္ရာရၿပီး ၂ပတ္အတြင္း လုံးဝညႇိဳးသြားပါတယ္။ ဒါ့ေၾကာင့္ ေသြးေျခဥဒဏ္ရာက ၂ပတ္ၾကာလို႔မွ ေပ်ာက္မသြားဘူးဆိုရင္ ဆရာဝန္ႏွင့္ ျပသသင့္ပါတယ္။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here