သင့်ခန္ဓာကိုယ်ကို ပန်းပုရုပ်လေးလို ထုဆစ်ပေးနိုင်တဲ့ Body Wrap (၈)မျိုး

0
809

အဆီကျစေဖို့ လေ့ကျင့်ခန်းလုပ်ရမှာ ၊ကျန်းမာတဲ့ အစားအသောက်ရွေးစားရမှာ ပျင်းတဲ့ သူတွေအတွက် cellulite တွေကို လျော့ကျစေပြီး အဆိပ်အတောက်တွေကို ဖယ်ရှားယုံသာမက အသားအရေကို ရေဓါတ်ရရှိစတဲ့ body wraps လုပ်နည်းလေးတွေ ကိုမျှဝေပေးပါမယ်။

body wraps လုပ်ခြင်းက ချွေးပေါက်တွေကို ပွင့်စေတာကြောင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ကင်းစေပြီး အဆီလည်း ကျစေပါတယ်။ အကုန်အကျသက်သာသလို spa လည်းသွားစရာမလိုတာကြောင့် ပျိုမေတို့နှစ်သက်မယ်ထင်ပါတယ်။

၁။ ခေါင်းမာနေတဲ့ အဆီခဲတွေကို ပျော်ကျစေတဲ့ ဂျင်း

ဂျင်းက အသားအရေအတွက် အကျိုးရှိသော ဂုဏ်သတ္တိတွေကြောင့် နာမည်ကြီးပါတယ်။ ဂျင်းက သွေးလည်ပတ်မှုစနစ်ကို တိုးပွားစေပါတယ်။ ဂျင်းနှင့် body wrapsလုပ်ခြင်းဖြင့် သင့်ခန္ဓာကိုယ်က ခေါင်းမာနေတဲ့အဆီခဲတွေကို ဖယ်ရှားဖို့ ကူညီနိုင်ပါတယ်။
လတ်လတ်ဆတ်ဆတ် ခြစ်ထားတဲ့ ဂျင်း ထမင်းစားဇွန်း ၁ဇွန်းကို သင်နှစ်သက်တဲ့ body lotion ထမင်းစားဇွန်း ၄-၅ဇွန်းလောက်နှင့် ရောပါ။
ရေပူထဲမှာ တဘက်တစ်ထည်ကိုစိမ်ပြီး အဆီကျချင်တဲ့နေရာမှာ ပတ်ထားပါ။ ၅မိနစ်လောက်ပတ်ထားရင် ချွေးပေါက်တွေ ပွင့်လာပါမယ်။
အဆီကျချင်တဲ့နေရာကို ဂျင်းနှင့် body lotion ရောထားတာ လိမ်းပေးပြီး plastic wrap နှင့် ပတ်ထားပေးပါ။ တစ်ညလောက်ထားပေးရပါမယ်။

၂။ အသားအရေကို နူးညံ့စေဖို့ အုန်းဆီ

အုန်းဆီက အသားအရေကို စိုပြေစေပြီး ရေဓါတ်ရရှိစေတာကြောင့် အသားအရေ နူးညံ့၊ ပျော့ပြောင်းစေဖို့အတွက် တကယ်အလုပ်ဖြစ်ပါတယ်။ သင့်အသားအရေကို အာဟာရချင်ရင် ဒီ body wrap ကို လုပ်ကြည့်ပါ။
အုန်းဆီနွေးနွေးလေးကိုယူပြီး ပျားရည်နှင့် ဆတူရောပါ။ သင်နှစ်သက်တဲ့ essential oil ၂စက် ၊ ၃စက်လောက်ထည့်ပါ။
အသားအရေကို လိမ်းပေးပြီး plastic wrapနှင့် ဆီလိမ်းထားတဲ့နေရာတွေကို ပတ်ထားပေးပါ။
အနည်းဆုံးတစ်နာရီ သို့ တစ်ညထားပေးနိုင်ပါတယ်။

၃။ ပန်းသီးရှာလကာရည် နှင့် cellulite တွေကို ဖယ်ရှားဖို့

ပန်းသီးရှာလကာရည်မှာ သတ္တုဓါတ်နှင့် ဗီတာမင်မျိုးစုံ ပါရှိပါတယ်။ ဒီအရောအနှောက သွေးလည်ပတ်မှုကို တိုးစေတဲ့အပြင် ခေါင်းမာတဲ့ အဆီတွေ၊ cellulite တွေကို ဖယ်ရှားတဲ့ နေရာမှာ အရမ်းကောင်းပါတယ်။
ပန်းသီးရှာလကာရည် ၆ရာခိုင်နှုန်းကို ရေနှင့် ဆတူရောပါ။ အသားအရေကို လိမ်းပြီး plastic wrap နှင့် ပတ်ထားပေးပါ။ အနည်းဆုံး တစ်နာရီသို့ တစ်ညထားပါ။
သတိပြုရမှာက ဒီနည်းလမ်းဟာ အသားအရေ အထိခိုက်မခံသူတွေအတွက် မသင့်လျော်ပါဘူး။

၄။ အဆိပ်အတောက်တွေ ဖယ်ရှားဖို့ ပင်လယ်သေဆား

ပင်လယ်သေဆား က ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ကင်းစင်စေပြီး အဆီပြင်တွေကို တိုက်ထုတ်ဖို့ ကူညီပေးပါတယ်။ cellulite တွေက ဖယ်ရှားဖို့ အရမ်းခက်ခဲတဲ့အရာဖြစ်ပေမယ့် ဒီ ဆေးစည်းနည်းနှင့်အတူ မျှတတဲ့ အစားအသောက်နှင့် ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးမယ်ဆိုရင် ရလဒ်ကို ပိုကောင်းစေမှာဖြစ်ပါတယ်။
ရေနွေး ၁လီတာထဲကို ပင်လယ်သေဆား ထမင်းစားဇွန်း ၂ဇွန်း ၃ဇွန်းလောက်ထည့်ဖျော်ပါ။ တဘက်အဟောင်းတစ်ထည်ကို စိမ်ပြီး သင့်အဆီပြင်ရှိတဲ့နေရာမှာ ပတ်ထားပါ။ အပေါ်က plastic wrap နှင့် တစ်နာရီလောက် ပတ်ထားပေးပါ။

၅။ ကလေးတစ်ယောက်လို အသားအရေ ရရှိစေဖို့ ရှားစောင်းလတ်ပတ်နှင့်ပျားရည်

ပျားရည်က အသားအရေကို အာဟာရဓါတ်တွေ အများကြီးရရှိစေပြီး ရှားစောင်းက အသားအရေကို စိုပြေစေပါတယ်။ နှစ်မျိုးစလုံးက အသားအရေကို ရေဓါတ်ရရှိစေတဲ့အပြင် နူးညံ့ပျော့ပြောင်းစေပါတယ်။
ရှားစောင်းလတ်ပတ် အနှစ်နှင့် ပျားရည်ကို ဆတူရောပါ။ အသားအရေကို ချောမွတ်စေဖို့ ဘာမှမရောထားတဲ့ ဒိန်ချဉ်ထည့်ပါ။ အသားအရေပေါ်မှာ လိမ်းပြီး plastic wrapနှင့် ပတ်ထားပေးပါ။ နာရီဝက်လောက်ထားပေးရပါမယ်။

၆။ အသားအရေကို အာဟာရနှင့် ရေဓါတ်ရရှိစေဖို့ ကိုကိုး၊ ငှက်ပျောနှင့် ပျားရည်

ဒီပါဝင်ပစ္စည်းအားလုံးက အထူးသဖြင့် body wrap လုပ်မယ်ဆိုရင် အသားအရေအတွက် အံ့သြစရာ အလုပ်ဖြစ်ပါတယ်။ ကိုကိုးမှာ အင်တီအောက်ဆီဒင့် ပြည့်ဝပြီး အသားအရေကို ရေဓါတ်ပြန်လည်ဖြည့်တင်းတဲ့နေရာမှာ အရမ်းကောင်းပါတယ်။ ငှက်ပျောသီးမှာ ဗီတာမင် A နှင့် E တို့ပါရှိပြီး ပျားရည်မှာ အသားအရေကို စိုပြေ၊ ချောမွတ်စေတဲ့ အာဟာရဓါတ်တွေ ပါရှိပါတယ်။
ငှက်ပျောသီး တစ်ဝက်ကို ကြိတ်ချေပါ။ ပျားရည်နွေးနွေး ၁ဇွန်းထည့်မွှေပါ။ ကိုကိုးမှုန့်(ချောကလက်မဟုတ်ပါ) ၁ဇွန်းထည့်ပါ။ ခပ်ပျစ်ပျစ်ဖြစ်သွားတဲ့အထိမွှေပါ။ အရမ်းပျစ်ခဲမသွားအောင် နို့အနည်းငယ်ထည့်လို့လည်းရပါတယ်။
ပြီးမှ အသားအရေပေါ်မှာလိမ်းပြီး plastic wrap အကြည် နှင့် နာရီဝက်လောက် ပတ်ထားပေးပါ။

၇။ ရွှံ့နှင့် body wrap လုပ်နည်း

ဒီနည်းလမ်းက detox လုပ်ဖို့အတွက် အရမ်းထိရောက်ပါတယ်။ သင်ခန္ဓာကိုယ်ကို သွယ်လျစေပါတယ်။ clay wrapsလုပ်နည်းက အဆီတွေကို မလောင်ကျွမ်းနိုင်ပေမယ့် ပိုလျှံနေတဲ့ ရေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။
ရေပူထဲမှာ ပုဝါတစ်ထည်ကို စိမ်ပြီး အဆီကျချင်တဲ့နေရာကို ပတ်ထားပေးပါ။ ၅မိနစ်လောက်နေရင် ချွေးပေါက်တွေ ပွင့်သွားပါလိမ့်မယ်။ ပြီးနောက် ပုဝါကို ဖယ်ရှားပြီး ပေါင်းတင်ရွှံ့နှင့် body lotion ကိုဆတူရောပြီး အဆီကျချင်တဲ့နေရာမှာ လိမ်းပေးပါ။ plastic wrap နဲ့ အနည်းဆုံး တစ်နာရီလောက်ပတ်ထားပါ။ ရလဒ်ပိုကောင်းချင်ရင်တော့ တစ်ညထားပါ။

၈။ အကြောပြတ်ရာတွေကို လျော့နည်းစေတဲ့ Vaporub

Vaporub မှာ ဆန့်ကျုံနိုင်တဲ့ ဂုဏ်သတ္တိကိုတိုးစေပြီး အသားအရေကို နူးညံ့စေတဲ့ menthol ၊ camphor, eucalyptus oil ကဲ့သို့သော အသားအရေအတွက် အကျိုးရှိစေတဲ့ ပါဝင်ပစ္စည်းအချို့ ပါဝင်ပါတယ်။ အကြောပြတ်ရာတွကို လျော့နည်းစေပါတယ်။ အကြောပြတ်ရာတွေက အသားအရေထဲမှာ နက်ရှိုင်းတဲ့ ပျက်စီးမှုဖြစ်တာကြောင့် နေ့ချင်းညချင်းတော့ ပျောက်မှာ မဟုတ်ပါဘူး။ အကြိမ်ကြိမ် လုပ်ပေးရမှာပါ။
အကြောပြတ်နေတဲ့ ဗိုက်ပေါ်မှာ Vaporub ပါးပါးလေးပွတ်ပေးပါ။ plastic wrap အကြည်နဲ့ အနည်းဆုံး ၂နာရီ ပတ်ထားပါ။ ရလဒ်ကောင်းချင်ရင်တော့ တစ်ညထားပေးပါ။

Lifestyle_Myanmar

LM_Nandar

Source-brightside

ZawGyi

သင့္ခႏၶာကိုယ္ကို ပန္းပု႐ုပ္ေလးလို ထုဆစ္ေပးႏိုင္တဲ့ Body Wrap (၈)မ်ိဳး
အဆီက်ေစဖို႔ ေလ့က်င့္ခန္းလုပ္ရမွာ ၊က်န္းမာတဲ့ အစားအေသာက္ေ႐ြးစားရမွာ ပ်င္းတဲ့ သူေတြအတြက္ cellulite ေတြကို ေလ်ာ့က်ေစၿပီး အဆိပ္အေတာက္ေတြကို ဖယ္ရွားယုံသာမက အသားအေရကို ေရဓါတ္ရရွိစတဲ့ body wraps လုပ္နည္းေလးေတြ ကိုမွ်ေဝေပးပါမယ္။ body wraps လုပ္ျခင္းက ေခြၽးေပါက္ေတြကို ပြင့္ေစတာေၾကာင့္ ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြကို ကင္းေစၿပီး အဆီလည္း က်ေစပါတယ္။ အကုန္အက်သက္သာသလို spa လည္းသြားစရာမလိုတာေၾကာင့္ ပ်ိဳေမတို႔ႏွစ္သက္မယ္ထင္ပါတယ္။

၁။ ေခါင္းမာေနတဲ့ အဆီခဲေတြကို ေပ်ာ္က်ေစတဲ့ ဂ်င္း

ဂ်င္းက အသားအေရအတြက္ အက်ိဳးရွိေသာ ဂုဏ္သတၱိေတြေၾကာင့္ နာမည္ႀကီးပါတယ္။ ဂ်င္းက ေသြးလည္ပတ္မႈစနစ္ကို တိုးပြားေစပါတယ္။ ဂ်င္းႏွင့္ body wrapsလုပ္ျခင္းျဖင့္ သင့္ခႏၶာကိုယ္က ေခါင္းမာေနတဲ့အဆီခဲေတြကို ဖယ္ရွားဖို႔ ကူညီႏိုင္ပါတယ္။
လတ္လတ္ဆတ္ဆတ္ ျခစ္ထားတဲ့ ဂ်င္း ထမင္းစားဇြန္း ၁ဇြန္းကို သင္ႏွစ္သက္တဲ့ body lotion ထမင္းစားဇြန္း ၄-၅ဇြန္းေလာက္ႏွင့္ ေရာပါ။
ေရပူထဲမွာ တဘက္တစ္ထည္ကိုစိမ္ၿပီး အဆီက်ခ်င္တဲ့ေနရာမွာ ပတ္ထားပါ။ ၅မိနစ္ေလာက္ပတ္ထားရင္ ေခြၽးေပါက္ေတြ ပြင့္လာပါမယ္။
အဆီက်ခ်င္တဲ့ေနရာကို ဂ်င္းႏွင့္ body lotion ေရာထားတာ လိမ္းေပးၿပီး plastic wrap ႏွင့္ ပတ္ထားေပးပါ။ တစ္ညေလာက္ထားေပးရပါမယ္။

၂။ အသားအေရကို ႏူးညံ့ေစဖို႔ အုန္းဆီ

အုန္းဆီက အသားအေရကို စိုေျပေစၿပီး ေရဓါတ္ရရွိေစတာေၾကာင့္ အသားအေရ ႏူးညံ့၊ ေပ်ာ့ေျပာင္းေစဖို႔အတြက္ တကယ္အလုပ္ျဖစ္ပါတယ္။ သင့္အသားအေရကို အာဟာရခ်င္ရင္ ဒီ body wrap ကို လုပ္ၾကည့္ပါ။
အုန္းဆီေႏြးေႏြးေလးကိုယူၿပီး ပ်ားရည္ႏွင့္ ဆတူေရာပါ။ သင္ႏွစ္သက္တဲ့ essential oil ၂စက္ ၊ ၃စက္ေလာက္ထည့္ပါ။
အသားအေရကို လိမ္းေပးၿပီး plastic wrapႏွင့္ ဆီလိမ္းထားတဲ့ေနရာေတြကို ပတ္ထားေပးပါ။
အနည္းဆုံးတစ္နာရီ သို႔ တစ္ညထားေပးႏိုင္ပါတယ္။

၃။ ပန္းသီးရွာလကာရည္ ႏွင့္ cellulite ေတြကို ဖယ္ရွားဖို႔

ပန္းသီးရွာလကာရည္မွာ သတၱဳဓါတ္ႏွင့္ ဗီတာမင္မ်ိဳးစုံ ပါရွိပါတယ္။ ဒီအေရာအေႏွာက ေသြးလည္ပတ္မႈကို တိုးေစတဲ့အျပင္ ေခါင္းမာတဲ့ အဆီေတြ၊ cellulite ေတြကို ဖယ္ရွားတဲ့ ေနရာမွာ အရမ္းေကာင္းပါတယ္။
ပန္းသီးရွာလကာရည္ ၆ရာခိုင္ႏႈန္းကို ေရႏွင့္ ဆတူေရာပါ။ အသားအေရကို လိမ္းၿပီး plastic wrap ႏွင့္ ပတ္ထားေပးပါ။ အနည္းဆုံး တစ္နာရီသို႔ တစ္ညထားပါ။
သတိျပဳရမွာက ဒီနည္းလမ္းဟာ အသားအေရ အထိခိုက္မခံသူေတြအတြက္ မသင့္ေလ်ာ္ပါဘူး။

၄။ အဆိပ္အေတာက္ေတြ ဖယ္ရွားဖို႔ ပင္လယ္ေသဆား

ပင္လယ္ေသဆား က ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြကို ကင္းစင္ေစၿပီး အဆီျပင္ေတြကို တိုက္ထုတ္ဖို႔ ကူညီေပးပါတယ္။ cellulite ေတြက ဖယ္ရွားဖို႔ အရမ္းခက္ခဲတဲ့အရာျဖစ္ေပမယ့္ ဒီ ေဆးစည္းနည္းႏွင့္အတူ မွ်တတဲ့ အစားအေသာက္ႏွင့္ ပုံမွန္ေလ့က်င့္ခန္းလုပ္ေပးမယ္ဆိုရင္ ရလဒ္ကို ပိုေကာင္းေစမွာျဖစ္ပါတယ္။
ေရေႏြး ၁လီတာထဲကို ပင္လယ္ေသဆား ထမင္းစားဇြန္း ၂ဇြန္း ၃ဇြန္းေလာက္ထည့္ေဖ်ာ္ပါ။ တဘက္အေဟာင္းတစ္ထည္ကို စိမ္ၿပီး သင့္အဆီျပင္ရွိတဲ့ေနရာမွာ ပတ္ထားပါ။ အေပၚက plastic wrap ႏွင့္ တစ္နာရီေလာက္ ပတ္ထားေပးပါ။

၅။ ကေလးတစ္ေယာက္လို အသားအေရ ရရွိေစဖို႔ ရွားေစာင္းလတ္ပတ္ႏွင့္ပ်ားရည္

ပ်ားရည္က အသားအေရကို အာဟာရဓါတ္ေတြ အမ်ားႀကီးရရွိေစၿပီး ရွားေစာင္းက အသားအေရကို စိုေျပေစပါတယ္။ ႏွစ္မ်ိဳးစလုံးက အသားအေရကို ေရဓါတ္ရရွိေစတဲ့အျပင္ ႏူးညံ့ေပ်ာ့ေျပာင္းေစပါတယ္။
ရွားေစာင္းလတ္ပတ္ အႏွစ္ႏွင့္ ပ်ားရည္ကို ဆတူေရာပါ။ အသားအေရကို ေခ်ာမြတ္ေစဖို႔ ဘာမွမေရာထားတဲ့ ဒိန္ခ်ဥ္ထည့္ပါ။ အသားအေရေပၚမွာ လိမ္းၿပီး plastic wrapႏွင့္ ပတ္ထားေပးပါ။ နာရီဝက္ေလာက္ထားေပးရပါမယ္။

၆။ အသားအေရကို အာဟာရႏွင့္ ေရဓါတ္ရရွိေစဖို႔ ကိုကိုး၊ ငွက္ေပ်ာႏွင့္ ပ်ားရည္

ဒီပါဝင္ပစၥည္းအားလုံးက အထူးသျဖင့္ body wrap လုပ္မယ္ဆိုရင္ အသားအေရအတြက္ အံ့ၾသစရာ အလုပ္ျဖစ္ပါတယ္။ ကိုကိုးမွာ အင္တီေအာက္ဆီဒင့္ ျပည့္ဝၿပီး အသားအေရကို ေရဓါတ္ျပန္လည္ျဖည့္တင္းတဲ့ေနရာမွာ အရမ္းေကာင္းပါတယ္။ ငွက္ေပ်ာသီးမွာ ဗီတာမင္ A ႏွင့္ E တို႔ပါရွိၿပီး ပ်ားရည္မွာ အသားအေရကို စိုေျပ၊ ေခ်ာမြတ္ေစတဲ့ အာဟာရဓါတ္ေတြ ပါရွိပါတယ္။
ငွက္ေပ်ာသီး တစ္ဝက္ကို ႀကိတ္ေခ်ပါ။ ပ်ားရည္ေႏြးေႏြး ၁ဇြန္းထည့္ေမႊပါ။ ကိုကိုးမႈန္႔(ေခ်ာကလက္မဟုတ္ပါ) ၁ဇြန္းထည့္ပါ။ ခပ္ပ်စ္ပ်စ္ျဖစ္သြားတဲ့အထိေမႊပါ။ အရမ္းပ်စ္ခဲမသြားေအာင္ ႏို႔အနည္းငယ္ထည့္လို႔လည္းရပါတယ္။
ၿပီးမွ အသားအေရေပၚမွာလိမ္းၿပီး plastic wrap အၾကည္ ႏွင့္ နာရီဝက္ေလာက္ ပတ္ထားေပးပါ။

၇။ ႐ႊံ႕ႏွင့္ body wrap လုပ္နည္း

ဒီနည္းလမ္းက detox လုပ္ဖို႔အတြက္ အရမ္းထိေရာက္ပါတယ္။ သင္ခႏၶာကိုယ္ကို သြယ္လ်ေစပါတယ္။ clay wrapsလုပ္နည္းက အဆီေတြကို မေလာင္ကြၽမ္းႏိုင္ေပမယ့္ ပိုလွ်ံေနတဲ့ ေရေတြကို ဖယ္ရွားေပးႏိုင္ပါတယ္။
ေရပူထဲမွာ ပုဝါတစ္ထည္ကို စိမ္ၿပီး အဆီက်ခ်င္တဲ့ေနရာကို ပတ္ထားေပးပါ။ ၅မိနစ္ေလာက္ေနရင္ ေခြၽးေပါက္ေတြ ပြင့္သြားပါလိမ့္မယ္။ ၿပီးေနာက္ ပုဝါကို ဖယ္ရွားၿပီး ေပါင္းတင္႐ႊံ႕ႏွင့္ body lotion ကိုဆတူေရာၿပီး အဆီက်ခ်င္တဲ့ေနရာမွာ လိမ္းေပးပါ။ plastic wrap နဲ႔ အနည္းဆုံး တစ္နာရီေလာက္ပတ္ထားပါ။ ရလဒ္ပိုေကာင္းခ်င္ရင္ေတာ့ တစ္ညထားပါ။

၈။ အေၾကာျပတ္ရာေတြကို ေလ်ာ့နည္းေစတဲ့ Vaporub

Vaporub မွာ ဆန္႔က်ဳံႏိုင္တဲ့ ဂုဏ္သတၱိကိုတိုးေစၿပီး အသားအေရကို ႏူးညံ့ေစတဲ့ menthol ၊ camphor, eucalyptus oil ကဲ့သို႔ေသာ အသားအေရအတြက္ အက်ိဳးရွိေစတဲ့ ပါဝင္ပစၥည္းအခ်ိဳ႕ ပါဝင္ပါတယ္။ အေၾကာျပတ္ရာတြကို ေလ်ာ့နည္းေစပါတယ္။ အေၾကာျပတ္ရာေတြက အသားအေရထဲမွာ နက္ရႈိင္းတဲ့ ပ်က္စီးမႈျဖစ္တာေၾကာင့္ ေန႔ခ်င္းညခ်င္းေတာ့ ေပ်ာက္မွာ မဟုတ္ပါဘူး။ အႀကိမ္ႀကိမ္ လုပ္ေပးရမွာပါ။
အေၾကာျပတ္ေနတဲ့ ဗိုက္ေပၚမွာ Vaporub ပါးပါးေလးပြတ္ေပးပါ။ plastic wrap အၾကည္နဲ႔ အနည္းဆုံး ၂နာရီ ပတ္ထားပါ။ ရလဒ္ေကာင္းခ်င္ရင္ေတာ့ တစ္ညထားေပးပါ။

Lifestyle_Myanmar

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here