သင့်ကို ဘယ်တော့မှ ခရီးထွက်ခွင့်မပြုတတ်တဲ့ မိဘတွေကို စည်းရုံးဖို့အတွက် နည်းလမ်းများ

0
133

မိဘတွေအတော်များများဟာ သားသမီးတွေအတွက် အလွန်ပဲစိုးရိမ်ပူပန်တတ်တဲ့အတွက် တချို့အရာတွေကို တားမြစ်ရာကနေ မိသားစုအတွင်း သဘောထားတင်းမာမှုတွေ ဖြစ်လေ့ရှိကြပါတယ်။ အထူးသဖြင့် သူငယ်ချင်းတွေနဲ့ ခရီးထွက်ခွင့်တောင်းတဲ့အချိန်၊ တစ်ယောက်တည်းခရီးထွက်ခွင့် တောင်းတဲ့အချိန်တွေမှာဆို မိဘတွေပိုပြီး ကန့်ကွက်လေ့ရှိကြပါတယ်။ မိဘတွေရဲ့ အမြင်မှာတော့ ယခုလိုခရီးထွက်ခြင်းဟာ ပိုက်ဆံနဲ့အချိန်ကို ဖြုန်းတီးခြင်း သို့မဟုတ် စိတ်မချခြင်းကြောင့်လို့ ထင်ကောင်းထင်နိုင်ပါတယ်။

ဒါပေမယ့် သင့်ရဲ့စိတ်မှာတော့ ခရီးသွားခြင်းဟာ အရာရာကိုသင်ယူဖို့နဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှု ပိုရှိစေဖို့ အကောင်းဆုံးနည်းလမ်းအဖြစ် ယုံကြည်လျှက် ရှိမှာပါ။ ဒါကြောင့် မိဘတွေအစိုးရိမ်လွန်မှုကို ဖြေဖျောက်စေပြီး သင့်ကိုခရီးထွက်ခွင့်ပြုစေဖို့ အတွက် စည်းရုံးသိမ်းသွင်းနိုင်မယ့် နည်းလမ်းတွေကို ဝေမျှပေးလိုက်ပါတယ်။

သင့်ရဲ့စာတွေကို ပြီးအောင်လုပ်ပြီး ကိုယ့်ရဲ့အစီအစဥ်ကို မျှဝေပါ
သင်ကျောင်းတက်နေဆဲဆိုရင် ကိုယ့်ရဲ့အိမ်စာတွေကို ခရီးထွက်ဖို့ အစီအစဥ်ချတဲ့အချိန်အတွင်းမှာပဲ ပြီးအောင်ဆောင်ရွက်ပါ။ ပြီးလျှင် သင်ဘယ်ကိုသွားချင်တယ်၊ ငွေဘယ်လောက်စုထားပြီး ဘယ်လောက်ကုန်မယ်ဆိုတာကို ပလန်ချပါ။ ယခုခရီးဟာ သင့်အတွက်ဘယ်လောက်အရေးကြီးကြောင်းနဲ့ သင့်ရဲ့အနာဂတ်ရည်မှန်းချက်၊ အလုပ်နဲ့ပတ်သတ်ပြီးမျှော်မှန်းချက်၊ အန္တရာယ်ကင်းစွာသွားရောက်နိုင်တဲ့နည်းလမ်း စတာတွေကို အသေအချာ ပလန်ချပြီး မိဘတွေကို မျှဝေပါ။

အခြားသူငယ်ချင်းတွေ ခရီးထွက်တဲ့အကြောင်း သူတို့ကိုယ်တိုင်ကိုယ့်ကိုယ်ကို ရပ်တည်နိုင်တဲ့အကြောင်း ဥပမာပေးပြီး မျှဝေပါ
တခါတလေမှာ မိဘတွေဟာ သားသမီးတွေကို အခြာမိသားစုက သားသမီးတွေနဲ့ နှိုင်းယှဥ်ပြီး ဆုံးမရခြင်းကို နှစ်သက်တတ်ကြပါတယ်။ ယခုလိုမိဘတွေသုံးတတ်တဲ့ နည်းလမ်းအတိုင်းပဲ ရိုးရှင်းစွာနဲ့ အခြားသူတွေလည်း ခရီးထွက်တာပြဿနာမရှိကြကြောင်း ခရီးထွက်ခြင်းဟာ ဗဟုသုတတွေ ရရှိစေတဲ့အပြင် ပေါင်းသင်းဆက်ဆံရေးအတွက်နဲ့ ဘဝတက်လမ်းအတွက် များစွာအကျိုးရှိကြောင်း မိဘတွေကို မျှဝေပေးပါ။

အဆက်အသွယ်မပြတ်စေတာကြောင့် စိတ်ချလက်ချနေရန်ပြောပါ
မိဘတွေဟာ သားသမီးတွေရဲ့ လုံခြုံမှုအတွက် စိုးရိမ်စိတ်လွန်ကဲခြင်းဟာ အကြီးဆုံးအရာတစ်ခု ဖြစ်ပါတယ်။ တကယ်လို့ သင်ကသူတို့နဲ့ အဝေးမှာရောက်နေတဲ့အခါ သူတို့ကာကွယ်မပေးနိုင်ဘူးလို့ ယုံကြည်လျှက်ရှိကြပါတယ်။ အမှန်တကယ်က သင်အိမ်မှာနေရင်းနဲ့ပဲ ဆိုးရွားတဲ့ အရာတွေဖြစ်နိုင်သလို သင့်ဘေးနားမှာနေပြီးတချိန်လုံးမိဘတွေက ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် သင်ဘယ်ကိုရောက်နေပြီ၊ ဘယ်ကိုသွားနေပြီ စသဖြင့် သတင်းအချက်အလက်တွေကို မိဘတွေအား အမြဲတမ်း ဖုန်း၊ အင်တာနက်ကနေ မျှဝေပေးပါ။

စိတ်ရှည်ပြီး သင့်ရဲ့အိမ်မက်တွေအတွက် အရှုံမပေးပါနဲ့
ဘယ်လိုကိစ္စပဲဖြစ်ဖြစ် နည်းလမ်းတစ်ခုခုအမြဲရှိပါတယ်။ ဒါ့ကြောင့်စိတ်ရှည်သီးခံမှုနဲ့ ခွင့်ပြုချက်ရရှိဖို့ ကြိုးစားမှုတွေ လိုအပ်ပါတယ်။ သင့်ရဲ့မိဘတွေက ခရီးသွားခြင်းကြောင့် ရရှိတဲ့အကျိုးကျေးဇူးတွေနဲ့ စိုးရိမ်ပူပန်မှုရှိဖို့ မလိုအပ်တာကို သေချာသိရှိဖို့ ကြိုးစားခြင်းဖြင့် မိဘတွေကို စည်းရုံးနိုင်ပါလိမ့်မယ်။
LM_Naung_Naung
Lifestyle_Myanmar

Zawgyi font

မိဘေတြအေတာ္မ်ားမ်ားဟာ သားသမီးေတြအတြက္ အလြန္ပဲစိုးရိမ္ပူပန္တတ္တဲ့အတြက္ တခ်ိဳ႕အရာေတြကို တားျမစ္ရာကေန မိသားစုအတြင္း သေဘာထားတင္းမာမႈေတြ ျဖစ္ေလ့ရွိၾကပါတယ္။ အထူးသျဖင့္ သူငယ္ခ်င္းေတြနဲ႔ ခရီးထြက္ခြင့္ေတာင္းတဲ့အခ်ိန္၊ တစ္ေယာက္တည္းခရီးထြက္ခြင့္
ေတာင္းတဲ့အခ်ိန္ေတြမွာဆို မိဘေတြပိုၿပီး ကန္႔ကြက္ေလ့ရွိၾကပါတယ္။ မိဘေတြရဲ႕ အျမင္မွာေတာ့ ယခုလိုခရီးထြက္ျခင္းဟာ ပိုက္ဆံနဲ႔အခ်ိန္ကို ျဖဳန္းတီးျခင္း သို႔မဟုတ္ စိတ္မခ်ျခင္းေၾကာင့္လို႔ ထင္ေကာင္းထင္ႏိုင္ပါတယ္။ ဒါေပမယ့္ သင့္ရဲ႕စိတ္မွာေတာ့ ခရီးသြားျခင္းဟာ အရာရာကိုသင္ယူဖို႔နဲ႔
ကိုယ့္ကိုယ္ကိုယုံၾကည္မႈ ပိုရွိေစဖို႔ အေကာင္းဆုံးနည္းလမ္းအျဖစ္ ယုံၾကည္လွ်က္ ရွိမွာပါ။ ဒါေၾကာင့္ မိဘေတြအစိုးရိမ္လြန္မႈကို ေျဖေဖ်ာက္ေစၿပီး သင့္ကိုခရီးထြက္ခြင့္ျပဳေစဖို႔ အတြက္ စည္း႐ုံးသိမ္းသြင္းႏိုင္မယ့္ နည္းလမ္းေတြကို ေဝမွ်ေပးလိုက္ပါတယ္။

သင့္ရဲ႕စာေတြကို ၿပီးေအာင္လုပ္ၿပီး ကိုယ့္ရဲ႕အစီအစဥ္ကို မွ်ေဝပါ
သင္ေက်ာင္းတက္ေနဆဲဆိုရင္ ကိုယ့္ရဲ႕အိမ္စာေတြကို ခရီးထြက္ဖို႔ အစီအစဥ္ခ်တဲ့အခ်ိန္အတြင္းမွာပဲ ၿပီးေအာင္ေဆာင္႐ြက္ပါ။ ၿပီးလွ်င္ သင္ဘယ္ကိုသြားခ်င္တယ္၊ ေငြဘယ္ေလာက္စုထားၿပီး ဘယ္ေလာက္ကုန္မယ္ဆိုတာကို ပလန္ခ်ပါ။ ယခုခရီးဟာ သင့္အတြက္ဘယ္ေလာက္အေရးႀကီးေၾကာင္းနဲ႔
သင့္ရဲ႕အနာဂတ္ရည္မွန္းခ်က္၊ အလုပ္နဲ႔ပတ္သတ္ၿပီးေမွ်ာ္မွန္းခ်က္၊ အႏၲရာယ္ကင္းစြာသြားေရာက္ႏိုင္တဲ့နည္းလမ္း စတာေတြကို အေသအခ်ာ ပလန္ခ်ၿပီး မိဘေတြကို မွ်ေဝပါ။

အျခားသူငယ္ခ်င္းေတြ ခရီးထြက္တဲ့အေၾကာင္း သူတို႔ကိုယ္တိုင္ကိုယ့္ကိုယ္ကို ရပ္တည္ႏိုင္တဲ့အေၾကာင္း ဥပမာေပးၿပီး မွ်ေဝပါ တခါတေလမွာ မိဘေတြဟာ သားသမီးေတြကို အျခာမိသားစုက သားသမီးေတြနဲ႔ ႏႈိင္းယွဥ္ၿပီး ဆုံးမရျခင္းကို ႏွစ္သက္တတ္ၾကပါတယ္။ ယခုလိုမိဘေတြသုံးတတ္တဲ့ နည္းလမ္းအတိုင္းပဲ ႐ိုးရွင္းစြာနဲ႔ အျခားသူေတြလည္း ခရီးထြက္တာျပႆနာမရွိၾကေၾကာင္း ခရီးထြက္ျခင္းဟာ ဗဟုသုတေတြ ရရွိေစတဲ့အျပင္ ေပါင္းသင္းဆက္ဆံေရးအတြက္နဲ႔ ဘဝတက္လမ္းအတြက္ မ်ားစြာအက်ိဳးရွိေၾကာင္း မိဘေတြကို မွ်ေဝေပးပါ။

အဆက္အသြယ္မျပတ္ေစတာေၾကာင့္ စိတ္ခ်လက္ခ်ေနရန္ေျပာပါ
မိဘေတြဟာ သားသမီးေတြရဲ႕ လုံၿခဳံမႈအတြက္ စိုးရိမ္စိတ္လြန္ကဲျခင္းဟာ အႀကီးဆုံးအရာတစ္ခု ျဖစ္ပါတယ္။ တကယ္လို႔ သင္ကသူတို႔နဲ႔ အေဝးမွာေရာက္ေနတဲ့အခါ သူတို႔ကာကြယ္မေပးႏိုင္ဘူးလို႔ ယုံၾကည္လွ်က္ရွိၾကပါတယ္။ အမွန္တကယ္က သင္အိမ္မွာေနရင္းနဲ႔ပဲ ဆိုး႐ြားတဲ့ အရာေတြျဖစ္ႏိုင္သလို သင့္ေဘးနားမွာေနၿပီးတခ်ိန္လုံးမိဘေတြက ကာကြယ္ေပးႏိုင္မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ သင္ဘယ္ကိုေရာက္ေနၿပီ၊ ဘယ္ကိုသြားေနၿပီ စသျဖင့္ သတင္းအခ်က္အလက္ေတြကို မိဘေတြအား အၿမဲတမ္း ဖုန္း၊ အင္တာနက္ကေန မွ်ေဝေပးပါ။

စိတ္ရွည္ၿပီး သင့္ရဲ႕အိမ္မက္ေတြအတြက္ အရႈံမေပးပါနဲ႔
ဘယ္လိုကိစၥပဲျဖစ္ျဖစ္ နည္းလမ္းတစ္ခုခုအၿမဲရွိပါတယ္။ ဒါ့ေၾကာင့္စိတ္ရွည္သီးခံမႈနဲ႔ ခြင့္ျပဳခ်က္ရရွိဖို႔ ႀကိဳးစားမႈေတြ လိုအပ္ပါတယ္။ သင့္ရဲ႕မိဘေတြက ခရီးသြားျခင္းေၾကာင့္ ရရွိတဲ့အက်ိဳးေက်းဇူးေတြနဲ႔ စိုးရိမ္ပူပန္မႈရွိဖို႔ မလိုအပ္တာကို ေသခ်ာသိရွိဖို႔ ႀကိဳးစားျခင္းျဖင့္ မိဘေတြကို
စည္း႐ုံးႏိုင္ပါလိမ့္မယ္။
LM_Naung_Naung
Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here