သင့်ကလေးကို တခြားဘာသာစကား ဘယ်လို သင်ပေးမလဲ?

0
43

ဘာသာစကား နှစ်မျိုးတတ်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ကလေးတွေဟာ ငယ်စဉ်ဘဝမှာ ဘာသာစကားအတော်များများကို လွယ်လွယ်ကူကူ လေ့လာသင်ယူနိုင်ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မိဘတွေက ကလေးတွေကို ဘယ်လိုသင်ပေးရမယ်ဆိုတာ သေချာမသိကြပါဘူး။ ဒါပေမယ့် တချို့သော အဆင့်လေးတွေကို လိုက်နာပါက ဒုတိယ ဘာသာစကားကို အလွယ်တကူ သင်ပေးလို့ရပါတယ်။ ဘာသာစကားနှစ်မျိုးတတ်တဲ့ ကလေးတွေဟာ အရွယ်ရောက်လာတဲ့အခါ ဖြတ်ထိုးဥာဏ်နဲ့ စဉ်းစားတွေးခေါ်မှုပိုင်းမှာ ပိုမိုအားကောင်းတယ်လလို့ သုတေသီများက ဆိုပါတယ်။

ကလေးကို တခြားဘာသာစကားသင်ပေးဖို့ ရိုးရှင်းတဲ့ အကြံပြုချက်များ

၁။ သီချင်းနားထောင်ခိုင်းတာ

ကလေးကို ဘာသာစကားအသစ်နဲ့ မိတ်ဆတ်ဖို့ အလွယ်ဆုံးနည်းလမ်းက သီချင်းနှင့် ထိတွေ့ပေးခြင်း ဖြစ်ပါတယ်။ ကလေးတွေဟာ အပြန်အလှန် ဆက်သွယ်ခြင်း၊ နားထောင်ခြင်း၊ ကြည့်ခြင်းဖြင့် သင်ယူကြပါတယ်။ သီချင်းဖွင့်ပေးတဲ့အခါ ကလေးတွေဟာ ဘာသာစကားရဲ့ အသံနှင့် စည်းချက်ကို အကျွမ်းတဝင် ဖြစ်လာပါတဘ်။ သီချင်းနားထောင်ခြင်းက သူတို့သင်ယူနေတဲ့ ဘာသာစကားရဲ့ အသံ၊ အသံအနိမ့်အမြင့်ကို သိဖို့ ကူညီပေးပါလိမ့်မယ်။ သူတို့ ပထမဆုံး သီချင်းတွေကို နားမလည်သေးရင်တောင် သူတို့ရဲ့ အနာဂတ် communication အတွက် လိုအပ်တဲ့ စွမ်းရည်များ ဖွံ့ဖြိုးလာပါလိမ့်မယ်။ တခြားဘာသာစကား သီချင်းကို ထပ်တလဲလဲ ဖွင့်ပြီး နားထောင်ခြင်းက ထိုဘာသာစကားနှင့် ရင်းနှီးမှုကို တည်ဆောက်ပေးပါလိမ့်မယ်။

၂။ စီးရီးတွေ ၊ ဗီဒီယိုတွေ ကြည့်ခိုင်းတာ

ကလေးကို တခြားဘာသာစကားဖြင့် ဗီဒီယိုတွေ၊ တီဗီရှိုးတွေ ကြည့်စေခြင်းဟာ ဘာသာစကားအသစ်တစ်ခုကို သင်ယူဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။ သူတို့နှင့်အတူ သင်ကြည့်ရှုနိုင်တဲ့ ကလေးပရိုဂရမ်တွေ၊ စီးရီးတွေပါဝင်တဲ့ ဒီဗီဒီ တချို့ကို ရှာဖို့ အရေးကြီးပါတယ်။ ဗီဒီယိုများမှာ လေ့လာနည်း နှစ်ခုပါဝင်ပါတယ်။ ကြည့်ခြင်းနှင့် နားထောင်ခြင်း ဖြစ်ပါတယ်။ ဂီတက တခြားဘာသာစကားကို လေ့လာဖို့ နည်းလမ်းကောင်း ဖြစ်သော်လည်း ဗီဒီယိုက ကလေးတွေအတွက် သူတို့နားထောင်တဲ့ စကားလုံးတွေကို အမြင်အာရုံကိုယ်စားပြု ဖော်ပြပေးပါတယ်။

၃။ ပုံပြင်များ ဖတ်ပြခြင်း

ကလေးတွေကို စာဖတ်ပြခြင်းက အရမ်းအကျိုးရှိတယ်ဆိုတာ ကျွန်တော်တို့ သိကြပါတယ်။ နိုင်ငံခြားဘာသာစကားကို ဖတ်ပြခြင်းက ကျွန်တော်တို့ ကလေးတွေအတွက် စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးကို တိုးမြှင့်စေတဲ့ နောက်ထပ်နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဘာသာစကားရဲ့ ဖွဲ့စည်းတည်ဆောက်ပုံနှင့် အကျွမ်းတဝင်ရှိစေပါတယ်။

စကားလုံးတစ်လုံးချင်းစီကို ကြည့်ခြင်းနဲ့ ဝါကျအပြည့်အစုံကို ဖတ်ခြင်းက လုံးဝခြားနားပါတယ်။ ကနဦးအနေနဲ့ မိဘတွေက ကလေးတွေပျော်မွေ့နိုင်တဲ့ ရိုးရိုးရုပ်ပြစာအုပ်တွေကို ရှာဖွေပေးသင့်ပါတယ်၊ ဘာသာစကား နှစ်မျိုးဖြင့် ရေးသားထားတဲ့ စာအုပ်တွေကလည်း အကြံကောင်းတစ်ခုဖြစ်ပါတယ်၊ သူတို့ဟာ တခြားဘာသာစကားပါ ဖတ်နိုင်တာကြောင့် ပုံပြင်ကို နားလည်ပါလိမ့်မယ်။

၄။ ကလေးကို တခြားဘာသာစကားသင်ပေးဖို့ ကဒ်ပြားများနှင့် အလုပ်လုပ်ခြင်း

Flasgcard တွေကိုသုံးတာဟာ ကလေးတွေအတွက် ပျော်စရာကောင်းသလို ထိရောက်မှုလည်း ရှိပါတယ်။ ကိုယ့်ဘာသာ ဖန်တီးနိုင်သလို ဒီဘာသာစကားကဒ်တွေကို ဝယ်ယူလို့လည်း ရနိုင်ပါတယ်။ ကလေးကို တခြားဘာသာစကားသင်တဲ့အခါ နည်းနည်းချင်း သင်ပေးပြီး ကဒ်ပြားလေးတွေကို တနေ့ လျှင် အကြိမ်အနည်းငယ်သာ အသုံးပြုပေးပါ။ ကဒ်ပြားတွေက သင့်ကလေးကို အခြားဘာသာစကားသင်တဲ့အခါ လွယ်ကူစေတဲ့ နည်းလမ်းကောင်းဖြစ်ပါတယ်။

တခြားနည်းလမ်းက စကားလုံး ၁၀လုံးမှ ၁၅လုံးအထိ ရွေးချယ်ထားပြီး ကလေးနိုးတဲ့အချိန်၊ ဒိုက်ပါလဲပေးပြီးချိန်၊ ရေချိုးချိန်နှင့် အခြားသင့်လျော်တဲ့အချိန်မှာ ထပ်ခါထပ်ခါ ပြောပေးပါ။ ဒီကဒ်တွေကို ပြောပြတဲ့အခါတိုင်း စက္ကန့် ၃၀ထက် ပိုမကြာပါနဲ့။

နောက်ရွေးချယ်စရာ တစ်ခုက ကဒ်ပြားများကို အိမ်ရဲ့ မတူညီတဲ့ နေရာတွေမှာ ကပ်ထားဖို့ ဖြစ်ပါတယ်။ အဲ့အရှေ့က ဖြတ်သွားတဲ့အခါတိုင်း ကလေးကို ပြသသင်ပေးနိုင်ပါတယ်။

၅။ အခြားလူများနှင့် လေ့ကျင့်ပေးပါ

နောက်ဆုံးနှင့် အရေးအပါဆုံး အဆင့်က အခြားလူများနှင့် လေ့ကျင့်ဖို့ ဖြစ်ပါတယ်၊ ကလေးတွေဟာ ထိုဘာသာစကားပြောဆိုတဲ့ အခြားလူများနှင့် စကားပြောယုံဖြင့် ဘာသာစကားအသစ်ကို သင်ယူနိုင်ပါတယ်။ အပြန်အလှန် အကျိုးသက်ရောက်မှု ရှိခြင်းဖြင့် သူတို့ဟာ မြန်မြန်ဆန်ဆန် စကားပြောနိုင်အောင် သင်ယူပါလိမ့်မယ်။ ကလေးတွေဟာ အစောပိုင်းအသက်အရွယ်မှာ ဖွံ့ဖြိုးမှုအားကောင်းတာကြောင့် အားသာချက်ကိုရယူပြီး ဘာသာစကားနှစ်မျိုးတတ်အောင် သင်ပေးလို့ရပါတယ်နော်။

Lifestyle_Myanmar

LM_Nandar

ZawGyi

သင့္ကေလးကို တျခားဘာသာစကား ဘယ္လို သင္ေပးမလဲ?
ဘာသာစကား ႏွစ္မ်ိဳးတတ္ဖို႔ဆိုတာ မလြယ္ကူပါဘူး။ ကေလးေတြဟာ ငယ္စဥ္ဘဝမွာ ဘာသာစကားအေတာ္မ်ားမ်ားကို လြယ္လြယ္ကူကူ ေလ့လာသင္ယူႏိုင္ၾကတယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ မိဘေတြက ကေလးေတြကို ဘယ္လိုသင္ေပးရမယ္ဆိုတာ ေသခ်ာမသိၾကပါဘူး။ ဒါေပမယ့္ တခ်ိဳ႕ေသာ အဆင့္ေလးေတြကို လိုက္နာပါက ဒုတိယ ဘာသာစကားကို အလြယ္တကူ သင္ေပးလို႔ရပါတယ္။ ဘာသာစကားႏွစ္မ်ိဳးတတ္တဲ့ ကေလးေတြဟာ အ႐ြယ္ေရာက္လာတဲ့အခါ ျဖတ္ထိုးဥာဏ္နဲ႔ စဥ္းစားေတြးေခၚမႈပိုင္းမွာ ပိုမိုအားေကာင္းတယ္လလို႔ သုေတသီမ်ားက ဆိုပါတယ္။

ကေလးကို တျခားဘာသာစကားသင္ေပးဖို႔ ႐ိုးရွင္းတဲ့ အႀကံျပဳခ်က္မ်ား

၁။ သီခ်င္းနားေထာင္ခိုင္းတာ

ကေလးကို ဘာသာစကားအသစ္နဲ႔ မိတ္ဆတ္ဖို႔ အလြယ္ဆုံးနည္းလမ္းက သီခ်င္းႏွင့္ ထိေတြ႕ေပးျခင္း ျဖစ္ပါတယ္။ ကေလးေတြဟာ အျပန္အလွန္ ဆက္သြယ္ျခင္း၊ နားေထာင္ျခင္း၊ ၾကည့္ျခင္းျဖင့္ သင္ယူၾကပါတယ္။ သီခ်င္းဖြင့္ေပးတဲ့အခါ ကေလးေတြဟာ ဘာသာစကားရဲ႕ အသံႏွင့္ စည္းခ်က္ကို အကြၽမ္းတဝင္ ျဖစ္လာပါတဘ္။ သီခ်င္းနားေထာင္ျခင္းက သူတို႔သင္ယူေနတဲ့ ဘာသာစကားရဲ႕ အသံ၊ အသံအနိမ့္အျမင့္ကို သိဖို႔ ကူညီေပးပါလိမ့္မယ္။ သူတို႔ ပထမဆုံး သီခ်င္းေတြကို နားမလည္ေသးရင္ေတာင္ သူတို႔ရဲ႕ အနာဂတ္ communication အတြက္ လိုအပ္တဲ့ စြမ္းရည္မ်ား ဖြံ႕ၿဖိဳးလာပါလိမ့္မယ္။ တျခားဘာသာစကား သီခ်င္းကို ထပ္တလဲလဲ ဖြင့္ၿပီး နားေထာင္ျခင္းက ထိုဘာသာစကားႏွင့္ ရင္းႏွီးမႈကို တည္ေဆာက္ေပးပါလိမ့္မယ္။

၂။ စီးရီးေတြ ၊ ဗီဒီယိုေတြ ၾကည့္ခိုင္းတာ

ကေလးကို တျခားဘာသာစကားျဖင့္ ဗီဒီယိုေတြ၊ တီဗီရႈိးေတြ ၾကည့္ေစျခင္းဟာ ဘာသာစကားအသစ္တစ္ခုကို သင္ယူဖို႔ အေကာင္းဆုံး နည္းလမ္းတစ္ခုျဖစ္ပါတယ္။ သူတို႔ႏွင့္အတူ သင္ၾကည့္ရႈႏိုင္တဲ့ ကေလးပ႐ိုဂရမ္ေတြ၊ စီးရီးေတြပါဝင္တဲ့ ဒီဗီဒီ တခ်ိဳ႕ကို ရွာဖို႔ အေရးႀကီးပါတယ္။ ဗီဒီယိုမ်ားမွာ ေလ့လာနည္း ႏွစ္ခုပါဝင္ပါတယ္။ ၾကည့္ျခင္းႏွင့္ နားေထာင္ျခင္း ျဖစ္ပါတယ္။ ဂီတက တျခားဘာသာစကားကို ေလ့လာဖို႔ နည္းလမ္းေကာင္း ျဖစ္ေသာ္လည္း ဗီဒီယိုက ကေလးေတြအတြက္ သူတို႔နားေထာင္တဲ့ စကားလုံးေတြကို အျမင္အာ႐ုံကိုယ္စားျပဳ ေဖာ္ျပေပးပါတယ္။

၃။ ပုံျပင္မ်ား ဖတ္ျပျခင္း

ကေလးေတြကို စာဖတ္ျပျခင္းက အရမ္းအက်ိဳးရွိတယ္ဆိုတာ ကြၽန္ေတာ္တို႔ သိၾကပါတယ္။ ႏိုင္ငံျခားဘာသာစကားကို ဖတ္ျပျခင္းက ကြၽန္ေတာ္တို႔ ကေလးေတြအတြက္ စာဖတ္ျခင္းရဲ႕ အက်ိဳးေက်းဇူးကို တိုးျမႇင့္ေစတဲ့ ေနာက္ထပ္နည္းလမ္းတစ္ခုျဖစ္ပါတယ္။ ဘာသာစကားရဲ႕ ဖြဲ႕စည္းတည္ေဆာက္ပုံႏွင့္ အကြၽမ္းတဝင္ရွိေစပါတယ္။

စကားလုံးတစ္လုံးခ်င္းစီကို ၾကည့္ျခင္းနဲ႔ ဝါက်အျပည့္အစုံကို ဖတ္ျခင္းက လုံးဝျခားနားပါတယ္။ ကနဦးအေနနဲ႔ မိဘေတြက ကေလးေတြေပ်ာ္ေမြ႕ႏိုင္တဲ့ ႐ိုး႐ိုး႐ုပ္ျပစာအုပ္ေတြကို ရွာေဖြေပးသင့္ပါတယ္၊ ဘာသာစကား ႏွစ္မ်ိဳးျဖင့္ ေရးသားထားတဲ့ စာအုပ္ေတြကလည္း အႀကံေကာင္းတစ္ခုျဖစ္ပါတယ္၊ သူတို႔ဟာ တျခားဘာသာစကားပါ ဖတ္ႏိုင္တာေၾကာင့္ ပုံျပင္ကို နားလည္ပါလိမ့္မယ္။

၄။ ကေလးကို တျခားဘာသာစကားသင္ေပးဖို႔ ကဒ္ျပားမ်ားႏွင့္ အလုပ္လုပ္ျခင္း

Flasgcard ေတြကိုသုံးတာဟာ ကေလးေတြအတြက္ ေပ်ာ္စရာေကာင္းသလို ထိေရာက္မႈလည္း ရွိပါတယ္။ ကိုယ့္ဘာသာ ဖန္တီးႏိုင္သလို ဒီဘာသာစကားကဒ္ေတြကို ဝယ္ယူလို႔လည္း ရႏိုင္ပါတယ္။ ကေလးကို တျခားဘာသာစကားသင္တဲ့အခါ နည္းနည္းခ်င္း သင္ေပးၿပီး ကဒ္ျပားေလးေတြကို တေန႔ လွ်င္ အႀကိမ္အနည္းငယ္သာ အသုံးျပဳေပးပါ။ ကဒ္ျပားေတြက သင့္ကေလးကို အျခားဘာသာစကားသင္တဲ့အခါ လြယ္ကူေစတဲ့ နည္းလမ္းေကာင္းျဖစ္ပါတယ္။

တျခားနည္းလမ္းက စကားလုံး ၁၀လုံးမွ ၁၅လုံးအထိ ေ႐ြးခ်ယ္ထားၿပီး ကေလးႏိုးတဲ့အခ်ိန္၊ ဒိုက္ပါလဲေပးၿပီးခ်ိန္၊ ေရခ်ိဳးခ်ိန္ႏွင့္ အျခားသင့္ေလ်ာ္တဲ့အခ်ိန္မွာ ထပ္ခါထပ္ခါ ေျပာေပးပါ။ ဒီကဒ္ေတြကို ေျပာျပတဲ့အခါတိုင္း စကၠန္႔ ၃၀ထက္ ပိုမၾကာပါနဲ႔။

ေနာက္ေ႐ြးခ်ယ္စရာ တစ္ခုက ကဒ္ျပားမ်ားကို အိမ္ရဲ႕ မတူညီတဲ့ ေနရာေတြမွာ ကပ္ထားဖို႔ ျဖစ္ပါတယ္။ အဲ့အေရွ႕က ျဖတ္သြားတဲ့အခါတိုင္း ကေလးကို ျပသသင္ေပးႏိုင္ပါတယ္။

၅။ အျခားလူမ်ားႏွင့္ ေလ့က်င့္ေပးပါ

ေနာက္ဆုံးႏွင့္ အေရးအပါဆုံး အဆင့္က အျခားလူမ်ားႏွင့္ ေလ့က်င့္ဖို႔ ျဖစ္ပါတယ္၊ ကေလးေတြဟာ ထိုဘာသာစကားေျပာဆိုတဲ့ အျခားလူမ်ားႏွင့္ စကားေျပာယုံျဖင့္ ဘာသာစကားအသစ္ကို သင္ယူႏိုင္ပါတယ္။ အျပန္အလွန္ အက်ိဳးသက္ေရာက္မႈ ရွိျခင္းျဖင့္ သူတို႔ဟာ ျမန္ျမန္ဆန္ဆန္ စကားေျပာႏိုင္ေအာင္ သင္ယူပါလိမ့္မယ္။ ကေလးေတြဟာ အေစာပိုင္းအသက္အ႐ြယ္မွာ ဖြံ႕ၿဖိဳးမႈအားေကာင္းတာေၾကာင့္ အားသာခ်က္ကိုရယူၿပီး ဘာသာစကားႏွစ္မ်ိဳးတတ္ေအာင္ သင္ေပးလို႔ရပါတယ္ေနာ္။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here