သင်အနှစ်သက်ဆုံး Idol တစ်ယောက်က ဖော်ပြနေတဲ့ သင့်ရဲ့ စိတ်နေသဘောထား

0
318

စိတ္ပညာအရ လူတစ္ေယာက္ရဲ႕ အမူအက်င့္နဲ႔ စ႐ိုက္ကို ခန္႔မွန္းတဲ့ေနရာမွာ ထိုသူ႔အေပၚလြမ္းမိုးမႈရွိတဲ့ နာမည္ႀကီးဆယ္လီေတြရဲ႕ အသြင္အျပင္ေတြနဲ႔ အရည္အခ်င္းေတြကလည္း ဆက္စပ္လွ်က္ရွိပါတယ္။ လူတိုင္းက ကိုယ္သေဘာက်တဲ့ အသံပိုင္ရွင္နဲ႔ ဂီတပုံစံေၾကာင့္ ကိုယ့္ရဲ႕ idol ျဖစ္လာတယ္လို႔ယူဆၾကေပမယ့္ သူတို႔ရဲ႕စိတ္ေနစိတ္ထား၊ လူေနမႈပုံစံနဲ႔ စ႐ိုက္ေတြအေပၚ မသိစိတ္ကအတုယူေနၿပီး ကိုယ့္ရဲ႕စိတ္ေနစိတ္ထားနဲ႔ အေတာ္မ်ားမ်ားတိုက္ဆိုင္ေနတာေၾကာင့္လည္း မသိစိတ္က အလိုလိုပဲ အႏွစ္သက္ဆုံး idol အျဖစ္ေ႐ြးခ်ယ္မိေနတာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ကိုယ္အႏွစ္သက္ဆုံး idol တစ္ေယာက္ကို ေ႐ြးခ်ယ္ၿပီး ကိုယ့္ရဲ႕စိတ္ထားကို မွန္မမွန္ေလ့လာၾကည့္ၾကရေအာင္။

Kyar Pauk
Big Bag ဆိုတဲ့ နာမည္တလုံးျဖစ္လာဖို႔အတြက္ Punk Rock ဆိုတဲ့ဂီတနဲ႔ လူငယ္ေတြၾကားကို ထိုးေဖာက္ခဲ့သူတစ္ေယာက္ျဖစ္တာနဲ႔အမွ် သူဟာ creative ပိုင္းကိုစိတ္အားထက္သန္သူတစ္ေယာက္ျဖစ္ၿပီး လြတ္လပ္တဲ့လူေနမႈပုံစံကို ႏွစ္သက္သူတစ္ေယာက္ျဖစ္ပါတယ္။ သင့္ရဲ႕အႏွစ္သက္ဆုံး idol ဟာ Big Bag ဆိုရင္ေတာ့ သင္ဟာအၿမဲတမ္းအသစ္အဆန္းေတြကို စိတ္ဝင္စားတတ္ၿပီး မတူညီတဲ့အေတြးအေခၚေတြနဲ႔ စဥ္းစားေတြးေခၚရျခင္းကို ႏွစ္သက္သူတစ္ေယာက္ပါ။
သင္ဝါသနာပါရာကို လုပ္ဖို႔အတြက္ ဘယ္လိုအရာမ်ိဳးကိုမွ စြန္႔လႊတ္ဖို႔ဝန္မေလးတတ္သလို အလုပ္အေပၚမွာလည္း ဇြဲရွိသူတစ္ေယာက္ျဖစ္ပါတယ္။ အိမ္ေထာင္ဖက္ေ႐ြးခ်ယ္တဲ့ အခါမွာလည္း ကိုယ့္ကိုနားလည္ေပးႏိုင္တဲ့သူ၊ မခ်ဳပ္ခ်ယ္တတ္တဲ့သူမ်ိဳးကို ေ႐ြးခ်ယ္တတ္ပါတယ္။

Lay Phyu
ေလးျဖဴဟာ Rock ဂီတလမ္းေၾကာင္းမွာ ယေန႔အခ်ိန္ထိ Rock ဘိုးေအႀကီးလို႔ တင္စားရတဲ့သူတစ္ေယာက္ပါ။ သူ႔ရဲ႕သီခ်င္းေတြဘယ္ေလာက္ေဟာင္းေဟာင္း လူငယ္ေတြနားထဲမွာ ယေန႔အခ်ိန္ထိ သစ္လြင္ေနဆဲျဖစ္ပါတယ္။ တကယ္လို႔သင့္ရဲ႕ အႏွစ္သက္ဆုံး idol ဟာ ေလးျဖဴဆိုရင္ေတာ့ သင္ဟာအစြဲအလမ္းႀကီးတဲ့သူတစ္ေယာက္ျဖစ္ၿပီး သီးသန္႔ေနတတ္တဲ့ (Introvert) တစ္ေယာက္ျဖစ္ပါတယ္။ ဒါေပမယ့္ သင့္ရဲ႕ရင္က်က္တဲ့လူေနမႈပုံစံေၾကာင့္ အျခားသူေတြရဲ႕ ေလးစားမႈ၊ ခင္မင္မႈကို ရရွိၿပီး သင္ဟာ ကိုယ့္ရဲ႕စိတ္နဲ႔ထပ္တူက်တဲ့ သူမ်ိဳးေတြကိုသာ အေပါင္းအသင္းလုပ္တတ္သူတစ္ေယာက္ျဖစ္ပါတယ္။ ဒါ့အျပင္သင္ဟာ စည္းကမ္းႀကီးစြာေနထိုင္တတ္သူျဖစ္တာေၾကာင့္ အိမ္ေထာင္ဖက္ရွာတဲ့အခါမွာလည္း ကိုယ့္လိုပဲရင့္က်က္တဲ့အိမ္ေထာင္ဖက္မ်ိဳးကို ေ႐ြးခ်ယ္ေလ့ရွိပါတယ္။

Ni Ni Khin Zaw
နီနီကေတာ့ အသံပါဝါေကာင္းေကာင္းနဲ႔ သီဆိုေလ့ရွိၿပီး အမ်ိဳးသမီးေတြသာမက အမ်ိဳးသားေတြပါ ႏွစ္သက္တဲ့ အဆိုေတာ္တစ္ေယာက္ျဖစ္ပါတယ္။ သူမသီဆိုတဲ့ R&B သီခ်င္းေတြလိုပဲ သူမရဲ႕စ႐ိုက္ဟာလည္း ေပ်ာ္ေပ်ာ္ေနေလ့ရွိၿပီး ပရိသတ္အတြက္ဆို စြမ္းအင္အကုန္သုံးၿပီး ေဖ်ာ္ေျဖတတ္သူတစ္ေယာက္ျဖစ္ပါတယ္။ တကယ္လို႔ သင့္ရဲ႕ idol ဟာ နီနီဆိုရင္ေတာ့ သင္ဟာပြင့္ပြင့္လင္းနဲ႔ ေျပာဆိုဆက္ဆံေလ့ရွိၿပီး ေလာကႀကီးနဲ႔လူေတြအေပၚ အေကာင္းျမင္စိတ္ႀကီးမားသူတစ္ေယာက္ ျဖစ္ပါတယ္။ သင့္ရဲ႕ေပ်ာ္ေပ်ာ္ေနတတ္တဲ့စ႐ိုက္ေၾကာင့္ လူခ်စ္လူခင္ေပါမ်ားပါလိမ့္မယ္။ ဒါေပမယ့္လူေတြအေပၚပြင့္လင္းစြာဆက္ဆံတတ္တဲ့ စ႐ိုက္ေၾကာင့္ မၾကာခဏသင့္အေပၚ မေကာင္းတဲ့ေကာလဟာလေတြ ျဖစ္ပြားတတ္ၿပီး စိတ္ညစ္ရတတ္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ေလာကႀကီးအေပၚအေကာင္းျမင္ၿပီး စိတ္ထားေကာင္းျခင္းက ျပႆနာေတြအားလုံးကို အလိုလိုေျပလည္သြားပါလိမ့္မယ္။ သင့္ရဲ႕စိတ္ထိခိုက္လြယ္တဲ့ ခံစားခ်က္ကိုျပင္ေပးပါ။ ပင္ကိုယ္သဘာဝက ထက္ျမက္သူတစ္ေယာက္ျဖစ္ၿပီး ေပ်ာ္႐ြင္မႈကိုႏွစ္သက္တာေၾကာင့္ အိမ္ေထာင္ဖက္ေ႐ြးခ်ယ္တဲ့အခါမွာ ႏွလုံးသားနဲ႔ပဲ ေ႐ြးခ်ယ္သင့္ပါတယ္။

Sai Sai Khan Hlaing
ေအာင္ျမင္မႈကို အၾကာႀကီး ထိန္းသိမ္းထားႏိုင္ၿပီး ပ်ိဳေမတို႔ရဲ႕ႏွလုံးသားကို စိုးမိုးထားႏိုင္တဲ့သူဆိုရင္ စိုင္းစိုင္းကိုပဲ ျပရပါလိမ့္မယ္။ စိုင္းစိုင္းဟာ ပရိသတ္ေတြရဲ႕လိုအပ္ခ်က္ေတြေနာက္ကို လိုက္မလုပ္တတ္ပဲ ပရိသတ္ေတြ လိုအပ္မယ္ထင္တဲ့အရာေတြကို ႀကိဳတင္ဖန္တီးျခင္းျဖင့္ ပရိသတ္အားေပးလက္ခံမႈကို ရရွိေနသူတစ္ေယာက္ျဖစ္ပါတယ္။ တကယ္လို႔ သင့္ရဲ႕ idol ဟာ စိုင္းစိုင္းဆိုရင္ေတာ့ သင္ဟာေခတ္နဲ႔အညီ ေျပာင္းလဲႏိုင္သူတစ္ေယာက္ျဖစ္ၿပီး trends ေတြကိုစိတ္ဝင္စားသူတစ္ေယာက္ျဖစ္ပါတယ္။သင္ဟာ ဘယ္အရာကိုပဲျဖစ္ျဖစ္လြယ္လြယ္နဲ႔ အရႈံးမေပးတတ္ပဲ မတူညီတဲ့လုပ္ေဆာင္ခ်က္ေတြနဲ႔ အၿမဲတမ္းႀကိဳးစားေနသူျဖစ္ပါတယ္။ သင္ဟာအလွအပကိုႏွစ္သက္ၿပီး လူသိမ်ားဖို႔ ႀကိဳးစားေနတတ္တဲ့ သူတစ္ေယာက္ပါ။ ဒါ့အျပင္သင္ဟာ ႐ိုမန္တစ္ဆန္သူတစ္ေယာက္ျဖစ္လည္း ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ခ်စ္သူေ႐ြးတဲ့အခါမွာ ဆြဲေဆာင္မႈရွိၿပီး romantic ဆန္တဲ့သူမ်ိဳးကို ရွာေဖြေနတတ္တာေၾကာင့္ ရည္းစားမ်ားတတ္ပါတယ္။

၅။ Wai La
ေဝလဟာ သဘာဝဆန္တဲ့ စာသားေတြ ရႈိက္သံအျပည့္နဲ႔သီဆိုဟန္ေတြေၾကာင့္ လူႀကိဳက္မ်ားတဲ့ အဆိုေတာ္တစ္ေယာက္ ျဖစ္ပါတယ္။ သူ႔ရဲ႕သီခ်င္းေတြကို နားေထာင္ၾကည့္တဲ့အခါ သူဟာဂီတအေပၚ ဘယ္ေလာက္ထိ႐ိုးသားေၾကာင္း သင္ျမင္ေတြ႕ႏိုင္ပါတယ္။ တကယ္လို႔ သင္ဟာေဝလဖန္တစ္ေယာက္ဆိုရင္ေတာ့ သင္ဟာတစ္ဖက္က အနည္းငယ္စိတ္မရွည္တတ္သူ တစ္ေယာက္ျဖစ္သလို တစ္ဖက္က ၾကင္နာစိတ္ျပည့္ဝသူတစ္ေယာက္ျဖစ္ပါတယ္။ သင္ဟာ အျခားသူေတြႏွစ္သက္ျခင္းမႏွစ္သက္ျခင္းထက္ ကိုယ္ႏွစ္သက္ရာကို လုပ္ေနရရင္ပဲ ေပ်ာ္႐ြင္ေနတတ္သူတစ္ေယာက္ပါ။ ပင္ကိုယ္သေဘာထားျပည့္ဝသူတစ္ေယာက္ ျဖစ္တာေၾကာင့္ ဘြင္းဘြင္းေျပာတတ္တဲ့စ႐ိုက္ကိုျပင္ၿပီး စိတ္ရွည္ရွည္ထားေပးဖို႔လိုအပ္ပါတယ္။ အိမ္ေထာင္ဖက္ေ႐ြးတဲ့အခါမွာလည္း နဂိုကအလွတရားေတြကို ႏွစ္သက္သူပီပီ ကဗ်ာဆန္ၿပီး ထူးျခားတဲ့ခ်စ္သူမ်ိဳးကို ေ႐ြးခ်ယ္ေလ့ရွိပါတယ္။

၆။ Wyne Su Khine Thein
ဝိုင္းဆုဟာ Pop သီခ်င္းေအးေအးေလးေတြ၊ အသဲကြဲသီခ်င္းေတြကို အသံခ်ိဳခ်ိဳေလးနဲ႔ သီဆိုတတ္တဲ့အျပင္ သ႐ုပ္ေဆာင္ေကာင္းမြန္သူတစ္ေယာက္ျဖစ္ပါတယ္။ တကယ္လို႔ သင္ဟာ ဝိုင္းစုဖန္တစ္ေယာက္ဆိုရင္ သင္ဟာ အနည္းငယ္ေခ်တတ္တဲ့ ပုံစံရွိၿပီး တကယ္တမ္းက် သေဘာေကာင္းသူတစ္ေယာက္ျဖစ္ပါတယ္။ သင္ဟာ ကိုယ္ပိုင္ဘဝကိုႏွစ္သက္ၿပီး လြတ္လပ္စြာေနထိုင္တတ္တဲ့ သူတစ္ေယာက္ပါ။ ဒီအတြက္ေၾကာင့္ ဘယ္လိုအတိုက္အခံမ်ိဳးပဲရွိရွိ လုံးဝဂ႐ုမစိုက္တတ္ပဲ ကိုယ္ေပ်ာ္႐ြင္မယ့္ အရာေတြကိုသာ လုပ္တတ္ပါတယ္။ သင္ဟာခရီးသြားရျခင္းေတြကို ႏွစ္သက္ၿပီး ကိုယ့္အေပၚေကာင္းတဲ့သူေတြကို သင္ကပိုေကာင္းေအာင္တုံ႔ျပန္တတ္တဲ့ စ႐ိုက္ရွိပါတယ္။ ခ်စ္သူေ႐ြးတဲ့အခါမွာလည္း အရာအားလုံးထက္ ကိုယ့္ကိုဂ႐ုစိုက္ၿပီး ေပ်ာ္႐ြင္ေစႏိုင္မယ့္ သူမ်ိဳးကိုသာ ေ႐ြးခ်ယ္တတ္ပါတယ္။

LM_Naung_Naung

Lifestyle_Myanmar

Unicode

စိတ်ပညာအရ လူတစ်ယောက်ရဲ့ အမူအကျင့်နဲ့ စရိုက်ကို ခန့်မှန်းတဲ့နေရာမှာ ထိုသူ့အပေါ်လွမ်းမိုးမှုရှိတဲ့ နာမည်ကြီးဆယ်လီတွေရဲ့ အသွင်အပြင်တွေနဲ့ အရည်အချင်းတွေကလည်း ဆက်စပ်လျှက်ရှိပါတယ်။ လူတိုင်းက ကိုယ်သဘောကျတဲ့ အသံပိုင်ရှင်နဲ့ ဂီတပုံစံကြောင့် ကိုယ့်ရဲ့ idol ဖြစ်လာတယ်လို့ယူဆကြပေမယ့် သူတို့ရဲ့စိတ်နေစိတ်ထား၊ လူနေမှုပုံစံနဲ့ စရိုက်တွေအပေါ် မသိစိတ်ကအတုယူနေပြီး ကိုယ့်ရဲ့စိတ်နေစိတ်ထားနဲ့ အတော်များများတိုက်ဆိုင်နေတာကြောင့်လည်း မသိစိတ်က အလိုလိုပဲ အနှစ်သက်ဆုံး idol အဖြစ်ရွေးချယ်မိနေတာဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ်အနှစ်သက်ဆုံး idol တစ်ယောက်ကို ရွေးချယ်ပြီး ကိုယ့်ရဲ့စိတ်ထားကို မှန်မမှန်လေ့လာကြည့်ကြရအောင်။

Kyar Pauk
Big Bag ဆိုတဲ့ နာမည်တလုံးဖြစ်လာဖို့အတွက် Punk Rock ဆိုတဲ့ဂီတနဲ့ လူငယ်တွေကြားကို ထိုးဖောက်ခဲ့သူတစ်ယောက်ဖြစ်တာနဲ့အမျှ သူဟာ creative ပိုင်းကိုစိတ်အားထက်သန်သူတစ်ယောက်ဖြစ်ပြီး လွတ်လပ်တဲ့လူနေမှုပုံစံကို နှစ်သက်သူတစ်ယောက်ဖြစ်ပါတယ်။ သင့်ရဲ့အနှစ်သက်ဆုံး idol ဟာ Big Bag ဆိုရင်တော့ သင်ဟာအမြဲတမ်းအသစ်အဆန်းတွေကို စိတ်ဝင်စားတတ်ပြီး မတူညီတဲ့အတွေးအခေါ်တွေနဲ့ စဉ်းစားတွေးခေါ်ရခြင်းကို နှစ်သက်သူတစ်ယောက်ပါ။
သင်ဝါသနာပါရာကို လုပ်ဖို့အတွက် ဘယ်လိုအရာမျိုးကိုမှ စွန့်လွှတ်ဖို့ဝန်မလေးတတ်သလို အလုပ်အပေါ်မှာလည်း ဇွဲရှိသူတစ်ယောက်ဖြစ်ပါတယ်။ အိမ်ထောင်ဖက်ရွေးချယ်တဲ့ အခါမှာလည်း ကိုယ့်ကိုနားလည်ပေးနိုင်တဲ့သူ၊ မချုပ်ချယ်တတ်တဲ့သူမျိုးကို ရွေးချယ်တတ်ပါတယ်။

Lay Phyu
လေးဖြူဟာ Rock ဂီတလမ်းကြောင်းမှာ ယနေ့အချိန်ထိ Rock ဘိုးအေကြီးလို့ တင်စားရတဲ့သူတစ်ယောက်ပါ။ သူ့ရဲ့သီချင်းတွေဘယ်လောက်ဟောင်းဟောင်း လူငယ်တွေနားထဲမှာ ယနေ့အချိန်ထိ သစ်လွင်နေဆဲဖြစ်ပါတယ်။ တကယ်လို့သင့်ရဲ့ အနှစ်သက်ဆုံး idol ဟာ လေးဖြူဆိုရင်တော့ သင်ဟာအစွဲအလမ်းကြီးတဲ့သူတစ်ယောက်ဖြစ်ပြီး သီးသန့်နေတတ်တဲ့ (Introvert) တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ရင်ကျက်တဲ့လူနေမှုပုံစံကြောင့် အခြားသူတွေရဲ့ လေးစားမှု၊ ခင်မင်မှုကို ရရှိပြီး သင်ဟာ ကိုယ့်ရဲ့စိတ်နဲ့ထပ်တူကျတဲ့ သူမျိုးတွေကိုသာ အပေါင်းအသင်းလုပ်တတ်သူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင်သင်ဟာ စည်းကမ်းကြီးစွာနေထိုင်တတ်သူဖြစ်တာကြောင့်
အိမ်ထောင်ဖက်ရှာတဲ့အခါမှာလည်း ကိုယ့်လိုပဲရင့်ကျက်တဲ့အိမ်ထောင်ဖက်မျိုးကို ရွေးချယ်လေ့ရှိပါတယ်။

Ni Ni Khin Zaw
နီနီကတော့ အသံပါဝါကောင်းကောင်းနဲ့ သီဆိုလေ့ရှိပြီး အမျိုးသမီးတွေသာမက အမျိုးသားတွေပါ နှစ်သက်တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ သူမသီဆိုတဲ့ R&B သီချင်းတွေလိုပဲ
သူမရဲ့စရိုက်ဟာလည်း ပျော်ပျော်နေလေ့ရှိပြီး ပရိသတ်အတွက်ဆို စွမ်းအင်အကုန်သုံးပြီး ဖျော်ဖြေတတ်သူတစ်ယောက်ဖြစ်ပါတယ်။ တကယ်လို့ သင့်ရဲ့ idol ဟာ နီနီဆိုရင်တော့ သင်ဟာပွင့်ပွင့်လင်းနဲ့ ပြောဆိုဆက်ဆံလေ့ရှိပြီး လောကကြီးနဲ့လူတွေအပေါ် အကောင်းမြင်စိတ်ကြီးမားသူတစ်ယောက် ဖြစ်ပါတယ်။ သင့်ရဲ့ပျော်ပျော်နေတတ်တဲ့စရိုက်ကြောင့် လူချစ်လူခင်ပေါများပါလိမ့်မယ်။ ဒါပေမယ့်လူတွေအပေါ်ပွင့်လင်းစွာဆက်ဆံတတ်တဲ့ စရိုက်ကြောင့် မကြာခဏသင့်အပေါ် မကောင်းတဲ့ကောလဟာလတွေ ဖြစ်ပွားတတ်ပြီး စိတ်ညစ်ရတတ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် လောကကြီးအပေါ်အကောင်းမြင်ပြီး စိတ်ထားကောင်းခြင်းက ပြဿနာတွေအားလုံးကို အလိုလိုပြေလည်သွားပါလိမ့်မယ်။ သင့်ရဲ့စိတ်ထိခိုက်လွယ်တဲ့ ခံစားချက်ကိုပြင်ပေးပါ။
ပင်ကိုယ်သဘာဝက ထက်မြက်သူတစ်ယောက်ဖြစ်ပြီး ပျော်ရွင်မှုကိုနှစ်သက်တာကြောင့် အိမ်ထောင်ဖက်ရွေးချယ်တဲ့အခါမှာ နှလုံးသားနဲ့ပဲ ရွေးချယ်သင့်ပါတယ်။

Sai Sai Khan Hlaing
အောင်မြင်မှုကို အကြာကြီး ထိန်းသိမ်းထားနိုင်ပြီး ပျိုမေတို့ရဲ့နှလုံးသားကို စိုးမိုးထားနိုင်တဲ့သူဆိုရင် စိုင်းစိုင်းကိုပဲ ပြရပါလိမ့်မယ်။ စိုင်းစိုင်းဟာ ပရိသတ်တွေရဲ့လိုအပ်ချက်တွေနောက်ကို လိုက်မလုပ်တတ်ပဲ ပရိသတ်တွေ လိုအပ်မယ်ထင်တဲ့အရာတွေကို ကြိုတင်ဖန်တီးခြင်းဖြင့် ပရိသတ်အားပေးလက်ခံမှုကို ရရှိနေသူတစ်ယောက်ဖြစ်ပါတယ်။ တကယ်လို့ သင့်ရဲ့ idol ဟာ စိုင်းစိုင်းဆိုရင်တော့ သင်ဟာခေတ်နဲ့အညီ ပြောင်းလဲနိုင်သူတစ်ယောက်ဖြစ်ပြီး trands တွေကိုစိတ်ဝင်စားသူတစ်ယောက်ဖြစ်ပါတယ်။သင်ဟာ ဘယ်အရာကိုပဲဖြစ်ဖြစ်လွယ်လွယ်နဲ့ အရှုံးမပေးတတ်ပဲ မတူညီတဲ့လုပ်ဆောင်ချက်တွေနဲ့ အမြဲတမ်းကြိုးစားနေသူဖြစ်ပါတယ်။ သင်ဟာအလှအပကိုနှစ်သက်ပြီး လူသိများဖို့ ကြိုးစားနေတတ်တဲ့ သူတစ်ယောက်ပါ။ ဒါ့အပြင်သင်ဟာ ရိုမန်တစ်ဆန်သူတစ်ယောက်ဖြစ်လည်း ဖြစ်ပါတယ်။ ဒါ့ကြောင့်ချစ်သူရွေးတဲ့အခါမှာ ဆွဲဆောင်မှုရှိပြီး romantic ဆန်တဲ့သူမျိုးကို ရှာဖွေနေတတ်တာကြောင့် ရည်းစားများတတ်ပါတယ်။

၅။ Wai La
ဝေလဟာ သဘာဝဆန်တဲ့ စာသားတွေ ရှိုက်သံအပြည့်နဲ့သီဆိုဟန်တွေကြောင့် လူကြိုက်များတဲ့ အဆိုတော်တစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့သီချင်းတွေကို နားထောင်ကြည့်တဲ့အခါ သူဟာဂီတအပေါ် ဘယ်လောက်ထိရိုးသားကြောင်း သင်မြင်တွေ့နိုင်ပါတယ်။ တကယ်လို့ သင်ဟာဝေလဖန်တစ်ယောက်ဆိုရင်တော့ သင်ဟာတစ်ဖက်က အနည်းငယ်စိတ်မရှည်တတ်သူ တစ်ယောက်ဖြစ်သလို တစ်ဖက်က ကြင်နာစိတ်ပြည့်ဝသူတစ်ယောက်ဖြစ်ပါတယ်။ သင်ဟာ အခြားသူတွေနှစ်သက်ခြင်းမနှစ်သက်ခြင်းထက် ကိုယ်နှစ်သက်ရာကို လုပ်နေရရင်ပဲ ပျော်ရွင်နေတတ်သူတစ်ယောက်ပါ။ ပင်ကိုယ်သဘောထားပြည့်ဝသူတစ်ယောက် ဖြစ်တာကြောင့် ဘွင်းဘွင်းပြောတတ်တဲ့စရိုက်ကိုပြင်ပြီး စိတ်ရှည်ရှည်ထားပေးဖို့လိုအပ်ပါတယ်။ အိမ်ထောင်ဖက်ရွေးတဲ့အခါမှာလည်း နဂိုကအလှတရားတွေကို နှစ်သက်သူပီပီ ကဗျာဆန်ပြီး ထူးခြားတဲ့ချစ်သူမျိုးကို ရွေးချယ်လေ့ရှိပါတယ်။

၆။ Wyne Su Khine Thein
ဝိုင်းဆုဟာ Pop သီချင်းအေးအေးလေးတွေ၊ အသဲကွဲသီချင်းတွေကို အသံချိုချိုလေးနဲ့ သီဆိုတတ်တဲ့အပြင် သရုပ်ဆောင်ကောင်းမွန်သူတစ်ယောက်ဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ ဝိုင်းစုဖန်တစ်ယောက်ဆိုရင် သင်ဟာ အနည်းငယ်ချေတတ်တဲ့ ပုံစံရှိပြီး တကယ်တမ်းကျ သဘောကောင်းသူတစ်ယောက်ဖြစ်ပါတယ်။ သင်ဟာ ကိုယ်ပိုင်ဘဝကိုနှစ်သက်ပြီး လွတ်လပ်စွာနေထိုင်တတ်တဲ့ သူတစ်ယောက်ပါ။ ဒီအတွက်ကြောင့် ဘယ်လိုအတိုက်အခံမျိုးပဲရှိရှိ လုံးဝဂရုမစိုက်တတ်ပဲ ကိုယ်ပျော်ရွင်မယ့် အရာတွေကိုသာ လုပ်တတ်ပါတယ်။ သင်ဟာခရီးသွားရခြင်းတွေကို နှစ်သက်ပြီး ကိုယ့်အပေါ်ကောင်းတဲ့သူတွေကို သင်ကပိုကောင်းအောင်တုံ့ပြန်တတ်တဲ့ စရိုက်ရှိပါတယ်။ ချစ်သူရွေးတဲ့အခါမှာလည်း အရာအားလုံးထက် ကိုယ့်ကိုဂရုစိုက်ပြီး ပျော်ရွင်စေနိုင်မယ့် သူမျိုးကိုသာ ရွေးချယ်တတ်ပါတယ်။

LM_Naung_Naung

Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here