သင့်အနေနဲ့ ဘယ်နှစ်ကြိမ်လောက် အထီးကျန်လိုက်တာလို့ ခံစားခဲ့ရဖူးပါသလဲ။ လူဆိုတာ ခံစားချက်နဲ့မို့ လူတိုင်းမှာ အထီးကျန်ဆန်တဲ့ ခံစားချက်မျိုးရှိကြမယ်လို့ ထင်ပါတယ်။ ချစ်သူမရှိတာကလည်း တခါတလေ အထီးကျန်ဆန်တဲ့ ခံစားချက်မျိုးဖြစ်စေသလို ချစ်သူရှိနေပေမယ့်လည်း အထီးကျန်တဲ့ ခံစားချက်မျိုးဖြစ်လာနိုင်ပါတယ်။ သင်အထီးကျန်နေတဲ့အချိန် ဒီအချက်တွေကိုလုပ်ဖို့ သတိရပါ။
၁။ သင်အထီးကျန်တယ်လို့ မခံစားရခင်မှာ ဘာလုပ်ရမလဲဆိုတာကို ချရေးထားပါ
အထီးကျန်တဲ့ ခံစားချက်မျိုးရတဲ့ထိ စောင့်မနေဘဲ တစ်ယောက်တည်း အထီးကျန်လာခဲ့ရင် ဘာလုပ်မလဲဆိုတာကို ချရေးထားပါ။ ဥပမာ ပရဟိတမှာ ပါဝင်တာမျိုး၊ တခြားလူမှုရေးလှုပ်ရှားမှုတွေလုပ်တာမျိုး၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာမျိုးလုပ်သင့်ပါတယ်။ သီချင်းနားထောင်တာ၊ ရှော့ပင်ထွက်တာမျိုးလည်း လုပ်နိုင်ပါတယ်။

၂။ တရားမှတ်ကြည့်ပါ
သင်အမြဲတမ်း တရားမှတ်လေ့ရှိသလား။ တရားမှတ်တာ၊ တရားထိုင်တာဟာ လူတိုင်လုပ်လို့ရပါတယ်။ တချို့က ဘာသာစွဲတွေရှိတတ်ကြလို့ပါ။ တိတ်ဆိတ်တဲ့နေရာမှာသွားပါ။ ပြီးရင် အသက်မှန်မှန်ရှုတာ၊ တရားမှတ်တာမျိုးလုပ်နိုင်ပါတယ်။

၃။ သူငယ်ချင်းနဲ့ မိသားစုဝင်တွေနဲ့အတူ အချိန်ပေးပါ
အထီးကျန်တယ်လို့ခံစားရတဲ့အချိန်တိုင်း အချစ်ဆုံးသူငယ်ချင်းဆီကို ဖုန်းခေါ်တာ၊ သူတို့နဲ့အတူ အပြင်သွားတာ၊ မိသားစုဝင်တွေနဲ့စကားပြောတာမျိုးလုပ်ပါ။ စာရေးသူ တခါတလေ အထီးကျန်လာရင် သူငယ်ချင်းဆီဖုန်းခေါ်ပြီး ဖွင့်ပြောလိုက်ရင် ရင်ထဲပေါ့သွားပါတယ်။

၄။ သင်ဟာတစ်ယောက်တည်းမဟုတ်ပါဘူးဆိုတာ သတိရပါ
သင့်ဘေးနားမှာ သင့်ကိုချစ်တဲ့သူတွေ မိတ်ဆွေသူငယ်ချင်းတွေ အများကြီးရှိနေတာကို သတိရပါ။ သင်ဟာ ဘယ်တော့မှ တစ်ယောက်တည်းမဟုတ်ပါဘူး။ နာကျင်ခံစားနေရတာဟာ သင်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာ သတိရလိုက်ပါ။

၅။ တစ်ခုခုကို ဖန်တီးပါ
ဥပမာ ပန်းချီဆွဲတာမျိုးပဲဖြစ်ဖြစ် ကဗျာရေးတာမျိုးပဲဖြစ်ဖြစ်လုပ်ပေးနိုင်ပါတယ်။ အဲဒီလို သင့်ရဲ့တီထွင်ဖန်တီးမှုဟာ သင့်ရဲ့ အထီးကျန်ဆန်မှုကို လျော့ပါးသက်သာစေမှာဖြစ်ပါတယ်။
၆။ ဇာတ်လမ်းတွေကိုနားထောင်ပါ
သင်အားကျနှစ်ခြိုက်ရတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဘဝဇာတ်ကြောင်းတွေကို နားထောင်ပါ။ သင့်ခံစားချက်နဲ့ တိုက်ဆိုင်တဲ့သူတွေရဲ့ အကြောင်းတွေကို နားထောင်ပါ။

၇။ လုပ်အားပေးပါ
လူမှုရေးလုပ်ငန်းတွေမှာ လုပ်အားပေးပါ။ အဲဒီလိုလုပ်တာဟာ သင့်ရဲ့ အထီးကျန်ဆန်မှုကို အကောင်းဆုံးကုသပေးနိုင်ပါတယ်။
Lifestyle_Myanmar
ref-verywellmind