ကျွန်မတို့အများစုက ကိုယ့်ရဲ့ အသွင်အပြင်နဲ့ပတ်သက်ပြီး Hot တယ်ဆိုတာမျိုးကို ထည့်စဉ်းစားချင်မှာ စဉ်းစားပါလိမ့်မယ်။ သို့ပေမယ့် ဒီအချက်တွေရှိနေရင်တော့ ကိုယ့်ကိုယ်ကိုယ်တစ်ခါတလေ Sexy ကျတယ်လို့ တွေးမိတဲ့ကာလတွေထက် ကိုယ်ဟာ ပိုပြီး Hot တဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတာပါပဲ။

၁။ သင်ဟာ သဘာဝကျကျကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိသူဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတယ်ဆိုတာ ဘယ်သူ့အတွက်မဆို ဆွဲဆောင်မှုတစ်မျိုးပါ။ ဒါ့ကြောင့်လည်း Self-Confidence is Sexy လို့ ပြောကြတာပေါ့။ ဆွဲဆောင်မှုရှိသူဆိုတာ သင်ထင်ထားသလိုမျိုး မိတ်ကပ်တွေအပုံလိုက် လိမ်းထားမှ (သို့) အကောင်းဆုံးတံဆိပ်တွေကို ဝတ်ထားမှရယ်လို့ မဟုတ်ပါဘူး။ Self-Confidence ရှိနေရင် Super hot နေတာပါပဲ။

၂။ သင့်မှာ တော်တော်အသုံးဝင်တဲ့ ဟာသဉာဏ်ရှိတယ်။ သင့်ရဲ့ ဟာသဉာဏ်က အမျိုးသားတွေရဲ့ နှလုံးသားကနေ အစာအိမ်အထိဖြတ်သန်းသွားနိုင်ဖို့ အရေးကြီးပါတယ်။ သင်ဟာ တကယ့်ရယ်စရာကောင်းတဲ့မိန်းကလေးဖြစ်တယ်ဆိုရင် ၎င်းက ကူးစက်တတ်တဲ့ သဘောရှိပြီး အမျိုးသားတွေနဲ့ ပတ်သက်ရင် သင်ဟာ ပုရွက်ဆိတ်တွေလာအုံကြမယ့် ထန်းလျှက်ခဲလေးပါပဲ။

၃။ သင်က နှိမ်ချတတ်သူဖြစ်တယ်။ လူသားဆန်ခြင်းက ချိုမြိန်ခြင်းနှင့် အေးမြသောအရည်အသွေးရှိခြင်းပါပဲ။ ကျိုးနွံရမယ့် ဘယ်လိုနေရာမှာမဆို နှိမ်ချတတ်ခြင်းက တကယ့်ကို ရင်ဘတ်ရှုမောဖို့ကောင်းတဲ့ အမျိုးသမီးတစ်ဦးပါပဲ။

၄။ သင်ဟာ ကိုယ်ပိုင်လမ်းကြောင်းကို လျှောက်လမ်းနေသူတစ်ဦးဖြစ်တယ်။ ဘယ်တော့မှ နောက်လိုက်တစ်ယောက်မဟုတ်ဘူး။ လွတ်လပ်ပြီး ကိုယ်ပိုင်ဝင်ငွေနဲ့ ကိုယ့်ဘဝကို ပဲ့ကိုင်နေသူလောက် ဆွဲဆောင်မှုရှိတဲ့လူ မရှိတော့ဘူး။
၅။ ကိုယ့်ဘဝထဲက လူတွေကိုလည်း တကယ်ဂရုစိုက်ပြီး ဂရုစိုက်ကြောင်းလည်း ပြသတယ်။ စိတ်ရော၊ ကိုယ်ပါ ကျန်းမာပြီး ကိုယ့်ဘဝက လူတွေဂရုစိုက်ခြင်းက အမျိုးသားတွေအတွက် ဆွဲဆောင်မှုအရှိဆုံးအချက်လည်းဖြစ်ပါတယ်။
Lifestyle_Myanmar
Nyein_Thu
ref-herbeauty