သင်သေချာမသိလောက်သေးတဲ့ ရေခဲရဲ့ အသုံးဝင်ပုံဝင်နည်း (၅) မျိုး

0
84

လူတိုင်းကတော့ ကြည်လင်ဝင်းပပြီးတော့ ကျန်းမာနုပျိုတဲ့ အသားအရေမျိုးကို ပိုင်ဆိုင်ချင်ကြတာချည်းပါပဲ။ ဒါကြောင့်လည်း ပိုက်ဆံတွေအကုန်ခံ၊ အချိန်တွေအများကြီးပေးပြီးတော့ အသားအရေကို ဂရုစိုက်ထိန်းသိမ်းနေကြရတာမဟုတ်ပါလား။ ဒါကြောင့် အခုလိုမျိုး အချိန်ကုန်၊ ငွေကုန်ခံပြီး အသားအရေထိန်းသိမ်းနေကြသူများအတွက် လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းလေးတစ်ခုကို ဝေမျှပေးချင်ပါတယ်။ ဒီနည်းလမ်းလေးကတော့ တခြားမဟုတ်ဘဲ ရေခဲတုံးကို အသုံးပြုရမယ့် နည်းလမ်းဖြစ်ပါတယ်။

-Advertisement-

ရေခဲတုံးကို အသုံးပြုတော့မယ်ဆိုရင် သိထားသင့်တဲ့အရာများ

• မျက်နှာကိုသေချာသန့်စင်ပြီးမှသာလျှင် ရေခဲတုံးကိုအသုံးပြုပါ။
• ရေခဲတုံးတွေကိုင်တဲ့အခါ လက်အိတ်အမြဲဝတ်ပါ။ ဒါမှသာလျှင် လက်ကိုကာကွယ်ရာရောက်မှာဖြစ်ပါတယ်။
• မျက်နှာကိုနှိပ်နယ်တဲ့အခါ နူးညံ့တဲ့အဝတ် သို့မဟုတ် ပလတ်စတစ်အိတ်မသုံးဘဲ ရေခဲတုံးကိုတိုက်ရိုက်မတင်ပါနဲ့။
• ဝက်ခြံတွေနဲ့ မျက်လုံးတစ်ဝိုက် ဖောရောင်ခြင်းတွေအတွက်တော့ ရေခဲတုံးတွေကို တိုက်ရိုက်အသုံးပြုနိုင်ပါတယ်။
• အသားလောင်ခြင်းကို ရှောင်ကြဥ်ဖို့ရန်အတွက် ၁ နာရီထက်ပိုပြီးတော့ ရေခဲကို ခန္ဓာကိုယ်မှာမကပ်ပါနဲ့။
• ရလဒ်ကောင်းတွေ နှစ်ဆတိုးဖို့အတွက် သခွားသီး၊ လက်ဖက်စိမ်း၊ သို့မဟုတ် ကြက်သွန်ဖြူတို့ထည့်ပြီး ရေခဲတုံးလေးတွေ ပြုလုပ်နိုင်ပါတယ်။

ရေခဲတုံးအသုံးပြုနိုင်မယ့်နေရာများ

၁။ ညီညာချောမွတ်တဲ့အသားအရေ

ညနေတိုင်း သို့မဟုတ် ညအိပ်ရာမဝင်ခင် ဒီနည်းလမ်းလေးကို ပြုလုပ်ပါ။

မျက်နှာသစ်၍ ပလတ်စတစ်အိတ်ထဲမှာ ရေခဲတုံးတွေဖြည့်ကာ မျက်နှာနဲ့လည်ပင်းတစ်ဝိုက်ကို ၃ မိနစ်လောက် ညှင်ညှင်သာသာ နှိပ်နယ်ပေးပါ။ ရက်အနည်းငယ်အတွင်းမှာ အသားအရေလေးက လန်းဆန်းချောမွေ့သလို သိသာထင်ရှားတဲ့ ရလဒ်ကောင်းတွေကို မြင်တွေ့ရပါလိမ့်မယ်။ ဒါ့အပြင် အရေးအကြောင်းတွေကို ကာကွယ်ပေးပြီး ညဖက်တွေမှာလည်း ပိုပြီးအိပ်လို့ကောင်းစေပါလိမ့်မယ်။

၂။ ဝက်ခြံဖယ်ရှားမယ်

ရေခဲကုထုံးက ဝက်ခြံပြဿနာတွေအတွက် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ မျက်နှာသစ်ကာ ရေခဲတုံးတွေကို နူးညံ့တဲ့အဝတ် သို့မဟုတ် သန့်ရှင်းတဲ့ လက်ကိုင်ပုဝါထဲမှာ ထုပ်ပိုးပြီး ဝက်ခြံထွက်နေတဲ့နေရာပေါ်မှာ ၃ မိနစ်ကနေ ၅ မိနစ်လောက် ညှင်ညှင်သာသာ နှိပ်ပေးပါ။ ရလဒ်တွေက သင့်ကိုအံ့ဩသွားစေပါလိမ့်မယ်။

၃။ အရေးအကြောင်းတွေလျှော့ချမယ်

ရေခဲတုံးက သွေးလေလည်ပတ်မှုကို ကောင်းမွန်စေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းမဖြစ်အောင် ကာကွယ်ပေးပါတယ်။ မိတ်ကပ်မလိမ်းခင် ရေခဲတုံးနဲ့ တစ်မိနစ်လောက် နေ့စဥ်နှိပ်နယ်ပေးနိုင်ပါတယ်။

၄။ ချွေးပေါက်မကျယ်အောင်ကူညီပေးတယ်

ရေခဲတုံးတစ်တုံးလောက်ကို မျက်နှာအနှံ့ ၂ မိနစ် ၃ မိနစ်လောက် ပွတ်သပ်ပေးပြီး တော်သင့်ရုံဖြစ်ပြီလို့ထင်ရင်တော့ ရက်အနည်းငယ်အတွင်းမှာ ချွေးပေါက်တွေကို ကျဥ်းစေမှာဖြစ်ပါတယ်။

၅။ မျက်လုံးအိတ်တွေဖောင်းတာဖယ်ရှားမယ်

တစ်ညလုံးငိုထားလို့ မနက်မိုးလင်းတော့ မျက်လုံးတွေက ဖောင်းအစ်နေပါသလား။ အကြောင်းအရင်းအမျိုးမျိုးကြောင့် မျက်လုံးတွေဖောင်းအစ်နေပေမယ့်လည်း သိပ်ပြီးစိတ်မပူပါနဲ့။ ရေခဲတုံးနှစ်တုံးကို အဝတ်စတစ်ခုထဲထုပ်ပိုးပြီးတော့ မှိတ်ထားတဲ့မျက်လုံးတွေပေါ်မှာ တင်ပြီးတော့ ၂ မိနစ်လောက် ဖြည်းဖြည်းချင်းနှိပ်ပေးလိုက်ပါ။

၆။ ဝမ်းဗိုက်အဆီတွေတိုက်ဖျက်မယ်

ပိုက်ဆံအများကြီးအကုန်မခံချင်ဘူးဆိုသူများအတွက် ဒီနည်းလမ်းလေးကို အိမ်မှာလုပ်ကြည့်နိုင်ပါတယ်။ ရေခဲအိတ်ကို ဗိုက်ပေါ်မှာ ၁၅ မိနစ်လောက်တင်ထားပြီး ၃ မိနစ်လောက်ဖယ်ထားကာ တစ်နာရီလောက် ခဏခဏပြန်လုပ်ပေးပါ။ ရေခဲက အဆီဖြူဆဲလ်တွေကို အဆီညိုဆဲလ်တွေအဖြစ် ပြောင်းလဲပစ်လို့ ပိုပြီးလွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန် လောင်ကျွမ်းစေမှာဖြစ်ပါတယ်။

#Lifestyle_Myanmar

#Thinzar

Ref-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here