သင်သိထားသင့်တဲ့ ရှေးဦးသူနာပြု အမြန်နည်းလမ်းလေးတွေ

0
39

ရှေးဦးသူနာပြုအခြေခံအချက်တွေကို သိထားခြင်းက အရေးပေါ်အခြေအနေတစ်ခုမှာ သင့်ကိုယ်သင်အပါအဝင် တခြားသူတွေရဲ့ အသက်ကို ကယ်တင်ကူညီနိုင်ပါတယ်။ အရေးပေါ်အခြေအနေတစ်ခုကြုံလာရင် အခြေအနေတစ်ခုကို ဘယ်လိုသတ်မှတ်မလဲ? သင်ဘယ်လိုကူညီပေးနိုင်မလဲ?အကူအညီလိုတဲ့အရာလား? မလိုတဲ့အရာလား?ဆိုတာ ကွဲကွဲပြားပြားသိလာစေပါတယ်။ ဆရာဝန်တစ်ဦးဆီ မရောက်မီ လူနာအားအခိုက်အတန့် သက်သာစေဖို့ ပြုစုပေးရန်သာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လူတိုင်းက ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း ဘယ်လိုဂရုစိုက်ရမလဲဆိုတာ up-to-date ဖြစ်ချင်ကြတာကြောင့် လူတိုင်းသိထားသင့်သော ရှေးဦးသူနာပြုစုနည်း အမြန်နည်းလမ်းတစ်ချို့ကို မျှဝေပေးလိုက်ပါတယ်။

-Advertisement-

၁။ ဒဏ်ရာများ

လက်မှာ ပြတ်ရှဒဏ်ရာသို့ ပေါက်ပြဲဒဏ်ရာတွေရလာတဲ့အခါ လက်အား သင့်နှလုံးlevelရဲ့ အထက်ကို မြှောက်ထားပေးပါ။ ဒါက ရောင်ရမ်းခြင်းကို သက်သာစေသလို အရည်ယိုစီးမှုမှလည်း ကူညီပေးပါတယ်။ သင့်ဒဏ်ရာက တင်ပါးပေါ်မှာဖြစ်လျှင် လဲလျောင်းနေပြီး ခေါင်းအုံးတွေနှင့်အတူ မြှင့်ထားပေးပါ။ ဒဏ်ရာကို မြှင့်ထားဖို့ မဖြစ်နိုင်ဘူးဆိုရင် နှလုံး levelမှာ သို့မဟုတ် နီးနိုင်သမျှ နီးအောင် ထားဖို့ ကြိုးစားပါ။

၂။ အရေပြားအပေါ်ယံအလွှာ အပူလောင်တာ

အရေပြားအပေါ်ယံအလွှာ အပူလောင်တဲ့အခါ အနည်းငယ်နာကျင်ပြီး နီမြန်းရောင်ရမ်းတာမျိုး ဖြစ်နိုင်ပေမယ့် စိုးရိမ်စရာ မရှိပါဘူး။ အပူလောင်တာကို ကုသဖို့ ဒဏ်ရာကို ရေနွေးနွေးဖြင့်ဆေးပါ။ ရေခဲရေက ပိုပြီးသက်သာတယ်လို့ ထင်ရပေမယ့် အမှန်တကယ်တော့ ရေခဲရေနှင့် ချက်ချင်းဆေးတာက တစ်ရှူးပျက်စီးမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အပူလောင်တာကို ရေနွေးနွေးဖြင့် သန့်ရှင်းပြီးနောက်မှာ ရေခဲဝတ်တစ်ခုနှင့် ကပ်ထားပေးပါ။ ထောပတ်ကို တချို့က ရိုးရာဆေးတစ်လက်အဖြစ် သုံးကြပေမယ့် အပူရဲ့လွှတ်ထုတ်မှုကို နှေးကွးစေတာကြောင့် ဒဏ်ရာကို ပိုပြီးတော့တောင် ထိခိုက်စေနိုင်ပါတယ်။ ရေနှင့် မုန့်ဖုတ်ဆိုဒါကို ခပ်ပျစ်ပျစ်ဖျော်ပြီး အပူလောင်တဲ့ နေရာကိုလိမ်းထားပေးပါ။

၃။ Heart attacks

Heart attacksနှင့် ကြုံရတဲ့အခါ ရှေးဦးသူနာပြုစောစောရရှိခြင်းက ထိခိုက်ပျက်စီးမှုကို အကန့်အသက်ဖြစ်စေပါတယ်။ အက်စပရင်ဆေးနဲ့ ဓါတ်မတည့်တာ၊ ဆရာဝန်က မသောက်ဖို့ ညွန်ကြားထားတာမရှိလျှင် အက်စပရင်ဆေး တစ်ပြားကို ဝါးစားခြင်းက သွေးလွှတ်ကြောများကို ပိတ်စေပြီး သွေးခဲမှုကို ဖြစ်စေသော သွေး platelets တွေကို တားဆီးပေးပါတယ်။ အက်စပရင်ဆေးသောက်တဲ့အခါ ဆေးပမာဏနည်းနည်းလေးသာ သောက်ဖို့နှင့် ရေနှင့်သောက်တာ သို့ ဒီအတိုင်းမျိုချတာထက် ဆေးပြားကို ဝါးစားဖို့ အရေးကြီးပါတယ်။ဒါက မြန်မြန်အလုပ်ဖြစ်ပါတယ်၊ တတ်နိုင်သမျှ အမြန်ဆုံးအရေးပေါ် ဝန်ဆောင်မှုကို ဆက်သွယ်ဖို့ ကြိုးစားပါ။

၄။ ပျားတုပ်ခံရတဲ့အခါ

ပျားတုပ်ခံရလျှင် အဆိပ်ဆူးကိုဖယ်ဖို့လိုပါတယ်၊ အရေပြားထဲက အဆိပ်ဆူးကိုဆွဲထုတ်တာက အဆိပ်ကိုလျော့နည်းသွားစေပါတယ်။ အရေးကြီးဆုံးကတော့ အချိန်ကိုက်ဖြစ်ဖို့ပါပဲ။ တတ်နိုင်သမျှအမြန်ဆုံး အဆူးကို ဇာကနာဖြင့် ဆွဲထုတ်၊ ဖယ်ရှားဖို့ လိုအပ်ပါတယ်။ ဆူးထွက်သွားတာနဲ့ ဒဏ်ရာကို ဆေးကြောပြီး ရေခဲဖတ်အုပ်ထားပါ။ အလာ့ဂျစ်ဖြစ်လာရင် တတ်နိုင်သမျှ အမြန်ဆုံး ဆရာဝန်နှင့် ပြသပါ။

၅။ အရိုးကျိုးခြင်း

အရိုးကျိုးတာနှင့် ကြုံလာတဲ့အခါ ဒဏ်ရာကို ဖြောင့်ဖြောင့်ထားဖို့(ဥပမာ-ခြေထောက်/လက်မှာအရိုးကျိုးတဲ့အခါ သွားဆွဲဆန့်ဖို့) မကြိုးစားပါနဲ့။ အရိုးကို ထပ်မံထိခိုက်မှု မဖြစ်အောင် မလိုအပ်ဘဲ မလှုပ်ရှားပါနဲ့။ ကျိုးတဲ့အရိုးကို နေရာမရွေ့အောင် အဝတ်ခေါက်ထူထူတစ်ခုကို သုံးပြီး ငြိမ်အောင် စည်းထားပေးပါ။ ရောင်ရမ်းတာ သက်သာစေဖို့ ရေခဲဝတ်ကပ်ပေးပါ။ ရေခဲဝတ်ကို အရေပြားပေါ်တိုက်ရိုက်မကပ်ဘဲ အဝတ်တစ်ခုခုပတ်ပြီးမှ ကပ်ပါ။ ဆရာဝန်နှင့် ပြသပါ။

၅။ ဆူးစူးခြင်း

တခါတလေမှာ အသားထဲကို သစ်သားစတွေ၊ စူးတွေ ဝင်နေတာကြုံဖူးမှာပါ။ ဒီလိုဆူးစူးတာ၊ သစ်သားစတွေ ဝင်တာက အရေပြားကို ရောင်ရမ်းစေပြီး အလွယ်တကူ ပိုးဝင်တာတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုကြုံရတဲ့အခါ ပိုးသတ်ဆေးနှင့် အရင်ဆုံး ပိုးသန့်စင်ပေးပြီး ပွက်ပွက်ဆူနေတဲ့ ရေထဲမှာ ပိုးသတ်ထားတဲ့ အပ်နှင့် ဖယ်ရှားပေးသင့်ပါတယ်။ အစထွက်လာပြီဆိုရင် ဇာကနာဖြင့် ဖယ်ရှားနိုင်ပါတယ်။ ပြီးနောက် အဲ့ဒီနေရာကို ဆပ်ပြာ၊ ရေနှင့် ဆေးကြောပေးပါ။

၆။ အသက်ရှုလမ်းကြောင်း ပိတ်တဲ့အခါ

တစ်ယောက်ယောက် အသက်ရှုတာ ရပ်တန့်ပြီဆိုရင် အများအားဖြင့် သူတို့ရဲ့ လေကြောင်းကို တစ်ခုခုပိတ်ဆို့နေတာ ကြောင့်ပါ။ သူတို့ရဲ့ ပါးစပ်ထဲမှာ တစ်ခုခုဆို့နေတာ ရှိမရှိစစ်ဆေးပါ။ အရည်(သို့)အသက်ရှုလမ်းကြောင်း ပိတ်စေနိုင်တဲ့အရာတွေကို ဖယ်ရှားပါ။ လေကြောင်းပွင့်ဖို့ နဖူး သို့ ခေါင်းရဲ့ထိပ်နားမှာ သင့်လက်ကိုထားပြီး လူနာရဲ့ ခေါင်းကိုစောင်းပြီး မေးစေ့ကို ပင့်ထားပေးပါ။ တနည်းအားဖြင့် သင့်လက်တွေကို မေးရိုးအောက်မှာထားပြီး အောက်မေးရိုးကို အပေါ်ကိုတွန်းခြင်းဖြင့် “jaw thrust”လို့ခေါ်တဲ့အရာကို လုပ်ဆောင်နိုင်ပါတယ်။ ဒီလိုလုပ်ပေးခြင်းက လေပိတ်ဆို့မှုကို လျော့ကျသွားစေပါတယ်။ ဒီလိုလုပ်ပြီးနောက် လေကြောင်းပွင့်တဲ့အထိ ခေါင်းကို စောင်းထားပေးပါ။

အနာကပ်ပလာစတာကို ဘယ်လိုခွာမလဲ?

ဒဏ်ရာရတဲ့အခါ အနာသက်သာစေဖို့ အနာကပ်ပလာစတာကပ်ကြပါတယ်။ ဒါပေမယ့် ပလာစတာကိုခွာတဲ့အခါ နည်းမသိရင် ပြတ်ရှဒဏ်ရာတွေဆိုရင် ပိုပြီးသွေးထွက်စေသလို တော်တော်နဲ့ မပျောက်တော့ပါဘူး။ ဒါ့ကြောင့် ပလာစတာခွာတဲ့အခါ အရက်ပြန် (သို့) ရေနွေးနွေး(သို့)baby oilကို ဒဏ်ရာဧရိယာပေါ်ဖုံးအုပ်ပြီး ကော်ပျော်သွားအောင် ကြိုးစားပါ။ ရေခဲတုံးနှင့်လည်း အေးခဲနိုင်ပါတယ်။ ပြီးမှ ပလာစတာကို ဖြည်းဖြည်းချင်းခွာပါ။ ဒီနည်းလမ်းက အနာသက်သာစေသလို ဒဏ်ရာကိုထပ်ပြီးမထိခိုက်စေပါဘူး။

Lifestyle_Myanmar

LM_Nandar

ZawGyi

သင္သိထားသင့္တဲ့ ေရွးဦးသူနာျပဳ အျမန္နည္းလမ္းေလးေတြ
ေရွးဦးသူနာျပဳအေျခခံအခ်က္ေတြကို သိထားျခင္းက အေရးေပၚအေျခအေနတစ္ခုမွာ သင့္ကိုယ္သင္အပါအဝင္ တျခားသူေတြရဲ႕ အသက္ကို ကယ္တင္ကူညီႏိုင္ပါတယ္။ အေရးေပၚအေျခအေနတစ္ခုႀကဳံလာရင္ အေျခအေနတစ္ခုကို ဘယ္လိုသတ္မွတ္မလဲ? သင္ဘယ္လိုကူညီေပးႏိုင္မလဲ?အကူအညီလိုတဲ့အရာလား? မလိုတဲ့အရာလား?ဆိုတာ ကြဲကြဲျပားျပားသိလာေစပါတယ္။ ဆရာဝန္တစ္ဦးဆီ မေရာက္မီ လူနာအားအခိုက္အတန္႔ သက္သာေစဖို႔ ျပဳစုေပးရန္သာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ လူတိုင္းက ကိုယ့္ကိုယ္ကိုယ္ အၿမဲတမ္း ဘယ္လိုဂ႐ုစိုက္ရမလဲဆိုတာ up-to-date ျဖစ္ခ်င္ၾကတာေၾကာင့္ လူတိုင္းသိထားသင့္ေသာ ေရွးဦးသူနာျပဳစုနည္း အျမန္နည္းလမ္းတစ္ခ်ိဳ႕ကို မွ်ေဝေပးလိုက္ပါတယ္။

၁။ ဒဏ္ရာမ်ား

လက္မွာ ျပတ္ရွဒဏ္ရာသို႔ ေပါက္ၿပဲဒဏ္ရာေတြရလာတဲ့အခါ လက္အား သင့္ႏွလုံးlevelရဲ႕ အထက္ကို ေျမႇာက္ထားေပးပါ။ ဒါက ေရာင္ရမ္းျခင္းကို သက္သာေစသလို အရည္ယိုစီးမႈမွလည္း ကူညီေပးပါတယ္။ သင့္ဒဏ္ရာက တင္ပါးေပၚမွာျဖစ္လွ်င္ လဲေလ်ာင္းေနၿပီး ေခါင္းအုံးေတြႏွင့္အတူ ျမႇင့္ထားေပးပါ။ ဒဏ္ရာကို ျမႇင့္ထားဖို႔ မျဖစ္ႏိုင္ဘူးဆိုရင္ ႏွလုံး levelမွာ သို႔မဟုတ္ နီးႏိုင္သမွ် နီးေအာင္ ထားဖို႔ ႀကိဳးစားပါ။

၂။ အေရျပားအေပၚယံအလႊာ အပူေလာင္တာ

အေရျပားအေပၚယံအလႊာ အပူေလာင္တဲ့အခါ အနည္းငယ္နာက်င္ၿပီး နီျမန္းေရာင္ရမ္းတာမ်ိဳး ျဖစ္ႏိုင္ေပမယ့္ စိုးရိမ္စရာ မရွိပါဘူး။ အပူေလာင္တာကို ကုသဖို႔ ဒဏ္ရာကို ေရေႏြးေႏြးျဖင့္ေဆးပါ။ ေရခဲေရက ပိုၿပီးသက္သာတယ္လို႔ ထင္ရေပမယ့္ အမွန္တကယ္ေတာ့ ေရခဲေရႏွင့္ ခ်က္ခ်င္းေဆးတာက တစ္ရွဴးပ်က္စီးမႈကို ျဖစ္ေပၚေစႏိုင္ပါတယ္။ အပူေလာင္တာကို ေရေႏြးေႏြးျဖင့္ သန္႔ရွင္းၿပီးေနာက္မွာ ေရခဲဝတ္တစ္ခုႏွင့္ ကပ္ထားေပးပါ။ ေထာပတ္ကို တခ်ိဳ႕က ႐ိုးရာေဆးတစ္လက္အျဖစ္ သုံးၾကေပမယ့္ အပူရဲ႕လႊတ္ထုတ္မႈကို ေႏွးကြးေစတာေၾကာင့္ ဒဏ္ရာကို ပိုၿပီးေတာ့ေတာင္ ထိခိုက္ေစႏိုင္ပါတယ္။ ေရႏွင့္ မုန္႔ဖုတ္ဆိုဒါကို ခပ္ပ်စ္ပ်စ္ေဖ်ာ္ၿပီး အပူေလာင္တဲ့ ေနရာကိုလိမ္းထားေပးပါ။

၃။ Heart attacks

Heart attacksႏွင့္ ႀကဳံရတဲ့အခါ ေရွးဦးသူနာျပဳေစာေစာရရွိျခင္းက ထိခိုက္ပ်က္စီးမႈကို အကန္႔အသက္ျဖစ္ေစပါတယ္။ အက္စပရင္ေဆးနဲ႔ ဓါတ္မတည့္တာ၊ ဆရာဝန္က မေသာက္ဖို႔ ၫြန္ၾကားထားတာမရွိလွ်င္ အက္စပရင္ေဆး တစ္ျပားကို ဝါးစားျခင္းက ေသြးလႊတ္ေၾကာမ်ားကို ပိတ္ေစၿပီး ေသြးခဲမႈကို ျဖစ္ေစေသာ ေသြး platelets ေတြကို တားဆီးေပးပါတယ္။ အက္စပရင္ေဆးေသာက္တဲ့အခါ ေဆးပမာဏနည္းနည္းေလးသာ ေသာက္ဖို႔ႏွင့္ ေရႏွင့္ေသာက္တာ သို႔ ဒီအတိုင္းမ်ိဳခ်တာထက္ ေဆးျပားကို ဝါးစားဖို႔ အေရးႀကီးပါတယ္။ဒါက ျမန္ျမန္အလုပ္ျဖစ္ပါတယ္၊ တတ္ႏိုင္သမွ် အျမန္ဆုံးအေရးေပၚ ဝန္ေဆာင္မႈကို ဆက္သြယ္ဖို႔ ႀကိဳးစားပါ။

၄။ ပ်ားတုပ္ခံရတဲ့အခါ

ပ်ားတုပ္ခံရလွ်င္ အဆိပ္ဆူးကိုဖယ္ဖို႔လိုပါတယ္၊ အေရျပားထဲက အဆိပ္ဆူးကိုဆြဲထုတ္တာက အဆိပ္ကိုေလ်ာ့နည္းသြားေစပါတယ္။ အေရးႀကီးဆုံးကေတာ့ အခ်ိန္ကိုက္ျဖစ္ဖို႔ပါပဲ။ တတ္ႏိုင္သမွ်အျမန္ဆုံး အဆူးကို ဇာကနာျဖင့္ ဆြဲထုတ္၊ ဖယ္ရွားဖို႔ လိုအပ္ပါတယ္။ ဆူးထြက္သြားတာနဲ႔ ဒဏ္ရာကို ေဆးေၾကာၿပီး ေရခဲဖတ္အုပ္ထားပါ။ အလာ့ဂ်စ္ျဖစ္လာရင္ တတ္ႏိုင္သမွ် အျမန္ဆုံး ဆရာဝန္ႏွင့္ ျပသပါ။

၅။ အ႐ိုးက်ိဳးျခင္း

အ႐ိုးက်ိဳးတာႏွင့္ ႀကဳံလာတဲ့အခါ ဒဏ္ရာကို ေျဖာင့္ေျဖာင့္ထားဖို႔(ဥပမာ-ေျခေထာက္/လက္မွာအ႐ိုးက်ိဳးတဲ့အခါ သြားဆြဲဆန္႔ဖို႔) မႀကိဳးစားပါနဲ႔။ အ႐ိုးကို ထပ္မံထိခိုက္မႈ မျဖစ္ေအာင္ မလိုအပ္ဘဲ မလႈပ္ရွားပါနဲ႔။ က်ိဳးတဲ့အ႐ိုးကို ေနရာမေ႐ြ႕ေအာင္ အဝတ္ေခါက္ထူထူတစ္ခုကို သုံးၿပီး ၿငိမ္ေအာင္ စည္းထားေပးပါ။ ေရာင္ရမ္းတာ သက္သာေစဖို႔ ေရခဲဝတ္ကပ္ေပးပါ။ ေရခဲဝတ္ကို အေရျပားေပၚတိုက္႐ိုက္မကပ္ဘဲ အဝတ္တစ္ခုခုပတ္ၿပီးမွ ကပ္ပါ။ ဆရာဝန္ႏွင့္ ျပသပါ။

၅။ ဆူးစူးျခင္း

တခါတေလမွာ အသားထဲကို သစ္သားစေတြ၊ စူးေတြ ဝင္ေနတာႀကဳံဖူးမွာပါ။ ဒီလိုဆူးစူးတာ၊ သစ္သားစေတြ ဝင္တာက အေရျပားကို ေရာင္ရမ္းေစၿပီး အလြယ္တကူ ပိုးဝင္တာေတြ ျဖစ္ႏိုင္ပါတယ္။ ဒီလိုႀကဳံရတဲ့အခါ ပိုးသတ္ေဆးႏွင့္ အရင္ဆုံး ပိုးသန္႔စင္ေပးၿပီး ပြက္ပြက္ဆူေနတဲ့ ေရထဲမွာ ပိုးသတ္ထားတဲ့ အပ္ႏွင့္ ဖယ္ရွားေပးသင့္ပါတယ္။ အစထြက္လာၿပီဆိုရင္ ဇာကနာျဖင့္ ဖယ္ရွားႏိုင္ပါတယ္။ ၿပီးေနာက္ အဲ့ဒီေနရာကို ဆပ္ျပာ၊ ေရႏွင့္ ေဆးေၾကာေပးပါ။

၆။ အသက္ရႈလမ္းေၾကာင္း ပိတ္တဲ့အခါ

တစ္ေယာက္ေယာက္ အသက္ရႈတာ ရပ္တန္႔ၿပီဆိုရင္ အမ်ားအားျဖင့္ သူတို႔ရဲ႕ ေလေၾကာင္းကို တစ္ခုခုပိတ္ဆို႔ေနတာ ေၾကာင့္ပါ။ သူတို႔ရဲ႕ ပါးစပ္ထဲမွာ တစ္ခုခုဆို႔ေနတာ ရွိမရွိစစ္ေဆးပါ။ အရည္(သို႔)အသက္ရႈလမ္းေၾကာင္း ပိတ္ေစႏိုင္တဲ့အရာေတြကို ဖယ္ရွားပါ။ ေလေၾကာင္းပြင့္ဖို႔ နဖူး သို႔ ေခါင္းရဲ႕ထိပ္နားမွာ သင့္လက္ကိုထားၿပီး လူနာရဲ႕ ေခါင္းကိုေစာင္းၿပီး ေမးေစ့ကို ပင့္ထားေပးပါ။ တနည္းအားျဖင့္ သင့္လက္ေတြကို ေမး႐ိုးေအာက္မွာထားၿပီး ေအာက္ေမး႐ိုးကို အေပၚကိုတြန္းျခင္းျဖင့္ “jaw thrust”လို႔ေခၚတဲ့အရာကို လုပ္ေဆာင္ႏိုင္ပါတယ္။ ဒီလိုလုပ္ေပးျခင္းက ေလပိတ္ဆို႔မႈကို ေလ်ာ့က်သြားေစပါတယ္။ ဒီလိုလုပ္ၿပီးေနာက္ ေလေၾကာင္းပြင့္တဲ့အထိ ေခါင္းကို ေစာင္းထားေပးပါ။

အနာကပ္ပလာစတာကို ဘယ္လိုခြာမလဲ?

ဒဏ္ရာရတဲ့အခါ အနာသက္သာေစဖို႔ အနာကပ္ပလာစတာကပ္ၾကပါတယ္။ ဒါေပမယ့္ ပလာစတာကိုခြာတဲ့အခါ နည္းမသိရင္ ျပတ္ရွဒဏ္ရာေတြဆိုရင္ ပိုၿပီးေသြးထြက္ေစသလို ေတာ္ေတာ္နဲ႔ မေပ်ာက္ေတာ့ပါဘူး။ ဒါ့ေၾကာင့္ ပလာစတာခြာတဲ့အခါ အရက္ျပန္ (သို႔) ေရေႏြးေႏြး(သို႔)baby oilကို ဒဏ္ရာဧရိယာေပၚဖုံးအုပ္ၿပီး ေကာ္ေပ်ာ္သြားေအာင္ ႀကိဳးစားပါ။ ေရခဲတုံးႏွင့္လည္း ေအးခဲႏိုင္ပါတယ္။ ၿပီးမွ ပလာစတာကို ျဖည္းျဖည္းခ်င္းခြာပါ။ ဒီနည္းလမ္းက အနာသက္သာေစသလို ဒဏ္ရာကိုထပ္ၿပီးမထိခိုက္ေစပါဘူး။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here