သင်သတိထားမိမှာ မဟုတ်တဲ့ လည်ပင်းနာစေသော အကြောင်းရင်း (၅)ခု

0
63

လည်ပင်း နာကျင်ကိုက်ခဲတဲ့ ခံစားမှုက လူအများစုမှာ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ လည်ပင်းနာကျင်တာက လည်ပင်းဧရိယာတစ်ဝိုက်ရှိ ကြွက်သားကျုံခြင်းကြောင့် ဖြစ်ပေါ်လာလေ့ရှိတဲ့ လက္ခဏာ တစ်ခုဖြစ်ပါတယ်။ အစပိုင်းမှာ လည်ပင်းတောင့်တင်းနေတဲ့ ခံစားမှုကို ခံစားကြရပါတယ်။ ၎င်းက နေ့စဉ်အလုပ်တွေကို လုပ်တဲ့အခါမှာ ပုံမှန်ခေါင်းလှုပ်ရှားမှုတွေကို ခက်ခဲစေပါတယ်။
အထိုင်များတဲ့ လူနေမှုပုံစံရှိသူတွေအတွက် ဇတ်ကြောတတ်တာ၊ လည်ပင်းနာတာက ပုံမှန်ဖြစ်သော်လည်း အလုပ်စားပွဲမှာ အလုပ်လုပ်သူတွေ၊ အင်အားအများကြီးသုံးရတဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်သူများအကြားမှာလည်း ဖြစ်ပွားနိုင်ပါတယ်။

လည်ပင်းနာတာက ရံဖန်ရံခါမှ ဖြစ်လေ့ဖြစ်ထရှိပေမယ့် လည်ပင်းနာရခြင်းအကြောင်းရင်းကို ခွဲခြားသိဖို့နှင့် မဖြစ်အောင် ဘယ်လိုရှောင်ရှားရမလဲဆိုတာ သိဖို့ လိုအပ်ပါတယ်။

၁။ ကွန်ပျူတာရှေ့မှာ အချိန်အများကြီးဖြုန်းခြင်း

ကျွန်မတို့ဟာ ကွန်ပျူတာရှေ့မှာ အချိန်အများကြီး ဖြုန်းတဲ့အခါ လည်ပင်းနာတာတွေ ဖြစ်လေ့ရှိပါတယ်။ ဒါက ကိုယ့်ရဲ့ ကိုယ်ခန္ဓာအနေအထားကြောင့်ဆိုတာ သတိရသင့်ပါတယ်။ အထူးသဖြင့် လည်ပင်းရှိ ကြွက်သားတွေဟာ အချိန်ကြာမြင့်စွာ တူညီတဲ့အနေအထားမှာ ရှိနေရင် ပင်ပန်းလာပြီး တင်းမာလာတာကြောင့် ဖြစ်ပါတယ်။

အကြံပြုချက်များ
ထိုင်နေစဉ်မှာ ကိုယ်ဟန်အနေအထားကောင်းအောင် ထားပြီး ခန္ဓာကိုယ်အကြောဆန့်တာ ၊ အနားယူတာတွေ ပြုလုပ်ပါ။

သင့်ကွန်ပျူတာမျက်နှာပြင်ကို လည်ပင်းကွေးပြီး ကြည့်ဖို့ မလိုတဲ့ အမြင့်သို့ မြှင့်ထားပါ။

၂။ မိုဘိုင်းဖုန်းတွေကို မှားယွင်းစွာ အသုံးပြုခြင်း

လည်ပင်းပြဿနာရှိတဲ့ လူနာအရေအတွက် တိုးပွားလာရတဲ့ အကြောင်းရင်းတစ်ခုက မိုဘိုင်းဖုန်း အသုံးပြုမှု မမှန်ကန်ခြင်းကြောင့်ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းနှင့် တက်ဘလက်တွေကို အချိန်ကြာကြာ ငုံ့ကြည့်တဲ့အခါ လည်ပင်းကြွက်သားတွေ တင်းမာလာစေပြီး ဒဏ်ရာကို ပိုခံရခက်စေနိုင်ပါတယ်။

အကြံပြုချက်များ

တတ်နိုင်သလောက် ဒီ devicesတွေ အသုံးပြုခြင်း ကန့်သတ်ပါ။

အလုပ်ကိစ္စကြောင့် မဖြစ်မနေသုံးနေရပါက ခန္ဓာကိုယ်ကို အရမ်းကြီးမကုန်းရဘဲ မှန်ကန်စွာ အသုံးပြုပေးပါ။

တင်းမာမှုကို လျှော့ချဖို့ အကြောဆန့် လေ့ကျင့်ခန်းတွေ လုပ်ပါ။

၃။ အိပ်နေစဉ် ကိုယ်ဟန်အနေအထား မမှန်ခြင်း

ကောင်းမွန်တဲ့ အိပ်စက်ခြင်းဆိုတာ ကျွန်တော်တို့ရဲ့ ကြွက်သားတွေကို အနားရစေပြီး နေ့သစ်အတွက် ပြင်ဆင်ထားနိုင်ဖို့ ဖြစ်ပါတယ်။ သို့သော် ခန္ဓာကိုယ် ကိုယ်ဟန်အနေအထား အားနည်းပါက လည်ပင်းနှင့် နောက်ကျောနာကျင်မှုကို တိုးပွားစေပါလိမ့်မယ်။

အကြံပြုချက်များ

ဒီပြဿနာတွေကို ဖယ်ရှားဖို့ မှောက်အိပ်တာ၊ ဘေးတိုက်အိပ်တာနှင့် မဆိုင်ဘဲ သင့်လည်ပင်းဟာ ကျောရိုးနှင့် တစ်ဖြောင့်တည်းဖြစ်နေသင့်ပါတယ်။

ခေါင်းအုံးအရမ်းမြင့်ရင်လည်း လည်ပင်းနာတတ်တာကြောင့် ခေါင်းအုံးအမြင့်ကြီး မအုံးသင့်ပါဘူး။

၄။ ကျောပိုးအိတ်၊ ပိုက်ဆံအိတ်ထဲမှာ အလေးချိန်အလွန်အကျွံထည့်ပြီး လွယ်ခြင်း

ကျောပိုးအိတ်နှင့် ပိုက်ဆံအိတ်တွေထဲကို အသုံးအဆောင်ပစ္စည်းတွေ အများကြီးထည့်ပြီး လွယ်ခြင်းက လည်ပင်းနာကျင်ရတဲ့ အကြောင်းရင်းတစ်ခု ဖြစ်နိုင်ပါတယ်။ သယ်ပုံသယ်နည်း မမှန်ခြင်း၊ အလေးချိန်များလွန်းခြင်းက လည်ပင်းတစ်ဝိုက်ရှိကြွက်သားများကို အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။

အကြံပြုချက်များ

အထူးသဖြင့် အချိန်ကြာကြာ သယ်ဆောင်ဖို့ လိုအပ်ပါက သင့်အိတ်တွေကို အလေးချိန် အလွန်အကျွံ မထည့်ပါနဲ့ ၊

ကျောပိုးအိတ်ကို ခန္ဓာကိုယ် တစ်ဖက်တည်းနဲ့ မသယ်ဆောင်ပါနဲ့။ နှစ်ဖက်မျှပြီးလွယ်ပါ။

၅။ ဆေးလိပ်

စီးကရက်ရှိ အဆိပ်များက အဆုတ်နှင့် နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို ဆိုးကျိုးသက်ရောက်စေယုံသာမက အချိန်နှင့်အမျှ သင့်ရဲ့ ကြွက်သားဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေပါတယ်။
သူတို့က ကြွက်သားများရဲ့ အောက်ဆီဂျင်ကို လျော့နည်းစေပြီး ရေဓါတ်ခန်းခြောက်ခြင်းနှင့် ကြွက်သားနာကျင်မှုကို တိုးပွားစေပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဆေးလိပ်ရဲ့ စုဆောင်းမှုက ခန္ဓာကိုယ်နှင့် နောက်ကျောမှ diskတွေကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။

အကြံပြုချက်များ

ဆေးလိပ်သောက်ခြင်း အလေ့အထရှိရင် အမြန်ဆုံး ဆေးလိပ်ဖြတ်ပါ။

ခန္ဓာကိုယ်အတွင်းရှိ စုဆောင်းနေသော အဆိပ်တွေကို ဖယ်ရှားဖို့ detoxification နည်းလမ်းများကို အသုံးပြုပါ။

စီးကရက်မီးခိုးတွေနဲ့ ညစ်ညမ်းနေသော ပတ်ဝန်းကျင်နှင့် ထိတွေ့ခြင်းကို ရှောင်ပါ။

Lifestyle_Myanmar

LM_Nandar

Source-steptohealth

Zawgyi

သင္သတိထားမိမွာ မဟုတ္တဲ့ လည္ပင္းနာေစေသာ အေၾကာင္းရင္း (၅)ခု
လည္ပင္း နာက်င္ကိုက္ခဲတဲ့ ခံစားမႈက လူအမ်ားစုမွာ ျဖစ္ေလ့ျဖစ္ထ ရွိပါတယ္။ လည္ပင္းနာက်င္တာက လည္ပင္းဧရိယာတစ္ဝိုက္ရွိ ႂကြက္သားက်ဳံျခင္းေၾကာင့္ ျဖစ္ေပၚလာေလ့ရွိတဲ့ လကၡဏာ တစ္ခုျဖစ္ပါတယ္။ အစပိုင္းမွာ လည္ပင္းေတာင့္တင္းေနတဲ့ ခံစားမႈကို ခံစားၾကရပါတယ္။ ၎က ေန႔စဥ္အလုပ္ေတြကို လုပ္တဲ့အခါမွာ ပုံမွန္ေခါင္းလႈပ္ရွားမႈေတြကို ခက္ခဲေစပါတယ္။
အထိုင္မ်ားတဲ့ လူေနမႈပုံစံရွိသူေတြအတြက္ ဇတ္ေၾကာတတ္တာ၊ လည္ပင္းနာတာက ပုံမွန္ျဖစ္ေသာ္လည္း အလုပ္စားပြဲမွာ အလုပ္လုပ္သူေတြ၊ အင္အားအမ်ားႀကီးသုံးရတဲ့ ကိုယ္လက္လႈပ္ရွားမႈ လုပ္ေဆာင္သူမ်ားအၾကားမွာလည္း ျဖစ္ပြားႏိုင္ပါတယ္။
လည္ပင္းနာတာက ရံဖန္ရံခါမွ ျဖစ္ေလ့ျဖစ္ထရွိေပမယ့္ လည္ပင္းနာရျခင္းအေၾကာင္းရင္းကို ခြဲျခားသိဖို႔ႏွင့္ မျဖစ္ေအာင္ ဘယ္လိုေရွာင္ရွားရမလဲဆိုတာ သိဖို႔ လိုအပ္ပါတယ္။

၁။ ကြန္ပ်ဴတာေရွ႕မွာ အခ်ိန္အမ်ားႀကီးျဖဳန္းျခင္း

ကြၽန္မတို႔ဟာ ကြန္ပ်ဴတာေရွ႕မွာ အခ်ိန္အမ်ားႀကီး ျဖဳန္းတဲ့အခါ လည္ပင္းနာတာေတြ ျဖစ္ေလ့ရွိပါတယ္။ ဒါက ကိုယ့္ရဲ႕ ကိုယ္ခႏၶာအေနအထားေၾကာင့္ဆိုတာ သတိရသင့္ပါတယ္။ အထူးသျဖင့္ လည္ပင္းရွိ ႂကြက္သားေတြဟာ အခ်ိန္ၾကာျမင့္စြာ တူညီတဲ့အေနအထားမွာ ရွိေနရင္ ပင္ပန္းလာၿပီး တင္းမာလာတာေၾကာင့္ ျဖစ္ပါတယ္။

အႀကံျပဳခ်က္မ်ား
ထိုင္ေနစဥ္မွာ ကိုယ္ဟန္အေနအထားေကာင္းေအာင္ ထားၿပီး ခႏၶာကိုယ္အေၾကာဆန္႔တာ ၊ အနားယူတာေတြ ျပဳလုပ္ပါ။

သင့္ကြန္ပ်ဴတာမ်က္ႏွာျပင္ကို လည္ပင္းေကြးၿပီး ၾကည့္ဖို႔ မလိုတဲ့ အျမင့္သို႔ ျမႇင့္ထားပါ။

၂။ မိုဘိုင္းဖုန္းေတြကို မွားယြင္းစြာ အသုံးျပဳျခင္း

လည္ပင္းျပႆနာရွိတဲ့ လူနာအေရအတြက္ တိုးပြားလာရတဲ့ အေၾကာင္းရင္းတစ္ခုက မိုဘိုင္းဖုန္း အသုံးျပဳမႈ မမွန္ကန္ျခင္းေၾကာင့္ျဖစ္ပါတယ္။ မိုဘိုင္းဖုန္းႏွင့္ တက္ဘလက္ေတြကို အခ်ိန္ၾကာၾကာ ငုံ႔ၾကည့္တဲ့အခါ လည္ပင္းႂကြက္သားေတြ တင္းမာလာေစၿပီး ဒဏ္ရာကို ပိုခံရခက္ေစႏိုင္ပါတယ္။

အႀကံျပဳခ်က္မ်ား

တတ္ႏိုင္သေလာက္ ဒီ devicesေတြ အသုံးျပဳျခင္း ကန္႔သတ္ပါ။

အလုပ္ကိစၥေၾကာင့္ မျဖစ္မေနသုံးေနရပါက ခႏၶာကိုယ္ကို အရမ္းႀကီးမကုန္းရဘဲ မွန္ကန္စြာ အသုံးျပဳေပးပါ။

တင္းမာမႈကို ေလွ်ာ့ခ်ဖို႔ အေၾကာဆန္႔ ေလ့က်င့္ခန္းေတြ လုပ္ပါ။

၃။ အိပ္ေနစဥ္ ကိုယ္ဟန္အေနအထား မမွန္ျခင္း

ေကာင္းမြန္တဲ့ အိပ္စက္ျခင္းဆိုတာ ကြၽန္ေတာ္တို႔ရဲ႕ ႂကြက္သားေတြကို အနားရေစၿပီး ေန႔သစ္အတြက္ ျပင္ဆင္ထားႏိုင္ဖို႔ ျဖစ္ပါတယ္။ သို႔ေသာ္ ခႏၶာကိုယ္ ကိုယ္ဟန္အေနအထား အားနည္းပါက လည္ပင္းႏွင့္ ေနာက္ေက်ာနာက်င္မႈကို တိုးပြားေစပါလိမ့္မယ္။

အႀကံျပဳခ်က္မ်ား

ဒီျပႆနာေတြကို ဖယ္ရွားဖို႔ ေမွာက္အိပ္တာ၊ ေဘးတိုက္အိပ္တာႏွင့္ မဆိုင္ဘဲ သင့္လည္ပင္းဟာ ေက်ာ႐ိုးႏွင့္ တစ္ေျဖာင့္တည္းျဖစ္ေနသင့္ပါတယ္။

ေခါင္းအုံးအရမ္းျမင့္ရင္လည္း လည္ပင္းနာတတ္တာေၾကာင့္ ေခါင္းအုံးအျမင့္ႀကီး မအုံးသင့္ပါဘူး။

၄။ ေက်ာပိုးအိတ္၊ ပိုက္ဆံအိတ္ထဲမွာ အေလးခ်ိန္အလြန္အကြၽံထည့္ၿပီး လြယ္ျခင္း

ေက်ာပိုးအိတ္ႏွင့္ ပိုက္ဆံအိတ္ေတြထဲကို အသုံးအေဆာင္ပစၥည္းေတြ အမ်ားႀကီးထည့္ၿပီး လြယ္ျခင္းက လည္ပင္းနာက်င္ရတဲ့ အေၾကာင္းရင္းတစ္ခု ျဖစ္ႏိုင္ပါတယ္။ သယ္ပုံသယ္နည္း မမွန္ျခင္း၊ အေလးခ်ိန္မ်ားလြန္းျခင္းက လည္ပင္းတစ္ဝိုက္ရွိႂကြက္သားမ်ားကို အေႏွာက္အယွက္ျဖစ္ေစႏိုင္ပါတယ္။

အႀကံျပဳခ်က္မ်ား

အထူးသျဖင့္ အခ်ိန္ၾကာၾကာ သယ္ေဆာင္ဖို႔ လိုအပ္ပါက သင့္အိတ္ေတြကို အေလးခ်ိန္ အလြန္အကြၽံ မထည့္ပါနဲ႔ ၊

ေက်ာပိုးအိတ္ကို ခႏၶာကိုယ္ တစ္ဖက္တည္းနဲ႔ မသယ္ေဆာင္ပါနဲ႔။ ႏွစ္ဖက္မွ်ၿပီးလြယ္ပါ။

၅။ ေဆးလိပ္

စီးကရက္ရွိ အဆိပ္မ်ားက အဆုတ္ႏွင့္ ႏွလုံးေသြးေၾကာဆိုင္ရာ က်န္းမာေရးကို ဆိုးက်ိဳးသက္ေရာက္ေစယုံသာမက အခ်ိန္ႏွင့္အမွ် သင့္ရဲ႕ ႂကြက္သားဆိုင္ရာ က်န္းမာေရးကို ထိခိုက္ေစပါတယ္။
သူတို႔က ႂကြက္သားမ်ားရဲ႕ ေအာက္ဆီဂ်င္ကို ေလ်ာ့နည္းေစၿပီး ေရဓါတ္ခန္းေျခာက္ျခင္းႏွင့္ ႂကြက္သားနာက်င္မႈကို တိုးပြားေစပါတယ္။ ခႏၶာကိုယ္ထဲမွာ ေဆးလိပ္ရဲ႕ စုေဆာင္းမႈက ခႏၶာကိုယ္ႏွင့္ ေနာက္ေက်ာမွ diskေတြကို ပိုမိုဆိုး႐ြားေစႏိုင္ပါတယ္။

အႀကံျပဳခ်က္မ်ား

ေဆးလိပ္ေသာက္ျခင္း အေလ့အထရွိရင္ အျမန္ဆုံး ေဆးလိပ္ျဖတ္ပါ။

ခႏၶာကိုယ္အတြင္းရွိ စုေဆာင္းေနေသာ အဆိပ္ေတြကို ဖယ္ရွားဖို႔ detoxification နည္းလမ္းမ်ားကို အသုံးျပဳပါ။

စီးကရက္မီးခိုးေတြနဲ႔ ညစ္ညမ္းေစေသာ ပတ္ဝန္းက်င္ႏွင့္ ထိေတြ႕ျခင္းကို ေရွာင္ပါ။

Lifestyle_Myanmar

LM_Nandar

Source-steptohealth

LEAVE A REPLY

Please enter your comment!
Please enter your name here