သင်မွေးဖွားတဲ့ရာသီခွင်က ပြောပြနေတဲ့ သင့်ရဲ့ လှို့ဝှက် အကြောက်ဆုံးအရာ
0
1229
သင့်ရဲ့ရာသီခွင်လက္ခဏာတွေက သင့်အကြောင်းကိုအများကြီး ပြောပြနေကြပါတယ်။ ဒီလိုများပြားတဲ့အရာတွေထဲကမှ ဘဝမှာသင်လှို့ဝှက်စွာနဲ့ အကြောက်ဆုံးအရာကို သင့်မွေးဖွားတဲ့ ရာသီအရ သိရှိနိုင်ပါတယ်။
၁။ မိဿရာသီဖွား ((March 21–April 20)
ချစ်တဲ့သူကို ဆုံးရှုံးမှာကြောက်တယ်
မိဿရာသီဖွားတွေဟာ relationship ကိုရေရှည်တည်မြဲဖို့အတွက် အလုံးစုံပုံအပ်ထားသူတွေပါ။ မိဿရာသီဖွားတိုင်း သူတို့ရဲ့အဆိုးဆုံးစိုးရိမ်မှုအပေါ် မူတည်ပြီးဆောင်ရွက်ဖို့လိုအပ်ပါတယ်။
တစ်နေ့နေ့မှာတော့ သေခြင်းကဲ့သို့သော အရာကချစ်တဲ့သူတွေနဲ့ ခွဲနိုင်တယ်ဆိုတဲ့ အမှန်တရာကို လက်ခံဖို့လိုအပ်ပြီး လက်ရှိအချိန်မှာ အပျော်ရွင်ဆုံးနဲ့ relationship ကိုအကောင်းဆုံး တည်ဆောက်သင့်ပါတယ်။
၂။ ပြိဿရာသီဖွား ((April 21–May 21)
ကြိုတင်မသိရှိနိုင်ခြင်းဟာ ပြိဿရာသီဖွားတွေရဲ့ အကြောက်တရား ဖြစ်ပါတယ်
သူတို့ရဲ့ရတက်မအေးရတဲ့ ကမ္ဘာကြီးမှာ ဘယ်လိုလှိုင်းလုံးတွေနဲ့ ကြုံတွေ့နိုင်တဲ့ အတွေ့အကြုံမျိုးကိုမှ သူတို့မလိုလားကြပါဘူး။ ဒီလိုစိုးရိမ်မှုက သူတို့ရဲ့တက်လမ်းကို ပိတ်စေပါတယ်။ ဒါ့ကြောင့် ဘဝဆိုတာဟာ ပန်းသီးအခွံ့နွာစားရသလို သို့မဟုတ် ထိုင်စောင့်နေရတဲ့ အရာမဟုတ်ကြောင်း အရာရာဟာ ဖြစ်ပြီးပျက်နေတာကြောင့် ကိုယ်မမြင်နိုင်တဲ့အရာကို စိုးရိမ်ကြောက်လန့်နေမယ့်အစား လက်ခံလိုက်ဖို့လိုပါတယ်။
၃။ မေထုန်ရာသီဖွား (May 22–June 21)
ရှုံးမှာကို ကြောက်တယ်
မေထုန်ရာသီဖွားတွေဟာ သဘာဝအရ ပြီးပြည့်စုံလိုသူတွေ ဖြစ်ကြပြီး ထာဝရအရှုံးကို ကြောက်ရွံ့နေလျက်ရှိကြပါတယ်။ ယခုလိုအကြောက်တရားကပဲ သူတို့ကို ပိုပြီးအလုပ်ကြိုးစားစေပါတယ်။ ဒါပေမယ့် ဒီလိုစိတ်ပျက်စရာကောင်းတဲ့ စိုးရိမ်မှုဟာ သူတို့ကိုယ်တိုင်ကို အားမလိုအားမရ ဖြစ်နေစေပါတယ်။ မေထုန်ရာသီဖွားတွေအတွက် အကောင်းဆုံးနည်းလမ်းကတော့ အရှုံးဆိုတာ ဘဝရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် လက်ခံလိုက်ပြီး အရှုံးကနေ တန်ဖိုးရှိတဲ့ သင်ခန်းစာတွေကို သင်ယူဖို့ ကြိုးစားသင့်ပါတယ်။
၄။ ကရကဋ်ရာသီဖွား ((June 22–July 22)
အထီးကျန်မှာကို ကြောက်တယ်
စွန့်ပယ်ခံရတဲ့ နာကျင်မှုဟာ ခံရခက်ပါတယ်။ ကရကဋ်ရာသီဖွားတွေဟာ ယခုလိုမျိုး စွန့်ပယ်ခံရမှာကို အရမ်းဂရုစိုက်နေတတ်ပြီး sensitive ဖြစ်နေတတ်ပါတယ်။ သူတို့ရဲ့ ဖေ့ဘွတ်ကသူငယ်ချင်းတစ်ယောက် unfollow လုပ်သွားရင်တောင်မှ စိတ်ထဲမှာ အပြင်းအထန်ခံစားတတ်သူတွေပါ။ အချိန်ကြာလာနဲ့အမျှ စွန့်ခွာမှုတွေကနေ ပိုကောင်းတာတွေ ရရှိလာတဲ့အတွက် ကိုယ့်ကိုစွန့်ပစ်သူတွေကို ကျေးဇူးတင်နေပါလိမ့်မယ်။
၅။ သိဟ်ရာသီဖွား (July 23–August 22)
သာမာန်လူတစ်ယောက် ဖြစ်မှာကိုကြောက်တယ်
သိဟ်ရာသီဖွားတွေဟာ အောင်မြင်မှုအကြီးကြီး ရရှိဖို့အတွက် စွမ်းစွမ်းတမံကြိုးစားကြပေမယ့် တကယ်လို့ထင်သလောက် အသိအမှတ်ပြုမခံရခြင်းနဲ့ လူတွေသတိမထားမိခြင်း ခံရတဲ့အခါ ယူကျုံးမရခံစားကြရတတ်ပါတယ်။ တကယ်တော့ အောင်မြင်မှုအစစ်ရဲ့ အဓိပ္ပာယ်ကို သိဟ်ရာသီဖွားတွေ ပြန်စဥ်းစားဖို့ လိုအပ်ပါတယ်။ ဆိုရှယ်မီဒီမှာ လူသိများပြီး ထင်ပေါ်သူတွေ များလှပေမယ့် အကြောင်းအမျိုးမျိုးကြောင့်သာ လူသိများနေခြင်း ဖြစ်ပါတယ်။ ဒါဟာတကယ့်အောင်မြင်မှုအစစ်မဟုတ်ပါဘူး။ လက်တွေ့ဘဝမှာ အောင်မြင်နေတဲ့ သူတိုင်းလည်း ဆိုရှယ်မီဒီယာမှာ လူသိချင်မှသိပါလိမ့်မယ်။ သာမာန်လူတစ်ယောက်ဖြစ်မှာ စိုးရိမ်တဲ့စိတ်ကို ဖယ်ရှားဖို့အတွက် ဖြစ်တည်မှုကို ဥပေက္ခာပြုခြင်းထက် ဘဝရဲ့အနိမ့်ကျဆုံးအခြေအနေတွေကို လက်ခံထားသင့်ပါတယ်။
၆။ ကံရာသီဖွား (August 23–September 23)
စွဲလန်းမှီခိုမှုခံရခြင်း အကြောက်တရား
ကန်ရာသီဖွားတွေဟာ လွတ်လပ်စွာနေထိုင်လိုတဲ့ သူတွေအဖြစ် ပြင်းပြတဲ့သူတွေဖြစ်ကြပါတယ်။ လူတိုင်းက ကိုယ့်ချစ်သူရဲ့မြတ်နိုးတွယ်ပြီး ယုယမှုကို လိုချင်ကြပေမယ့် ယခုလိုပူးကပ်နေခြင်းကတော့ ကန်ရာသီဖွားတွေကို ဒုက္ခပေးတဲ့အရာတွေ ဖြစ်စေပါတယ်။ သူတို့ဟာ ကိုယ်ပိုင်စံနှုန်းနဲ့မနေပဲ အခြားသူတစ်ယောက်ကို မှီခိုအားထားနေသူတွေကို အလိုမရှိတတ်တဲ့ သဘာဝရှိကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အကောင်းနဲ့အတူ အဆိုးတစ်ခုကဒွန်တွဲနေတတ်တာကို လက်သင့်ခံပြီး နားလည်ပေးနိုင်အောင် ကြိုးစားသင့်ပါတယ်။
၇။ တူရာသီဖွား (September 24–October 23)
နာကျင်စေမှာကို ကြောက်တယ်
ရွင်ပျတက်ကြွမှုနဲ့ ကြင်နာမှုဟာ တူရာသီဖွားတွေရဲ့ သဘာဝပါ။ တူရာသီဖွားတွေရဲ့ အကြောက်ဆုံးအရာတစ်ခုကတော့ အခြားတစ်ယောက်ကို နာကျင်စေမှာကို စိုးရိမ်နေတတ်ပါတယ်။ သူတို့ဟာ လူတိုင်းအတွက် စာအုပ်ကောင်းတစ်အုပ်လို ဖြစ်ချင်နေတတ်သူတွေဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အတွက်ဘယ်သူကစိတ်ဝင်စားဖို့အကောင်းဆုံးလဲဆိုတာကိုတော့ အသိအမှတ်ပြုဖို့ လေ့လာသင့်ပါတယ်။
၈။ ဗြိစ္ဆာရာသီဖွား(October 24–November 22)
အသဲကွဲမှာကိုကြောက်တယ်
ဗြိစ္ဆာရာသီဖွားတွေရဲ့ စရိုက်ကထူးခြားပါတယ်။ သူတို့တွေဟာ တဖတ်သတ်ချစ်နေရတဲ့ ခံစားချက်မျိုးကို ပိုခုံမင်ကြပြီး ကိုယ့်ကိုအရမ်းချစ်နေတဲ့သူဆိုရင်တော့ ပေါ့ဆစွာနေလေ့ရှိကြပါတယ်။ ဒါပေမယ့် သူတို့ကိုဂရုမစိုက်ပဲ နေတဲ့အချိန်မှာတော့ စိတ်ထဲမှာပြင်းပြစွာ ခံစားနေရပါတယ်။ အထူးသဖြင့် ကိုယ့်ချစ်သူက အခြားတစ်ယောက်နောက်ကိုပါသွားမှာ ကိုယ့် crush ကအခြားတစ်ယောက်နဲ့တွဲသွားမှာကို သေမလိုကြောက်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် ဘဝဟာဘာကိုမှ အာမခံချက်မပေးတဲ့အတွက် အကောင်းဆုံးက ကိုယ့်ဘေးနားရှိနေသူကို အတတ်နိုင်ဆုံးဂရုစိုက်လိုက်ပါ။
၉။ ဓနုရာသီဖွား (November 23–December 21)
လွတ်လပ်မှုပျောက်ဆုံးမှာကို ကြောက်တယ်
ဓနုရာသီဖွားတွေဟာ လွတ်လပ်ပြီး ကိုယ်ပိုင်စွန်းစားမှုဉာဉ် ရှိကြသူတွေပါ။ ချည်နှောက်ခံရခြင်းဟာ သူတို့အတွက် အဆိုးဆုံးအကြောက်တရားပါ။ ဒါ့ကြောင့် ရေရှည်လက်တွဲဖို့ ဆုံးဖြတ်ထားတဲ့ ချစ်သူကို နောက်ပိုင်းမှာယခုလိုမျိုး ကိုယ့်ကိုယ်ချည်နှောင်မခံရစေဖို့အတွက် အသေအချာရွေးချယ်ပြီးညှိနှိုင်းဖို့ လိုအပ်ပါတယ်။
၁၀။ မကရ ရာသီဖွား(December 22–January 20)
အများနဲ့သက်ဆိုင်ပြီး အခက်တွေ့မှု
မကရရာသီဖွားတွေဟာ အလုပ်ကြိုးစားတတ်ကြပြီး အလုပ်မှာအလွန်အားစိုက်ထုတ်ကြပေမယ့် လူတွေကငြင်းပယ်ခြင်း လုပ်ဆောင်မှုမှားယွင်းခြင်းကိုခံရတဲ့အခါ အလွန်အမင်း အရှက်သည်းတတ်ကြပြီး အဆင်မပြေမှုတွေဆက်တိုက် ကြုံတွေ့ကြရပါတယ်။ ဒါ့ကြောင့် အချိန်တိုင်းမှာ လူတါေက ကိုယ့်ကိုနှစ်သက်မှာမဟုတ်ဖူးဆိုတဲ့ အမှန်တရားနဲ့ လူတိုင်းဟာအမှားပြုလုပ်နိုင်တယ် ဆိုတဲ့အမှန်တရားကို လက်ကိုင်ထားဖို့ လိုအပ်ပါတယ်။
၁၁။ ကုံရာသီဖွား ((January 21–February 19)
ပျော့ညံ့မှာကို ကြောက်တယ်
သူတို့ရဲ့ ပျော့ညံ့မှာကို ကြောက်ရွံ့တဲ့စိတ်ကပဲ သူတို့ကိုပျော့ညံ့စေနိုင်ပါတယ်။ ပင်ကိုယ်သဘာဝအရ တစ်ခုခုကိုမရရှိမှာကို စိုးရိမ်နေတဲ့ မလုပ်နိုင်ဘူးလို့ ထင်နေမိတဲ့စိတ်ကို အရင်ဆုံးပျောက်အောင်ဖျောက်ဖို့ လိုအပ်ပါတယ်။ ကိုယ်လက်မသန်စွမ်းပဲ မွေးလာတဲ့ကလေးတွေဟာ သူတို့မျှော်မှန်းသလောက် သန်မာကြံ့ခိုင်မှုကို မရနိုင်ပါဘူး။ ဒါပေမယ့် စိတ်ဓါတ်ကြံ့ခိုင်မှုနဲ့ ကြိုးစားရင် မလုပ်နိုင်ဖူးလို့ ထင်တာတွေကို လုပ်နိုင်လာတာကို သတိရပါ။
၁၂။ မိန်ရာသီဖွား(February 20–March 20)
လက်လွှတ်လိုက်ရမှာကိုကြောက်တယ်
မိန်ရာသီဖွားတွေဟာ အခြားသူတွေနဲ့ ခင်ခင်မင်မင် ရောရောနှောနှောနေရမှာကို နှစ်သက်ကြပါတယ်။ ထိုသူတွေကို လက်လွှတ်လိုက်ရမှာနဲ့ ဆုံးရှုံးသွားမှာကို ကြောက်ရွံ့နေတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်နဲ့ရေရှည်ပေါင်းသင်းနိုင်မယ့်သူ ကိုယ့်ဘေးနားမှာ ရှိသင့်တဲ့သူတွေကို သေချာသိဖို့လိုပြီး သိပ်အရေးမကြီးတဲ့သူတွေ စွန့်ခွာသွားတာကိုတော့ လွမ်းနေဖို့ မလိုပါဘူး။
LM_Naung_Naung
Lifestyle_Myanmar
Zaw Gyi Font