Home Health & Beauty သင်မသိသေးတဲ့ တစ်နေ့ကို လေးညှင်းပွင်း ၂ပွင့် စားသုံးခြင်းရဲ့ ကျိုးကျေးဇူး ၈မျိုး

သင်မသိသေးတဲ့ တစ်နေ့ကို လေးညှင်းပွင်း ၂ပွင့် စားသုံးခြင်းရဲ့ ကျိုးကျေးဇူး ၈မျိုး

0
1
လေးညှင်းပွင့်
လေးညှင်းပွင့်

လေးညှင်းပွင့်ရဲ့ အနံကို လူတော်တော်များများက ကြိုက်နှစ်သက်ကြတဲ့အပြင် ကျန်းမာရေးအတွက်လည်း အကောင်းဆုံးဆေးဘက်ဝင် အပင်တစ်မျိုးဖြစ်တာကြောင့် အိမ်တိုင်းနီးပါ ဆောင်ထားကြတာများပါတယ်။ ဒါကြောင့် လေးညှင်းပွင့်ဟာ ခန္ဓာကိုယ်အတွက် ဘယ်လိုနေရာတွေမှာ အထောက်အကူပေးသလဲဆိုတော့ Lifestyle_Myanmar ပရိတ်သတ်ကြီး အောက်မှာ ဖတ်ကြည့်လိုက်ပါနော်။

၁။ ကိုယ်ခံစွမ်းအားစနစ်ကို ပိုမိုအားကောင်းလာစေခြင်း

လေးညှင်းပွင့်ဟာ ရောဂါကူးစက်မှုနှုန်းကို လျှော့ချပေးတဲ့အပြင် ခန္ဓာကိုယ်အတွင်း သွေးဖြူဥ ဆဲလ်ပမာဏကို တိုးမြှင့်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် ကိုးခံစွမ်းအားစနစ်အတွက် အကောင်းဆုံး အစားအစာတစ်ခုဖြစ်သလို အဆိုပါ လေးညှင်းမှာ ဗီတာမင် C ပမာဏတွေ များစွာ ပါဝင်ပါဝယ်။

၂။ အစာခြေဖျက်မှုနှုန်း တိုးတက်ကောင်းမွန်စေခြင်း

လေးညှင်းပွင့်ဟာ အစာခြေကိစ္စရပ်များ လွယ်ကူစွာ အဆင်ပြေစေဖို့အတွက် အစာခြေဖျက်နိုင်တဲ့ အင်ဇိုင်းဓာတ်တွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ပျို့အန်ခြင်း၊ အော်ကလီဆန်ခြင်းတို့ကို လျော့ချပေးတဲ့အပြင် ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်တားဆီးပေးနိုင်ပါတယ်။ လေးညှင်းပွင့်ကို မှုန့်ကြိတ်ပြီး ပျားရည်နဲ့အတူ စားသုံးပေးပါက ပိုမိုထိရောက်တဲ့ ကျန်မာရေးကောင်းကျိုးတွေကို ရရှိစေမှာဖြစ်ပါတယ်။

၃။ သွားကိုက်ခြင်းကို သက်သာစေခြင်း

သွားကိုက်တဲ့အခါ လေးညှင်းပွင့်ကို ငုံထားရင် သက်သာတယ်ဆိုတာ လူတိုင်းနီးပါသိပြီးကြမှာဖြစ်ပါတယ်။ လေးညှင်းပွင့်ရဲ့ ပင်ကိုယ်ရနံ့ဟာ ထုံဆေးသတ္တိတွေပါဝင်တာကြောင့် သွားကိုက်၊ သွားနာလို့ ဆရာဝန်ထံသွားမပြခင်အချိန် သက်သာစေဖို့အတွက်လေးညှင်းကို ငုံထားပေးလိုက်ပါ။ အချိန်တိုအတွင်းမှာ သွားတိုက်၊ သွားနာတာကို ထိရောက်စွာ ဖယ်ရှားပေးနိုင်ပါတယ်။

၄။ အသည်းကို တိုးတက်ကောင်းမွန်စေခြင်း

ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ ဇဝကမ္မဖြစ်စဥ်တွေနဲ့ အဆိပ်ဖြေဖို့အတွက် လေးညှင်းပွင့်ကို အသုံးပြုနိုင်သလို လေးညှင်းထဲမှာပါတဲ့ Eugenol ဟာ အသည်း function တွေကို ပိုမိုတိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

၅။ ရောင်ရမ်းမှုနဲ့ နာကျင်မှုကို လျော့ချပေးခြင်း

လေးညှင်းထဲမှာပါဝင်တဲ့ Eugenol ဂုဏ်သတ္တိဟာ အကိုက်အခဲပျောက်ခြင်းနဲ့ ဖူးရောင်ခြင်းတို့ကို လျော့နည်းစေပါတယ်။ ခေါင်းကိုက်တဲ့အခါ လေးညှင်းပွင့် အနံ့ကို ရှူပေးခြင်း/ စားပေးခြင်းဖြင့် အသုံးပြုနိုင်သလို နို့တစ်ခွက်ထဲကို လေးညှင်းအမှုန့်နဲ့ ဆားအနည်းငယ် ရောထည့်ပြီးလည်း သောက်သုံးပေး နိုင်ပါတယ်။ ဒါအပြင့် လေးညှင်းမှုန့်နဲ့ အုန်းဆီကို ရောနှောကာ ခေါင်းကိုက်တဲ့နေရာကို သုတ်လိမ်းပြီး နှိပ်နယ်ပေးခြင်းဖြင့်လည်း ခေါင်းကိုက်တာရောင်ရမ်းတာကို ပျောက်ကင်းစေနိုင်ပါတယ်။

၆။ အရိုးအဆစ်တွေ ကောင်းမွန်စေခြင်း

လေးညှင်းပွင့်မှာ Flavonoids, Manganese နဲ့ engenol ဓာတ်တို့ပါဝင်ပြီး အဆိုပါ ဓာတ်တွေဟာ အရိုးသိပ်သည်းဆကို ပိုမိုးတိုးပွားစေပါတယ်။ ဒါ့အပြင် အရိုးရှိတစ်သျှူးတွေ ဖန်တီးမှုမှာ ပါဝင်ပတ်သတ်နေကြပြီး အရိုးအဆစ်အတွက် ကျန်းမာတဲ့ သတ္တုဓာတ်တွေကို ပြောင်းလဲ ပို့ဆောင်ပေးနိုင်ပါတယ်။

၇။ ဘက်တီးရီးယားပိုးမွှများ ဆန့်ကျင်ပေးနိုင်ခြင်း

Buenos Aires တက္ကသိုလ်ရဲ့ လေ့လာမှုတွေအရ လေးညှင်းပွင့်ဟာ ဘက်တီးရီးဟား တော်တော်များများကို တိုက်ထုတ်ပေးနိုင်တဲ့ အစွမ်းတွေရှိတယ်လို့ဆိုပါတယ်။ ဒါကြောင့် သဘာဝအတိုင်း ခံတွင်းနဲ့ သွားတွေကို သန့်စင်တဲ့နေရာမှာ လေးညှင်းကို အသုံးပြုနိုင်ပါတယ်။
ဒါ့ကြောင့် လေးညှင်းဆီဖြင့် ခံတွင်းသန့်စင်ပေးခြင်းဖြင့် ၂၁ရက်အတွင်း သွားချေးတွေ၊ ခံတွင်းရှိ ဘက်တီးရီယားပိုးမွှားတွေကို ဖယ်ရှားပစ်နိုင်ပြီး သွားဖုံးကျန်းမာရေးကိုလည်း တိုးတက်ကောင်းမွန်လာစေပါတယ်။

၈။ သွေးထဲရှိ သကြားဓာတ်ကို ထိန်းညှိပေးခြင်း

လေးညှင်းပွင့်ကို စားသုံးခြင်းဖြင့် ဆီးချိုရောဂါဖြစ်နိုင်ချေရှိတဲ့ သွေးအတွင်း သကြားဓာတ်မြင့်မားခြင်းကို ထိန်းညှိပေးနိုင်ပါတယ်။ လေးညှင်းဟာ သွေးအတွင်း ပိုလျှံနေတဲ့ သကြားဓာတ်ကို စစ်ထုတ်ပေးပြီး သကြားဓာတ် များ မများကိုစောင့်ရှောက်ပေးနိုင်တဲ့ ဂုဏ်သတ္တိများစွာရှိပါတယ်။

ဆံပင်ပေါင်းတင်ဆေးကို ခေါင်းလျှော်ပြီးမှ သုံးရမှာလား? ခေါင်းမလျှော်ခင်မှာ သုံးရမှာလား?

#Lifestyle_Myanmar

#Thar_Nage

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here