သင်မသိသောရေခဲကုထုံးရဲ့ အံသြဖွယ်အကျိုးကျေးဇူး ၇ ချက်

0
81

ဟေး “သင့်ရဲ့မျက်နှာသည်သင်၏ကံကြမ္မာဖြစ်သည် ” ဆိုတဲ့ဖော်ပြချက်ကိုသင်ထောက်ခံချင်မှထောက်ခံမှာမလား၊ သို့ သော် သင့်အသားအရေကိုကျန်းမာသန်စွမ်းစေရန်အတွက် ကျွန်တော်တို့ရဲ့ရေခဲကုထုံးဆိုတဲ့အလွန်ရိုးရှင်းသောနည်းလမ်းကိုရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်တဲ့အတွက်စိတ်အေးအေးနှင့်ကုထုံးဆိုင်ရာအကျိုးသက်ရောက်မှုကိုသင်ရရှိခံစားမယ်လို့မျှော်လင့်ပါတယ်။

-Advertisement-

အိမ်တွင်း cryotherapy လုပ်ရန်သင်လိုအပ်သမျှမှာရေခဲသေတ္တာထဲမှာခွက်နဲ့အအေးခံထားတဲ့ရေခဲတုံးများပဲဖြစ်ပါတယ်။ green teaရေခဲတုံး၊ သခွားသီးရေခဲတုံး စသည်ဖြင့်တီထွင်ဖန်တီးပြုလုပ်နိုင်ပါတယ်။

ရေခဲကုထုံးအကြောင်းသင်သိသင့်တဲ့အရာ

ရေခဲကုထုံးလုပ်ဖို့ ပထမဦးဆုံး သင်လုပ်ရမှာက မျက်နာကိုသန့်ရှင်းစင်ကြယ်သွားအောင်သစ်ဖို့ပါပဲ။ စင်ကြယ်သောမျက် နှာပေါ်မှာ ရေခဲကုထုံးကို အသုံးပြုရမှာပါ။ ရေခဲတုံးလေးတွေကိုကိုင်ဖို့ လက်အိတ်များကို၀တ်ဆင်ပါ။ ဒါကသင့်လက်တွေအရမ်းအေးတာနဲ့မျက်နှာကိုလည်းသန့်ရှင်းစေမှာပါ။

ရေခဲတုံးလေးတွေနဲ့သင့်မျက်နှာကို နှိပ်နယ်ပွတ်သပ်ပေးတဲ့အခါ ရေခဲတုံးကိုပလတ်စတစ် ဒါမှမဟုတ် အ၀တ်ပါးပါးလေးနဲ့အုပ်ပေးထားဖို့လိုပါတယ်။ ရေခဲတုံးကိုတိုက်ရိုက်မသုံးပါနဲ့။

မျက်လုံးတစ်၀ိုက်က ရောင်ရမ်းမှုတွေလျော့သွားအောင်နဲ့၀က်ခြံတွေနဲပါးသွားအောင်ရေခဲတုံးလေးတွေကို တိုက်ရိုက်သုံးလို့ရပါတယ်။ အရေပြားလောင်ကျွမ်းသွားမှာစိုးလို့ ရေခဲတုံးတွေကို ဘယ်တော့မှတစ်နာရီထက်ပိုမသုံးပါနဲ့။

ဒီရေခဲတုံးတွေကို အကျိုးနစ်ဆရှိသွားအောင် သခွားသီး၊ လက်ဖက်စိမ်း၊ မြင်းခွာရွက် ဒါမှမဟုတ် ကြက်သွန်ဖြူစတဲ့အရာတွေနဲ့လည်းရေခဲတုံးလေးတွေပြုလုပ်လို့ရပါတယ်။ရေခဲက ရောင်ရမ်းတာတွေကအတွက် အရမ်းကောင်းပါတယ်။

ချောမွေ့သောအသားအရေကိုရယူပါ

ညနေတိုင်းသို့မဟုတ်အိပ်ရာမဝင်ခင်ခုပြောမယ့်အရာကိုကြိုးစားကြည့်ပါ

သင့်ရဲ့မျက်နှာကိုဆေးကြောသန့်စင်ပြီးပလတ်စတစ်အိတ်ကိုရေခဲနှင့်ဖြည့်ပါ။ သင်၏မျက်နှာနှင့်လည်ပင်းနေရာကို ၃ မိနစ်ခန့်ညင်သာစွာနှိပ်နယ်ပေးပါ။ ရက်အနည်းငယ်အတွင်းသင်သိသာသည့်ရလဒ်များရရှိလိမ့်မည်။

သင်၏အသားအရေသည်လတ်ဆတ်ပြီးချောမွေ့လာလိမ့်မည်။ Ice ကုထုံးသည်အရေးအကြောင်းများကိုကာကွယ်ပေးပြီးသင့်ကိုပိုမိုကောင်းမွန်စွာအိပ်စက်နိုင်အောင်ကူညီသည်။

ဝက်ခြံတွေကိုဖယ်ရှားပစ်ပါ

ရေခဲကုထုံးက ဝက်ခြံပြဿနာများကိုတိုက်ခိုက်ရန်အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ သင့်မျက်နှာကိုဆေးကြောသန့်စင် ပြီးပျော့ပျောင်းသောအ၀တ်သို့မဟုတ်လက်ကိုင်ပုဝါဖြင့်ရေခဲတုံးကိုထုပ်ပြီးဝက်ခြံကို ၃ မိနစ်မှ ၅ မိနစ်အထိညင်သာစွာဖိပါ။ ရလဒ်ကသင့်ကိုအံ့အားသင့်စေလိမ့်မယ်။

အရေးအကြောင်းများကိုလျှော့ချပါ

ရေခဲက သင့်ရဲ့ သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီးအချိန်မတန်မီအိုမင်းခြင်းနဲ့အရေးအကြောင်းတွေကိုကာကွယ်ပေးပါတယ်။ မိတ်ကပ်မလိမ်းမီနေ့တိုင်းသင့်ရဲ့မျက်နှာကိုတစ်မိနစ်ခန့်အနှိပ်ခံနိုင်ပါတယ်။

အပေါက်တွေကိုတိုက်ထုတ်ပါ

သင့်ရဲ့မျက်နှာပေါ်မှာ ရေခဲကို ၂ မိနစ်သို့မဟုတ် ၃ မိနစ်ခန့်ကပ်ပေးပါ။ ဒါကိုနေ့တိုင်းဇွဲရှိရှိလုပ်သွားမယ်ဆိုရင် သင့်မျက် နှာပြင်ပေါ်က ၀က်ခြံကြောင့်ဖြစ်တဲ့အပေါက်တွေ ရက်အနည်းငယ်အတွင်းကျုံ့သွားတာသတိပြုမိပါလိမ့်မယ်။

သင့်မျက်လုံးကရောင်ရမ်းတာတွေ

သင်တစ်ညလုံးညည်းတွားငိုကြွေးနေတဲ့မျက်လုံးတွေနဲ့နိုးလာတာလား။ သင့်ရဲ့မျက်လုံးရောင်ရမ်းရတဲ့အကြောင်းရင်းများစွာရှိမှာပါ။ သို့သော် ဒါကို စိတ်မပူပါနဲ့။ ရေခဲကယ်ဆယ်ရေးရှိပါတယ်။ ရေခဲတုံး ၂လုံးကိုအဝတ်စနဲ့ပတ်ပြီး ရောင်ရမ်းနေတဲ့နေရာတ၀ိုက်ကို စက်၀ိုင်းပုံနူးညံသိမ်မွေ့စွာပွတ်သပ်ပေးပါ။ မျက်လုံးတွေကိုတော့ ပိတ်ထားပေါ့။

ဗိုက်အဆီတိုက်ခြင်း

ပရော်ဖက်ရှင်နယ် cryotherapy session တစ်ခုခုကိုမတတ်နိုင်လျှင် ဒီမှာသင်အိမ်မှာလုပ်ဖို့ကြိုးစားလို့ရပါတယ်။ သင့်ရဲ့ဝမ်းဗိုက်ပေါ်မှာ ရေခဲတုံးကို ၁၅ မိနစ်ထားပါ။ ၎င်းကို ၃ မိနစ်ကြာရင်တစ်ခါဖယ်ရှားပါ။ အများဆုံးတစ်နာရီ (max) အတွက်ပြန်လုပ်ပါ။

မြင်းခွာလက်ဖက်ရည်၊ လက်ဖက်စိမ်း၊ ကော်ဖီနှင့်ဆေးဝါးတို့ပါသောရေခဲပြားများကိုသင်အသုံးပြုနိုင်ပါတယ်။ ရေခဲသည်အဖြူရောင်ဆဲလ်များကိုအညိုရောင်အဆီဆဲလ်များအဖြစ်သို့ပြောင်းလဲပေးပါတယ်။

ဒါက ဇီဝဖြစ်စဉ်များအလျင်အမြန်လောင်ကျွမ်းစေနိုင်ပါတယ်။ သို့သော်သတိရပါ – ဤလှည့်ကွက်များသည်ကျန်းမာသောအစားအစာနှင့်ပုံမှန်လေ့ကျင့်ခန်းများပေါင်းစပ်လျှင်အကောင်းဆုံးရလဒ်များကိုရရှိစေပါတယ်။

#Lifestyle_Myanamar

#Mg_Htet

REF_Brightside

LEAVE A REPLY

Please enter your comment!
Please enter your name here