အောင်မြင်မှုကြီးကြီးမားမားရရှိထားသူတွေတိုင်းက ဒီနေရာကို ရောက်လာဖို့ ဘယ်သူကမှ လွယ်လွယ်ကူကူရောက်လာကြတာမဟုတ်ပါဘူး။ အောင်မြင်သူတစ်ဦး (သို့) ဘဝမှာ အောင်မြင်သော လူတစ်ဦးကို ကြည့်ပြီး သင်အမြဲတမ်းစဉ်းစားမယ်စကားလုံးက ”ငါလဲ ဒီလိုဖြစ်ရင် ကောင်းမှာပဲ” လို့ပေါ့။ သို့ပေမယ့် အောင်မြင်သူတွေရဲ့ ရုန်းကန်မှုတွေကို သင်ကောင်းကောင်းမသိသေးပါဘူး။ အောင်မြင်သူတွေဟာ ၎င်းတို့လိုချင်တဲ့အရာမှန်သမျှကို ရရှိစေဖို့ကူညီပေးနေတဲ့ ထူးခြားသော လက္ခဏာများစွာရှိပါတယ်။ ဒီအရာတွေက ကံချည်းသက်သက်အပေါ်မှာ အခြေခံတာမဟုတ်ပါဘူး။ သင်သာ သူတို့ကို အနီးကပ်ကြည့်မယ်ဆိုရင် သူတို့ကိုယ်တိုင်မှာ ရှိတတ်တဲ့ ဒီလိုကောင်းမွန်ပြီး အပြုသဘောဆောင်တဲ့လက္ခဏာတွေကိုလည်း တွေ့ရပါလိမ့်မယ်။
၁။ လက်တွေ့လုပ်ဆောင်ခြင်း

တစ်ခုခုမှာ အောင်မြင်လိုသူတွေက အမြဲတမ်း၎င်းတစ်ခုခုအပေါ် ဦးစားပေးလုပ်ဆောင်ကြပါတယ်။ သူတို့ဟာ အလုပ်လုပ်ဖို့ လိုတယ်လို့ ခံစားရတဲ့အခါ မေးခွန်းတွေအများကြီးမေးမနေဘဲ အလုပ်ကို အချိန်မီပြီးအောင်အထိ သေချာလုပ်လေ့ရှိကြပါတယ်။
ရလဒ်ကိုလည်း ကြိုတွေးထားလေ့ရှိပြီး ဖြစ်နိင်ခြေတွေကို ကြိုတင်တွက်ဆပြီး လုပ်လေ့ရှိသူတွေပါ။ သူတို့တွေလည်း အမြဲတမ်းမှန်ကန်နေတာမဟုတ်ဘဲ တစ်ခါတလေအမှားတွေကိုလည်း ကြုံတွေ့ကြရပါတယ်။ သို့ပေမယ့် ရပ်တန့်မနေဘဲ ဖြည်းဖြည်းချင်းပြန်ထပြီး ရှေ့ဆက်ကြပါတယ်။
၂။ အကောင်းမြင်တတ်ခြင်း

အကောင်းမြင်ဝါဒဟာ ကမ္ဘာကြီးကို ဘယ်လိုရှုမြင်တယ်ဆိုတာနဲ့ သက်ဆိုင်ပါတယ်။ အောင်မြင်သူတွေအတွက် အကောင်းမြင်ခြင်းဆိုတာ သဘာဝကျပါတယ်။ သူတို့ဟာ ကောင်းတာတွေပဲလုပ်ကြပြီး ကောင်းမွန်တဲ့ vibe တွေကိုပဲ ပြန်ပေးပါတယ်။ အကောင်းမြင်သဘောထားရှိခြင်းက လူတိုင်း မိမိတို့ရဲ့ ပန်းတိုင်တွေကို ပြည့်မီဖို့ လိုအပ်ပြီး ပိုမိုကောင်းမွန်သော အတွေးအခေါ်တွေကို ရရှိစေပါတယ်။
လူတစ်ယောက်က အမြဲအဆိုးမြင်နေရင် တတ်နိုင်သမျှအားလုံးကို ရရှိဖို့ ခက်ခဲပါလိမ့်မယ်။ ဘဝနှင့် ပတ်သက်သော အရာတွေကို အကောင်းမြင်ထားမှသာ ဘဝမှာ အောင်မြင်ဖို့ အဆင်ပြေပါလိမ့်မယ်။
၃။ အစီအစဉ်

အောင်မြင်သူတွေဟာ ရေရှည်ရည်မှန်းချက်တွေအတွက် အစီအစဉ်တစ်ခုကို ဖန်တီးပြီး ၎င်းအပေါ်မှာာလည်း ဂရုစိုက်ကြပါတယ်။ အထူးသဖြင့် ဒီလိုအစီအစဉ်ရှိခြင်းက အနာဂတ်ခရီးကို မြန်မြန်သွားနိုင်တာကို တွေ့ရပါလိမ့်မယ်။ အောင်မြင်မှုကို ပုံဖော်တဲ့နေရာမှာ ပိုပြီးလည်း လွယ်ကူပါလိမ့်မယ်။ ရှင်းလင်းပြတ်သားမှုနှင့် အာရုံစူးစိုက်မှုတွေက သင်လုပ်နေတဲ့အရာတွေနဲ့ အောင်မြင်မှုဆီကို ဦးတည်လုပ်ဆောင်နေခြင်းဖြစ်တယ်ဆိုတာ သင်မြင်ယောင်ကြည့်နိုင်ပါတယ်။
၄။ ပြောင်းလွယ်ပြင်လွယ်ရှိခြင်း

ဒီနေ့ခေတ်ကာလဟာ ကျော်ကြားဖို့ အင်မတန်လွယ်ကူတဲ့ကာလဖြစ်တာကြောင့် အပြောင်းအလဲအမျိုးမျိုးအတွက် ပွင့်လင်းမြင်သာပြီး ပြောင်းလွယ်ပြင်လွယ်ရှိရပါမယ်။ ဘဝဟာ ထင်သလောက်မရိုးရှင်းဘဲ ပြောင်းလဲမှုများစွာကို တွေ့ကြုံခံစားရပါလိမ့်မယ်။ ဒါ့အပြင် မြင့်မားသောအောင်မြင်မှုကို ပိုင်ဆိုင်ထားသူတွေက ဘယ်လိုပတ်ဝန်းကျင်နှင့်မဆို လိုက်လျောညီထွေဖြစ်အောင် ပြောင်းလွယ်ပြင်လွယ်ကြပါတယ်။
ဒီလိုပြုလုပ်ခြင်းက သင့်ရဲ့ အောင်မြင်မှုကို အခြေအနေတိုင်းမှာ အတတ်နိုင်ဆုံးအောင်မြင်စွာလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
၅။ အခွင့်အလမ်းရှာဖွေသူ

အဆင်မပြေတဲ့လူတစ်ယောက်ဟာ ပိုအဆင်ပြေတဲ့အခြေအနေတစ်ခုကို ရောက်သွားတယ်ဆိုရင် ဒါဟာ အခွင့်အရေးကို ကောင်းကောင်းဆုပ်ကိုင်နိုင်သူတွေလို့ ဆိုရမှာပါ။ ကမ္ဘာကြီးက သင့်အတွက်ကမ်းလှမ်းထားတာတွေကို လျှော့မတွက်ပါနဲ့။ အခွင့်အခမ်းအမျိုးမျိုးကို ရယူဖို့ စိတ်အားထက်သန်ပါ။ ၎င်းတို့ဟာ သင့်အတွက် ဘယ်လိုအကျိုးပြုနိုင်တယ်ဆိုတာ သင်လုံးဝမသိတာကြောင့်ဖြစ်ပါတယ်။ အောင်မြင်သူတွေဟာ သူတို့ကိုယ်သူတို့အသစ်တွေနဲ့ ပိုမိုကောင်းမွန်သော အခွင့်အလမ်းတွေကို အမြဲတမ်းရှာဖွေနေကြပြီး အခွင့်အလမ်းတွေရဲ့ ဦးဆောင်မှုကို သင်လိုက်နာဖို့ လိုအပ်ပါတယ်။
၆။ တစ်ခြားလူတွေနဲ့ နှိုင်းယှဉ်မှုမရှိခြင်း

ရည်မှန်းချက်ပန်းတိုင်သို့ သွားရာလမ်းကြောင်းမှာ မိမိကိုယ်ကိုယ်တစ်ခြားလူတွေနဲ့ မနှိုင်းယှဉ်တာက အကောင်ဆုံးပါပဲ။ ဒီလိုလုပ်ခြင်းက မိမိကိုယ်ကိုယ် စိတ်ခွန်အားပေးရာမရောက်ဘဲ ကိုယ့်ကိုယ်ကိုယ်နှိမ်နေသလို ဖြစ်ပါလိမ့်မယ်။ သင့်အရည်အချင်းဟာ မပြည့်မှီသလို ခံစားရပြီး ဘယ်တော့မှ မလုံလောက်တော့မလို ထင်မိပါလိမ့်မယ်။
တစ်ခြားလူတွေရဲ့ အောင်မြင်မှုတွေနဲ့ မယှဉ်ပြိုင်ဘဲ သင့်တိုးတက်မှုကို အာရုံစိုက်ပါ။ အောင်မြင်သူတွေဟာ မိမိတို့ရဲ့ လက်ရှိဗားရှင်းနှင့် အရင်က ဗားရှင်းကိုသာ နှိုင်းယှဉ်လေ့ရှိကြသူတွေပါ။
၇။ စည်းကမ်းထားခြင်း

အောင်မြင်သူတိုင်းနီးပါးအာရုံစိုက်ကြပြီး လူတိုင်းအတွက်မရှိမဖြစ်လိုအပ်သောအရာက မိမိကိုယ်ကိုယ်ဆုံးမခြင်းဖြစ်ပါတယ်။ အောင်မြင်ဖို့အတွက် စည်းကမ်းရှိခြင်းနှင့် အပျော်ရှာခြင်းက မျှတနေသင့်ပါတယ်။ ကိုယ့်ရဲ့ နေ့စဉ်လုပ်ရိုးလုပ်စဉ်ကို သတ်မှတ်ပြီး အဓိပ္ပာယ်မဲ့လုပ်ဆောင်မှုတွေအတွက် အချိန်မဖြုန်းပါနဲ့။ ဒီလိုမဟုတ်ရင် ဘဝဟာ ပိုရှုပ်ထွေးနိုင်ပါတယ်။
၈။ သင်ယူလိုစိတ် ပြင်းပြခြင်း

သင်ယူခြင်းဟာ မြင့်မားသောအောင်မြင်သူတွေအတွက် အမြဲတမ်းလိုချင်သော ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ၎င်းတို့က အသစ်သောအရာတွေကို သင်ယူခြင်းအတွက် ဘယ်တော့မှငြင်းပယ်မှာမဟုတ်ပါဘူး။ ထက်မြက်သောလူတစ်ဦးအဖြစ် ရှင်သန်လာစေဖို့နှင့် မတူညီသော ကျွမ်းကျင်မှုတွေရရှိလာဖို့ ကူညီပေးမယ်လို့ စဉ်းစားခြင်းဖြစ်ပါတယ်။
သင်ယူခြင်းဟာ သူတို့ရဲ့ အတွေးအမြင်တွေကို ချဲ့ထွင်လိုသူတိုင်းအတွက် အကျိုးရှိသောအရာဖြစ်ပါတယ်။ သင့်ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့လည်း အာရုံစိုက်စေနိုင်ပါတယ်။
Lifestyle_Myanmar
Nyein_Thu
ref-themindjournal