သင်မလိုအပ်တဲ့ ပစ္စည်းပစ္စယတွေကို ဝယ်မိစေအောင် စတိုးဆိုင်တွေမှာ သုံးလေ့ရှိတဲ့ အရောင်းလှည့်ကွက် (၁၀)ခု

0
515
- Advertisement -

လူအများစုက အဝတ်အစားနဲ့ တခြားပစ္စည်းပစ္စယတွေကို စျေးနှုန်းချိုသာစွာဖြင့် အရောင်းအဝယ် လုပ်လိုတဲ့အခါ လျှော့စျေးကို စောင့်လေ့ရှိကြပါတယ်။ အထူးလျှော့စျေးနဲ့ ရောင်းပြီဆိုရင် ပြေးဝယ်တတ်ကြပါတယ်။ သို့သော် ဘယ်စီးပွားရေးလုပ်ငန်းမဆို အဓိကရည်မှန်းချက်က အမြတ်အစွန်းဖြစ်တာကို မေ့နေတတ်ကြပါတယ်။ စတိုးဆိုင်တွေက သူတို့ကုန်ပစ္စည်းတွေကို အရှုံးခံပြီး အမြဲတမ်းရောင်းပေးမှာ မဟုတ်ကြောင်း ကျွန်တော်တို့ သတိမရကြပါဘူး။ ဆိုင်အတော်များများမှာ သူတို့ရဲ့ ပစ္စည်းတွေကို လူတွေ ဝယ်ချင်လာအောင် ဆွဲဆောင်နိုင်တဲ့ မာကတ်တင်းမျိုးတွေ ရှိပါတယ်။ ဒဒီနေ့မှာ ကာစတန်မာတွေ လိုလို/မလိုလို ဝယ်ချင်လာအောင် ကျွမ်းကျင်စျေးကွက်သမားတွေ အသုံးပြုတဲ့ လှည့်ကွက် (၁၀)ခုကို မျှဝေပေးလိုက်ပါတယ်။

-Advertisement-

၁။ စတိုးဆိုင်ထဲကို ဝင်ချင်လာအောင် ဒီဇိုင်းဆွဲထားလေ့ရှိပါတယ်

စျေးကွက်ရှာသူတစ်ယောက်ရဲ့ တာဝန်က ဆိုင်ရှေ့ဖြတ်သွားတဲ့သူတစ်ယောက်ဟာ မြင်ပြီး လိုချင်သော စိတ်ဆန္ဒကို ဖွဲ့စည်းဖို့ဖြစ်ပါတယ်။ အလွန် စပ်စုချင်တဲ့ လှည့်ကွက်ကို သုံးလိုက်တာဖြစ်ပါတယ်။

Special design – brand ပစ္စည်းမျိုးပဲ ရောင်းတဲ့ premium-segment ဆိုင်တွေရဲ့ ပြတင်းပေါက်တွေဟာ အရောင်းရာသီကာလအတွင်းမှာ အသင့်အတင့် အလှဆင်ထားသော်လည်း Mass market လို အလယ်အလတ်လူတန်းစားတွေ ဝယ်နိုင်တဲ့ ဆိုင်မျိုးတွေက လှည့်ကွက်တွေ သုံးဖို့ မကြောက်ကြပါဘူး။ သူတို့ရဲ့ ပြတင်းပေါက်တွေက “လာပါ၊ ဒီမှာစျေးအရမ်းသက်သာတယ်” လို့ အော်ခေါ်နေသလိုမျိုးပါပဲ။ Sale ဆိုတဲ့ သင်္ကေတက ဒီလိုဆိုင်မျိုးရဲ့ ပြတင်းပေါက်မှာ မဖြစ်မနေလိုအပ်ပါတယ်။

ဂရပ်ဖစ်အရောင် – များသောအားဖြင့် စျေးကွက်သမားတွေဟာ ဆိုင်အပြင်အဆင်ကို “check လုပ်ထားတဲ့ အရောင်ပေါင်းစပ်မှု” တွေကို သုံးကြပါတယ်။ “ဒီဆိုင်မှာ ပရိုမိုးရှင်းရှိတယ်၊ စျေးတန်နေပြီ”လို့ ဝယ်သူတွေ သတိထားမိအောင် အနီနဲ့ အဖြူရောင်ကို ပေါင်းစပ်ပြီး သုံးကြပါတယ်။ လျှော့မပေးဘဲ တင်းခံလိုတဲ့(သို့) စွန့်စားချင်သူတွေကတော့ လိမ္မော်ရောင်၊ ခရမ်းရောင် (သို့) အပြာနဲ့ အဝါရောင်ကဲ့သို့သော ထူးခြားအရရောင်တဲ့ အရောင်ပေါင်းစပ်မှုကို သုံးကြပါတယ်။

စျေးနှုန်း – အများအားဖြင့် ပြတင်းပေါက်တွေမှာ စျေးနှုန်းတွေ မချိတ်ထားပါဘူး။ ဝယ်သူက ကုန်ပစ္စည်းရဲ့ ကုန်ကျစရိတ်ကို သူတို့ရဲ့ လစာနဲ့ နှိုင်းယှဉ်လို့မရအောင် လျှော့စျေးရဲ့ ရာခိုင်နှုန်းသာ ချိတ်ထားပါတယ်။ သူတို့ဟာ လှည့်ကွက်တစ်ခုအနေနဲ့ ၄.၉၉ ဒေါ်လာ (သို့) ၉.၉၉ ဒေါ်လာကဲ့သို့သော စျေးနှုန်းအသစ်လို ရေးသားထားပါလိမ့်မယ်။

သေသေချာချာ ရွေးချယ်ထားသော image – စျေးဝယ်သူတွေကို ဝယ်ချင်လာအောင် သုံးတဲ့ လှည့်ကွက်ကတော့ မော်ဒယ်အရုပ်မှာ အဝတ်အစားနဲ့ accessories တွေကို ဖက်ရှင်ကျကျ ပေါင်းစပ် ဝတ်ပြထားခြင်းဖြစ်ပါတယ်။

ပြုံးပျော်နေတဲ့ ကြော်ငြာပိုစတာတွေ – စတိုးဆိုင်တွေရဲ့ ပြတင်းပေါက်တွေမှာ ပြုံးပျော်နေတဲ့လူတွေနဲ့ သရုပ်ဖော်ထားတဲ့ ပိုစတာတွေကို သုံးထားကြပါတယ်။ သူတို့ရဲ့ အပြုံးတွေက ” ငါ့တို့ပစ္စည်းကို ဝယ်ပြီး သူတို့တွေ ပျော်နေကြတယ်၊ မင်းမှာ အဲ့ဒါတွေ မရှိသေးတာကြောင့် မင်းဝမ်းနည်းနေတယ်”လို့ ပြောနေသလိုပါပဲ။

လျှော့စျေးချတဲ့ ရက်အတိုင်းအတာက ၄၅ရက်ဖြစ်ပါတယ်။ ဒါ့ကြောင့် စျေးလျှော့နေတဲ့ ဆိုင်အခင်းအကျင်း မြင်ကွင်းတွေကို မြင်တွေ့ရပြီးရင် အလျှင်စလို မခံစားပါနဲ့၊ သင့်မှာ အချိန်များစွာ ရှိပါတယ်၊ စိတ်ရှည်ပါ။ အထူးလျှော့စျေးစတင်နိင်တဲ့ အချိန်က ယခင်ရောင်းအား ဘယ်လောက်အောင်မြင်တယ်ဆိုတဲ့ အချက်ပေါ် မူတည်ပါတယ်။ ဒီနည်းလမ်းက ဆိုင်အတွက် ပိုပြီးအောင်မြင်လေလေ အထူးလျှော့စျေးလို့ ပြနေတဲ့ ဆိုင်ပြတင်းပေါက်ကို သင်ကြာကြာမြင်ရလေ ဖြစ်ပါလိမ့်မယ်။

လျှော့စျေးများ- လျှော့စျေးရဲ့ အရွယ်အစားက ဝယ်လိုအားပေါ်မှာ မူတည်ပါတယ်။ ဝယ်လိုအားမြင့်ပါက အထူးလျှော့စျေးမရှိတဲ့ အရာကို ဝယ်ဖို့ နည်းလမ်းတစ်မျိုးပဲ ရှိပါတယ်။ ထို့အပြင် ပရိုမိုနှင့် ဒီအပေးအယူများက စွဲလမ်းမှုကို ဖြစ်ပေါ်စေပြီး spoiled buyer တွေဟာ လျှော့စျေးကို စောင့်ဖို့ ရွေးချယ်တာကြောင့် ဝယ်ယူစရာမလိုဘဲ အဝတ်အစားတစ်စုံ ရခြင်းအပေါ် ကြိုးစားလာနိုင်ပါတယ်။

၂၅%- ၃၀ % – ဒီလိုအရောင်းအဝယ်မျိုးက ကုန်ပစ္စည်းအတွက် ဝယ်လိုအားတိုးမြင့်ဖို့ လုပ်ကြတာဖြစ်သလို ရောင်းချမှုရဲ့ အစမှာ ပြုလုပ်ကြတာ ဖြစ်ပါတယ်။ များသောအားဖြင့် ၎င်းတို့ဟာ ရာသီကုန်ပရိုမိုးရှင်းတွေဖြစ်ပြီး စျေးအသက်သာဆုံးကုန်ပစ္စည်းတွေကို စတိုးဆိုင်ရဲ့ နောက်မှာ ထားရှိပါတယ်၊။

၅၀% လျှော့စျေးဟာ ရောင်းအားရဲ့ ဒုတိယအဆင့် ဖြစ်ပါတယ်။ ဧည့်သည်တွေဟာ ရက်ရက်ရောရော ကမ်းလှမ်းမှုကို ခံစားရနိုင်ပြီး စတိုးဆိုင်ထဲကို ဝင်ရောက်နိုင်တာကြောင့် စျေးအသက်သာဆုံးထုတ်ကုန်ကို ဝင်ပေါက်မှာ ထားတတ်ကြပါတယ်။ အထူးလျှော့စျေးက တဖြည်းဖြည်းလျော့နည်းသွားပါလိမ့်မယ်။ များသောအားဖြင့် ဆိုင်တိုင်းက ဒီနည်းလမ်းဖြင့်သာ ရောင်းကြပါတယ်၊ သူတို့က ဝယ်သူတွေကို သူတို့ရဲ့ အမြတ်အစွန်းတွေကို ဝယ်ခြင်းအားဖြင့် အခြားအရာတစ်ခုကို ဝယ်စေမှာပါ။

၇၀ % အထိ လျှော့စျေးဖြင့် collection ကို လျှော့ချခြင်းက ရာသီကုန်ဆုံးတဲ့အခါ ကျန်ပစ္စည်းတွေကို ဖယ်ရှားပစ်ဖို့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ စျေးနှုန်းလျှော့ထားတဲ့ ကုန်ပစ္စည်းတွေကို စတိုးဆိုင် တစ်ဝိုက်မှာ ဖြန့်ထားပြီး အရောင်းနေရာရဲ့ သိသိသာသာ ပမာဏကို ယူထားပါတယ်။

၈၀ %ကျော်လျှော့စျေးက နောက်ဆုံးလျှော့ချခြင်း အဆင့်ဖြစ်ပါတယ်။ “ငါ့ကိုဝယ်ပါ “လို့ငိုပြောနေသလိုပဲ new collection ထဲက ပစ္စည်းအားလုံးကို ဝင်ပေါက်မှာ တွေ့ရမှာဖြစ်ပေမယ့် ဝယ်သူများအနေနဲ့ စျေးတန်တန်နဲ့ ကမ်းလှမ်းမှုတွေကို ရှာဖွေနေစဉ်မှာ ပစ္စည်းအသစ်တွေကို ဂရုပြုနိင်ဖို့အတွက် လက်ဟောင်း ပစ္စည်းတွေကို အရောင်းခန်းမရဲ့ အစွန်ဆုံးသို့ ပြောင်းရွေ့ထားပါလိမ့်မယ်။ ထိုကဲ့သို့သော ကြီးမားတဲ့ အထူးလျှော့စျေးများရဲ့ အမြတ်အစွန်းက အနည်းဆုံးဖြစ်ပြီး ပစ္စည်းအသစ်တွေအတွက် နေရာချဖို့၊ တတ်နိုင်သလောက် ထုတ်ကုန်ဟောင်းတွေကို များများ ရောင်းရဖို့အတွက် အပူတပြင်း ကြိုးပမ်းမှုတစ်ခု ဖြစ်ပါတယ်။

အရည်ပျော်သွားစေတဲ့ အထူးလျှော့စျေးက ဖြစ်နိုင်ခြေရှိသော ဆုံးရှုံးမှုကို ကြောက်လန့်ခြင်းနှင့် ကိုယ့်ဘာသာ ဝယ်ယူတာထက် စိတ်လှုပ်ရှားပြီး ဝယ်စေတဲ့ နည်းလမ်းပေါ် အခြေခံပြီး ငါးစာချခြင်းဖြစ်ပါတယ်။ သူတို့က အောက်ပါနိယာမအတိုင်း အလုပ်လုပ်ပါတယ်။ ပရိုမိုရဲ့ ပထမနေ့မှာ သူတို့ဟာ ၃၀ရာခိုင်နှုန်း လျှော့စျေးပေးပြီး နေ့တိုင်း ပိုလျှော့ချပါတယ်၊ ဝယ်သူရဲ့ လုပ်ဆောင်မှုက ပထမနေ့မှာ မမြင့်တတ်သော်လည်း လျှော့စျေး စအရည်ပျော်လာတဲ့အချိန်မှာ သိသိသာသာ တိုးပွားလာပါတယ်။ နောက်ဆုံးလျှော့ချမှုကို စောင့်လျှင် သူတို့ရဲ့ဆိုဒ် (သို့) လိုချင်တဲ့အရောင်ကို လက်လွတ်ဆုံးရှုံးရနိုင်တယ်လို့ လူတိုင်းက ထင်တာကြောင့် ပစ္စည်းကို ချက်ချင်းဝယ်ကြပါတယ်။ ထိုကဲ့သို့သော ပရိုမိုသက်တမ်းကာလက များသောအားဖြင့် ၂ပတ်ဖြစ်ပါတယ်။

ယနေ့ခေတ်မှာ ကုမ္ပဏီများက လူသိများသော အဆင့်သုံးဆင့် ရောင်းအားစနစ်ကို လိုက်နာတာ ရှားပါးပြီး လက်ရှိအခြေအနေပေါ်မူတည်ပြီး လုပ်ဆောင်ပါတယ်။ ဆိုလိုတာက ၅၀ % လျှော့စျေးနှင့် စတင်ပြီး နောက်ဆုံးဒစ်စကောင့်ကြီးကြီး ပေးစရာမလိုဘဲ ရောင်းချခြင်းကို ပြီးဆုံးစေနိုင်ပါတယ်။ (သို့) အသစ်တစ်ခု စုဆောင်းဖို့အတွက် နေရာလွတ် အမြန်ပေးဖို့ လိုမယ်ဆိုရင် (သို့) ယခင်လျှော့စျေးက မထိရောက်ခဲ့ရင် ၂၀ % ကနေ ၈၀ % အထိ တောက်လျှောက် ခုန်ဆင်းသွားပါလိမ့်မယ်။

သင်မြင်ရတဲ့ ကမ်းလှမ်းမှုက တကယ်ပဲ အကျိုးအမြတ် ရှိ/မရှိ (သို့) စျေးနှုန်းဖောင်းပွမှု ရှိ/မရှိဆိုတာ နားလည်ဖို့ စျေးနှုန်းတွေကို စောင့်ကြည့်ပါ ။ ဒါ့အပြင် လျှော့စျေးနှင့် ဝယ်ယူခြင်းက ချင့်ချင့်ချိန်ချိန် ဖြစ်သင့်တယ်ဆိုတာလည်း သတိပြုပါ။ ပစ္စည်းက သင့်အတွက် တကယ်လိုအပ်လား?၊ မလိုအပ်လားဆိုတာကို နားလည်ဖို့ လိုအပ်ပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-brightside

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here