သင်က ချစ်နေပေမဲ့ သင့်အပေါ် သူငယ်ချင်းတစ်ယောက်ထက် မပိုကြောင်းဖော်ပြနေတဲ့ အချက်အချို့

0
2950
သူငယ်ချင်းတစ်ယောက်ထက် မပိုကြောင်း
သူငယ်ချင်းတစ်ယောက်ထက် မပိုကြောင်း

၁။ သူ့ချစ်သူအကြောင်း ရင်ဖွင့်လေ့ရှိတယ်။

-Advertisement-

သင့်အပေါ် သူငယ်ချင်းတစ်ယောက်ထက် မပိုတဲ့သူတွေဟာ သင့်ရှေ့မှာ သူ့ရဲ့ ချစ်သူအကြောင်းကို အမြဲ ပွင့်ပွင့်လင်းလင်းပြောပြလေ့ရှိပါတယ်။ သူ့ချစ်သူနဲ့ အဆင်ပြေတာပဲဖြစ်ဖြစ်၊ အဆင်မပြေတာပဲဖြစ်ဖြစ် အမြဲလိုလိုသင်နဲ့အတူ တိုင်ပင်လေ့ရှိကြပါတယ်။

၂။ အုပ်စုလိုက်အပြင်သွားတတ်ပါတယ်။

သင့်အပေါ် သူငယ်ချင်းတစ်ယောက်လိုပဲ သတ်မှတ်ထားသူဟာ အပြင်သွားတိုင်း သင်အတူ ၂ယောက်ထဲ သွားတာ ရှားပါတယ်။ တိုက်ဆိုင်မှုရှိလို့ တစ်ခါတလေသွားတာမျိုးလောက်ပဲရှိပြီး ကျန်တဲ့အချိန်အပြင်သွားရင်တော့ သူငယ်ချင်း အုပ်စုလိုက်သွားတတ်ပါတယ်။

၃။ သင့်ရှေ့မှာ ရှက်ကြောက်ခြင်းမရှိဘူး။

သင်အတူရှိတဲ့အချိန်တွေဆို သူ့ဘက်က ရှက်ကြောက်နေခြင်းမျိုးမရှိဘဲ ယောက်ျားလေးအချင်းချင်း ဆက်ဆံသလို ပြောသင့်မပြောသင့်မစဉ်းစားဘဲ ပွင့်ပွင့်လင်းလင်းနဲ့ တဲ့တိုး ပြောဆိုတတ်ကြပါတယ်။ အပြုအမူတွေကအစ သင့်ရှေ့မှာ ရှက်ကြောက်နေမှာမဟုတ်ပါဘူး။ အဆိုးဆုံး သင့်ရှေ့မှာ လေလည်ရင်တောင် သူ့မျက်နှာက ရှက်တဲ့ရုပ်မျိုး ဖြစ်လာမှာမဟုတ်ပါဘူး။

၄။ သင့်ကို အောင်သွယ်လုပ်ပေးတတ်ပါတယ်။

သင့်ကို အောင်သွယ်လုပ်ပေးနေရင်တော့ သေချာပါတယ်။ သူက သင့်အပေါ် သူငယ်ချင်းတစ်ယောက်ထက်မပိုဘူးဆိုတာပါဘဲ။ သင့်ကို သူငယ်ချင်းလိုပဲ သဘောထားသူက သူ့မှာ ချစ်သူရည်းစားရှိနေရင် သင့်ကိုလည်း ချစ်သူရည်းစားရစေချင်ပါတယ်။ ဒါ့ကြောင့် သူကိုယ်တိုင်း သင့်အတွက် ရွေးချယ်ပြီး အောင်သွယ်တော် လုပ်ပေးတတ်ကြပါတယ်။

၅။ သူ့ ချစ်သူနဲ့ သင့်ကို မိတ်ဆက်ပေးပါတယ်။

သင့်အပေါ် သူငယ်ချင်းတစ်ယောက်လိုပဲ သဘောထားသူဟာ သင်နဲ့ သူ့ရဲ့ ချစ်သူကြားမှာ သူ့အပေါ် အထင်လွဲတာမျိုး အဖြစ်မခံနိုင်တဲ့အတွက် သင့်ကို သူ့ရဲ့ ချစ်သူနဲ့ မိတ်ဆက်ပေးတာမျိုး တွေ့ဆုံပေးလိုက်တာမျိုး ပြုလုပ်ပေးတတ်ပါတယ်။

၆။ သင့်အပေါ် အမြဲ ဆေးထိုးလေ့ရှိတယ်။

သင့်ဘက်က သူ့အပေါ် ဘယ်လောက်ပဲ ကောင်းအောင် လုပ်ပေးပေး သင့်ကို အမြဲ ဘေးတီးပြီး ဆေးထိုးလေ့ရှိပါတယ်။ အခြားသူတွေ အားလုံးက သင့်ကို ဒီနေ့ နင်အရမ်းလှတယ်လိုပြောနေပေမဲ့ သင့်အပေါ် သူငယ်ချင်းထက် မပိုတဲ့သူကတော့သင့်ကို လှတယ်လို့ ပြောမှာမဟုတ်ပါဘူး။

#Lifestyle_Myanmar

#Thar_Nage

Relationship ဘဝကနေ လမ်းခွဲပြီး Single ဖြစ်သွားတဲ့အခါ ပြောင်းလဲသွားတဲ့ လူအများစုရဲ့ စိတ်အခြေအနေ

Zawgyi Fonts

သင္က ခ်စ္ေနေပမဲ့ သင့္အေပၚ သူငယ္ခ်င္းတစ္ေယာက္ထက္ မပိုေၾကာင္းေဖာ္ျပေနတဲ့ အခ်က္အခ်ိဳ႕

၁။ သူ႔ခ်စ္သူအေၾကာင္း ရင္ဖြင့္ေလ့ရွိတယ္။
သင့္အေပၚ သူငယ္ခ်င္းတစ္ေယာက္ထက္ မပိုတဲ့သူေတြဟာ သင့္ေရွ႕မွာ သူ႔ရဲ့ ခ်စ္သူအေၾကာင္းကို အျမဲ ပြင့္ပြင့္လင္းလင္းေျပာျပေလ့ရွိပါတယ္။ သူ႔ခ်စ္သူနဲ႔ အဆင္ေျပတာပဲျဖစ္ျဖစ္၊ အဆင္မေျပတာပဲျဖစ္ျဖစ္ အျမဲလိုလိုသင္နဲ႔အတူ တိုင္ပင္ေလ့ရွိၾကပါတယ္။

၂။ အုပ္စုလိုက္အျပင္သြားတတ္ပါတယ္။
သင့္အေပၚ သူငယ္ခ်င္းတစ္ေယာက္လိုပဲ သတ္မွတ္ထားသူဟာ အျပင္သြားတိုင္း သင္အတူ ၂ေယာက္ထဲ သြားတာ ရွားပါတယ္။ တိုက္ဆိုင္မွုရွိလို႔ တစ္ခါတေလသြားတာမ်ိဳးေလာက္ပဲရွိၿပီး က်န္တဲ့အခ်ိန္အျပင္သြားရင္ေတာ့ သူငယ္ခ်င္း အုပ္စုလိုက္သြားတတ္ပါတယ္။

၃။ သင့္ေရွ႕မွာ ရွက္ေၾကာက္ျခင္းမရွိဘူး။
သင္အတူရွိတဲ့အခ်ိန္ေတြဆို သူ႔ဘက္က ရွက္ေၾကာက္ေနျခင္းမ်ိဳးမရွိဘဲ ေယာက္်ားေလးအခ်င္းခ်င္း ဆက္ဆံသလို ေျပာသင့္မေျပာသင့္မစဥ္းစားဘဲ ပြင့္ပြင့္လင္းလင္းနဲ႔ တဲ့တိုး ေျပာဆိုတတ္ၾကပါတယ္။ အျပဳအမူေတြကအစ သင့္ေရွ႕မွာ ရွက္ေၾကာက္ေနမွာမဟုတ္ပါဘူး။ အဆိုးဆုံး သင့္ေရွ႕မွာ ေလလည္ရင္ေတာင္ သူ႔မ်က္ႏွာက ရွက္တဲ့႐ုပ္မ်ိဳး ျဖစ္လာမွာမဟုတ္ပါဘူး။

၄။ သင့္ကို ေအာင္သြယ္လုပ္ေပးတတ္ပါတယ္။
သင့္ကို ေအာင္သြယ္လုပ္ေပးေနရင္ေတာ့ ေသခ်ာပါတယ္။ သူက သင့္အေပၚ သူငယ္ခ်င္းတစ္ေယာက္ထက္မပိုဘူးဆိုတာပါဘဲ။ သင့္ကို သူငယ္ခ်င္းလိုပဲ သေဘာထားသူက သူ႔မွာ ခ်စ္သူရည္းစားရွိေနရင္ သင့္ကိုလည္း ခ်စ္သူရည္းစားရေစခ်င္ပါတယ္။ ဒါ့ေၾကာင့္ သူကိုယ္တိုင္း သင့္အတြက္ ေရြးခ်ယ္ၿပီး ေအာင္သြယ္ေတာ္ လုပ္ေပးတတ္ၾကပါတယ္။

၅။ သူ႔ ခ်စ္သူနဲ႔ သင့္ကို မိတ္ဆက္ေပးပါတယ္။
သင့္အေပၚ သူငယ္ခ်င္းတစ္ေယာက္လိုပဲ သေဘာထားသူဟာ သင္နဲ႔ သူ႔ရဲ့ ခ်စ္သူၾကားမွာ သူ႔အေပၚ အထင္လြဲတာမ်ိဳး အျဖစ္မခံနိုင္တဲ့အတြက္ သင့္ကို သူ႔ရဲ့ ခ်စ္သူနဲ႔ မိတ္ဆက္ေပးတာမ်ိဳး ေတြ႕ဆုံေပးလိုက္တာမ်ိဳး ျပဳလုပ္ေပးတတ္ပါတယ္။

၆။ သင့္အေပၚ အျမဲ ေဆးထိုးေလ့ရွိတယ္။
သင့္ဘက္က သူ႔အေပၚ ဘယ္ေလာက္ပဲ ေကာင္းေအာင္ လုပ္ေပးေပး သင့္ကို အျမဲ ေဘးတီးၿပီး ေဆးထိုးေလ့ရွိပါတယ္။ အျခားသူေတြ အားလုံးက သင့္ကို ဒီေန႔ နင္အရမ္းလွတယ္လိုေျပာေနေပမဲ့ သင့္အေပၚ သူငယ္ခ်င္းထက္ မပိုတဲ့သူကေတာ့သင့္ကို လွတယ္လို႔ ေျပာမွာမဟုတ္ပါဘူး။

LEAVE A REPLY

Please enter your comment!
Please enter your name here