သူငယ်ချင်းတွေကြားမှာပဲဖြစ်ဖြစ် ရည်းစားမရှိရင် Single ၊ FA ဆိုပြီး အနှိမ်ခံရတာတွေရှိပါတယ်။ စနောက်ခံရတာလည်း အမြဲပါပဲ။ တကယ်တော့ Single ဖြစ်နေတဲ့သူတွေဟာ ကြိုက်မယ့်သူမရှိလို့ Single ဖြစ်နေကြတာမဟုတ်ပါဘူး။ သူတို့မှာ အကြောင်းအမျိုးမျိုးရှိပါတယ်။ ဒီတော့ သင်ကိုယ်တိုင်ကော ဘယ်လိုအကြောင်းတွေကြောင့် Single ဖြစ်နေလဲဆိုတာကို ကြည့်လိုက်ရအောင်။
အပူမရှာချင်လို့
Single ဖြစ်နေတဲ့ တချို့သူတွေဟာ ကိုယ့်ကိုလာကြိုက်တဲ့သူမရှိလို့မဟုတ်ပဲ ရည်းစားမထားချင်လို့၊ အပူမရှာပဲ တစ်ယောက်ထဲအေးအေးဆေးဆေးနေချင်လို့ Single လုပ်နေကြတာပါ။ ဒီလိုလူတွေကျတော့ တကယ်အေးချမ်းပါတယ်။ ကိုယ်ကလည်း ကြိုက်နေတဲ့သူမရှိ၊ ဘယ်သူ့ကိုမှလည်း စိတ်မဝင်စားပဲ တစ်ယောက်ထဲပျော်သလိုနေကြတာပါ။ တစ်ယောက်ထဲသုံးပြီး တစ်ယောက်ထဲဘော်ဒါတွေနဲ့ သောက်စားပျော်ပါးတယ်။ အချစ်နဲ့ပတ်သတ်လို့ အပူမရှာချင်တဲ့အတွက် Single ဖြစ်နေကြတဲ့သူတွေပါ။

ရည်းစားဟောင်းကိုမမေ့နိုင်လို့
Single ဖြစ်နေတဲ့ တချို့သူတွေကျတော့လည်း အရင်ကချစ်ခဲ့ဖူးတဲ့သူကိုမမေ့နိုင်လို့၊ ရည်းစားဟောင်းကိုမမေ့နိုင်သေးလို့ အခုချိန်ထိ Single လုပ်နေကြတာပါ။ သူတို့ကိုကျတော့ အချစ်ကြီးပြီးသစ္စာရှိတဲ့သူတွေလို့ ပြောရမယ်။ ကိုယ့်ကို Propose လာလုပ်တဲ့သူတွေကိုတောင် ငြင်းလွှတ်ပြီး အချစ်ဟောင်းကိုပဲမိုက်မိုက်မဲမဲနဲ့ ဆက်ချစ်နေကြတဲ့ Single လေးတွေပါ။

Crush တွေထားနေရလို့
တစ်ချို့ Single လေးတွေကျတော့ Crush ထားကြတယ်။ Crush ကိုပဲကြည့်နေပြီး ကိုယ့်နားမှာရှိတဲ့တခြားသူတွေကို မမြင်တော့ဘူး။ ဒီလိုနဲ့ Crush ကလည်းရည်းစားရသွားရော ကိုယ်ကကျန်ခဲ့တော့တာပေါ့။ အဲ့ Crush ကိုမမေ့နိုင်တဲ့စိတ်နဲ့ပဲ Single ဖြစ်နေရပြန်ရော။ Crush နောက်တစ်ယောက်ထပ်တွေ့ပြန်တော့လည်း ဒီလိုပဲစောင့်နေပြီး Crush ကရည်းစားရသွားတော့ ကျန်ခဲ့တာနဲ့ပဲ တဝဲလည်လည်နဲ့ Single ဖြစ်နေရတာပါ။

အရွေးလွန်နေလို့
Single ဖြစ်နေတဲ့သူ နောက်တစ်မျိုးကျတော့ အရွေးလွန်နေလို့ကို Single ဖြစ်နေတာပါ။ ကိုယ့်ကိုမကြိုက်တဲ့သူ မရှိတာလည်းမဟုတ်ဘူး။ လာကြိုက်သမျှသူတွေကိုလည်း ဇီဇာတွေကြောင်၊ ချေးတွေများပြီး ရွေးလွန်းလို့ တစ်ယောက်ထဲပဲနေနေရတာပါ။ တစ်ယောက်လာလည်း သဘောမကျ ဇီဇာကြောင်၊ နောက်တစ်ယောက်လာလဲ သဘောမကျလို့ငြင်းလွှတ်တော့ တစ်ယောက်ထဲပဲ Single ဘဝနဲ့နေရတာ မဆန်းပါဘူး။

Lifestyle_Myanmar
ref-bestlifeonline