လက္ဖေႏွာင့္ နီျမန္းျခင္း
လက္ဖေႏွာင့္ေနရာတစ္ဝိႈက္မွာ အနီေရာင္သမ္းေနျခင္းဟာ အသက္ ၅၀ ဝန္းက်န္သူေတြအတြက္ေတာ့ အသည္းပုံမွန္မဟုတ္ေၾကာင္းျပသေနတဲ့ လကၡဏာတစ္ခုပဲျဖစ္ပါတယ္။ ပုံမွန္အားျဖင့္ ေသြးေၾကာခ်ဲ႕ျခင္းျဖစ္ေပၚေစတဲ့ ေဟာ္မုန္းမွ်တမႈမရွိရင္လည္း ပုံမွာျပထားတဲ့လက္ဖဝါးေနရာတစ္ဝိႈက္မွာ နီျမန္းျခင္းကို ျဖစ္ေပၚေစပါတယ္။ အဆစ္ေရာင္ရမ္းတဲ့အခါမွာလည္း လက္ဖေႏွာင့္ေနရာ တစ္ဝိႈက္နီျမန္းျခင္းကို ျဖစ္ေပၚေစႏိုင္ပါတယ္။ သင့္အေနနဲ႔ ဒီလိုလကၡဏာဟာ ခဏခဏဆိုသလိုျဖစ္ေပၚေလ့ရွိတယ္ဆိုရင္ ေဆးဘက္ဆိုင္ရာ အႀကံေပးခ်က္ေတြကို လိုက္နာသင့္ၿပီး က်န္းမာေရအတြက္ေကာင္းမြန္တဲ့အစားအစာနဲ႔ အရက္ေသစာ ေသာက္စားမႈ႔ကို ေလ်ာ့ခ်ဖို႔ ႀကိဳးစားပါ။
လက္ဖဝါး ေခၽြးထြက္ျခင္း
လက္ဖဝါး ေခၽြးထြက္ျခင္းဟာ အလြန္အကၽြံေခၽြးထြက္လြန္ျခင္း၊ စိတ္ဖိစီးမႈမ်ားျခင္း၊ လည္ေခ်ာင္ေနရာမွာရွိတဲ့ သိုင္းရြိဳင္ ပိုအလုပ္လုပ္ျခင္း စတဲ့ျပႆနာေတြ ျဖစ္ေပၚတတ္ပါတယ္။ အရက္ေသစာေသာက္စားမႈ႕ကိုကန္႔သတ္ၿပီး စိတ္ဖိစီးမႈမရွိေအာင္ ေနထိုင္ဖုိ႔လိုအပ္ပါတယ္။
လက္ဖဝါးအသားအေရ ေျခာက္ေသြ႕ျခင္း
သင့္လက္ဖဝါးအသားအေရဟာ စိုေျပမႈမရွိဘဲ ေျခာက္ေသြ႕ၿပီး အသားအေရခမ္းေျခာက္ျခင္းျဖစ္ေပၚေနျခင္းဟာ ေသြးဆုံးေနတဲ့ အမ်ိဳးသမီးေတြအတြက္ေတာ့ ေရဓာတ္ခန္းေျခာက္ျခင္းနဲ႔ အီစထိုဂ်င္ခ်ိဳ႕တဲ့ျခင္းကိုျဖစ္ေပၚေစပါတယ္။ ေရဓာတ္လုံလုံေလာက္ေလာက္ရရွိဖို႔လိုအပ္ၿပီး အသားအေရ စိုေျပေစဖို႔အတြက္ ခရမ္င္လိမ္းေဆးတစ္ခုခုကို အသုံးျပဳေပးပါ။ ဒါ့အျပင္ အီစထိုဂ်င္ဓာတ္ကို ထိန္းခ်ဳပ္ဖို႔အတြက္ အဆီရွိတဲ့ငါး၊ အေစ့မ်ား၊ အခြံမာသီမ်ား စတဲ့ အစားအစာမ်ိဳးကို ေရြးခ်ယ္စားသုံးသင့္ပါတယ္။
လက္တုန္ျခင္း
လက္တုန္ျခင္းျဖစ္တဲ့အေျခအေနဟာ မ်ားေသာအားျဖင့္ ပါကင္ဆန္ေရာဂါျဖစ္ဖို႔အတြက္ နိမိတ္လကၡဏာတစ္ရပ္လို႔ လူသိမ်ားပါတယ္။ ဒီလိုအေျခအေနမ်ိဳးမွာ ဆရာထံသြားေရာက္ေဆြးေႏြးသင့္ၿပီး ေကာ္ဖီနဲ႔ အရက္ေသာက္သုံးမႈကိုေရွာင္ရွားဖို႔လိုအပ္ပါတယ္။ ဒါ့အျပင္ စိုးရိမ္စိတ္နဲ႔ စိတ္ဖိစီးမႈမ်ားကို ေလ်ာ့ခ်ဖို႔လိုအပ္ပါတယ္။
လက္သည္းအားနည္းျခင္း/ က်ိဳးလြယ္ ပဲ့လြယ္ျခင္း
လက္သည္းဟာ သာမန္လို မဟုတ္ဘဲ အက်ိဳးအပဲ့လြယ္ျခင္းဟာ ဇင့္ဓာတ္ခ်ိဳ႕တဲ့ တဲ့လကၡဏာတစ္ရပ္ပဲျဖစ္ပါတယ္။ ဇင့္ဓာတ္ဟာ ခႏၶာကိုယ္အတြက္ အေရးႀကီးၿပီး အနာဒဏ္ရာေတြကို ျမန္ျမန္က်က္ေစပါတယ္။ လိုအပ္တဲ့ ဆဲလ္ေတြအတြက္ အေထာက္အပံ့ေတြ ေပးၿပီး ကိုယ္ခံစြမ္းအားစနစ္ကိုလည္း တိုးတက္ေကာင္းမြန္ေစပါတယ္။ ဒါ့ေၾကာင့္ ဇင့္ဓာတ္ၾကြယ္ဝတဲ့ အုတ္ဂ်ဳံ၊ အခြံမာသီးေတြ အသားေတြကို ေရြးခ်ယ္စားသုံးသင့္ပါတယ္။
လက္ေခ်ာင္းထိပ္မ်ား တင္းပုတ္သ႑ာန္ျဖစ္ျခင္း
လက္ေခ်ာင္းထိပ္ေတြဟာ တင္းပုတ္သ႑ာန္ ေဖာင္းေနျခင္းဟာ ခႏၶာကိုယ္အတြင္း ေအာက္စီဂ်င္လုံလုံေလာက္ေလာက္မရွိျခင္းကို ျဖစ္ေပၚေစၿပီး အဆုတ္ကင္ဆာ ဒါမွမဟုတ္ ႏွလုံးေရာဂါ စတဲ့ ေရာဂါေတြျဖစ္ေပၚႏိုင္ပါတယ္။ ဒီလို လကၡဏာေတြ ျဖစ္ေပၚလာၿပီးဆိုရင္ေတာ့ ကၽြမ္းက်င္တဲ့ ဆရာဝန္နဲ႔ သြားေရာက္ကုသဖို႔ လိုအပ္ပါတယ္။
#Lifestyle_Myanmar
#Thar_Nage
ဇင္ေယာ္ေတာင္မ်က္ခံုးလွလွေလး ဖန္တီးခ်င္သူေတြအတြက္ အေျခခံမ်က္ခံုး care tips
Unicode
သင့် လက်ဖဝါးပုံစံကိုကြည့်ပြီး ပြောပြနိုင်တဲ့ ကျန်မာရေးအခြေအနေ ရမျိုး
အနီရောင်သမ်းနေတဲ့ လက်ဖဝါး
လက်ဖနှောင့်နေရာတစ်ဝှိုက်မှာ အနီရောင်သမ်းနေခြင်းဟာ အသက် ၅၀ ဝန်းကျန်သူတွေအတွက်တော့ အသည်းပုံမှန်မဟုတ်ကြောင်းပြသနေတဲ့ လက္ခဏာတစ်ခုပဲဖြစ်ပါတယ်။ ပုံမှန်အားဖြင့်သွေးကြောချဲ့ခြင်းဖြစ်ပေါ်စေတဲ့ ဟော်မုန်းမျှတမှုမရှိရင်လည်း ပုံမှာပြထားတဲ့လက်ဖဝါးနေရာတစ်ဝှိုက်မှာ နီမြန်းခြင်းကို ဖြစ်ပေါ်စေပါတယ်။ အဆစ်ရောင်ရမ်းတဲ့အခါမှာလည်း လက်ဖနှောင့်နေရာ တစ်ဝှိုက်နီမြန်းခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ သင့်အနေနဲ့ ဒီလိုလက္ခဏာဟာ ခဏခဏဆိုသလိုဖြစ်ပေါ်လေ့ရှိတယ်ဆိုရင် ဆေးဘက်ဆိုင်ရာ အကြံပေးချက်တွေကို လိုက်နာသင့်ပြီး ကျန်းမာရေအတွက်ကောင်းမွန်တဲ့အစားအစာနဲ့ အရက်သေစာ သောက်စားမှု့ကို လျော့ချဖို့ ကြိုးစားပါ။
လက်ဖဝါး ချွေးထွက်ခြင်း
လက်ဖဝါး ချွေးထွက်ခြင်းဟာ အလွန်အကျွံချွေးထွက်လွန်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ လည်ချောင်နေရာမှာရှိတဲ့ သိုင်းရွိုင် ပိုအလုပ်လုပ်ခြင်း စတဲ့ပြဿနာတွေ ဖြစ်ပေါ်တတ်ပါတယ်။ အရက်သေစာသောက်စားမှု့ကိုကန့်သတ်ပြီး စိတ်ဖိစီးမှုမရှိအောင် နေထိုင်ဖို့လိုအပ်ပါတယ်။
လက်ဖဝါးအသားအရေ ခြောက်သွေ့ခြင်း
သင့်လက်ဖဝါးအသားအရေဟာ စိုပြေမှုမရှိဘဲ ခြောက်သွေ့ပြီး အသားအရေခမ်းခြောက်ခြင်းဖြစ်ပေါ်နေခြင်းဟာ သွေးဆုံးနေတဲ့ အမျိုးသမီးတွေအတွက်တော့ ရေဓာတ်ခန်းခြောက်ခြင်းနဲ့ အီစထိုဂျင်ချို့တဲ့ခြင်းကိုဖြစ်ပေါ်စေပါတယ်။ ရေဓာတ်လုံလုံလောက်လောက်ရရှိဖို့လိုအပ်ပြီး အသားအရေ စိုပြေစေဖို့အတွက် ခရမ်င်လိမ်းဆေးတစ်ခုခုကို အသုံးပြုပေးပါ။ ဒါ့အပြင် အီစထိုဂျင်ဓာတ်ကို ထိန်းချုပ်ဖို့အတွက် အဆီရှိတဲ့ငါး၊ အစေ့များ၊ အခွံမာသီများ စတဲ့ အစားအစာမျိုးကို ရွေးချယ်စားသုံးသင့်ပါတယ်။
လက်တုန်ခြင်း
လက်တုန်ခြင်းဖြစ်တဲ့အခြေအနေဟာ များသောအားဖြင့် ပါကင်ဆန်ရောဂါဖြစ်ဖို့အတွက် နိမိတ်လက္ခဏာတစ်ရပ်လို့ လူသိများပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဆရာထံသွားရောက်ဆွေးနွေးသင့်ပြီး ကော်ဖီနဲ့ အရက်သောက်သုံးမှုကိုရှောင်ရှားဖို့လိုအပ်ပါတယ်။ ဒါ့အပြင် စိုးရိမ်စိတ်နဲ့ စိတ်ဖိစီးမှုများကို လျော့ချဖို့လိုအပ်ပါတယ်။
လက်သည်းအားနည်းခြင်း/ ကျိုးလွယ် ပဲ့လွယ်ခြင်း
လက်သည်းဟာ သာမန်လို မဟုတ်ဘဲ အကျိုးအပဲ့လွယ်ခြင်းဟာ ဇင့်ဓာတ်ချို့တဲ့ တဲ့လက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်။ ဇင့်ဓာတ်ဟာ ခန္ဓာကိုယ်အတွက် အရေးကြီးပြီး အနာဒဏ်ရာတွေကို မြန်မြန်ကျက်စေပါတယ်။ လိုအပ်တဲ့ ဆဲလ်တွေအတွက် အထောက်အပံ့တွေ ပေးပြီး ကိုယ်ခံစွမ်းအားစနစ်ကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။ ဒါ့ကြောင့် ဇင့်ဓာတ်ကြွယ်ဝတဲ့ အုတ်ဂျုံ၊ အခွံမာသီးတွေ အသားတွေကို ရွေးချယ်စားသုံးသင့်ပါတယ်။
လက်ချောင်းထိပ်များ တင်းပုတ်သဏ္ဍာန်ဖြစ်ခြင်း
လက်ချောင်းထိပ်တွေဟာ တင်းပုတ်သဏ္ဍာန် ဖောင်းနေခြင်းဟာ ခန္ဓာကိုယ်အတွင်း အောက်စီဂျင်လုံလုံလောက်လောက်မရှိခြင်းကို ဖြစ်ပေါ်စေပြီး အဆုတ်ကင်ဆာ ဒါမှမဟုတ် နှလုံးရောဂါ စတဲ့ ရောဂါတွေဖြစ်ပေါ်နိုင်ပါတယ်။ ဒီလို လက္ခဏာတွေ ဖြစ်ပေါ်လာပြီးဆိုရင်တော့ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ သွားရောက်ကုသဖို့ လိုအပ်ပါတယ်။