သင့်ရေခဲသေတ္တာထဲမှာ ရှိထားသင့်တဲ့ စိတ်ဖိစီးမှုကို ဆန့်ကျင်ပေးတဲ့ အစားအစာ ၅မျိုး

0
226
စိတ်ဖိစီးမှု

စိတ်ဖိစီးမှုဆိုတာ စိတ်ပိုင်းဆိုင်ရာ ခံစားရမှုအပြင် ခန္ဓာကိုယ်ကိုလည်း ကျန်းမာရေးအရ အန္တရာယ်ပေးနိုင်တဲ့ ပြဿနာတစ်ရပ် ဖြစ်ပါတယ်။ စိတ်ဖိစီးမှုကို လျော့ကျစေဖို့နှင့် စိတ်ဖိစီးမှု မဖြစ်အောင် နည်းလမ်းများစွာနှင့် ကုသနိုင်သလို နေ့စဉ်အစားအစာများထဲမှာ စိတ်ဖိစီးမှုကို ဆန့်ကျင်ပေးတဲ့ အစားအစာများကို ထည့်သွင်းစားသုံးပေးနိုင်ပါတယ်။ စိတ်ဖိစီးမှုနှင့် စိတ်ကျရောဂါ ခံစားနေရသူတွေအတွက် ပိုမိုစားသုံးသင့်တဲ့ အစားအစာများ ကတော့

-Advertisement-

၁။ ကညွှတ်
ကညွတ်ဟာ စိတ်ကျရောဂါကို ဆန့်ကျင်ပေးပြီး အာဟာရဓာတ်တွေပြည့်ဝနေတဲ့ အရာဖြစ်လို့ နေ့စဉ်စားသောက်တဲ့အထဲ ထည့်သွင်းသင့်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါတယ်။ ကညွှတ်မှာ ဗီတာမင် ဓါတ်ပေါင်းစုများအပြင် ဖောလစ်အက်ဆစ် ကြွယ်ဝပါတယ်။

၂။ အနီရောင်ငရုတ်သီး
အနီရောင်ငရုတ်သီးများမှာ လိမ္မော်သီးထက် ဗီတာမင်စီ ပိုများတယ်ဆိုတာ သိပါသလား? သိပ္ပံပညာရှင်များက ဗီတာမင်စီသည် စိတ်ဖိစီးမှုမဖြစ်အောင် ကူညီပေးနိုင်စွမ်းရှိတယ်လို့ ပြောကြပါတယ်။

၃။ ဟင်းနုနွယ်ရွက်
ဟင်းနုနွယ်ရွက်က လူကြိုက်အများဆုံး ဟင်းသီးဟင်းရွက်မဟုတ်ပေမယ့် ၎င်းမှာ မဂ္ဂနီဆီယမ်နှင့် သံဓါတ်မြင့်မားစွာပါဝင်ပါတယ်။ ဟင်းနုနွယ်က စိတ်ဖိစီးမှုနှင့် ကျွန်တော်တို့ ခန္ဓာကိုယ်အတွက် cortisol ပမာဏကို လျှော့ချနိုင်ပါတယ်။

၎။ လိမ္မော်သီး
လိမ္မော်သီးမှာ ဗီတာမင်စီ အများကြီးပါဝင်တာကြောင့် တချို့ဗီတာမင်စီထက် စိတ်ခံစားမှုပိုမိုကောင်းမွန်အောင် မြှင်တင်ပေးနိုင်ပါတယ်။ လိမ္မော်သီးရဲ့အနံ့နှင့် အသွင်အပြင်က စိတ်ဖိစီးမှုကို သက်သာရာအဖြစ် ဆောင်ရွက်နိုင်ပါတယ်။ လိမ္မော်သီးအနံ့က စိတ်ဖိစီးမှုကို သက်သာစေတာကြောင့် တချို့က လိမ္မော်သီးအခွံထဲကို လေးညှင်းပွင့် အနည်းငယ်စိုက်ပြီး ထားတတ်ကြပါတယ်။

၅။ ထောပတ်သီး
ထောပတ်သီး၊ ငှက်ပျောသီး၊ အနက်ရောင်ပဲများ၊ အရည်အသွေးမြင့် ချောကလက်အမည်းတွေကဲ့သို့ မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့ အစားအစာများက အာရုံကြောတွေကို တည်ငြိမ်စေဖို့ ကူညီပေးနိုင်ပါတယ်။ မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့ အစားအစာများက ကျွန်တော်တို့ရဲ ဦးနှောက်အာရုံကြောစနစ်ရဲ့ အာဟာရဖြည့်ခြင်းဖြင့် သွေးဖိအားကို ထိန်းညှိပြီး သွေးတွင်းသကြားဓါတ်ကို ထိန်းညှိဖို့ ကူညီပေးပါတယ်။

#Lifestyle_Myanmar
#LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here