တစ်ချို့လူတွေဟာ ဆရာဝန်ဆီသွားရမှာ ကြောက်လို့ ဒါမှမဟုတ် အချိန်မရှိလို့ ဆေးကုသမှုဆိုင်ရာ ကြိုတင်ကာကွယ် စစ်ဆေးမှုတွေကို ရှောင်ကြပါတယ်။ သို့သော် အိမ်ထဲကနေ အိမ်ပြင်မထွက်ရဘဲ သင့်ကျန်းမာရေးနှင့် ပတ်သတ်ပြီး လိုအပ်တဲ့ information တွေရရှိဖို့ စမ်းသပ်မှုအတော်များများကို လုပ်ဆောင်နိုင်ပါတယ်။ ဒီနည်းလမ်းတွေက ရိုးစင်းပြီး မြန်ဆန်တဲ့ စမ်းသပ်မှုလေးတွေဖြစ်တာကြောင့် သင်စိတ်ဝင်စားမယ် ထင်ပါတယ်။ ဒီနည်းလမ်းလေးတွေက ရောဂါတစ်ခုရှာဖွေဖို့အတွက် အသုံးပြုလို့ ရနိုင်မှာ မဟုတ်ပေမယ့် ကိုယ့်မှာ ရောဂါရှိနိုင်/မရှိနိုင်ဆိုတာကို အနည်းဆုံးတော့ နားလည်သွားနိုင်ပါတယ်။
၁။ endocrine system
အဓိကကျန်းမာရေးညွှန်းကိန်းတစ်ခုက သင့်ခါးအရွယ်အစားဖြစ်ပါတယ်။ ပေကြိုးနဲ့ အတိုင်းယူပါ။ ချက်အထက် ၁လက်မလောက်မှာ သင့်ခါးကို တိုင်းပါ။ အရာအားလုံးက ပုံမှန်ဖြစ်လျှင် ၎င်းဆိုဒ်က အမျိုးသမီးတစ်ယောက်မှာ ၃၄ ထက်မကျော်သင့်သလို အမျိုးသားတစ်ယောက်မှာ ၄၀ ထက်မကျော်သင့်ပါဘူး။
ပိုကြီးတဲ့ ခါးရှိသူတွေဟာ ဆီးချိုရောဂါ အမျိုးအစား၂ ဖြစ်နိုင်ချေ ၅ဆပိုများပါတယ်။ 2008ခုနှစ် ဂျပန်မှာ အစိုးရက ဗိုက်ရွဲတဲ့သူတွေကို ကိုယ်အလေးချိန်ချဖို့ အထူးအစည်းအဝေးကို တတ်ရောက်ရန် obliging Law ပြဌာန်းဖို့တောင် ဆုံးဖြတ်ခဲ့ပါတယ်။
၂။ ဦးနှောက်
စာရွက်အလွတ် တစ်ရွက်၊ highlighterတစ်ချောင်း သို့မဟုတ် ခဲတံတစ်ချောင်း၊ သူငယ်ချင်းတစ်ယောက်ရဲ့ အကူအညီ လိုပါလိမ့်မယ်။ နာရီပုံတစ်ခုကို ဆွဲပါ။ သင့်သူငယ်ချင်းက (နာရီနဲ့ မိနစ်) အချိန်ကို ပြောရပါမယ်။ ဥပမာ- 10:10 AM ဆိုရင် သင့်သူငယ်ချင်းညွန်ပြတဲ့ အချိန်ကိုမှန်အောင် မိနစ်နဲ့ နာရီလက်တံကို ဆွဲရပါမယ်။
ဒီစစ်ဆေးမှုက ကျွန်တော်တို့ရဲ့ ဦးနှောက်ထဲမှာ processes တွေ အများကြီး ပါဝင်ပါတယ်။ လက်ရဲ့လှုပ်ရှားမှု၊ spatial နှင့် visual perception အတွက် တာဝန်ရှိသော ဦးနှောက်ရဲ့ အစိတ်အပိုင်းက ခက်ခက်ခဲခဲ စတင်အလုပ်လုပ်ရပါတယ်။ နာရီလက်တံတွေနဲ့ နာရီတစ်လုံး ဆွဲနိုင်စွမ်းမရှိရင် အစောပိုင်း မှတ်ဥာဏ်ချို့တဲ့ တဲ့လက္ခဏာ ဖြစ်နိုင်ပါတယ်။
၃။ ကျောရိုး
ပေါင်ချိန်စက် ၂ခုလိုပါလိမ့်မယ်။ ခြေထောက်တစ်ဖက်ကို ပေါင်ချိန်စက်တစ်ခုပေါ်မှာ မတ်တပ်ရပ်ပြီး တခြားခြေထောက်တစ်ဖက်ကို ပေါင်ချိန်စက်နောက်တစ်ခုပေါ်မှာ မတ်တပ်ရပ်ပါ။ နှစ်ဖက်စလုံးရဲ့ အလေးချိန်က တူနေသင့်ပါတယ်။ ဂဏန်းက အရမ်းကွာခြားနေရင် သင့်တင်ပါးဆုံရိုး၊ ကျောရိုး နှင့် ဦးခေါင်းဟာ off-center ဖြစ်နေကြောင်းကို ညွန်ပြနေပါလိမ့်မယ်။ ဒါက လိုအပ်တဲ့ စမ်းသပ်မှုတွေ ပြုလုပ်ပေးနိုင်မယ့် ဆရာဝန်နဲ့ သွားပြရမယ့် အချိန် ဖြစ်နိုင်ပါတယ်။
၎။ အသက်ရှုမှုစနစ်
ဒီနည်းလမ်းကို Shtange စမ်းသပ်မှုလို့ ခေါ်ပါတယ်။ သင်လုပ်ဆောင်ဖို့ အချိန်မှတ်နာရီတစ်လုံး လိုအပ်ပါလိမ့်မယ်။
မတ်တပ်ရပ်ပြီး 30စက္ကန့်လောက် သင့်နှလုံးခုန်နှုန်းကို စစ်ဆေးပါ။ ပြီးနောက် ထိုင်ပြီး အသက်ရှုထုတ်ခြင်းမရှိဘဲ ၃ခါလောက် အသက်ရှုပါ။ သင့်တတ်နိုင်သလောက် အသက်ရှုရှိုက်ပြီး အချိန်ရေတွက်ပါ။ ပြီးနောက် အသက်ရှုထုတ်ပါ။ နောက်တစ်ဖန် စက္ကန့် 30လောက် သင့်သွေးခုန်နှုန်းကို စစ်ဆေးပါ။
ရလဒ်
သင့်ရဲ့ အသက်ရှုမှုက ၄၀စက္ကန့်ထက်နည်းလျှင် သင့်ရဲ့အသက်ရှုလမ်းကြောင်းစနစ်က ကောင်းကောင်းအလုပ်မလုပ်ပါဘူး။ ပျမ်းမျှရလဒ်က ၄၀-၄၉ စက္ကန့် ဖြစ်သင့်ပါတယ်။ ၅၀စက္ကန့်ထက်ပိုပြီး အသက်ရှုနိုင်လျှင် သင့်အသက်ရှုလမ်းကြောင်းစနစ်က ကောင်းပါတယ်။ ဒီဖော်မြူလာကိုသုံးပြီး သင့်နှလုံးခုန်နှုန်းကို တွက်ချက်ပါ။
ရလဒ်ဟာ မစမ်းသပ်ခင် 30စက္ကန့်လောက်က သင့်နှလုံးခုန်နှုန်းနဲ့ စမ်းသပ်မှုပြီးနောက် 30စက္ကန့်လောက်က နှလုံးခုန်နှုန်းနဲ့ တူညီနေသင့်ပါတယ်။
၅။ အရိုးတွေ
သင့်လက်သည်းတွေကို ကြည့်လိုက်ပါ။ သူတို့က သင့်ကျန်းမာရေးနဲ့ ပတ်သတ်ပြီး အများကြီးပြောနိုင်ပါတယ်။ သင့်လက်သည်းတွေမှာ အစင်းကြောင်းတွေ၊ ကွဲအက်တာတွေ၊ အဖြူစက်တွေ ပေါ်လာရင် အလှကုန်ပြဿနာကြောင့်သာ မဟုတ်ပါဘူး။ သင့်ခန္ဓာကိုယ်က ဗီတာမင် ဘီ၊ သံဓါတ် မလုံလောက်တာ သို့မဟုတ် အရိုးပွရောဂါရဲ့အန္တရာယ်ရှိတယ်ဆိုတဲ့ အခြေအနေကို ညွှန်ပြနေပါလိမ့်မယ်။
၆။ အမြင်အာရုံ
စက္ကန့် ၃၀လောက် ပြတင်းပေါက် ဘောင်ကို ကြည့်ပါ။ ပြီးနောက် သင့်မျက်လုံးတွေကို ပိတ်ပါ။ သင့်ဘယ်ဘက်မျက်စိကို ဖွင့်ပြီး ပိတ်ပါ။ ညာဘက်မျက်စိကိုဖွင့်ပါ။ သင့်မျက်စိနှင့် မြင်နေတဲ့ပုံက မှုန်ဝါးဝါးဖြစ်နေလျှင်၊ လိုင်းတွေက တစ်ခုနဲ့တစ်ခုအပြိုင်မဟုတ်ဘူးဆိုရင် macular ယိုယွင်းမှုလက္ခဏာ သို့မဟုတ် နဂိုပုံမှန်အတိုင်းပြန်မရနိုင်တဲ့ အမြင်အာရုံ ဆုံးရှုံးမှုလက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။
ကားတွေအများကြီးရှိတဲ့ ကားပါကင်နားမှာ အခြားစမ်းသပ်မှုကိုလည်း လုပ်ဆောင်နိုင်ပါတယ်။ ကားတစ်စီးရဲ့ ၆၅ပေ အကွာလောက်မှာ နေပြီး ကားရဲ့နံပါတ်ပြားကို ဖတ်ဖို့ ကြိုးစားပါ။ သင်မလုပ်နိုင်ရင် ဆရာဝန်နဲ့ သွားပြဖို့ အကြံပြုပါတယ်။
၇။ အကြားအာရုံစနစ်
၁၆ပေ- ၁၉ပေ အကွာအဝေးလောက်ကနေ သူများတွေ ဘာအကြောင်းပြောနေလဲဆိုတာကို နားထောင်ဖို့ ကြိုးစားကြည့်ပါ။ သင်ဘာမှနားမလည်နိုင်ရင် ဆရာဝန်နဲ့ပြသဖို့လိုတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဒီနည်းလမ်းက လူစည်ကားတဲ့ နေရာတွေမှာ အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ ဥပမာ- သီချင်းသံကျယ်ကျယ်ဖွင့်ထားတဲ့ ကော်ဖီဆိုင်မှာ သင့်အနားကလူ စကားပြောတာကို နားထောင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
၈။ အသည်း
ကိုယ်လုံးပေါ်မှန်တစ်ချပ်ရှေ့မှာ ကြည့်ပါ။ သင့်ခါးအပေါ်ပိုင်း အဆီများတဲ့အလွှာကို မြင်ရပါသလား? ဒါက အသည်းကိုဝန်းရံထားတဲ့ visceral အဆီဖြစ်ပြီး စနစ်တကျအလုပ်မလုပ်ဘူးလို့ ဆိုလိုပါတယ်။
မျက်လုံးရဲ့အဖြူရောင်က ဝါနေတာ၊ အထူးသဖြင့် သင့်မျက်ခွံပေါ်မှာ အဆီဖုရှိတာ၊ လျှာရဲ့မျက်နှာပြင်မှာ အဖြူရောင်အထပ်ထပ်တွေ ဖြစ်နေတယ်ဆိုရင် သင့်အသည်းက တစ်ခုခုမှားယွင်းနေတယ်ဆိုတာ ညွှန်ပြနေပါတယ်။
ဒီစမ်းသပ်မှုလေးတွေက ရောဂါတစ်ခုရှာဖွေဖို့အတွက် အသုံးပြုလို့ ရနိုင်မှာ မဟုတ်ဘူးဆိုတာ သတိရပေးပါ။ နည်းလမ်းအနည်းငယ်သာ သင့်ကျန်းမာရေးကို ဂရုစိုက်ဖို့ ကူညီနိုင်ပါတယ်။
#Lifestyle_Myanmar
#LM_Nandar
Source-brightside