• Latest
  • Trending
  • All
  • News
  • Lifestyle
November 16, 2018
ကြိုးစားနေတာတွေက လမ်းမမှန်ဘူးဆို အောင်မြင်မှုနဲ့ အလှမ်းကွာဝေးနေဦးမှာပါ
ကြိုးစားနေတာတွေက လမ်းမမှန်ဘူးဆို အောင်မြင်မှုနဲ့ အလှမ်းကွာဝေးနေဦးမှာပါ
December 20, 2022
သင့်ဂျင်းဘောင်းဘီတွေကို အရောင်မမှိန် ဟောင်းနွမ်းမသွားအောင် နည်းမှန်လမ်းမှန် လျှော်ဖွပ်နည်း
သင့်ဂျင်းဘောင်းဘီတွေကို အရောင်မမှိန် ဟောင်းနွမ်းမသွားအောင် နည်းမှန်လမ်းမှန် လျှော်ဖွပ်နည်း
December 20, 2022
ရေကူးနည်းများစွာရှိတဲ့အထဲမှ သင့်ကိုဝိတ်ကျစေမယ့် ရေကူးနည်း (၃) မျိုး
ရေကူးနည်းများစွာရှိတဲ့အထဲမှ သင့်ကိုဝိတ်ကျစေမယ့် ရေကူးနည်း (၃) မျိုး
December 20, 2022
ကိုယ့်ချစ်သူကောင်မလေးနဲ့ စကားပြောချိန် လုံးဝထည့်မပြောသင့်တဲ့ စကားလုံးများ
ကိုယ့်ချစ်သူကောင်မလေးနဲ့ စကားပြောချိန် လုံးဝထည့်မပြောသင့်တဲ့ စကားလုံးများ
December 20, 2022
ယုံကြည်ချက်ရှိတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်နိုင်စေမယ့် သဘာဝနည်းလမ်းလေးတွေ
ယုံကြည်ချက်ရှိတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်နိုင်စေမယ့် သဘာဝနည်းလမ်းလေးတွေ
December 20, 2022
စိုးရိမ်သောကကင်းဝေးတဲ့ ဘဝတစ်ခုကို မပိုင်ဆိုင်ချင်ဘူးလား
စိုးရိမ်သောကကင်းဝေးတဲ့ ဘဝတစ်ခုကို မပိုင်ဆိုင်ချင်ဘူးလား
December 20, 2022
ပျော်ပွဲစား ထွက်မယ်ဆိုရင် မမေ့မလျော့ သယ်သွားရမယ့်ပစ္စည်းများ
ပျော်ပွဲစား ထွက်မယ်ဆိုရင် မမေ့မလျော့ သယ်သွားရမယ့်ပစ္စည်းများ
December 20, 2022
အားစိုက်ထုတ်ရတာ သက်သာစေပြီး လွယ်ကူရိုးရှင်းတဲ့ မိတ်ကပ်ပြင်ဆင်နည်းလေးတွေ
အားစိုက်ထုတ်ရတာ သက်သာစေပြီး လွယ်ကူရိုးရှင်းတဲ့ မိတ်ကပ်ပြင်ဆင်နည်းလေးတွေ
December 20, 2022
ကြီးပွားချမ်းသာချင်ကြတဲ့သူတိုင်း မှတ်သားလိုက်နာရမယ့် အရေးကြီးအချက် (၄) ချက်
ကြီးပွားချမ်းသာချင်ကြတဲ့သူတိုင်း မှတ်သားလိုက်နာရမယ့် အရေးကြီးအချက် (၄) ချက်
December 20, 2022
ဝိတ်ကျချင်သူတစ်ယောက်အနေနဲ့ ဘယ်လိုကြိုးစားသင့်လဲ၊ ဘယ်လိုစိတ်နေစိတ်ထားမျိုး ထားရှိသင့်လဲ
ဝိတ်ကျချင်သူတစ်ယောက်အနေနဲ့ ဘယ်လိုကြိုးစားသင့်လဲ၊ ဘယ်လိုစိတ်နေစိတ်ထားမျိုး ထားရှိသင့်လဲ
December 19, 2022
ခါးနာဝေဒနာခံစားရတဲ့အခါ အိမ်တွင်းဆေးနည်းတွေနဲ့ ကုသနည်း (၅) သွယ်
ခါးနာဝေဒနာခံစားရတဲ့အခါ အိမ်တွင်းဆေးနည်းတွေနဲ့ ကုသနည်း (၅) သွယ်
December 19, 2022
First Date အတွက် ရွေးချယ်ဖို့ အသင့်တော်ဆုံး နေရာများ
First Date အတွက် ရွေးချယ်ဖို့ အသင့်တော်ဆုံး နေရာများ
December 19, 2022
  • Home
  • Lifestyle
    • Daily Horoscope
    • Relationship
    • Family
    • Health & Beauty
    • Entertainment
    • Fashion
    • Celebrity
    • Fitness
    • Travel
    • Funny
  • General Knowledge
    • Unique Things
  • News
    • Technology
  • Video
  • About Us
Tuesday, February 7, 2023
  • Login
Lifestyle Myanmar
  • Home
  • Lifestyle
    • Daily Horoscope
    • Relationship
    • Family
    • Health & Beauty
    • Entertainment
    • Fashion
    • Celebrity
    • Fitness
    • Travel
    • Funny
  • General Knowledge
    • Unique Things
  • News
    • Technology
  • Video
    Stay at home ဖြစ်နေချိန်မှာ အပျင်းပြေစေဖို့အတွက် Anime ဇာတ်ကားကောင်းများ
    Stay at home ဖြစ်နေချိန်မှာ အပျင်းပြေစေဖို့အတွက် Anime ဇာတ်ကားကောင်းများ
    နာမည်ကြီး YouTuber ရဲ့ ဗီဒီယိုအတိုင်း ပြောင်းဖူးပေါက်ပေါက်ပြုလုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့တဲ့ ကလေးမလေး
    နာမည်ကြီး YouTuber ရဲ့ ဗီဒီယိုအတိုင်း ပြောင်းဖူးပေါက်ပေါက်ပြုလုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့တဲ့ ကလေးမလေး
    သခင်အတွက် ပင်လယ်ကြမ်းပြင်က ကျောက်ပုစွန်ထုပ်တွေကို ရေငုပ်ပြီး ဖမ်းယူပေးတတ်တဲ့ ခွေးလိမ္မာလေး
    သခင်အတွက် ပင်လယ်ကြမ်းပြင်က ကျောက်ပုစွန်ထုပ်တွေကို ရေငုပ်ပြီး ဖမ်းယူပေးတတ်တဲ့ ခွေးလိမ္မာလေး
    ခြောက်ထပ်ကနေ ပြုတ်ကျလာတဲ့ ကလေးငယ်ကို လက်မတင်လေး ကယ်တင်နိုင်ခဲ့ကြတဲ့ အိမ်နီးချင်းများ
    ခြောက်ထပ်ကနေ ပြုတ်ကျလာတဲ့ ကလေးငယ်ကို လက်မတင်လေး ကယ်တင်နိုင်ခဲ့ကြတဲ့ အိမ်နီးချင်းများ
    ရည်းစားဟောင်း
    ကိုယ့်ရဲ့ ရည်းစားဟောင်း အပေါ် ကျေးဇူးတင်သင့်တဲ့ အချက်အချို့
    တကယ်ကြိုးစားချင်စိတ်ရှိတဲ့လူတစ်ယောက်ဟာ ဘယ်လိုပဲ အခက်အခဲတွေ ကြုံတွေ့နေပါစေ အမြဲရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီးသားပါ။
    တကယ်ကြိုးစားချင်စိတ်ရှိတဲ့လူတစ်ယောက်ဟာ ဘယ်လိုပဲ အခက်အခဲတွေ ကြုံတွေ့နေပါစေ အမြဲရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီးသားပါ။
    ခလုတ်ထိမှ အမိတ ဆိုသလို ကျွန်တော်တို့တွေဟာ ပြဿနာတွေ၊ ဒုက္ခတွေနဲ့ ကြုံလာတဲ့အခါ
    ခလုတ်ထိမှ အမိတ ဆိုသလို ကျွန်တော်တို့တွေဟာ ပြဿနာတွေ၊ ဒုက္ခတွေနဲ့ ကြုံလာတဲ့အခါ
    မိန်းမချော့နည်း
    မိန်းမချော့နည်း
    ငါးမိနစ်တစ်ခါ စိတ်ပြောင်းတတ်တဲ့ မိန်းကလေးတို့ရဲ့ သဘာဝ အပိုင်း(၂)
    ငါးမိနစ်တစ်ခါ စိတ်ပြောင်းတတ်တဲ့ မိန်းကလေးတို့ရဲ့ သဘာဝ အပိုင်း(၂)
  • About Us
No Result
View All Result
Lifestyle Myanmar
No Result
View All Result
Home Lifestyle Health & Beauty
by Nandar Lwin
November 16, 2018
in Health & Beauty
0
790
SHARES
406
VIEWS
Share on FacebookShare on Twitter
ADVERTISEMENT
Power
Cream
Gel
Stain
#Lifestyle_Myanmar
#LM_Nandar
Source-dailyvanity
Unicode
သင့်အသားအရောင်နဲ့ လိုက်ဖက်တဲ့ ပါးနီကို ဘယ်လိုရွေးချယ်မလဲ?
အလှကုန်စတိုးဆိုင်တွေကနေ(blusher) ပါးနီလို အလှကုန်တွေ ၀ယ်တဲ့အခါမှာ ကိုယ်လိုချင်တဲ့ အရောင်အနေအထားနဲ့ အိမ်ရောက်လို့ လိမ်းကြည့်တဲ့အခါ အရောင်ကတခြားစီဖြစ်နေတာကို ပျိုမေတို့ ကြုံဖူးကြမှာပါ။ ဒါမှမဟုတ် စမ်းလိမ်းကြည့်လို့ရတဲ့ အလှကုန်ဆိုင်ကြီးတွေမှာ ၀ယ်ပေမယ့် ပျိုမေတို့အသားအရေနဲ့ အမှန်တကယ် ကိုက်ညီတဲံ ပါးနီကို ရွေးချယ်ရာမှာ အခက်အခဲဖြစ်နိုင်ပါသေးတယ်။ ဒီတော့ပျိုမေတို့ Blusher (ပါးနီ)ဝယ်တော့မယ်ဆိုရင် မဝယ်ခင်မှာ ပျိုမေတို့ရဲ့အသားအရေအရောင်ကို သိထားဖို့ အရေးကြီးပါတယ်နော်။ ဒါ့ကြောင့် ပျိုမေတို့အသားအရောင်နဲ့ လိုက်ဖက်တဲ့ ပါးနီကို ဘယ်လိုရွေးချယ်လို့ရမလဲဆိုတာကို လမ်းညွန်ပေးလိုက်ပါတယ်နော်။
ယေဘုယျအားဖြင့် cool, warm နဲ့ neutral ဆိုပြီး အသားအရောင်ရဲ့ undertone သုံးမျိုးရှိပါတယ်။ ပျိုမေတို့အသားရေရဲ့ ဒီအမျိုးအစားတွေကို သိထားခြင်းက ကိုယ့်အသားအရေနဲ့ လိုက်ဖက်တဲ့ ပါးနီ၊ အောက်ခံမိတ်ကပ်နဲ့ နှုတ်ခမ်းနီကို ရွေးချယ်တဲ့အခါမှာ အသုံးဝင်ပါတယ်။ ပျိုမေတို့အသားအရောင်ရဲ့ undertone ကို ဆုံးဖြတ်ဖို့ အသုံးပြုနိုင်တဲ့ နည်းလမ်းအနည်းငယ်ရှိပါတယ်။
၁။ လက်ကောက်ဝတ် သွေးပြန်ကြောအရောင်
သင့်အရေပြားရဲ့ undertone ကို ဆုံးဖြတ်ဖို့ အမြန်ဆုံးနည်းလမ်းတစ်ခုက သင့်လက်ကောက်ဝတ် အတွင်းပိုင်းက သွေးပြန်ကြောရဲ့အရောင်ကို ကြည့်ဖို့ ဖြစ်ပါတယ်။ ဒီဧရိယာပေါ်ကအရေပြားဟာ ပါးလွှာပြီး သွေးကြောကို အလွယ်တကူမြင်နိုင်လို့ ဖြစ်ပါတယ်။ သင့်သွေးကြောအရောင်က အပြာ သို့ ခရမ်းပြာရောင်ဖြစ်လျှင် သင့်အသားရောင်က cool tone ပါ။ သင့်သွေးကြောအရောင်က အစိမ်း သို့မဟုတ် စိမ်းပြာရောင်ဆိုရင် သင့်မှာ warm tone ရှိပါတယ်။ သွေးကြောအပြာနဲ့ အစိမ်းရောယှက်နေရင်ရင် ဒါမှမဟုတ် တစ်ခုခုခွဲခြားလို့မရနိုင်ရင် သင့်မှာ neutral tone ရှိပါတယ်။
၂။ ရွေနှင့် ငွေလက်ဝတ်ရတနာ
သင်အသားရောင်က cool toned ဖြစ်လျှင် ရွှေဖြူနဲ့ ပလက်တီနမ်ကဲ့သို့ ငွေလက်ဝတ်ရတနာက သင့်အသားအရေနှင့် လိုက်ဖက်ပါတယ်။ သင့်အသားရောင်က warm toned ဖြစ်လျှင် ရွေ၊ ကြေးနီ၊ ကြေးဝါကဲ့သို့ ရွှေလက်ဝတ်ရတနာက သင့်အသားအရေနှင့် လိုက်ဖက်ပါတယ်။သင့်အသားရောင်က neutral toned ဖြစ်လျှင် ဘယ်လက်ဝတ်ရတနာဝတ်ဝတ် သင့်အသားအရေနဲ့ လိုက်ဖက်ပါတယ်။ ဆွဲကြိုး သို့ လက်ကောက်တစ်ကွင်းနဲ့ စမ်းကြည့်ပါ။
၃။ အဖြူရောင်စာရွက်တစ်ရွက်နဲ့ နှိုင်းယှဉ်ကြည့်ပါ
သင့်ရဲ့ undertone ကို ဆုံးဖြတ်ဖို့ နောက်ထပ်နည်းလမ်းက အဖြူရောင်စာရွက်တစ်ရွက်နဲ့ သင့်အသားအရေကို နှိုင်းယှဉ်ကြည့်ဖို့ ဖြစ်ပါတယ်။ စာရွက်အဖြူပြောင်ကို သင့်မျက်နှာဘေးမှာ ကပ်ကြည့်ပါ။ သင့်မျက်နှာက ပန်းရောင်ပေါက်နေရင် သင့်အသားအရောင်က cool tone ဖြစ်ပါတယ်။ သင့်မျက်နှာက ညိုဝါရောင်သန်းနေရင် သင်က warm tone ပိုင်ရှင်ဖြစ်ပါတယ်။ သင့်မျက်နှာက မီးခိုးရောင်၊ ဖြူရော်ရော်အရောင်ဆိုရင် သင်က neutral tone ပိုင်ရှင်ပါ။
စမ်းသပ်တဲ့အခါမှာ မိတ်ကပ်တွေဘာတွေ မလိမ်းဘဲ သဘာဝအလင်းရောင်နဲ့သာ စမ်းသပ်ပါ။
မှန်ကန်တဲ့ ကာလာကို ဘယ်လိုရွေးမလဲ?
ဘယ်အသားအရေဆိုရင် ဘယ်နံပါတ်သုံးရမယ်ဆိုပြီး မိတ်ကပ်အလှကုန်တွေမှာ ညွှန်းကြပေမယ့် အားလုံးက သင်နဲ့ ကိုက်ညီချင်မှ ကိုက်ညီမှာပါ။ အကောင်းဆုံးကတော့ သင့်အသားအရေအရောင်နဲ့ လိုက်ဖက်တာ တစ်ခုခုကို လိုချင်ရင် သင့်ပါးလေးတွေကို သဘာဝအတိုင်း ရှက်သွေးဖြန်းနေတဲ့ radiant look လေးပြုလုပ်ပါ။
သင့်အသားအရေက ဖြူတယ်ဆိုရင် ပါးနီကို သဘာဝဆန်တဲ့ ပန်းနုရောင်၊ မက်မွန်ရောင်လေးတွေ ရွေးချယ်ပေးပါ။ ဝိုင်ရောင် သို့မဟုတ် ကြေးဝါရောင်လို အရောင်ရင့်တွေက သင့်အသားအရေကိုနဲ့ မလိုက်ဖက်သလို သဘာဝမဆန်တဲ့ပုံပေါက်စေပါတယ်။
သင်ဟာ cool undertone ဖြစ်လျှင် ပန်းရောင်၊ ဝါဖျော့ဖျော့လိမ္မော်ရောင် ပါးနီက သင့်အသားအရောင်ကို ပန်းနုရောင်ဟပ်နေပါလိမ့်မယ်။
သင်ဟာ warm undertone ဖြစ်လျှင် မက်မွန်ရောင်ပါးနီက သင့်အသားအရောင်အလုံးစုံကို တောက်ပနေစေဖို့ ကူညီပေးနိုင်ပါတယ်။
သင်ဟာ အသားလတ်တဲ့သူဖြစ်လျှင် coral (သန္တာရောင်) ဒါမှမဟုတ် ခရမ်းဘက်နည်းနည်းရောက်တဲ့ mauveအရောင်တွေက သင့်အသားအရေကို ရွန်းစိုတောက်ပမှု ပေးပါလိမ့်မယ်။
သင်ဟာ cool undertone ဖြစ်လျှင် mauve သို့ sheer plum colour ကိုရွေးချယ်ခြင်းက သင့်ပါးမို့လေးတွေကို မြင်သူတကာ ငေးနေစေမှာပါ။
သင်မှာ Warm undertone ရှိပါက သန္တာရောင် ၊မက်မွန်ရင့်ရောင်၊ ဝို်င်ရောင်တို့ကို ရွေးချယ်ပါ။ ဖယောင်းတိုင်အလင်းရောင်လို သင့်ပါးမို့လေးတောက်ပနေမှာပါ။
အသားညိုတဲ့သူတွေကတော့ အရောင်တောက်တောက်လေးတွေနဲ့ လိုက်ဖက်ပါတယ်။ ပန်းရင့်ရောင် သို့မဟုတ် ကြေးဝါရောင်(bronze )ပါးနီက သင့်ရဲ့ပါးလေးတွေကို ထွန်းလင်းတောက်ပနေစေမှာပါ။
သင့်မှာ cool undertone ရှိပါက ပန်းဆီရောင်၊ plum ဒါမှမဟုတ် ဘယ်ရီသီးရောင်က သင့်ကိုခေတ်ဆန်ဆန် Look လေးဖြစ်နေပါလိမ့်မယ်။
သင့်မှာ warm undertone ရှိပါက စပျစ်သီးခြောက်ရောင်၊ ကြေးဝါရောင် ဒါမှမဟုတ် အုတ်ကျိုးရောင်လေးကို ရွေးချယ်ပါ။
သင့်မျက်နှာကျပေါ်မှုတည်ပြီး ပါးနီကို ဘယ်လိုလိမ်းမလဲ?
စတုရန်းနဲ့ ဘဲဥပုံမျက်နှာအတွက်
circular motion အတိုင်း သင့်ပါးမို့လေးတွေပေါ်မှာ လိမ်းပေးပါ။ အနားစွန်းလေးတွေ blend ဖြစ်ဖို့ သင့်ရဲ့ဘရပ်ကို နားဘက်ကို ဦးတည်ပြီး တချက်လောက် ဆွဲပေးလိုက်ပါ။
ဒိုင်းမွန်းနဲ့ အသည်းပုံမျက်နှာပိုင်ရှင်အတွက်
ဒိုင်းမွန်း ဒါမှမဟုတ် အသညး်ပုံမျက်နှာပိုင်ရှင်တွေဟာ ပါးရိုးတွေကို highlighting လုပ်ပေးခြငး်က မျက်နှာအသွင်အပြင်ကို ပိုပြီးထင်ရှားစေပါလိမ့်မယ်။ ဒါ့ကြောင့် ပါးရိုးလေးအတိုင်း အထက်အောက် C ပုံသဏ္ဍာန် ခြယ်သပေးပါ။
မျက်နှာဝိုင်းတဲ့သူတွေအတွက်
မျက်နှာဝိုင်းတဲ့သူတွေဟာ မျက်နှာလေးကို slimming ဖြစ်ပြီး သဘာဝပိုဆန်တဲ့ Look လေးခြယ်သပေးရပါမယ်။ ပါးနီကို ပါးရိုးထိပ်ကနေ သဘာဝအကွေးအတိုင်းလိုက်ပြီး ပါးရိုးအောက်သို့ ဆွဲပေးရပါမယ်။ သင့်ရဲ့မျက်နှာအသွင်အပြင်ကို ပိုပြီးပေါ်လွင်စေဖို့ hairline နဲ့ နဖူးကို အရောင်လေးတွေ ထည့်ပေးရပါမယ်။ ဒီလိုလုပ်ခြင်းက သင့်မျက်နှာလေးကို သွယ်လျစေပါလိမ့်မယ်။
ပါးနီမှာ ပေါင်ဒါ၊ ခရမ်၊ ဂျယ်လ်၊ stain ဆိုပြီး အမျိုးအစား ၄မျိုးရှိပါတယ်။ ပါးနီအမှုန့်(ပေါင်ဒါ)က အဆီပြန်တဲ့ အသားအရေအတွက် သင့်တော်ပြီး ခရမ်ပုံစံပါးနီကတော့ အသားအရေခြောက်တဲ့သူတွေအတွက် သင့်တော်ပါတယ်။ ကိုရီးယားမလေးတွေလို ရွန်းစိုတောက်ပတဲ့ ပါးမို့လေးဖြစ်ချင်ရင်တော့ hydrating formula နဲ့ပြုလုပ်ထားတဲ့ ဂျယ်လ််ပုံစံပါးနီလေးက သင့်တော်ပါတယ်။ စုပ်တံနဲ့ stainပုံစံပါးနီကတော့ ပါးပေါ်မှာ အစက်လေးချပြီး လက်ချောင်းလေးနဲ့ ညှိပေးရမှာပါ။
#Lifestyle_Myanmar
#LM_Nandar
Source-dailyvanity
Share790TweetShare
Nandar Lwin
Nandar Lwin
Related Posts
ယုံကြည်ချက်ရှိတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်နိုင်စေမယ့် သဘာဝနည်းလမ်းလေးတွေ
ယုံကြည်ချက်ရှိတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်နိုင်စေမယ့် သဘာဝနည်းလမ်းလေးတွေ
by Thinzar
December 20, 2022
0
ဖြူဖွေးလှပပြီး ယုံကြည်ချက်ရှိတဲ့ အပြုံးလှလှလေးတွေ နဲ့ သွားလေးတွေကို လူတိုင်းပိုင်ဆိုင်ချင်ကြတာပါပဲ။ ဒါပေမယ့် သွားကြွေလွှာနဲ့ သွားဖုံးထိခိုက်မှာ စိုးရိမ်တဲ့အတွက်ကြောင့် လူနည်းစုလောက်ကသာ ဓာတုဗေဒသွားဖြူဆေးတွေကို အသုံးပြုရဲကြတာပါ။ အခုဖော်ပြမယ့် နည်းလမ်းလေးတွေကတော့ သွားကြွေလွှာတွေကို မထိခိုက်စေဘဲ သွားများကိုဖြူဖွေးတောက်ပြောင်စေမယ့် သဘာဝနည်းလမ်းလေးတွေပဲဖြစ်ပါတယ်။ စတော်ဘယ်ရီအနှစ်...
အားစိုက်ထုတ်ရတာ သက်သာစေပြီး လွယ်ကူရိုးရှင်းတဲ့ မိတ်ကပ်ပြင်ဆင်နည်းလေးတွေ
အားစိုက်ထုတ်ရတာ သက်သာစေပြီး လွယ်ကူရိုးရှင်းတဲ့ မိတ်ကပ်ပြင်ဆင်နည်းလေးတွေ
by Thinzar
December 20, 2022
0
မိတ်ကပ်လိမ်းပြီး အလှပြင်တယ်ဆိုတာ အချိန်အများကြီးကုန်တဲ့အပြင် စိတ်ရှည်သည်းခံတတ်ဖို့လည်း လိုပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့ အချိန်ကုန်သက်သာစေမယ့်အပြင် သင့်ရဲ့ဆွဲဆောင်မှုကိုလည်း တစ်စက်ကလေးမှ လျော့ကျမသွားအောင် ကူညီပေးနိုင်တဲ့ မိတ်ကပ်ပြင်ဆင်နည်းလေးတွေရှိပါတယ်။ အားစိုက်ထုတ်ရတာသက်သာစေပြီး လွယ်ကူရိုးရှင်းတဲ့ မိတ်ကပ်ပြင်ဆင်နည်းလေးတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။ နှုတ်ခမ်းနီကို ပါးနီအဖြစ်အသုံးပြုမယ် သင်ရယ်လိုက်တဲ့အခါ...
ခါးနာဝေဒနာခံစားရတဲ့အခါ အိမ်တွင်းဆေးနည်းတွေနဲ့ ကုသနည်း (၅) သွယ်
ခါးနာဝေဒနာခံစားရတဲ့အခါ အိမ်တွင်းဆေးနည်းတွေနဲ့ ကုသနည်း (၅) သွယ်
by Thinzar
December 19, 2022
0
ကွန်ပျူတာရှေ့မှာ အကြာကြီးထိုင်ရပြီး အလုပ်လုပ်ရခြင်း၊ အချိန်အကြာကြီး မတ်တပ်ရပ်ရခြင်း၊ အလေးအပင် မရခြင်း စတဲ့အချက်တွေကြောင့် ခါးနာဝေဒနာကို ခံစားရတတ်ပါတယ်။ သက်ကြီးရွယ်အိုတွေပဲ ခါးနာဝေဒနာကို ခံစားရတာမဟုတ်ပါဘူး။ လူငယ်လူရွယ်တွေလည်း အခန့်မသင့်ရင် ခါးနာဝေဒနာခံစားရတတ်ပါတယ်။ ဒီလို ခံစားရတဲ့အခါ အိမ်တွင်းဆေးနည်းတွေနဲ့ ကုသလို့ရတယ်ဆိုတာ...
အသားအရေ၊ ဆံကေသာနဲ့ လက်သည်းလေးတွေအတွက် သံလွင်ဆီရဲ့အသုံးဝင်မှု
အသားအရေ၊ ဆံကေသာနဲ့ လက်သည်းလေးတွေအတွက် သံလွင်ဆီရဲ့အသုံးဝင်မှု
by Thinzar
December 19, 2022
0
သံလွင်ဆီ က ကျန်းမာရေးနဲ့လည်းညီညွတ်သလို အလှအပအတွက်လည်း များစွာအသုံးဝင်တာကို သိပြီးသားဖြစ်မှာပါ။ ဘယ်အသက်အရွယ်မှာမဆို အသုံးပြုလို့ရပြီး အသားအရေ၊ ဆံကေသာနဲ့ လက်သည်းလေးတွေကိုလည်း ကောင်းမွန်လှပစေပါတယ်။ ဒီတခါမှာတော့ သံလွင်ဆီရဲ့အသုံးဝင်မှု နဲ့ သူ့ကို အလှအပအတွက် ဘယ်လိုသုံးရမလဲဆိုတာ မျှဝေပေးသွားမှာဖြစ်ပါတယ်။ မျက်လုံးခရင်မ်အဖြစ်လိမ်းမယ်...
Lifestyle Myanmar
Copyright © 2017 Lifestyle Myanmar.
Digital Media Production in Myanmar.
  • About
  • Advertise
  • Privacy & Policy
  • Contact
Follow Us
No Result
View All Result
  • Home
  • Lifestyle
    • Daily Horoscope
    • Relationship
    • Family
    • Health & Beauty
    • Entertainment
    • Fashion
    • Celebrity
    • Fitness
    • Travel
    • Funny
  • General Knowledge
    • Unique Things
  • News
    • Technology
  • Video
  • About Us
Copyright © 2017 Lifestyle Myanmar.
Welcome Back!
Login to your account below
Forgotten Password?
Retrieve your password
Please enter your username or email address to reset your password.
Log In
error: Content is protected !!