သင့်လက်သည်းလေးတွေ ခိုင်မာလာစေဖို့ ကြက်သွန်ဖြူကို အသုံးပြုနည်း

0
162
ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာ ဟင်းတွေကို အရသာရှိစေတဲ့ အမွှေးအကြိုင်ဖြစ်သလို ကျန်းမာရေးအတွက်လည်း ကောင်းကျိုးတွေ အများကြီးပေးပါတယ်။ ကြက်သွန်ဖြူမှာ anti-inflammatory နှင့် diuretic ဂုဏ်သတ္တိတွေ ရှိပါတယ်။ သိပ္ပံနည်းကျလေ့လာမှုတွေမှာ ကင်ဆာရောဂါအမျိုးအစားတစ်ချို့ကို တားဆီးပေးတယ်လို့ ဆိုကြပါတယ်။ ကြက်သွန်ဖြူဟာ ကျန်းမာရေးအတွက်သာမက လည်သည်း/ခြေသည်း အလှအပနဲ့ပတ်သတ်ပြီးလည်း အသုံးဝင်ပါတယ်။ ဒါ့ကြောင့် လက်သည်းလေးတွေ ခြောက်သွေ့ကြွပ်ဆတ်မှု ကင်းဝေးပြီး တောက်ပြောင်ခိုင်မာလာစေဖို့ ကြက်သွန်ဖြူကို ဘယ်လိုအသုံးပြုလို့ရမလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်နော်။
နည်းလမ်း – ၁။ ကြက်သွန်ဖြူရေထဲမှာ သင့်လက်သည်းလေးတွေကို စိမ်ပါ


ကြက်သွန်ဖြူ ၂မွှာလောက်ကို အခွံနွှာပြီး ပါးပါးလှီးထားပါ။ ရေထည့်ထားတဲ့ ပန်းကန်လုံးတစ်လုံးထဲကို ထည့်ပြီး ၁၅မိနစ် မိနစ် ၂၀ လောက်ထားပါ။ ပြီးမှ ကြက်သွန်ဖြူတွေကို ဖယ်ပြီး သင့်လက်ကို မိနစ် ၂၀လောက်စိမ်ထားပေးရပါမယ်။
နည်းလမ်း – ၂။ လက်သည်းဆိုးဆေးထဲမှာ ကြက်သွန်ဖြူထည့်ပါ


ကြက်သွန်ဖြူ ၁မွှာလောက်ကို ညက်အောင်ထောင်းပြီး လက်သည်းဆိုးဆေးအကြည် (base coat or top coat)ထဲမှာ ထည့်ပါ။ သင့်ရဲ့လက်သည်းပေါ်မှာ တိုက်ရိုက်ဆိုးပေးနိုင်ပါတယ်။ ဒီနည်းလမ်းက သင့်လက်သည်းတွေကို ခိုင်မာစေပါတယ်။
နည်းလမ်း – ၃။ သံပုရာ၊ သံလွင်ဆီနှင့် ကြက်သွန်ဖြူ


ကြက်သွန်ဖြူ ၂မွှာရယ်၊ သံလွင်ဆီနှင့် သံပုရာရည်လိုအပ်ပါတယ်။ ကြက်သွန်ဖြူအမွှာကို အခွံခွာပြီး ညက်သွားအောင် ထောင်းထားပါ။ ကြက်သွန်ဖြူကို ပန်းကန်လုံးတစ်လုံးထဲကို ထည့်ပြီး သံပုရာရည် ညှစ်ထည့်ပေးပါ။ သံလွင်ဆီအနည်းငယ်ထည့်ပါ။ သင့်လက်တွေကို ထိုအရောအနှောထဲမှာ ၁၀မိနစ်လောက် စိမ်ထားပေးပါ။ ၁၀မိနစ်လောက်နေရင် လက်တွေကို ဆေးကြောပြီး moisturizer တစ်ခုခုလိမ်းပေးပါ။ ဒီနည်းလမ်းက သင့်လက်သည်းတွေကို မြန်မြန်သန်စွမ်းစေပါတယ်။ ရလဒ်ကောင်းဖို့ဆိုရင် နေ့တိုင်း ပြုလုပ်ပေးရပါမယ်။ ကြက်သွန်ဖြူတွေကိုအသုံးပြုပြီးတိုင်း လွှင့်ပစ်စရာမလိုပါဘူးနော်။ နောက်ထပ်ပြန်လုပ်ဖို့ ရေခဲသေတ္တာထဲမှာ သိမ်းထားလို့ရပါတယ်။ ဒီနည်းလမ်းလေးတွေက သင့်လက်သည်းကို သဘာဝအတိုင်း ခိုင်မာစေပြီး ကုန်ကျစရိတ်လည်း သက်သာစေတဲ့ နည်းလမ်းလေးတွေဖြစ်ပါတယ်။
#Lifestyle_Myanmar
#LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here