၅။ ဆီး အောင့်ထားခြင်း
၈။ မကြာခဏ ပီကေဝါးခြင်း
#Lifestyle_Myanmar
#Thar_Nage
ပေါင်ဒါဖောင်ဒေးရှင်းကို တစ်မျိုးတည်း သုံးလို့ရနိုင်ပါသလား?
Unicode
သင့်ရဲ့ သာမန်အပြုအမူသေးသေးလေးကနေဖြစ်ပွားတတ်တဲ့ ရောဂါ လက္ခဏာ ၁၀မျိုး
၁။ နှာချေတဲ့အခါ လက်ဖြင့် ပိတ်ထားခြင်း
နှာချေခြင်းရဲ့ အဓိက အစိတ်အပိုင်းက အသက်ရှူလမ်းကြောင်းအတွင်းမှာရှိတဲ့ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ၊ ဖုန်မှုန့်တွေကို ဘယ်ရှားပစ်ရန်ဖြစ်ပါတယ်။ ဒါ့ကြောင့် နှာချေတဲ့အခါ နှာခေါင်းကို လက်ဖြင့်ပိတ်ချေတာ၊ အုပ်ချေတာမျိုးဆို အသက်ရှူလမ်းကြောင်းအတွင်းက ပိုးမွှားနဲ့ ဖုန်မှုန့်တွေ ကင်းစင်တော့မှာမဟုတ်သလို သင့်လက်လည်း ပိုးမွှားတွေကပ်တွယ်နေတတ်ပြီး သန့်စင်တော့မှာမဟုတ်ပါဘူး။ ဒါ့အပြင် နှာချေတဲ့အခါ လက်ဖြင့် ပိတ်ထားခြင်းက အာရုံကြောဆိုင်ရာကို ထိခိုက်စေနိုင်ပြီး သွေးဖိအားတိုးခြင်းနဲ့ အစာပြွန်တို့ကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် နှာချေတဲ့အခါ ပုဝါစ ပါးပါး ဒါမှမဟုတ် တစ်ရှူးစဖြင့် ကာပြီး ချေပေးပါ။
၂။ သွားကြားထိုးတံသုံးပြုခြင်း
လူတိုင်းနီးပါး အစာစားပြီးတဲ့အခါမျိုးမှာ သွားကြားထိုးတံကို အသုံးပြုလေ့ရှိပါတယ်။ ဒါ့ပေမဲ့ အဆိုပါ သွားကြားထိုးတံက သင့်ရဲ့ သွားဖုံးအတွက် အချိန်မရွေး အန္တရာယ်ပေးတတ်ပါတယ်။ ဒါ့ကြောင့် သွားကြားထိုးတံနဲ့ သင့်ရဲ့ ပါးစပ်ကို သန့်စင်ဖို့ဆိုတာ ကောင်းတဲ့အလုပ်တော့မဟုတ်ပါဘူး။ ဒါ့ကြောင့် သွားကြားထိုးတဲ့အခါ သွားကြိုသွားကြားရှင်းလင်းတဲ့ ကြိုးကို အစားထိုအသုံးပြုသင့်ပါတယ်။
၃။ မှောက်ခုံအိပ်စက်ခြင်း
မှောက်အိပ်တတ်တဲ့ အကျင့်ရှိတဲ့သူဟာ သွေးလည်ပတ်မှုဆိုရင် စနစ်၊ ကျောရိုးနဲ့ မျက်နှာအသားအရေကို ထိခိုက်စေပါတယ်။ သွေးလည်ပတ်မှု့စနစ်ကို ဆိုးရွာစေပြီး လည်ပင်းရိုးအတွင် အန္တရာယ်ဖြစ်စေပါတယ်။ ဒါ့အပြင် အမြဲအိပ်နေတဲ့ ခေါင်းအုံးဟာ သန့်ရှင်းမှုမရှိဘူးဆိုလျှင်တော့ သင့်မျက်နှာတစ်လျှောက် ဝက်ခြံပေါက်ခြင်းကိုဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့်အိပ်စက်တဲ့အခါမျုးမှာ မလိုလားအပ်တဲ့ဆိုးကျိုးတွေ မဖြစ်အောင် မှောက်ခုံအိပ်စက်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
၄။ အစိုင်အခဲတစ်ခုခု ကို ဝါးခြင်း
တစ်ခါတလေ ဘယ်ရယ်မဟုတ်ဘဲ ကိုယ်နဲ့အနီးဆုံးမှာရှိတဲ့ ခဲတံ၊ ဘောပင်၊ စက္ကူညှပ်တဲ့ကလစ် စတဲ့ မာကြောတဲ့ အရာဝတ္ထုတွေကို ကိုက်တတ်ကြပါတယ်။ ဒါက သင့်သွားတွေကို အချိန်မတိုင်ခင် ကြွေခြင်း ပဲ့ကျခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် သင်ကိုက်မိတဲ့ အရာဝတ္ထုပစ္စည်းက သန့်စင်မှုမရှိတဲ့အခါ ကူးစက်ရောဂါ ရစေနိုင်ပါတယ်။
၅။ ဆီး အောင့်ထားခြင်း
ပြီးခဲ့တဲ့ ဇွန်လ ၂၀၁၈ တုန်းက ဗြိတိန်နိုင်ငံသားတစ်ယောက် ဂိမ်းကစားရင်း ဆီးသွားချင်တာကို ၈နာရီကြာအောင် အောင့်ထားခဲ့ရမှာ ဆေးရုံကို တင်ခဲ့ရပါတယ်။ စမ်းသပ်ချက်တွေအရ အူနဲ့ ဆီးလမ်းကြောင်းဟာ ပုံမှန်မဟုတ်ဘဲ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ချေရှိခဲ့ပါတယ်။ ဆီးလမ်းကြောင်းပိုးကူးစက်ခြင်း၊ ချုပ်ခြင်းနဲ့ ကြွက်သာများ ထိခိုက်ခြင်းစတဲ့ ပြဿနာတွေဖြစ်ပေါ်တတ်ပါတယ်။ တစ်ခါတလေမှာ အိပ်နေတဲ့အချိန် အိပ်ယာကထပြီး အပေါ့သွားရမှာပျင်းလို့၊ ဇာတ်ကားကြည့်နေရင် ဇာတ်ကား အပိုင်းလွှတ်သွားမှာကြောင့်လို့ စတဲ့ အကြောင်းအမျိုးမျိုးနဲ့ ဆီးအောင့်ထားခြင်းမျိုးမပြုလုပ်သင့်ပါဘူး။
၆။ရေပူဖြင့် ခေါင်းလျှော်ခြင်း
ရေပူဖြင့် ခေါင်းလျှော်ခြင်းဟာ ပထမဦးစွာ ဆိုးရွားတဲ့ခေါင်းကိုက်ခြင်းနဲ့ မူးဝေခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် သင့်ဆံကေသာကို ညစ်ပတ်စေနိုင်တဲ့ ဦးရေပြားပေါ်က Sebaceous Glands ကို လှုံ့ဆော်ပေးပါတယ်။ ဒါ့ကြောင့် ရေပူဖြင့် ခေါင်းလျှော်ခြင်းကို ရှောင်ကြဉ်သင့်ဖို့လိုအပ်ပါတယ်။
၇။ မျက်နှာ၊ မျက်စိကို လက်ဖြင့် အမြဲတစေ ပွတ်တိုက်ခြင်း/ ကိုင်ခြင်း
သင့်ရဲ့ လက်ဟာ ၂၄နာရီလုံးလုံး သန့်စင်နေတာမဟုတ်တာကြောင့် အားနေတဲ့အခါ မျက်နှာပေါ်က အရေပြားကို လက်ဖြင့် ထိတွေတာ ပွတ်တိုက်တာမျိုးကို မလုပ်သင့်ပါဘူး။ ဝက်ခြံ၊ ရေယုန် စတဲ့ အရေပြားပြဿနာတွေရဲ့ အဓိက တရားခံထဲမှာ သင့်ရဲ့ လက်က ထိပ်ဆုံးက ပါဝင်ပါတယ်။ ဒါ့အပြင် မျက်စိကို ထိတွေ့မိတဲ့အခါ၊ ပွတ်တိုက်မိတဲ့အခါ ရောင်ရမ်းခြင်း၊ မျက်စေ့နာခြင်း၊ မျက်ရည်ပူကျခြင်း နဲ့ မနှစ်မြို့ဖွယ်ကူးစက်ရောဂါတွေဖြစ်ပေါ်လာနိုင်ပါတယ်။
၈။ မကြာခဏ ပီကေဝါးခြင်း
ပီကေဝါးခြင်းဟာ အစာအိမ်ဂလင်းမှ အစာခြေရည် ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတဲ့အတွက် အစာစားခြင်းမပြုခင် ပီကေဝါးခြင်း မပြုသင့်ပါဘူး။ ကြာလာတဲ့အခါ အစာအိမ်ရောဂါတစ်ခုခုဖြစ်လာဖို့အတွက် အစပြုနေပါတယ်။ ဒါ့အပြင် ပီကေကြာရှည်ဝါးခြင်းဟာ အံသွားတွေအတွက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဒီထက်ဆိုးရွားတာက ရေရှည်နဲ့ ရေတိုမှာ မှတ်ဉာဏ်ချို့ယွင်းခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။
၉။ လဲလျောင်းနေစဉ် စာဖတ်ခြင်း
အိပ်ယာထဲမှာ လဲလျှောင်းပြီး စာဖတ်ခြင်းဟာ မျက်စိ၊ ကျောရိုး၊ လည်ပင်နဲ့ အရေပြားတွေအပေါ်မှာ ထိခိုက်မှုဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့ကြောင့် စာဖတ်တဲ့အခါ စည်းမျဉ်စည်းကမ်းတွေကို လိုက်နာသင့်ပါတယ်။
၁။ စာအုပ်ကို သင့်မျက်နှာဖြင့် ကပ်ပြီး မဖတ်သင့်ပါဘူး။
၂။ ကျောရိုးနဲ့ လည်ပင်း တင်းမာမှုမရှိအောင် သက်သောက်သက်သာ နေထိုင်ခြင်း
၃။ စာအုပ်နဲ့ မျက်စိအကွာအဝေးကိုလည်း အရမ်းကြီးလည်း မဝအောင် အရမ်းလည်း မနီးအောင် ဂရုစိုက်ပေးရပါမယ်။ ခန္ဓာကိုယ်ကို ဘေးတစ်ခြမ်းစောင်းလဲလျှောင်းပြီး စာဖတ်ခြင်းက စာအုပ်နဲ့ မျက်စိအကွာအဝေးပိုဝေးတာကြောင့် အာရုံပိုစူစိုက်ရတဲ့အတွက် လဲလျောင်းပြီး မဖတ်သင့်ပါဘူး။
၁၀။ အိမ်သာတက်ရင်းဖုန်းသုံးခြင်း
အိမ်သာတက်ရင်း ဖုန်းသုံးသူတွေဟာ များသောအားဖြင့် အိမ်သာထဲမှာ အချိန်ကြာကြာနေတတ်ကြပါတယ်။ ပုံမှန်အိမ်သာတက်ချိန် ၅မိနစ်ထက် မကျော်လွန်သင့်ပါဘူး။ ၅မိနစ်ထက်ကျော်လွန်တဲ့အခါ စအိုအတွင်းသွေးပြန်ကြောအတွင်း ဖိအားတွေ တိုးလာပြီး မလိုလားအပ်တဲ့ ရောဂါတွေဖြစ်လာနိုင်ပါတယ်။ ဖုန်းဟာ သင်နဲ့ အတူ အနီးဆုံးမှာ ရှိနေတတ်တဲ့အတွက် အိမ်သာတက်ရင်း ဖုန်းကို ယူသွားတဲ့အခါ ဘက်တီးရီးယားပိုးမွှားတွေကို ပြန့်နှံစေပါတယ်။