သင့္ရဲ႕ ခႏၶာကိုယ္ပံုသ႑ာန္အတြက္ ၿပီးျပည့္စံုတဲ့ ပြဲတတ္၀တ္စံုကို ရွာေဖြဖို႔ အႀကံျပဳခ်က္ ၈ခု

0
77

အမ်ိဳးသမီးတိုင္းက ပြဲအခမ္းအနားေတြ တတ္ဖို႔ ႀကံဳလာတဲ့အခါ ၿပီးျပည့္စံုတဲ့ ၀တ္စားဆင္ယင္မႈအတြက္ ဖြင့္ထားတဲ့ဗီဒိုေရွ႕မွာ အခ်ိန္မ်ားစြာ ကုန္ရပါတယ္။ ၿပီးျပည့္စံုတဲ့ ၀တ္စားဆင္ယင္မႈ ျဖစ္ဖို႔ဆိုတာ ကိုယ့္ခႏၶာအခ်ိဳးအစားႏွင့္ ၀တ္စံုလိုက္ဖက္ျခင္္းကလည္း အေရးပါပါတယ္။ ဒါ့ေၾကာင့္ ဘယ္လိုခႏၶာကိုယ္အမ်ိဳးအစားေတြက ဘယ္လို ၀တ္စံုေလးေတြ ၀တ္ဆင္သင့္သလဲဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္။

-Advertisement-

သင့္မ်က္ႏွာပံုစံႏွင့္္ အမ်ားဆံုး လိုက္ဖက္မယ့္ ဆံပင္ပံုစံမ်ား

၁။ ပန္းသီးပံု
ပန္းသီးပံု ခႏၶာကိုယ္ပံုသ႑ာန္က အေပၚပိုင္းျပည့္ျပည့္ ရွိပါတယ္(သင့္ရဲ႕ ရင္ဘက္က တင္ပါးနဲ႔ခါးထက္ ပိုႀကီးပါတယ္)။ ဒရူးဘယရီမိုး၊ အိန္ဂ်လီနာဂ်ီလီႏွင့္ Tyra Banks အပါအ၀င္ နာမည္ႀကီး တခ်ိဳ႕က ပန္းသီးပံု ကိုယ္ခႏၶာရွိပါတယ္။ ပါတီပြဲတစ္ခုမွာ လူတိုင္းက သင့္ကိုရင္သပ္ရႈေမာဖြယ္ ျဖစ္ေစခ်င္လွ်င္ သင့္ခါးကိုေသးသြယ္ေစမယ့္ ဂါ၀န္ရွည္ေလးေတြကို ဆင္ျမန္းပါ။

၂။ ႀတိဂံေျပာငး္ျပန္ပံုသ႑ာန္
သင့္ပုခံုးေတြဟာ သင့္ခါးလိုင္းႏွင့္တင္ပါးထက္ ပိုက်ယ္လွ်င္ သင့္မွာ ႀတိဂံေျပာင္းျပန္ပံုသ႑ာန္ ရွိပါတယ္။ Renee Zellweger၊ Demi Mooreႏွင့္ Naomi Campbell အပါအ၀င္ မင္းသမီး၊ ေမာ္ဒယ္အေတာ္မ်ားမ်ားမွာ ဒီလိုခႏၶာကုိယ္ပံုစံရွိပါတယ္။ ဗီပံုစံလည္ပင္းေပါက္၊ ပခံုးေပ်ာက္ပံုစံ၊ ပခံုးတစ္ဖက္ေပ်ာက္ ဂါ၀န္လိုပံုစံမ်ိဳး ၀တ္ဆင္ႏိုင္ပါတယ္။

၃။ သဲနာရီပံုသ႑ာန္
သဲနာရီပံုသ႑ာန္ဟာ ခါးေသးၿပီး တင္ႏွင့္ ရင္အခ်ိဳးအစားက်ၿပီး အလွဆံုးပံုစံတစ္ခု ျဖစ္တယ္လို႔ ထင္ပါတယ္။ Marilyn Monroe၊ Blake Lively၊ Scarlett Johansson ႏွင့္ Dita von Teese တို႔လို ေက်ာ္ၾကားတဲ့ မင္းသမီးေတြမွာ သဲနာရီပံုကိုယ္ခႏၶာရွိပါတယ္။ ဒီခႏၶာကုိယ္ပံုစံက ဘယ္အရာမဆို ၀တ္ဆင္ႏိုင္ပါတယ္။

၄။ ငွက္ေပ်ာသီးပံုသ႑ာန္
ငွက္ေပ်ာသီးပံုသ႑ာန္က တင္နဲ႔ရင္ပံုသ႑ာန္မရွိျခင္းႏွင့္အတူ အရပ္ရွည္ၿပီး ပိန္တဲ့သူေတြမွာ ျဖစ္ေလ့ရွိပါတယ္။ Jennifer Garner ႏွင့္ Anne Hathaway တို႔လိုနာမည္ႀကီးေတြမွာ ငွက္ေပ်ာသီးပံုခႏၶာကုိယ္ရွိပါတယ္။ သူတို႔သည္ ဘယ္ဂါ၀န္အမ်ိဳးအစားမဆို ၀တ္ဆင္ႏိုင္ေပမယ့္ A-Line dress၊ Pencil စကတ္/ဂါ၀န္ ကဲ့သို႔ေသာ ၀တ္စံုေတြကိုေတာ့ ေရွာင္ရွားသင့္ပါတယ္။

၅။ သစ္ေတာ္သီး ပံုသ႑ာန္
သင့္တင္ပါးေတြက သင့္ခါးႏွင့္ ရင္ထက္ နည္းနည္းျပည့္ေနလွ်င္ သစ္ေတာ္သီးပံုသ႑ာန္ ခႏၶာကိုယ္ရွိပါတယ္။ Kim Kardashian, Shakira ႏွင့္ Jennifer Lopez အပါအ၀င္ နာမည္ႀကီး အမ်ားစုမွာ ဒီလိုခႏၶာကိုယ္ရွိပါတယ္။
ပံုခံုးေပၚမွာ အတြန္႔ေလးေတြနဲ႔ ဂါ၀န္
ပခံုးမွာ မသိမသာေဖာ့ပါတာ
A-Lin (သို႔) ညာဘက္ပံုမွာျပထားတဲ့ tulip စကတ္၀တ္စံုလို ၀တ္စံုမ်ိဳး ဆင္ျမန္းပါ။

၆။ ေထာင့္မွန္စတုဂံ ပံုသ႑ာန္
ဒီခႏၶာကိုယ္ပံုသ႑ာန္က ဆြဲေဆာင္မႈအရွိဆံုး ခႏၶာကိုယ္ပံုစံျဖစ္တယ္လုိ႔ ယူဆရပါတယ္။ ပေစာက္ပံုလည္ပင္းေပါက္၊ အသည္းပံုလည္ပင္းေပါက္၊ ေဘးခြဲ Pencil စကတ္၊ တို႔ကို ၀တ္ဆင္ရင္ လုိက္ဖက္ပါတယ္။ Natalie Portman, Kate Hudson, Keira Knightley ႏွင့္ Cameron Diaz အပါအ၀င္နာမည္ႀကီးေတြမွာ စတုဂံပံုသ႑ာန္ ခႏၶာကိုယ္ရွိပါတယ္။ ညာဘက္ပံုမွာ ကင္မရြန္ ၀တ္ဆင္ထားတဲ့ ပေစာက္ပံုလည္ပင္း အနီေရာင္၀တ္စံုလို ၀တ္ဆင္လို႔ရပါတယ္။

၇။ ဇြန္းပံုသ႑ာန္
ဇြန္းပံုသ႑ာန္ ခႏၶာကိုယ္က Cheryl Burke, Beyoncé ႏွင့္ America Ferrera တို႔လို နာမည္ႀကီးအေတာ္မ်ားမ်ားမွာ ရွိပါတယ္။ ဇြန္းပံုသ႑န္ ကိုယ္ခႏၶာကိုယ္ေတြအတြက္ အေပၚပိုင္း လက္ေဖာင္း၊ အတြန္႔အဖက္ပါတဲ့ pencil dresses ေလးေတြ ၀တ္ဆင္ႏိုင္ပါတယ္။ ညာဘက္ပံုက ဘီယြန္ေစးရဲ႕ ပခံုးအတြန္႔ပါတဲ့ အနက္ေရာင္ Pencil ဂါ၀န္ေလးက ပိုၿပီး balance ျဖစ္ေစပါတယ္။

၈။ စိန္ပံုသ႑ာန္
စိန္ပံုသ႑ာန္ ခႏၶာကိုယ္ဟာ ခါးႏွင့္တင္ပါးေတြထက္ ပုခံုးေတြႏွင့္ ရင္သားေတြ ပိုၿပီးရွိပါတယ္။ ဒါ့ေၾကာင့္ ခါးပတ္ပါတဲ့ ၀တ္စံုႏွင့္ ပခံုးေပ်ာက္ ၊ ဗီပံုစံ လည္ပင္းပါတဲ့ အက်ီ ၤေတြက ဒီခႏၶာကိုယ္ပံုသ႑ာန္ႏွင့္ လိုက္ဖက္ပါတယ္။ Kate Winslet ႏွင့္ Queen Latifah. Kate လိုနာမည္ေက်ာ္မင္းသမီးေတြမွာ ဒီလိုခႏၶာကိုယ္ပံုစံရွိပါတယ္။ ညာဘက္ပံုက ကိတ္၀င္းစလက္ ၀တ္ထားတဲ့ ပုခံုးေပ်ာက္ ဂါ၀န္ေလးလို ေရြးခ်ယ္ၿပီး ၀တ္ဆင္ႏိုင္ပါတယ္။


#Lifestyle_Myanmar
#TB_Nandar

Unicode

သင့်ရဲ့ ခန္ဓာကိုယ်ပုံသဏ္ဍာန်အတွက် ပြီးပြည့်စုံတဲ့ ပွဲတတ်ဝတ်စုံကို ရှာဖွေဖို့ အကြံပြုချက် ၈ခု
အမျိုးသမီးတိုင်းက ပွဲအခမ်းအနားတွေ တတ်ဖို့ ကြုံလာတဲ့အခါ ပြီးပြည့်စုံတဲ့ ဝတ်စားဆင်ယင်မှုအတွက် ဖွင့်ထားတဲ့ဗီဒိုရှေ့မှာ အချိန်များစွာ ကုန်ရပါတယ်။ ပြီးပြည့်စုံတဲ့ ဝတ်စားဆင်ယင်မှု ဖြစ်ဖို့ဆိုတာ ကိုယ့်ခန္ဓာအချိုးအစားနှင့် ဝတ်စုံလိုက်ဖက်ခြင််းကလည်း အရေးပါပါတယ်။ ဒါ့ကြောင့် ဘယ်လိုခန္ဓာကိုယ်အမျိုးအစားတွေက ဘယ်လို ဝတ်စုံလေးတွေ ဝတ်ဆင်သင့်သလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ပန်းသီးပုံ
ပန်းသီးပုံ ခန္ဓာကိုယ်ပုံသဏ္ဍာန်က အပေါ်ပိုင်းပြည့်ပြည့် ရှိပါတယ်(သင့်ရဲ့ ရင်ဘက်က တင်ပါးနဲ့ခါးထက် ပိုကြီးပါတယ်)။ ဒရူးဘယရီမိုး၊ အိန်ဂျလီနာဂျီလီနှင့် Tyra Banks အပါအဝင် နာမည်ကြီး တချို့က ပန်းသီးပုံ ကိုယ်ခန္ဓာရှိပါတယ်။ ပါတီပွဲတစ်ခုမှာ လူတိုင်းက သင့်ကိုရင်သပ်ရှုမောဖွယ် ဖြစ်စေချင်လျှင် သင့်ခါးကိုသေးသွယ်စေမယ့် ဂါဝန်ရှည်လေးတွေကို ဆင်မြန်းပါ။

၂။ တြိဂံပြောငး်ပြန်ပုံသဏ္ဍာန်
သင့်ပုခုံးတွေဟာ သင့်ခါးလိုင်းနှင့်တင်ပါးထက် ပိုကျယ်လျှင် သင့်မှာ တြိဂံပြောင်းပြန်ပုံသဏ္ဍာန် ရှိပါတယ်။ Renee Zellweger၊ Demi Mooreနှင့် Naomi Campbell အပါအဝင် မင်းသမီး၊ မော်ဒယ်အတော်များများမှာ ဒီလိုခန္ဓာကိုယ်ပုံစံရှိပါတယ်။ ဗီပုံစံလည်ပင်းပေါက်၊ ပခုံးပျောက်ပုံစံ၊ ပခုံးတစ်ဖက်ပျောက် ဂါဝန်လိုပုံစံမျိုး ဝတ်ဆင်နိုင်ပါတယ်။

၃။ သဲနာရီပုံသဏ္ဍာန်
သဲနာရီပုံသဏ္ဍာန်ဟာ ခါးသေးပြီး တင်နှင့် ရင်အချိုးအစားကျပြီး အလှဆုံးပုံစံတစ်ခု ဖြစ်တယ်လို့ ထင်ပါတယ်။ Marilyn Monroe၊ Blake Lively၊ Scarlett Johansson နှင့် Dita von Teese တို့လို ကျော်ကြားတဲ့ မင်းသမီးတွေမှာ သဲနာရီပုံကိုယ်ခန္ဓာရှိပါတယ်။ ဒီခန္ဓာကိုယ်ပုံစံက ဘယ်အရာမဆို ဝတ်ဆင်နိုင်ပါတယ်။

၄။ ငှက်ပျောသီးပုံသဏ္ဍာန်
ငှက်ပျောသီးပုံသဏ္ဍာန်က တင်နဲ့ရင်ပုံသဏ္ဍာန်မရှိခြင်းနှင့်အတူ အရပ်ရှည်ပြီး ပိန်တဲ့သူတွေမှာ ဖြစ်လေ့ရှိပါတယ်။ Jennifer Garner နှင့် Anne Hathaway တို့လိုနာမည်ကြီးတွေမှာ ငှက်ပျောသီးပုံခန္ဓာကိုယ်ရှိပါတယ်။ သူတို့သည် ဘယ်ဂါဝန်အမျိုးအစားမဆို ဝတ်ဆင်နိုင်ပေမယ့် A-Line dress၊ Pencil စကတ်/ဂါဝန် ကဲ့သို့သော ဝတ်စုံတွေကိုတော့ ရှောင်ရှားသင့်ပါတယ်။

၅။ သစ်တော်သီး ပုံသဏ္ဍာန်
သင့်တင်ပါးတွေက သင့်ခါးနှင့် ရင်ထက် နည်းနည်းပြည့်နေလျှင် သစ်တော်သီးပုံသဏ္ဍာန် ခန္ဓာကိုယ်ရှိပါတယ်။ Kim Kardashian, Shakira နှင့် Jennifer Lopez အပါအဝင် နာမည်ကြီး အများစုမှာ ဒီလိုခန္ဓာကိုယ်ရှိပါတယ်။
ပုံခုံးပေါ်မှာ အတွန့်လေးတွေနဲ့ ဂါဝန်
ပခုံးမှာ မသိမသာဖော့ပါတာ
A-Lin (သို့) ညာဘက်ပုံမှာပြထားတဲ့ tulip စကတ်ဝတ်စုံလို ဝတ်စုံမျိုး ဆင်မြန်းပါ။

၆။ ထောင့်မှန်စတုဂံ ပုံသဏ္ဍာန်
ဒီခန္ဓာကိုယ်ပုံသဏ္ဍာန်က ဆွဲဆောင်မှုအရှိဆုံး ခန္ဓာကိုယ်ပုံစံဖြစ်တယ်လို့ ယူဆရပါတယ်။ ပစောက်ပုံလည်ပင်းပေါက်၊ အသည်းပုံလည်ပင်းပေါက်၊ ဘေးခွဲ Pencil စကတ်၊ တို့ကို ဝတ်ဆင်ရင် လိုက်ဖက်ပါတယ်။ Natalie Portman, Kate Hudson, Keira Knightley နှင့် Cameron Diaz အပါအဝင်နာမည်ကြီးတွေမှာ စတုဂံပုံသဏ္ဍာန် ခန္ဓာကိုယ်ရှိပါတယ်။ ညာဘက်ပုံမှာ ကင်မရွန် ဝတ်ဆင်ထားတဲ့ ပစောက်ပုံလည်ပင်း အနီရောင်ဝတ်စုံလို ဝတ်ဆင်လို့ရပါတယ်။

၇။ ဇွန်းပုံသဏ္ဍာန်
ဇွန်းပုံသဏ္ဍာန် ခန္ဓာကိုယ်က Cheryl Burke, Beyoncé နှင့် America Ferrera တို့လို နာမည်ကြီးအတော်များများမှာ ရှိပါတယ်။ ဇွန်းပုံသဏ္ဍန် ကိုယ်ခန္ဓာကိုယ်တွေအတွက် အပေါ်ပိုင်း လက်ဖောင်း၊ အတွန့်အဖက်ပါတဲ့ pencil dresses လေးတွေ ဝတ်ဆင်နိုင်ပါတယ်။ ညာဘက်ပုံက ဘီယွန်စေးရဲ့ ပခုံးအတွန့်ပါတဲ့ အနက်ရောင် Pencil ဂါဝန်လေးက ပိုပြီး balance ဖြစ်စေပါတယ်။

၈။ စိန်ပုံသဏ္ဍာန်
စိန်ပုံသဏ္ဍာန် ခန္ဓာကိုယ်ဟာ ခါးနှင့်တင်ပါးတွေထက် ပုခုံးတွေနှင့် ရင်သားတွေ ပိုပြီးရှိပါတယ်။ ဒါ့ကြောင့် ခါးပတ်ပါတဲ့ ဝတ်စုံနှင့် ပခုံးပျောက် ၊ ဗီပုံစံ လည်ပင်းပါတဲ့ အကျီ င်္တွေက ဒီခန္ဓာကိုယ်ပုံသဏ္ဍာန်နှင့် လိုက်ဖက်ပါတယ်။ Kate Winslet နှင့် Queen Latifah. Kate လိုနာမည်ကျော်မင်းသမီးတွေမှာ ဒီလိုခန္ဓာကိုယ်ပုံစံရှိပါတယ်။ ညာဘက်ပုံက ကိတ်ဝင်းစလက် ဝတ်ထားတဲ့ ပုခုံးပျောက် ဂါဝန်လေးလို ရွေးချယ်ပြီး ဝတ်ဆင်နိုင်ပါတယ်။
#Lifestyle_Myanmar
#TB_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here